Professional Authors

ငြိုးတော်မူ – နရီထက်

တွေးစိမ့်နှင့်လွမ်းအားပိုရတယ်
လွမ်းစိတ်နှင့်မျှော်နေမိတယ်
သူမသိလေးတယ်
စောင့်နေတာကြာပြီကွဲ့
ထွက်ပြေးလေသလား
ထားခဲ့လေးသလား
နေနိုင်သူကြီးရေ

မင်းသောက်ဖို့ ကော်ဖီတစ်ခွက်
ပန်းနီတစ်ပွင့်
ကြင်နာတဲ့ ရင်ခွင်တစ်စုံ
လန်းဆန်းတဲ့ အပြုံးတွေနှင့်
စောင့်နေသူပါ
မင်းမသိလေသလား

ဖုန်းသံတစ်ချက် ထမြည်လေးတိုင်း
မင်းအသံလား
ရင်ခုန်သံမြန်နေပြီးကွယ်
လူကြုံပါးတဲ့စာတစ်စောင်လောက်များ
တို့ဆီ ရောက်လာလေမလား
မျှော်နေမိတယ်
ရွှေဘ၀င်မှာ မရွှင်အားတယ်
တပ်မက်စွဲလမ်းမှုချစ်စိတ်တွေကြား။      ။

နရီထက်
( ၂၈ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 28, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment