Professional Authors

နှလုံးသား တနေရာမှာ…… (တစ်)

တက္ကသိုလ်ဝင်းထဲကို ၀င်လိုက်ရင်ပဲအေးမြတဲ့လေနုအေးအေးလေးက ထွေးပွေ့ဆီးကြိုလာတယ် မရတာကြာပြီးဖြစ်တဲ့ တက္ကသိုလ်တော်ကြီးရဲ့အငွေ့အသက်ကို  ရှုရှိုက်မိလိုက်တယ် အရာအားလုံးကတော့ မပြောင်းလဲပဲ ဒီအတိုင်းပါပဲ ပြောင်းလဲသွားတာကတော့….. စာသင်ဆောင်ကို ရောက်တော့ထိုင်ခဲ့တဲ့ ခုံနေရာလေးကို သွားကြည့်မိတယ် မပြောင်းလဲပဲ ဒီအတိုင်းလေးပါပဲ စာရေးစာပွဲခုံလေးကိုကြည့်လိုက်တော့ ချောမွေ့ရှင်းလင်းနေသည် အရင်ကတော့ ဒီခုံပေါ်မှာ စာကြောင်းများစွာ ရှိခဲ့ဖူးတယ် စာကြောင်းတိုတိုလေးတွေပေါ့ ……….
လွန်ခဲ့သော နှစ်အနည်းငယ်ကဒီကျောင်းတော်ကြီးမှာ အချိန်ပိုင်းသင်တန်း တက်ရောက်ဖူးခဲ့တယ်ပျော်ရွင်စွာနဲပေါ့ ရည်မှန်းချက်များစွာမျော်လင့်ချက်များစွာနဲ့ပေါ့ သူငယ်ချင်းတွေနဲ့သွားမယ် လာမယ် ဒါပဲပေါ့ အချစ်ဆိုတာ မစဉ်းစားခဲ့ဖူးပေ ဒီသင်တန်းကလူမျိုးစုံသည်သူမ က အသန့်အလွန်ကြိုက်သည် သူမထိုင်သောနေရာကို သန့်နေအောင်ထားတက်သည် စာပွဲခုံလေးလဲ သန့်နေအောင် ထိုင်ခုံလဲသန့်အောင် ထားတက်သည် အေးဆေးတည်ငြိမ်သောသူမကို သူငယ်ချင်းများက ချစ်ကြသည်
”ပန်း ရေ ကင်းတင်းသွားရအောင်လေ”
”အင်း သွားမယ် ဒါပေမယ့် ခဏပဲနော် စာကျက်ရဦးမယ်”
”အေးပါ သိပါတယ် စာဂျပိုးရယ် ”
သူငယ်ချင်းများကို သူမ ရယ်ပြလိုက်လေသည် သူမဘ၀ရဲ့ပျော်စရာက အေးချမ်းခဲ့ပါတယ်
နောက်နေ့ကျောင်းလာတော့ ထုံးစံအတိုင်း စာရေးခုံလေးကို tissue လေးနဲ့သုတ်တယ် အဲဒီမှာမမျော်လင့်ပဲ စာကြောင်းတိုတိုလေး ၁ကြောင်းကိုတွေ့လိုက်တယ် ခဲတံလေးနဲ့ရေးထားတာ သူမကြည့်လိုက်တော့…
”စိတ်ညစ်တယ် ဘာတွေမှန်းလဲမသိဘူး”
သူမနည်းနည်းစိတ်ဝင်စားသွားသည် အရင်က ခုံပေါ်မှာစာရေးရင် သူမအရမ်းစိတ်ဆိုးသည် ညစ်ပတ်အောင်လုပ်သည်လို့ပဲမြင်တယ်
အခုကတော့ စိတ်မဆိုးတဲ့အပြင် စိတ်ဝင်စားသွားသည် လက်ရေးကလဲ လှတယ် မိန်းကလေးပဲဖြစ်ရမယ် သူမတို့အတန်းမတက်ခင်
ရှေ့မှာအတန်းရှိသေးတယ်လေ အဲဒီအတန်းကကျောင်းသူ တယောက်ရေးထားတာ ဖြစ်မှာပဲဆိုပြီး သူမလဲ သူငယ်ချင်း၁ယောက်ရတာပဲဆိုပြီး သူအတွက် စာလေး ၁ကြောင်းရေးခဲ့တယ်
”စိတ်မညစ်နဲ့လေ စာမရလို့လား”
သူမကတော့ စိတ်ပြေအောင်ရေးပေးခဲ့တယ် ထုံးစံအတိုင်းအတန်းတက်ပြီးပြန်ခဲ့တယ် နေ့ရက်တွေကတော့ အရင်အတိုင်းပဲပေါ့ အဲဒီနေ့က ကောင်းကင်ကိုကြည့်လိုက်တော့အရင်နေ့တွေထက်ပြာလဲ့နေတယ်လို့ ထင်မိလို့ လှလိုက်တာလို့ပြောမိခဲ့တယ် စိတ်ထဲမှာလဲ အလိုလိုပျော်နေမိတယ်..ဘာကြောင့်လဲတော့ မသိဘူး…… အရင်နေ့တွေထက်ပျော်နေမိတယ်..အဲဒီလောက်တောင်ပဲ
အစွမ်းရှိလားကွယ်… မမြင်ရတဲ့ကြိုး တစ်မျှင်………..

In: ဝတ္ထု Posted By: Date: Aug 4, 2010
Comment #1

ဒီဇာတ်လမ်းလေးက လွန်ခဲ့တဲ့ နှစ်အနည်းက ကျနော်နဲ့ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ အမှတ်မထင်ပြန်ဖတ်လိုက်ရတော့ စိတ်ထဲမှာ တမျိုးဖြစ်သွားခဲ့တယ်။ စာရေးသူနဲ့ခင်လို့ရမယ်ဆိုရင် ခင်ချင်ပါတယ်။

Comment #2

စာလေးကိုဖတ်ပေးတဲ့အတွက် ကျေးဇူးပါ….poemscorner ကနေပြီးစာတွေကို ဖတ်ပြီးအားပေးတဲ့လူတွေအားလုံးကို သူငယ်ချင်းလို့ သတ်မှတ်ထားပါတယ်..ဒါကြောင့် အကုန်လုံးက သူငယ်ချင်းတွေပါပဲ

commentinfo By: thaeswezin at Jan 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment