Professional Authors

နှလုံးသားနှင့်ရင်းသော……….

နှလုံးသားနှင့်ရင်းသော…………

အချစ်အတွက်
အသက်ကိုစွန့်သောသူများသည်
သူရဲကောင်းများဖြစ်ကြသည်။

အမရာ

ကျွန်မအတွက်တော့အချစ်ဆိုတာတကယ့်ကိုကိုးကွယ်ရာပါပဲ။
အချစ်နဲ့မကင်းနိုင်တာဘယ်သူရှိသလဲပြော????????????????????????
တကယ်တော့အချစ်ဆိုတာအလွန့်အလွန်ကိုမှပွန်းရှထိခိုက်ကြေမွလွယ်လွန်း
လှပါတယ်။
အချစ်အဓိပ္ပယ်ကိုတော့ရိုးရိုးလေးပဲလက်ခံထားမိသည်။အချစ်=အချစ်ဖြစ်သည်။
ကျွန်မလက်ခံထားတဲ့အချစ်မှာစံသတ်မှတ်ချက်တွေမပါပါဘူး။လူတယောက်
နဲ့တယောက်ချစ်ကြဖို့ကျောထောက်နောက်ခံအင်အားတွေ ပညာအရည်
အချင်းတွေဟာ အဓိကကြတဲ့အချက်တွေမဟုတ်ဘူးလို့ကျွန်မယုံကြည်
တယ်။ဒါမှအချစ်စစ်ပေါ့။လူတယောက်ကိုချစ်ဖို့အတွက်အရာရာစဉ်းစား
တွေးတောနေမယ်ဆိုရင်တော့ဒါဟာအချစ်ကိုသိမ်မွေ့စွာစော်ကားခြင်းပါ။

အချစ်ဆိုတာကိုလူကဖန်တီးလို့ရပါတယ်။
အချစ်စစ်ကိုတော့လူကဖန်တီးလို့မရနိုင်ပါဘူး။အချစ်မှာပုံသေနည်းတွေ
ကျင့်စဉ်တွေမရှိပါ။အချစ်ဟာထူးဆန်းသောစိတ်တန်ခိုးတခုပါ။တသက်မှာ
တကြိမ်သာပေါ်ပေါက်နိုင်ပါတယ်။အချစ်ကိုပေါ့ပေါ့တွေးပြီးပေါ့ပေါ့ချစ်
လိုက်ကြသူများဟာ အချစ်စစ်ဆိုတဲ့အရာကိုသေချာမသိလိုက်ကြသူများ
ပါ။သူတို့တွေဟာအချစ်အကြောင်းကိုနားမလည်ကြသူများပါ။တနည်းအား
ဖြင့်တွယ်ရာမဲ့နေသူများပါ။သူတို့မှာအချစ်တွေအချိန်မရွေးဖြစ်ပေါ်နိုင်ပါ
တယ်။လေးနက်မှုလဲမရှိကြပါဘူး။အချစ်စစ်ကိုမလေးစားကြသူများပါ။
အချစ်ကိုဗန်းပြပြီးဈေးကစားသူများကိုကျွန်မအံ့သြမိသည်။အချစ်ကိုယ်
စားကျွန်မရင်နာသည်။

လူတယောက်ကလူတယောက်ကိုတကယ်ချစ်မချစ်ဆိုတာကိုသင်ဘယ်
လိုသိနိုင်မလဲ??????????????????????????????????????????????



ဒီလိုမွေးခွန်းမျိုးတွေကိုကျွန်မသိပ်ဖြေချင်ပါသည်။ကျွန်မအဖြေကိုလူအနည်း
စုသာလက်ခံကြလိမ့်မည်။ထိုသူများသည် ကျွန်မကဲ့သို့ အချစ်ကိုကိုးကွယ်
ကြသူများဖြစ်လိမ့်မည်။အချစ်စစ်တွင်အပေးအယူအကန့်အသတ်အလျော်အစား
များမရှိပါ။မျှော်လင့်ခြင်းလည်းမရှိပါ။ရယူပိုင်ဆိုင်ဆုံးရှုံးခြင်းများလည်းမရှိပါ။
အချစ်တွင်အချစ်သက်သက်သာရှိပါသည်။ချစ်သူကိုချစ်နေရရုံဖြင့်ပင်ကျေနပ်
နေနိုင်ခြင်းမျိုးပါ။အရာအားလုံးကိုပေးဆပ်ခြင်းဖြင့်လည်းရောင့်ရဲနိုင်ရမည်။
ဆုံးရှုံးခြင်းဖြင့်လည်းရောင့်ရဲနိုင်ရမည်ဖြစ်သည်။ချစ်သူကိုချစ်သည့်စိတ်တခု
တည်းဖြင့်သာထွက်သက်များကိုရပ်တန့်စေမည်။
ထိုအချက်များကိုအခြေခံ
၍လူတယောက်ကတယောက်အပေါ်တကယ်ပင်အချစ်စစ်နှင့်ချစ်မချစ်ခံစားနား
လည်နိုင်သည်။

အချစ်အတွက်အသက်ကိုစွန့်သောသူများသည် သူရူးများသာဖြစ်ကြသည်။

ထိုအဆိုကိုကျွန်မဂရုမစိုက်ပါ။တကယ့်ကိုသူရူးဘွဲ့ကိုရစေဦးတော့ချစ်သူအတွက်
ရဲရင့်ခြင်းဖြစ်သည်။ကိုယ်ယုံကြည်ချက်အတွက်ကိုယ့်စတေးမှုကိုချီးကျူးခံနေစ
ရာမလိုချေ။ထို့ကြောင့်ဤအရာကိုအချစ်ဟုခေါ်သည်။

အချစ်အတွက်အသက်ကိုစွန့်သောသူများသည်သူရဲကောင်းများဖြစ်သည်။


နောက်ဆုံးကျွန်မအပြောချင်ဆုံးသောစကားမှာ……အချစ်ကိုလေးစားပါ။
အချစ်ကိုယုံကြည်ပါ။အချစ်ကိုအချစ်နှင့်ထပ်ပါ။အချစ်အတွက်ရဲရင့်ပါ။
နှလုံးသားနှင့်ရင်း၍အချစ်ကိုခင်းပြီးလျှောက်လှမ်းပါ။

ရင်ဘတ်နှင့်ဖတ်ပါ။

P.S အထက်ပါရေးသားချက်များသည်အမရာ၏ခံစားချက်သက်သက်များ
သာဖြစ်သည်……အချစ်အကြောင်းနှင့်ပါတ်သက်၍အငြင်းအခုံမလုပ်ပါ။

အမရာ

In: ဆောင်းပါး Posted By: Date: Aug 3, 2010
Comment #1

အမရာ ရေ
ဆွေးနွေးတဲ့သဘောပါ တို့ တိုက်ခိုက်တာမဟုတ်ပါဘူး
သိချင်လို့ တကယ်လို့ လူဟာ အချစ်အတွက် အသက်စွန့်တယ်ဆိုတာ ရူးတာလို့ထင်တဲ့သူ
တွေရှိသလို့သူရဲကောင်းလို့မြင်မယ့်သူလည်းရှိမှာပေါ့ အကယ်လို့ အသက်စွန့်လောက်အောင်
(ရိုမီရို )တို့လို ချစ်ပေမယ့် အကျိုးမရှိမယ့်အတူတူ သူရဲကောင်းလုပ်မယ့်အစား ကိုယ့်ကိုကိုယ်
ပိုကောင်းအောင်ကြိုးစား နေလိုက်ရင်သေသွားတဲ့ ချစ်သူက ပိုဝမ်းမသာနိုင်ဘူးလား တကယ်ပါ
သိချင်လို့သိပ်လဲမပြောတတ်ဘူး

commentinfo By: lucifer at Aug 4, 2010
Comment #2

nice poem… 🙂

commentinfo By: winnysea91 at Aug 5, 2010
Comment #3

ဟုတ်ပါတရ်
လူတိုင်းကအချစ်ဆိုတဲ့စကားတိုင်းကိုလွယ်လင့်တကူပြောနေကြတရ်နော်
မျက်နှာများတဲ့ ဘုရင်မတစ်ယောက်လိုပဲ
လူတိုင်းပါးစပ်ဖျားမှတင် ရေပန်းစားကြတရ်
ဟုတ်ပါတရ် အချစ်ကိုလူတွေဖန်တီးလို့ရပါတရ်
အစ်မအမရာရဲ့ခံယူချက်ကိုအရမ်းကြိုက်ပါတရ်

commentinfo By: ayeayethi at Aug 14, 2010
Comment #4

တကယ်တော့ ကို့ တသက်တခါ အချစ်ဟာ လှည့် စားတတ်တဲ့  လူယုတ်မာတယောက်နဲ့ ဆုံစည်းပီး ဘ၀ကိုနင်းချေ.. နှူတ်အားဖြင့် လည်းစော်ကား ..တပါးတပါးသော ပန်းကောင်းများကို လည်း အညွန့် ချိုးနေတဲ့ ကဝေတယောက်

commentinfo By: သော်တာ at Aug 15, 2010
Comment #5

အစ်မရေးထားတဲ့ ကဗျာလေးကို ကြိုက်ပါတယ်။ အစ်မရေးတာလေးဖတ်ပြီးနားလည်သွားပါတယ်။ အချစ်ဆိုတာ ပညာလည်းမဟုတ်ပါဘူး။ စည်းစိမ်ဥစ္စာလည်းမဟုတ်ဘူး။ အချစ်ဆိုတာ ရည်းစာတွေများတာလည်းမဟုတ်ဘူး။ အချစ်တို အချစ်လို့ပါနားလည်သွားပါတယ် ကျေးဇူးပါနော်

commentinfo By:ူလရိပ် at Aug 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment