Professional Authors

ခဏလေးပါပဲ…..

ငါ နင့်ကိုစွန့်လွတ်ခဲ့တာ မဟုတ်ဘူးလေ ခဏလေးနင့်နဲ့ ခွဲနေတာပါ

နင့်ကို မချစ်ဘူးလို့ မပြောခဲ့ပါဘူး ငါတို့မှာအချိန်တွေရှိပါသေးတယ်လို့ပြောခဲ့တာလေ

နင့်ကို မုန်းတယ်လို့လဲ ငါမပြောခဲ့ပါဘူး နင့်ကိုမတွေ့ချင်ဘူးပဲပြောခဲ့တာပါ ဘာလို့လဲဆိုတော့ နင့်ကိုတွေ့ရင် ပိုပိုချစ်လာလို့လေ နင့်ကိုရက်ရက်စက်စက် မထားခဲ့ပါဘူး ငါ ခဏလောက်နင့်အနားက သွားပါရစေလို့တောင်းဆိုခဲ့တာပါ …

နင့်ကို ဘယ်တော့မှမချစ်ဘူးလို့မပြောရက်ခဲ့ပါဘူး နင့်ဘေးမှာထာဝရရှိနေပါ့မယ်လို့ပြောခဲ့တာပါ

နင့်ကို နာကျင်အောင်မလုပ်ခဲ့ပါဘူး ငါကိုယ်တိုင်ပဲနာကျင်ခြင်းကိုခံယူတာပါ

နင့်ကို ပြောင်းလဲအောင် ငါမလုပ်ခဲ့ပါဘူး နင်သာငါ့ကိုပြောင်းလဲစေခဲ့တာပါ

ငါ နင့်ကို ခဏလေးခွဲထားမိတယ်

နင့်အနားက ခဏလေးထွက်သွားမိတ.ယ်

အဲဒီ ခဏလေးတွေအတွက် အခုတော့ ငါ့နှလုံးသားနဲ့ရင်းပြီး တဘ၀လုံးပေးဆပ်ရတော့မယ်…..

နင့်ကောင်မလေး ၁ယောက်ကို ခဏလေးတွဲခဲ့တယ်

ကောင်မလေး၁ယောက်ခဏလေး နင့်နားကိုရောက်လာတယ်

အဲဒီခဏလေးရောက်လာတဲ့ ကောင်မလေးကို နင့်က တဘ၀လုံးပေးဆပ်ရတော့မယ်..

နင်ပြောခဲ့တယ် သူ့ကိုမချစ်ဘူးတဲ့..

နင်ချစ်ခဲ့တာ ငါ…တဲ့ ဒါပေမယ့် သူ့ကိုတော့ ယူရလိမ့်မယ်တဲ့

ဘာလို့လဲ ဆိုတော့ ငါ့ နင့်ကိုထားခဲ့တဲ့ ခဏလေးအတွက်လျော်ကြေးတဲ့…..

အဲဒီကောင်မလေးအတွက်ကတော့ ခဏတာ နင့်အနားမှာရှိပေးတဲ့အတွက် ဆုလဘ်တဲ့….

ငါ နင့်ကိုလျော်ကြေးပေးခဲ့ရတယ်…ငါ့ နှလုံးသား ငါ့ အချစ်  ငါ့ဘ၀…..

ငါ နင့်ကို ခဏလေးပဲ ခွဲနေမိတာပါ…..

 

In: ဝတ္ထု Posted By: Date: Jun 17, 2010
Comment #1

ကောင်းပါတယ်……ဘ၀တူတွေ့ ပါ……..ထားခဲ့လိုမဟုတ်ပါဘူး………..သူထွက်သွားတာပါ……..လုံး၂မချစ်သေးတာထက်……ချစ်ပြီဆုံးရူးရတာ……ကောင်းပါတယ်…….ပြန်တွေ့ နိင်ပါစေဗျာ။

commentinfo By: khampay at Jun 17, 2010
Comment #2

သုခချိုရ စာလေးကို အရမ်းကြိုက်ပြီး ခံစားချက်နဲ့တူလို့ ကူးယူခွင့်ပြုပါနော် ……….

commentinfo By: su pyae at Jun 23, 2010
Comment #3

ခံစားချက်ချင်းတူတဲ့အတွက်ကျေးဇူးတင်ပါတယ် ခံစားချက်ချင်းတူမှလဲ ခံစားနိုင်မှာလေ

commentinfo By: thukhacho at Jun 23, 2010
Comment #4

ဟုတ်တယ်…. ခဏလေးခွဲခွာနေရတာကို အပြစ်လို့ထင်နေတယ်… အနေဝေးတော့လည်း သွေးအေးသွားကြတာပါပဲ… နောက်ဆုံးတော့ လမ်းခွဲမယ်လို့ ပြောတဲ့အထိပဲ… သူ့သဘောအတိုင်း ကိုယ်က လမ်းခွဲပေးတော့လည်း ရက်စက်တယ်တဲ့လေ… လမ်းခွဲခံရတဲ့သူကိုမှ ရက်စက်တဲ့စကားတွေ သုံးပြီး ပြောရက်တယ်…..

လမ်းခွဲမယ်လို့ပြောခဲ့တာလည်း မင်းပဲ…
မချစ်တော့ဘူးလို့ပြောခဲ့တာလည်း မင်းပဲ…
မင်းအလိုကျ ငါက မင်းကိုထားရစ်ခဲ့တော့..
မင်းပြောတဲ့စကားလေးတစ်ခွန်း ….. နင်အရမ်းရက်စက်တယ်တဲ့….. အရမ်းအခံရခက်တာပဲ…

commentinfo By: Moon at Jul 30, 2010
Comment #5

အဲဒီခဏလေးရောက်လာတဲ့ ကောင်မလေးကို နင့်က တဘ၀လုံးပေးဆပ်ရတော့မယ်..
နင်ပြောခဲ့တယ် သူ့ကိုမချစ်ဘူးတဲ့..
နင်ချစ်ခဲ့တာ ငါ…တဲ့ ဒါပေမယ့် သူ့ကိုတော့ ယူရလိမ့်မယ်တဲ့
ဘာလို့လဲ ဆိုတော့ ငါ့ နင့်ကိုထားခဲ့တဲ့ ခဏလေးအတွက်လျော်ကြေးတဲ့…..

အရမ်းကောင်းပါတယ်…..စာသားတွေအကုန်လုံး…..
တကယ်တော့လေ…….အဲလိုအဖြစ်မျိုးတွေက ခံရအခက်ဆုံးပဲ…..။
ကေ အားပေးသွားပါတယ်…။

commentinfo By: ကေသရီ at Sep 26, 2011
Comment #6

အားပေးသွားပါတယ်

commentinfo By: PC at Sep 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment