Professional Authors

နင်ကငါ့ရဲ့

နင်နဲ့ငါနဲ့ အတူရှိဖူးတဲ့ စက္ကန့်တွေကို
ငါကရွှေချသိမ်းထားတတ်တယ်

ရယ်မောသံတွေထဲက အသံလာရာထက်
နင့်ရဲ့ ဟန်ပါပါအပြုံး သဏ္ဍာန်ကို အရင်နားဆင်တယ်

ဝင်လာခဲ့ပါ ငါ့ရဲ့ကမ္ဘာဆိုတာဟာလည်း
နင့်နဲ့ပဲလုံးလုံးသက်ဆိုင်နေတယ်

သူမဆိုတာဟာလည်း သိပ်ချစ်တတ်တဲ့မိန်းမ
ထမင်းရည်ပဲ သောက်ရ သောက်ရ “တဲ့”

ဒီလိုပါပဲ
ဒီလိုနဲ့ပဲ နေ့ရက်တွေကို နင်နဲ့ပဲဘောင်ခတ်
အရာရာမှာ နင်က ငါ့ရဲ့”တည်ကိန်း” ဖြစ်တယ်

ဒီနေ့ဟာ နင့်ရက် နင့်လ နင့်နှစ်
ချစ်ခြင်းရဲ့ သင်္ကေတ နင့်အတွက်ငါ ကဗျာတွေ ရေးတယ်

မနက်ဖြန်တိုင်းဟာလည်း နင့်အတွက်ရက် နင့်အတွက်လ နင့်အတွက်နှစ်
ချစ်ခြင်းရဲ့ သင်္ကေတ နင့်အတွက်ငါ ကဗျာတွေ ရေးဦးမယ်

ကြက်ခြေခတ်X
နင့်ရက် နင့်လ နင့်နှစ်
နင့်နာရီ နင့်မိနစ်

In: ကဗျာ Posted By: Date: Aug 21, 2013
Comment #1

နင့်ရက် နင့်လ နင့်နှစ်
နင့်နာရီ နင့်မိနစ်
…………………..
So Good

commentinfo By: နွေ at Aug 22, 2013
Comment #2

so much touching.
hit to my heart.
🙂
like so much both thoughts & choice of words

commentinfo By: ei lay at Aug 25, 2013
Comment #3

သူမဆိုတာဟာလည်း သိပ်ချစ်တတ်တဲ့မိန်းမ…
i love your writing style.

commentinfo By: Titan at Apr 2, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment