Professional Authors

တစ်ခါသုံး

ချစ်ရပါသောကို
နှစ်လုံးသားကို တစ်ခါသုံး လုပ်မယ်ဆိုရင်
ငါလေ မသုံးဘဲ သော့ခတ် သိမ်းထားလိုက်ချင်တယ်
ခေတ်ကြီးများ နိုင်လိုမင်းထက် ပါလား
တစ်ခါသုံးတော့ အဖြစ်မခံနိုင်ဘူး ဆိုပြီး
ငါလေ မာန်တင်းထား နေပြန်လည်း
ခေတ်အနိုင်က များနေတော့
ချော်လဲ ရောထိုင် မထူးဇာတ် ခင်းလိုက်ရတယ်
ကမ္ဘာကြီးက ရွာကြီးပါ ကိုရယ်
ဒါပေမယ့် ပျက်စီးလာကြပြီလေ
ကြက်ဥကလည်း အတုဖြစ်
ကွန်ဒုံးကလည်း ခေါင်းစည်းကြိုးတဲ့
နားထဲကို ဗြောင်းပြန်စီးနေကြတယ်
အရှင်လတ်လတ် ဦးနှောက်တွေ ဖောက်စား
တရားပျက် နေကြပြီလေ
အများအတွက်ပါ ဆိုတာတွေတောင်
အမှားဖက် လာကြပြီပဲ
ငါ့ဘ၀ကရော ဘာထူးလို့လဲ
နှလုံးသားလေး အရင်းအနှီးလုပ်
မေတ္တာတွေ အမြတ်ရမလား ဆိုပြီး
ချစ်ခြင်း ဆိုတဲ့ စီးပွားရေးမှာ
ယုံကြည်စွာ မြှုပ်နှံလိုက်တယ်
မှန်ပါတယ် တစ်ခါသုံးပေါ့
ငါ့အတွက် နောက်သုံးစရာမှ မရှိတော့တာ
နှလုံးသားလေး အရင်းပြုတ်သွားတယ်
In: ကဗျာ Posted By: Date: Aug 20, 2010
Comment #1

မိုက်တယ်…..ကဗျာက

commentinfo By: Ema Yar at Aug 21, 2010
Comment #2

ချစ်ရပါသောကို
နှစ်လုံးသားကို တစ်ခါသုံး လုပ်မယ်ဆိုရင်
ငါလေ မသုံးဘဲ သော့ခတ် သိမ်းထားလိုက်ချင်တယ်
ခေတ်ကြီးများ နိုင်လိုမင်းထက် ပါလား
တစ်ခါသုံးတော့ အဖြစ်မခံနိုင်ဘူး ဆိုပြီး
ငါလေ မာန်တင်းထား နေပြန်လည်း
ခေတ်အနိုင်က များနေတော့
ချော်လဲ ရောထိုင် မထူးဇာတ် ခင်းလိုက်ရတယ်
ကမ္ဘာကြီးက ရွာကြီးပါ ကိုရယ်
ဒါပေမယ့် ပျက်စီးလာကြပြီလေ
ကြက်ဥကလည်း အတုဖြစ်
ကွန်ဒုံးကလည်း ခေါင်းစည်းကြိုးတဲ့
နားထဲကို ဗြောင်းပြန်စီးနေကြတယ်
အရှင်လတ်လတ် ဦးနှောက်တွေ ဖောက်စား
တရားပျက် နေကြပြီလေ
အများအတွက်ပါ ဆိုတာတွေတောင်
အမှားဖက် လာကြပြီပဲ
ငါ့ဘ၀ကရော ဘာထူးလို့လဲ
နှလုံးသားလေး အရင်းအနှီးလုပ်
မေတ္တာတွေ အမြတ်ရမလား ဆိုပြီး
ချစ်ခြင်း ဆိုတဲ့ စီးပွားရေးမှာ
ယုံကြည်စွာ မြှုပ်နှံလိုက်တယ်
မှန်ပါတယ် တစ်ခါသုံးပေါ့
ငါ့အတွက် နောက်သုံးစရာမှ မရှိတော့တာ
နှလုံးသားလေး အရင်းပြုတ်သွားတယ်…။

commentinfo By: အောင်ရဲသူ at Jul 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment