Professional Authors

ခံစားချက် သဲအိမ်ငယ်

မဟူရာရောင်နဲ့ ရူးသွပ်မှူ့တွေက
ငါ့အာရုံတွေကို လှုပ်နှိုးနေပြီ ~~~
မင်းပုံရိပ်တွေက အိမ်မက်တွေထဲလည်း
ပိုင်စိုးပိုင်နင်း ၀င်ရောက်လာပြီ ~~~
ငါ့ရှေ့မှာ မပြုံးပါနဲ့
ငါ့ကိုလည်းမကြည့်ပါနဲ့
ငါတောင်းပန်ပါတယ်
အချစ်ဆိုတာကြီးကို ငါတကယ်ကြောက်လို့ပါ ~~~
ချစ်လား …?   မချစ်ဘူး… 
ငါ့မာနရဲ့ ပဲ့တင်သံတွေပေါ့… ~~~
တကယ်ဆို
ငါဟာ အမှန်တရားကို ဖုံးကွယ်ထားတဲ့
နင့်ရဲ့အနားက လူလိမ်ကြီးတစ်ယောက်ပေါ့ .. ~~~
ဖြစ်နိုင်မယ်ဆိုရင်
ငါ့ခံစားချက်တွေကို
လေပြေနဲ့အတူ မင်းအနားကို ခစားစေချင်တာပါ ~~~
အချစ်သစ်ပင်ငယ်ရယ် … မကြီးထွားပဲရပ်တန့်နေပါ
အမှန်ဆို ကမ်းခြေမှာ ဆောက်ထားတဲ့ သဲအိမ်ငယ်လေးပဲ ဖြစ်သင့်တာပေါ့
အချိန်ဒီလှိုင်းက မင်းကိုတိုက်စားသွားမှာပါ ~~~
အချစ်ဆိုတာ.. ပထမဆုံးသိချိန်ကရေးထားတာပါ.. 🙂
စည်းခြားနေတဲ့ လူတစ်ယောက် အတွက်ပါ။
Mikyae  April2008
In: ကဗျာ Posted By: Date: Dec 9, 2010
Comment #1

ဒါလေးလဲ ကောင်းပါတယ်ဗျာ…….:)

commentinfo By: moehtetaung18 at Dec 9, 2010
Comment #2

Thank You ~~

commentinfo By: Mikyae at Dec 9, 2010
Comment #3

အချစ်ဆိုတာ.. ပထမဆုံးသိချိန်ကရေးထားတာဆိုပဲ…. (:
ဒုတိယ တတိယ ကဗျာတွေရော ဘယ်တော့ ဖတ်ရမှာလဲလို့ (:

commentinfo By: ဖြိုးဖြိုး at Dec 9, 2010
Comment #4

လာမယ်ကြာမယ် .. စောင့်နေနော်.. ဟားဟား

commentinfo By: Mikyae at Dec 9, 2010
Comment #5

အင်း ဟုတ်တယ် နောက် ကဗျာတွေကို ပိုစိတ်ဝင်စားတယ် ပထမမှာ အတွေ့ အကြုံရခဲ့ပြီဆိုတော့ နောက် ကဗျာတွေက အနှစ်သာရရှိမှာပေါ့…

commentinfo By: နှောင်းလူ at Dec 10, 2010
Comment #6

ဒီကဗျာလေးကို ကြိုက်ပါတယ်…အားပေးနေမယ်..

commentinfo By: linhtike at Dec 10, 2010
Comment #7

Xie Xie ~~ 🙂

commentinfo By: Mikyae at Dec 10, 2010
Comment #8

အချစ်ကို ပထမဆုံးသိချိန်ကရေးထားတာဆိုပဲ..
ဟိဟိ
အကို့ ညီမ တော်တယ်..
:atb
:atb

commentinfo By: @v at Dec 11, 2010
Comment #9

ဒါပေါ့ ကိုအေဗွီ့ ညီမပဲ 😛

commentinfo By: Mikyae at Dec 11, 2010
Comment #10

ကျွန်တော် ခံစားသွားတဲ့ စာသား …

တကယ်ဆို
ငါဟာ အမှန်တရားကို ဖုံးကွယ်ထားတဲ့
နင့်ရဲ့အနားက လူလိမ်ကြီးတစ်ယောက်ပေါ့ .. ~~~

ဖြစ်နိုင်မယ်ဆိုရင်
ငါ့ခံစားချက်တွေကို
လေပြေနဲ့အတူ မင်းအနားကို ခစားစေချင်တာပါ ~~~
အချစ်သစ်ပင်ငယ်ရယ် … မကြီးထွားပဲရပ်တန့်နေပါ ။

Leave Comments

Name*

Email*
Website
Email me whenever there is new comment