Professional Authors

နှလုံးသား တနေရာမှာ…. (ခြောက်)

နောက်ဆုံးနေ့မို့လို့လား မသိဘူး တော်တော်ဖြေလို့ကောင်းတယ် ကံကောင်းရင်ဂုဏိထူးတောင်ပါနိုင်တယ် သူမပျော်ရွင်စွာနဲ့ အခန်းအပြင်ဘက်ထွက်လာခဲ့သည် သူငယ်ချင်းများကစောင့်နေကြသည် အခန်းအပြင်ရောက်တော့ သူမတစုံတယောက်ကိုလိုက်ရှာ
နေမိသည်လိုက်ရှာရင်းနဲ့ရင်ခုန်းသံတွေမြန်လာသည် သူငယ်ချင်းများက သူမကိုအံ့သြစွာကြည့်နေကြသည်
ဘယ်သူကိုလိုက်ရှာနေတာလဲ ယုယ
ကောင်းကင် ကိုလေ မတွေ့မိဘူးလား
မတွေ့မိပါဘူး
သူက နောက်ဆုံးနေကျရင်စောင့်နေမယ်လို့ပြောလို့
ဟုတ်လား သူစောင့်မယ်ဆို အစောကြီးကထဲကလာစောင့်နေမှာပါ ကဲဟိုဘက်နားသွားရှာရအောင်
သူမ သူငယ်ချင်းများနှင့် နေရာအနှံ့လိုက်ရှာခဲ့ကြသည် အချိန်ကြာလာလေလေ သူမ ၀မ်းနည်းလာသည် သူငယ်ချင်းများကလဲ သူနဲ့သိသမျှလူတွေကို မေးကြည့်ကြသည် ဘယ်သူကမှ မသိပေ သူမ ငိုချင်လာသည်
ကောင်းကင်လား တွေ့တယ် စာမေးပွဲတော့လာဖြေတယ် ခဏပဲ နောက်ကျတော့ အဖြေလွှာအပ်ပြီးထွက်သွားတယ် အရေးကြီးကိစ္စရှိနေသလိုပဲ
သူ့ သူငယ်ချင်းပြောသော သူ့အကြောင်းကဒီလောက်ပါပဲ သူမ စိတ်မထိန်းနိုင်တော့ပဲ ငိုကာ ပြေးထွက်လာခဲ့သည် သူငယ်ချင်းများရဲ့ လှမ်းခေါ်သံကိုလဲ မကြားတော့ပေ အိမ်ရောက်တော့အခန်းထဲဝင်ကာ ငိုပစ်လိုက်သည် သူဘာလို့ဒီလိုလုပ်ရတာလဲ သူမကိုစောင့်နေမယ်ပြောပြီး ဘာလို့မစောင့်ရတာလဲ အရေးကြီးကိစ္စရှိရင်လဲ စောစောစီးစီးထဲကပြောပါလား တယောက်ယောက်နဲ့မှာ
ထားခဲ့ပါလား အခုတော့သူလုပ်ပုံက မျက်နှာလွဲခဲပစ်လုပ်သလိုပင် သူမ၇ှက်လဲရှက် ၀မ်းလဲနည်းသည် မကြာမီ သူငယ်ချင်းများရောက်
လာသည် ဘာဖြစ်တာလဲလို့မေးကြသည် သူမကဘာမှမဖြစ်ပါဘူးဟုသာပြန်ပြောလိုက်သည် ငိုပဲငိုချင်နေမိသည်..
ရက်တွေ တရက်ပြီး တရက်ကုန်လွန်လာခဲ့ပေမယ့် သူ အကြောင်းကတော့ ဘာမှမကြားပေ သူမအတွက်တော့ သူ့ကိုစောင့်မျော်နေဆဲပါပဲ.. ဒီကြားထဲ သူမကိုနိုင်ငံခြားသို့ အလုပ်မှပညာတော်သင်စေလွတ်ရန်ရွေးချယ်ခဲ့သည် ၃နှစ်လောက်ကြာမည် သူမမျော်လင့်သောအခွင့်အရေးပါ ဘ၀အတွက်အရေးပါသော အခွင့်အရေးတခုပါ ဒါပေမယ့် သူမမပျော်ရွင်ခဲ့
ပါ သွားရင်ကောင်းမလား မသွားရင်ကောင်းမလား ဝေခွဲမရဖြစ်နေသည် သူ၇ှိနေသော ဒီနေရာလေးမှာပဲ စောင့်မျော်ချင်နေမိသည်
တကယ်လို့ သူမကိုလာရှာတဲ့အခါ မတွေ့သွားခဲံရင်… ဆိုသော အတွေးက ဝေခွဲမရပေ တကယ်တော့ သူ သူမကိုချစ်ခဲ့တာ သူမသိ
သည် သူမျက်ဝန်းတွေကို သူမယုံကြည်သည် နားလည်သည် ဘာလို့သူမကိုအဲဒီလို ထားခဲ့ရတာလဲဆိုတာ မသိပေမယ့် သူမ နားလည်ခွင့်လွတ်သည် စောင့်မျော်နေသည် ဒါကို သူသိစေချင်လှသည်…… တနေ့တော့ သူမ သူငယ်ချင်းများအိမ်သို့ရောက်လာ
သည် နောက်ပြီး လူတယောက်လဲပါလာသည် သူကိုတော့ သူမ မသိပေ သူငယ်ချင်းတွေရဲ့ မျက်နှာကတော့ မကောင်းပေ
ယုယ
ဟင် ဘာလဲ နင်တို့ဘာဖြစ်နေကျတာလဲ မျက်နှာလဲမကောင်းပါလား
အင်း သူက ကောင်းကင်ရဲ့ သူငယ်ချင်း
သူမ အံ့သြသွားသည် သူကိုကြည့်ကာ
ကောင်းကင် ကောင်းကင်ရောဟင် သူဘယ်မှာလဲ ဘာတွေလုပ်နေလဲ
သူမ မနားတမ်းမေးလိုက်သည် သူငယ်ချင်းများက သူမကို ကြည့်နေကြသည်
ကောင်းကင် ….. ကျွန်တော်ဘယ်လိုပြောရမလဲ မယုယ ကျွန်တော်ပြောနိုင်တဲ့ အင်းအားမရှိဘူး
သူကိုယ်တိုင်က ပြောရင်ငိုလေသည် သူငယ်ချင်းများကလဲငိုကြသည် ဘယ်လိုဖြစ်ကြတာလဲ ဘာတွေဖြစ်ကြတာလဲ ကောင်းကင်ရော
ဘယ်မှာလဲ သူမရဲ့ကောင်းကင်လေ သူမရဲ့ အပြာရောင်ကောင်းကင်လေ သူမရဲ့အချစ်ဦး အမြတ်နိုးရဆုံးသော တခုတည်းသော ကောင်းကင်လေ သူဘယ်မှာလဲ ……
…………………………………………………………………………………………………………………………………………
ယုယ
ဟင် သူမအတိတ်မှ လန့်နိုးလာခဲ့သည်
နင် ယုယပါနော်
သဇင် သူငယ်ချင်း
နင်ဘယ်တုန်းကပြန်ရောက်တာလဲ
ငါ အခုလေဆိပ်ကနေ ဒီကိုလာတာ
သူငယ်ချင်းရယ်
သူမရဲ့ သူငယ်ချင်းက သူမကိုသနားစွာကြည့်နေသည်
ကျောင်းကတော့ဘာမှမပြောင်းလဲဘူးနော် နင်ကဒီမှာတာဝန်ကျတာလား
အင်း ဟုတ်တယ် နင်လဲ ပညာတော်သင်သွားတာ ၃နှစ်မကဘူးနော်
အင်း ဟုတ်တယ် ဟိုမှာ ငါ master ပါတက်တော့ ၅နှစ်လောက်ကြာသွားတယ် ကဲ သူငယ်ချင်း ငါ ဟိုဘက်ကို ခဏသွားလိုက်ဦးမယ် နောက်မှ အေးအေးဆေးဆေးတွေ့တာပေါ့
သူမနှုတ်ဆက်ကာ ထွက်လာခဲ့သည် သူမ သူငယ်ချင်းက ဘယ်သွားမှာလဲ မမေးပေ သူလဲသိနေမှာပါ သူမဘယ်သွားမလဲဆိုတာ
သူမရဲ့ ထာဝရ အမှတ်ရစေသော အမှတ်တရနေရာ..သူမ စာသင်ခဲ့သော အခန်းသို့ရောက်လာခဲ့သည် သူမနှင့်သူ ထိုင်ခဲ့သောစားပွဲခုံ
စာရေးစာပွဲခုံပေါ်မှာကတော့ ရှင်းလင်းနေသည် သူမလက်ကလေးဖြင့် စားပွဲလေးကို ပွတ်သပ်နေမိသည် မျက်ရည်များက မရည်ရွယ်
ပါပဲကျလာသည် သူမ အိတ်ထဲမှ ခဲတံလေးကိုထုတ်လိုက်သည်…
ယုယပြန်လာပြီးနော် ကောင်းကင်စောင့်နေရတာကြာပြီးလား
သူမ စာတန်းလေးကို အဆုံးသတ်လိုက်ပြီး အခန်းပြင်သို့ပြေးထွက်လာခဲ့သည်…
စာမေးပွဲနောက်ဆုံးနေ့ မတိုင်မီညက ကောင်းကင်ဆီကို သူ့အိမ်ကဖုန်းလာတယ် သူ့အမေနေမကောင်းလို့ အမြန်ပြန်လာပါဆိုပြီးတော့လေ သူ စာမေးပွဲတောင်မဖြေတော့ဘူးဆိုပြီးသွားမယ်လုပ်နေတာသူငယ်ချင်း တွေကတားလို့  စာမေးပွဲတော့ဖြေသွားတယ်နောက်နေ့ကျတော့ ကျောင်းကနေသွားတာပဲ ဟိုရောက်တော့ သူ့အမေက တပတ်လောက်ပဲခံတယ် ဆုံးသွားတယ် သူလဲအဲဒီမှာ၂လ ၃လလောက်နေတယ် စာမေးပွဲပြီးတော့ သူငယ်ချင်းတွေ သူဆီသွားတာပေါ့ သူ့အမေအတွက် သူ့လုံးပန်းနေတာပါပဲ သူအမေလဲဆုံးပြီးတော့မှ သူကပြောတာ စာမေးပွဲ နောက်ဆုံးနေ့က သူ့ယုယနဲ့တွေ့ဖို့ပြောထားတယ် ယုယ သူကိုစောင့်နေမှာတဲ့ သူလဲဘာမှအကြောင်းမကြားခဲ့ရဘူးတဲ့ ဒီကနေပြန်တော့မှ နားလည်အောင်ရှင်းပြရမှာပဲ ယုယကိုဘာပြောမလို့လဲလို့ မေးတော့ ချစ်တယ် လို့
ပြောမလို့တဲ့ ငါ ယုယကိုချစ်တယ်တဲ့… ဒီမှာ ခဏနေပြီးရင် ရန်ကုန်ပြန်မယ် ယုယ ကိုချစ်ခွင့်ပန်မယ် နောက်ပြီး လက်ထပ်ပြီး သာယာတဲ့ဘ၀တခုတည်ဆောက်မယ်တဲ့  နောက်နေ့ကျတော့ သူငယ်ချင်းတွေကပြန်သွားတယ် ကျွန်တော်ကတော့ သူနဲ့နေခဲ့တယ်ရန်ကုန်ကို အတူတူပြန်မလို့လေ ရန်ကုန်မပြန်ခင်ညက သူအရမ်းပျော်နေတာ ယုယ ကိုတွေ့ရတော့မှာဆိုပြီးလေ သူနဲ့ကျွန်တော်စကားတွေ အများကြီးပြောတယ် ယုယကိုဘယ်လောက်ချစ်ကြောင်း ဘယ်လိုချစ်ကြောင်းပေါ့ ယုယ ရဲ့လက်ရေးလေးကိုစ မြင်ကထဲကချစ်တာတွေပေါ့ အဲဒါကတော့ သူနဲ့ကျွန်တော် နောက်ဆုံးတွေ့ခဲ့တဲ့ည နောက်ဆုံးပြောခဲ့တဲ့ စကားတွေပါပဲ နောက်နေ့မနက်ကျတော့ ကျွန်တော်နေမကောင်းဖြစ်တာနဲ့ သူနဲ့မလိုက်ဖြစ်လိုက်ဘူး သူကလဲသွားချင်နေပြီး ကျွန်တော်က သွားပါလို့ပြောမှ သွားတာညနေကျတော့ ကျွန်တော် သတင်းဆိုးတခုကြားလိုက်ရတယ် ကောင်းကင်စီးသွားတဲ့ ကားအက်ဆီဒက်ဖြစ်ပြီး အဲဒီမှာတင် ကောင်းကင် ဆုံးသွားခဲ့တယ် ကျွန်တော် ဆေးရုံလိုက်သွားခဲ့တယ် မယုံလို့လေ အဲဒီမှာပဲ သူ့လက်ထဲမှာ ဒီစာအုပ်လေးကိုတင်းတင်း
ဆုတ်ထားတယ် ဘယ်သူမှဆွဲထုတ်လို့မရဘူး ကျွန်တော်က ပေးပါဆိုပြီး ဆွဲယူတော့မှစာအုပ်ကိုရတယ် သူရဲ့ဒိုင်ယာရီ စာအုပ်လေးပါ
ကောင်းကင်လေ မယုယကိုအရမ်းချစ်ခဲ့ပါတယ်……..
လွန်ခဲ့တဲ့ ၅နှစ်လောက်ကကောင်းကင်ရဲ့ သူငယ်ချင်း ပြောပြတဲ့ စကားတွေက သူမရဲ့နားထဲမှာ အခုထိကြားယောင်ဆဲပါ မနေ့တနေ့ကလိုပါပဲ ……. ကျောင်းထဲကနေ သူမထွက်လာချိန်မှာတော့ အရာအားလုံးကတိတ်ဆိတိငြိမ်သက်နေပါပြီး
သူမကောင်းကင် ကိုမော့ကြည့်လိုက်တော့ သူမရဲ့ကောင်းကင်လိုပါပဲ ပြာလဲ့ပြီးအေးချမ်းနေတာပါပဲ…
ချစ်တယ်..ကောင်းကင်ရယ် ယုယလေအခုထိကောင်းကင်ရဲ့ အေးမြနွေးထွေးတဲ့ အရိပ်အောက်မှာရှိတုန်းပါပဲ ထာဝရရှိနေဦးမှာပါယုယတို့ရဲ့အချစ်က ကောင်းကင်ကြီးလိုပဲ ထာဝရတည်ရှိနေမှာပါ……

 

In: ဝတ္ထု Posted By: Date: Aug 12, 2010
Comment #1

ကောင်းတယ်.. ရိုးရိုးလေးနဲ့ ဖတ်လို့ကောင်းတယ်..
ဖြိုး ဟိုးးး အစထဲက စောင့်ဖတ်လာတာာာာ
(:
ကောင်းကင် သေသွားတာတော့ စိတ်မကောင်းဘူး..

commentinfo By: ဖြိုးဖြိုး at Aug 13, 2010
Comment #2

ဖြိုးဖြိုးရေ ကျေးဇူးတင်ပါတယ် တကယ်တော့ ဒီအဖြစ်အပျက်ကတကယ်
ဖြစ်ခဲ့တာပါ သုခရဲ့ သူငယ်ချင်းတယောက်ရဲ့ အဖြစ်အပျက်ပါ ဇာတ်သိမ်း
ကတော့မတူပါဘူး အပြင်မှာကတော့ သူငယ်ချင်းကိုထားခဲ့ပြီး ကောင်လေး
က တခြား၁ယောက်နဲ့ လက်ထပ်သွားခဲ့တယ် သုခ ကိုယ်တိုင်လဲ ဒီစာကို
ရေးနေချိန်မှာ အရမ်းခံစားရပါတယ်…….

commentinfo By: thukhacho at Aug 13, 2010
Comment #3

ဝတ္ထုလေးကိုဖတ်ရတာ အရမ်းသနားဖို့ကောင်းတယ်နော် တကယ့်အဖြစ်အပျက်ဆိုတော့ ကောင်မလေး သနားပါတယ် ဘာလို့ထားခဲ့တာလဲကောင်လေး၇ယ် ငါလဲလေ ငါ့ချစ်သူက ငါ့ကိုထားသွားခဲ့လို့ငါအခုအရမ်းခံစားနေရပါတယ်။

commentinfo By: chittee357 at Aug 17, 2010
Comment #4

အရမ်းဝမ်းနဲ တယ်……………………..ဗြဲ……ဗြဲ….စတာနော်

အရမ်းကောင်းတယ်ဗျာ……..

commentinfo By: jayjay at Aug 20, 2010
Comment #5

အိလဲ ဝမ်းနည်းနေတာ ကောင်လေးက ထားသွားလို့ ဒါပေမဲ့ ဒီစာလေးကိုဖတ်လိုက်တော့ မငိုချင်တော့ဘူး
သူတို့က ချစ်လျက်နဲ့ ခွဲရတာ အိကိုတော့ မချစ်လို့ ထားသွားတာလေ မငိုဖြစ်တော့ပါဘူး

commentinfo By: အိလေး at Aug 20, 2010
Comment #6

ဆက်ေ၇းပါနော်——————-

commentinfo By: actpyfalcon at Aug 31, 2010
Comment #7

အားပေးနေမယ်……….
ကောင်လးမှာ…အကြောင်းတခုခုတော့ရှိမှာပါ……..
ကောင်မလေးအတွက်တော့ခံစားရတယ်…..
စိတ်ရင်းနဲ့ပြောတာပါ

commentinfo By: ပေါက်စ at Sep 30, 2010
Comment #8

ဖတ်လို့ကောင်းတယ်။ ဒါပေမဲ့ ဇာတ်သိမ်းခန်းက လွမ်းစ၇ာလေး…

commentinfo By: နေမင်းနိုင် at Jan 13, 2011
Comment #9

အရမ်းကြိုက်ပါတယ်ရှင့် ကောင်းလဲကောင်းတယ်နော်ကောင်းကင်ကသနားပါတယ်နော် ယူယကိုလဲသနားတယ်သိလား

commentinfo By: wityee at Jun 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment