Professional Authors

ဖရီး၏ ဂန္ထ၀င်အခမဲ့မှတ်စုများ (လေး)

(၁) ကတ်သီးကတ်သတ်ဆွေးနွေးခန်း   (Discussion of Kethi Vs Kethet)

(ကတ်သီး ) ဆရာကြီး ကတ်သတ် ခင်ဗျာ.. သတင်းဆိုတာ ဘာပါလဲ။
(ကတ်သတ်) အိမ်း.. သတင်းဆိုတာ news ပဲကွယ့်။ ရှင်းလား။
(ကတ်သီး) ဟုတ်..ဟုတ်ကဲ့ခင်ဗျ။
(ကတ်သတ်) လူကိုခြင်ကိုက်ရင် ဒါ သတင်း မဟုတ်ဘူး။ အဲ ခြင်ကိုလူက ပြန်ကိုက်ရင်တော့     ဒါသတင်း ဖြစ်သွားရောကွယ့်။                                                                                (ကတ်သီး) ဆရာကြီး ဒါဆို သတင်းတစ်ပုဒ်လောက်ရအောင် ခြင်တစ်ကောင်လောက် လိုက်ကိုက် ပြပါလား။
(ကတ်သတ် ) အေး.. ခြင်တော့မကိုက်ဘူး။ မင်းကိုပဲ မီရာ လိုက်ကိုက်တော့မယ်ဟေ့…ကဲ…
(ကတ်သီး) အ မယ် လေး ဗျ…….။

(၂) အရောင်းရဆုံးများ  (Bestsellings)

အနုပညာရပ်ကွက်မှရရှိသောသတင်းများအရ အောက်ပါ တို့မှာယခုလ၏အရောင်းရဆုံး စီးရီးခွေများနှင့်စာအုပ် များဖြစ်ကြောင်းသိရသည်။

ဂီတ
(အမျိုးသား) – လေးမဲ ၏ (အောင်ခြင်းရှစ်ပါး)
(အမျိုးသမီး) – နီနီကျော်သိန်း ၏ (မောင့်အခြစ်များစူး) တို့ဖြစ်ကြပါသည်။

စာအုပ်
စာရေးဆရာ မောင်ဆူးစမ်း ၏ (မဆူးစမ်းမဆင်ခြင်သောယုန်သူငယ်)
စာရေးဆရာမ ပြူး တို့၏ (ပဲမြစ်တို့၏မာယာ) တို့ဖြစ်ကြောင်းသိရပါသည်။

(၃) စကားပုံဘရန်းနျူးများ (Brandnew proverbs)

က ။ သမီးတစ်ကောင် လင်တစ်ထောင်    (နတ်သမီးလို တစ်ဖက် နတ်သားငါးရာမည်၏)

ခ  ။ ကံကိုယုံ၍ ချီးပုံမနင်းရာ    (မယုံလျှင်နင်းကြည့် ၊ သေချာပေါက်နံမည်။)


အားလုံးရယ်မောပျော်ရွှင်နိုင်ကြပါစေ။

မူလလက်ဟောင်းဖရီး (ပြောမဆုံးပေါင်တောသုံးတောင်  http://asnstar.blogspot.com )

In: ဝတ္ထု Posted By: Date: Dec 4, 2010
Comment #1

very good

commentinfo By: aightpee at Aug 6, 2011
Comment #2

really really nice,
million thx,
😛

commentinfo By: ei lay at Jun 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment