Professional Authors

ခံစားချက် .. တစ်

ခံစားချက် .. တစ်

အချစ်ဆိုတာဘာလဲ။ ဒီမေးခွန်းကို သူမငယ်ငယ်တုန်းကတော့ လေးလေးနက်နက်စဉ်းစားခဲ့ဖူးတယ် အချစ်ကြောင့်ရူးသွပ်နေခဲ့တဲ့ အချိန်တုန်းကပေါ့။ အချစ်ဆိုတာ ရယူခြင်းလား၊ စွန့်လွှတ်ခြင်းလား၊ ပေးဆပ်ခြင်းလား ဘယ်သူတွေဘယ်လိုပဲ ပြောကြပါစေ သူမအတွက်တော့ အချစ်ဆိုတာ ချစ်နေရရုံနဲ့ အရာရာပြည့်စုံနေတတ်ခဲ့ပါတယ်။

 ဒီအချစ်ကို တွေ့ရှိခဲ့တာကလည်း ထူးဆန်းလွန်းပါတယ်.. အလှအပ အပြင်အဆင် မရှိတဲ့၊ တီရှပ်နဲ့ ဂျင်းဘောင်းဘီကိုပဲ စွဲစွဲလန်းလန်းကြိုက်တတ်တဲ့၊ ယောက်ျားလေးတစ်ယောက်လိုနေတတ်တဲ့ ဆံပင်ခပ်တိုတိုနဲ့ မိန်းကလေးတစ်ယောက်ကို မိန်းကလေးတိုင်းကစွဲလန်းနှစ်သက်ကြတဲ့ ဓါတုဗေဒမေဂျာရဲ့ King လို့ လူတိုင်းသိကြတဲ့ ကောင်လေးတစ်ယောက်က လိုက်မိတ်ဆက်ပြီး နောက်က တကောက်ကောက်လိုက်ခဲ့ရာက စခဲ့တာပဲ။ အိပ်မက်ထဲမှာတောင် မမျှော်လင့်ရဲခဲ့တဲ့ သူ့အချစ်ကို လက်ခံလိုက်ဖို့ဆိုတာ မတော်တဲ့ဖိနပ်ကို အတင်းထိုးစွပ်နေရသလိုပဲလို့ သူမတွေးခဲ့ပါသေးတယ်။ ဒီအချစ်ကို မပိုင်ဆိုင်ရဲတဲ့သူမဟာ တွေ့တဲ့အချိန်တိုင်းမှာ အကြောင်းအမျိုးမျိုးပြပြီး ရှောင်လွှဲဖို့ကြိုးစားခဲ့ပါတယ် ( ကွယ်ရာကနေတော့ အမြဲ ခိုးကြည့်နေခဲ့တာပေါ့နော် ) ။ ဘာကိုမှ စိတ်မ၀င်စားတတ်ခဲ့တဲ့ သူမအတွက်တော့ သူဟာ ဒုတိယအသက်ဖြစ်ခဲ့တယ်။ သူ့မျက်ဝန်း၊ သူ့နှတ်ခမ်း၊ သူ့အပြုံး၊ သူ့အသံ၊ သူနဲ့ပတ်သက်တဲ့အရာအားလုံးကိုစွဲလန်းခဲ့တယ်။ ကျောင်းကပြန်တဲ့အချိန်တိုင်း သူနောက်ကလိုက်လာတယ်ဆိုတဲ့ အသိကလေးကပဲ သူမအတွက် ကြည်နူးကျေနပ်စရာပါ၊ ဒီလိုနဲ့ပေါ့ သုံးနှစ်ဆိုတဲ့ကာလ ဟာ သူမရဲ့စိတ်တွေကိုယိုင်နဲ့လာအာင် လုံလောက်စေခဲ့တယ်။ သူမဆုံးဖြတ်ခဲ့တယ်လေ၊ ဒီရွှေဖိနပ်ကလေးကိုစီးရဖို့ သူမရဲ့ခြေချောင်းလေးတွေကို ဖြတ်ပစ်ရမယ် ဆိုရင်တောင် ဒါဟာထိုက်တန်တယ်လို့။ ၂၀၀၄ ခုနှစ်ရဲ့ တန်ဆောင်တိုင်ပွဲတော်မှာပေါ့ ကောင်လေးက သူမကို ဒုတိယအကြိမ်အဖြစ် ချစ်ခွင့်ပန်ခဲ့ပြီး သူမကလည်းခေါင်းညိတ်ခဲ့တယ်။ ကောင်လေးကပြောခဲ့တယ်လေ သူကလွဲရင် ဘယ်သူ့ကိုမှထပ်မချစ်တော့ပါဘူး ဆိုတဲ့ကတိကိုပေးပါတဲ့။ သူ မဟုတ်တဲ့အခြားတစ်ယောက်ကို ထပ်ပြီးချစ်မယ်ဆိုရင် သူဘယ်တော့မှခွင့်မလွှတ်ဘူးတဲ့။ ချစ်သူတွေဘ၀မှာ အရမ်းပျော်ခဲ့ရပါတယ်။ ကော်ဖီသောက်တိုင်း သူကိုယ်တိုင်အမြဲဖျော်ပေးခဲ့တဲ့၊ ဒီဇင်ဘာမနက်ခင်းမှာ အေးစက်နေတဲ့သူမခြေဖျားလေးတွေကို ဆုပ်နယ်ပေးပြီးနွေးထွေးစေခဲ့တဲ့၊ ဟာသတွေပြောပြပြီး သူမကိုအမြဲပျော်ရွှင်စေခဲ့တဲ့ သူ့ကို သူမအရမ်းချစ်ခဲ့ပါတယ်။ သူမကျေနပ်တယ် ဒီချစ်သူအတွက်အရာရာစွန့်လွှတ်ရမယ်ဆိုရင်တောင်ပေါ့။

ကံတရားကိုပဲအပြစ်တင်ရမလား၊ သူနဲ့ဝေးရတော့မယ်ဆိုတဲ့အသိဟာ လောကကြီးတစ်ခုလုံးအမှာင်ကျသွားသလိုပဲ။ ဒါဟာ သူကျောင်းစတက်ကတည်းက သူ့မိဘတွေ စီစဉ်နေခဲ့ကြတာတဲ့၊ မြန်မာပြည်ကနေ သူထွက်ခွါသွားတော့မယ်၊ စိတ်ကြိုက်ကဖေးမှာ သူနဲ့နောက်ဆုံးတွေ့ခဲ့တဲ့နေ့က သူနောက်သုံးနှစ်ကြာရင်ပြန်လာခဲ့ပြီး သူမကိုလက်ထပ်ပါ့မယ်လို့ ကတိပေးခဲ့တယ်။ သူမ မျက်ရည်ကျရုံကလွဲပြီး ဘာများတတ်နိုင်ဦးမှာလဲ။ သူမကိုဆက်သွယ်ဖို့ လိပ်စာနဲ့ ဖုန်းတွေ သူ့ကိုပေးပြီးသူပြန်သွားတာကို ထိုင်ငေးရင်းသူမချန်နေခဲ့တယ်။ မှတ်မှတ်ရရ အဲဒီနေ့က သူမက ပုဆိုးဝတ်တာသဘောကျတယ်ဆိုလို့ သူတခါမှ မ၀တ်ဖူးခဲ့တဲ့ ရှပ်လက်တို အပြာနုနဲ့ ပုဆိုးအပြာရင့်ရင့်ကိုဝတ်ထားခဲ့တယ်လေ…

       တေ၇ွ့ရွေ့ဝေးကွာသွားတဲ့
       ဟိုအဝေးက အပြာရောင်အရိပ်ကလေးရေ…
      မင်းနဲ့ငါ့ရဲ့ပျော်ရွှင်မှုတွေဟာ
      ဒီတနေ့တာ နောက်ဆုံးပဲလား….
      နွေးထွေးတဲ့မင်းလက်ကလေးတွေ
      ငါအမြဲဆုပ်ကိုင်ထားချင်တယ်
      ချိုမြတဲ့ မင်းအနမ်းတွေ
      ငါအမြဲ တမ်းတနေမိတယ်
      အတူလျှောက်ဖူးတဲ့ လမ်းလေးတွေလည်း
      ငါလွမ်းနေဦးမှာ ပါပဲ….
      ပြန်မလာချင်နေပါအရိပ်ကလေးရယ်
      ပိုင်ဆိုင်ခြင်းထက်လေးနက်တဲ့ချစ်ခြင်းတွေနဲ့
      ကိုယ်ရောင့်ရဲတတ်ခဲ့ပါတယ်…..

ဒီလိုနဲ့ပဲ နှစ်တွေသာပြောင်းလာတယ်။ သူ့ဆီကတော့ ဘာအဆက်အသွယ်မှ မရခဲ့ဘူး။ နာကျည်းနေရမယ့်အစား သူ့အတွက်စိုးရိမ်ခြင်းတွေသာရှိနေခဲ့တယ်။ သူအပေါ်မှာလည်းယုံကြည်ခဲ့တယ်၊ သူ့ကိုပေးခဲ့တဲ့ကတိအတိုင်း ဘယ်သူ့ကိုမှလည်းထပ်ပြီးမချစ်ခဲ့ဘူး၊ အချစ်စစ်နဲ့ချစ်ခဲ့တဲ့အတွက် တနေ့နေ့မှာ ပြန်ဆုံရမယ်ဆိုတာ ယုံကြည်းပြီး အဲဒီနေ့ကိုပဲ မျှော်လင့်နေခဲ့တယ်။ သူက ဆံပင်ရှည်တာကို သဘောကျတယ်ဆိုလို့ ထားခဲ့တဲ့ ဆံပင်အရှည်ကလည်း ခါးကိုတောင်ကျော်လာခဲ့ပြီ။ သူမြင်ရင်သဘောကျမှာပဲဆိုတဲ့ အတွေးနဲ့ မှန်ကြည့်တိုင်း ကိုယ့်ကိုယ်ကိုကျေနပ်နေခဲ့တယ်။

၇နှစ်ဆိုတဲ့အချိန်ဟာ အရာရာကိုပြောင်းလဲသွားစေတယ်ဆိုပေမယ့် နှလုံးသားတခုကိုတော့ မပြောင်းလဲစေနိုင်ခဲ့ဘူး၊ အဲဒါဟာသူမရဲ့နှလုံးသားပေါ့၊ သူ့အပေါ်ထားတဲ့အချစ်တွေဟာ လောကမှာ အခိုင်မြဲဆုံးအရာတွေထဲမှာ တခုအပါအ၀င်ဖြစ်မှာပါ။ သူမအတွက်တော့ အချစ်ဆိုတာ ချစ်ခွင့်ရနေရုံနဲ့ အရာရာပြည့်စုံနေတတ်ခဲ့ပါတယ်။ သူ့မှာ သက်ဆိုင်သူ ( ဘ၀လက်တွဲဖော် ) မရှိသေးသရွေ့တော့ သူ့ကို သူမချစ်ခွင့် ရှိနေသေးတယ်လေ။

အင်တာနက်ဆိုင်မှာ ထိုင်နေရင်း သူ့ကိုသတိရမိတာနဲ့ ဘာရယ်မဟုတ်ဘူး သူ့နာမည်ကို ရိုက်ထည့်ပြီးရှာလိုက်မိတာ၊ သူနဲ့ နာမည်ဆင်တူတွေ တော်တောများမှန်း ခုမှသိရတော့တယ်လို့ တွေးမိသေးတယ်၊ ဒီလိုနဲ့ပုံတွေလျှောက်ကြည့်ရင်း…. သူမရင်တွေ တလှပ်လှပ်ခုန်လာခဲ့ရပါတယ်၊ ဟုတ်ပါတယ်.. ဒါဟာသူပါပဲ။ ရှမ်းဝတ်စုံနဲ့ ရိုက်ထားတဲ့ပုံဟာ သူ့ပုံပါပဲ၊ ဒီလိုနဲ့ သူမတို့ပြန်တွေ့ခဲ့ကြတယ်။ သူကလည်း ဒီအချိန်ထိအောင် သူ့အပေါ် ချစ်နေနိုင်သေးတဲ့ သူမကို အရမ်းအံ့သြနေခဲ့ပါတယ်။ ကြည်းနူးမှုကြောင့်လား သူမမျက်ရည်တွေကျလာခဲ့တယ်။ သူမတို့ စကားတွေအများကြီး ပြောဖြစ်ခဲ့တယ်၊ နောက်ဆုံးမှာတော့ သူကသူ့ရဲ့ကံဆိုးမှုတွေကို ရင်ဖွင့်ခဲ့တယ်။ သူမ မယုံနိုင်ပါ. ဒါဟာ မဖြစ်နိုင်ပါဘူး၊ နှစ်ပေါင်းများစွာကြာအောင် သူမစောင့်စားနေခဲ့တဲ့ အချစ်တွေဟာ ဒီိလို အဆုံးသတ်လိုက်ရမှာလား၊ သူ လက်ထပ်ပြီးပြီတဲ့၊ မှားယွင်းတဲ့ လက်ထပ်မှုတဲ့လားကွယ်၊ သူ့အတွက်မှားယွင်းမှုဆိုပေမယ့် သူမအတွက်တော့ ငရဲပါပဲ၊ သူ့ကို ဆက်ပြီးချစ်ခွင့် မရှိတော့တဲ့ ဘ၀မှာ သူမဘယ်လိုအသက်ဆက်ရှင်ရပါ့မလဲ။ တကယ်ဆို သူဒီအကြောင်းတွေဖွင့်မပြောသင့်ဘူး။ ဟိုတချိန်ကလိုပဲ သူဘာမှမပြောပဲ သူမဘေးက ပျောက်ကွယ်သွားရင်တောင် သူမမှာ ဆက်ချစ်ခွင့်လေးတော့ ရှိသေးတယ်မဟုတ်လား…..
                  ခုတော့…
                              ချစ်နေခွင့်လေးကိုတောင် အပြီးသတ်တားမြစ်ရက်တယ်…..
ခုတော့ သူမမသိချင်တော့ပါဘူး  အချစ်ဆိုတာ ဘာလဲဆိုတာကိုလေ……………………….

In: ဝတ္ထု Posted By: Date: Jul 4, 2010
Comment #1

ကောင်မလေးက သနားစရာပဲ

commentinfo By: lifecreative2010 at Jul 4, 2010
Comment #2

ဖတ်ရှုအားပေးတာ ကျေးဇူးပဲနော်

commentinfo By: mayhninekha at Jul 5, 2010
Comment #3

အင်းဘ၀မှာ ဆန္ဒ နဲ့ ဖြစ်နေတာတွေက တခြားစီဖြစ်နေတတ်ပါတယ်…အကောင်းဆုံးတော့….

commentinfo By: အမရာ at Jul 11, 2010
Comment #4

ခံစားချက် .. နှစ် ကျရင်လည်း အားပေးဦးနော်……

commentinfo By: mayhninekha at Jul 14, 2010
Comment #5

ဟုတ်ကဲ့ အားပေးပါ့မယ်နော် …

commentinfo By: အမရာ ယုံကြည်ချက်လေး at Jul 14, 2010
Comment #6

ကောင်းလိုက်တာဗျာ

commentinfo By: လ၊းသ၊ံတ၊ံး at Jul 21, 2010
Comment #7

အချစ်ကအချစ် ဘ၀ကဘ၀ပါပဲ

commentinfo By: naunglattchitthu at Aug 3, 2010
Comment #8

အော်ညီမရယ်
ရင်ကွဲအောင်ချစ်ခဲ့ပြီးမှတော့ ရင်နာစရာလောက်နဲ့ မျက်ရည်မကျသင့်တော့ဘူးလေ….
ပြောင်းလွဲမူဆိုတာ ကိုယ်ပိုင်ခဲ့တဲ့အရာမှ မဟုပ်တာ ….

commentinfo By: ကိုဇင် at Oct 2, 2010
Comment #9

တကယ်အမှန်ပဲလားဟင်…….ငိုချင်လာပြီ….

commentinfo By: မြလေး at Oct 6, 2010
Comment #10

ဒါ .. တကယ်ပါပဲ….

commentinfo By: နှိုင်းခ at Oct 6, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment