Professional Authors

ပုံပြင်

(၁)
အွန်လိုင်းစောင့်အဘိုးအို၏ရှုံ.တွနေသောပါးပြင်အရေပြားတွန်.လိပ်သွားသည်အထိပြုံးလိုက်သည်။ဝတ်မှုန်နတ်သမီးလေး ၀င်ရောက်လာပြီ။ နတ်သမီးလေး၏ ကိုယ်သင်းနံ.ဖွဖွရှရှသည် ကမ္ဘာတစ်ဖက်စွန်းရှိ သူစောင့် ကြပ်နေသော မော်နီတာကိုဖြတ်၍ ၀င်လာသည်။ နတ်သမီးလေး၏အစောင့်ကို သူလှမ်းမေးလိုက်သည်။
“သူဘာလုပ်ချင်နေတာလဲဟေ့”
အစောင့်ကသူ.ကိုနှာခေါင်းရှုံ.ပြသည်။
“ဂိမ်းလည်းမဆော့ချင်ဘူး။ စာလည်းမဖတ်ချင်ဘူးတဲ့။ တစ်ယောက်ယောက်နဲ. ချက်တင်းထိုင်မလို.တဲ့”
အဘိုးအို၏ လက်ချောင်းပိန်ပိန်များ ကီးဘုတ်ပေါ်ဝယ် တဖျတ်ဖျတ်ပြေးသွားသည်။ နတ်သမီးလေးနှင့် သင့်တော်သောနတ်လုလင်တစ်ဦးတစ်လေ ရှိလေမည်လား ရှာကြည့်မိသည်။ မတွေ.။ ကဝေမလေးသုံးယောက် လောက်နှင့်ချက်တင်းဝင်နေသော ဂျီသရဲလေးနှစ်ကောင်၊ မလိမ်မိုးမလိမ်မာအီးမှင်စာလေးများ၊ နတ်သမီးများကို စိတ်မ၀င်စားသော အွန်လိုင်းယောဂီကြီးများသာ တွေ.နေရသည်။
အဘိုးအို သက်ပြင်းချလိုက်သည်။
“ငါပဲဝင်မှဖြစ်မှာပါကွာ။ဒီကလေးမလေး၊ အွန်လိုင်းဝင်္ဂဘာတောက နက်ပါသဘိနဲ.။တော်ကြာ ဟက်ကာ သရဲကြီးတွေ၊
တော့ခ်စုန်းတွေနဲ. တွေ.လို. အဖမ်းစားခံနေရပါဦးမယ်”
သူ.လက်ချောင်းများကီးဘုတ်ပေါ်တွင်လှုပ်ရှားသွားပြန်သည်။မကြာမီ နတ်သမီးလေး၏ မော်နီတာဝယ် မီးစိမ်းလေးလင်းလာသည်။ တိုးတိတ်သော နှုတ်ဆက်သံကိုသူမကြားပါလိမ့်မည်။
“ဟိုင်း”
(၂)
နတ်သမီးလေး ၀က်ဘ်ဆိုက်ပန်းရုံများအလည် ပျော်မြူးနေသည်ကို သူကြည့်ရင်း ကြည်ကြည်နူးနူးပြုံး လိုက်သည်။ဒီလိုအခါမျိုးဝယ်သူတိတ်တိတ်လေးနေပါသည်။
သူမ၏ဖြူသွယ်သောလက်ချောင်းကလေးများကီးဘုတ်ပေါ်မှာပြေးလွှားနေသည်ကိုသူမနှောင့်ယှက်ဘူးခဲ့။
သူမပျင်းရိသည့်အခါမျိုးတွင်လည်းသူစကားပြောပေးဖို.၀န်မလေးဘူးခဲ့ပါ။
“သူအသက်ဘယ်လောက်ရှိပြီလဲဟင်”
သူကြေကွဲစွာပြုံးလိုက်သည်။
“အဲဒါလိုလို.လားကွယ်”
မော်နီတာဝယ် အပြုံးသင်္ကေတလေး လက်လာသည်။သူမ၏အပြုံးရနံ.ကို ကြားလိုက်ရသည်။
“ဟုတ်ပါတယ်။ မလိုပါဘူး။ ဒါပေမယ့် သမီးက မလေးမစားလုပ်မိမှာ စိုးလို.ပါ”
“မလုပ်ပါဘူး။မင်းက သိပ်…….သိပ်လိမ္မာပါတယ်”
ရယ်သံအပြာရောင်လေးကိုမြင်ရသည်။
“ပျင်းတယ်။ ပုံပြောပြ”
“ရယ်စရာဂိမ်း ပို.ပေးရမလား”
“ဟင့်အင် ၊ ပုံပဲနားထောင်ချင်တယ်”
သူအားယူလိုက်သည်။ သူမလေးပျော်ဖို.ပါ။
“တစ်ခါက အွန်လိုင်းခါးကုန်းကြီးတစ်ယောက် ရှိသတဲ့။အဲဒီခါးကုန်းကြီးဟာ တစ်နေ.တော့ တောထဲမှာ မျက်စိလည်နေတဲ့ယုန်မလေးတစ်ကောင်ကိုတွေ.သတဲ့။ခါးကုန်းကြီးက ယုန်လေးကို သမီး၊ အဘလမ်းပြမယ်လို. ပြောလိုက်တယ်။ဒါပေမယ့်နဂိုကတည်းကတောထဲမှာထိတ်လန်.နေတဲ့ ယုန်လေးဟာ အရုပ်ဆိုးဆိုး။ အသံကွဲကွဲ ခါးကုန်းကြီးကိုတွေ.တာနဲ.လန်.ပြီး သတိလစ်သွားပါလေရော”
ရယ်သံလွင်လွင်ကို မြင်ရပြန်လေသည်။
“သူကတော့ ရုပ်ဆိုးဆိုးအဘိုးကြီး မဟုတ်လောက်ပါဘူးနော်”
သူထိတ်လန်.တကြားမော့ကြည့်မိသည်။နတ်သမီးလေး၏အစောင့်ကခေါင်းယမ်းပြသည်။ဟုတ်တာပေါ့၊သိပ်ဟုတ်တာပေါ့ကွယ်။
ပြောလိုက်သည့်စကားသည်ရင်ထဲမှာပင် ပျောက်သွားသည်။သူမ၏ ပျော်ရွှင်မှုလေးကို မပျောက်ကွယ်စေချင်ပါ။အခွင့်အရေးယူဖို.မဟုတ်ပါဘူးကွယ်။
ကီးဘုတ်ပေါ်ရှိ “ပီ” ဟူသော ခလုပ်ဝယ် စိန်ပွင့်တစ်ပွင့်။သူဘယ်အချိန်က ကျပါသနည်း။
(၃)
အတုံ.အပြန်မလိုသော သံယောဇဉ်ကို အဘယ်သူနားလည်ပါမည်နည်း။ကိုယ်ခူးပေးသော ပန်းပွင့်လေး ဖြင့် သူပျော်နေသည်ကိုသာ မြင်လိုခဲ့သည်။သူမကိုပန်းလိုခူးဖို. စိတ်ကူးပင်မကူးခဲ့ဘူးပါ။သူမပို.ပေးသော ပုံလေး များကို မှော်ကြိမ်လုံးအကူအညီနှင့် ပန်းပွင့်လေးတွေ သီကုံးပန်ပေးခဲ့ဘူးပါသည်။သူမ၏ ဒေ၀တာရယ်မောသံ ကို အိပ်မက်ထဲအထိ မက်နေခဲ့ဘူးပါသည်။ သို.သော်……….
အို……ဘယ့်၊ပန်းပွင့်ငယ်၊ မြောက်ပြန်လေတကြော၌ မောပန်းနေသူ တစ်ယောက်ကို ရနံ.ဖြင့်
သက်သာ စေသည့်အတွက်ငါကျေးဇူးဆိုပါသည်။သင့်ပါးပြင်မို.မို.၌သာအလံဖြူလွှင့်တင်လိုပါသည်။
အရှုံးထက်ကြောက်ဖို.ကောင်းသောအရာမှာမိုက်မဲမှုသာဖြစ်သည်ကို ငါကောင်းစွာသိပါသည်။ထို.ကြောင့်ငါအရှုံးကို ရွေးချယ်ပါသည်။
လူတစ်ယောက်၏အကျိုးကိုလိုလားသဖြင့် လိမ်လည်သော်လည်း တရားကိုယ်အားဖြင့် လိမ်လည်သည် သာတည်း။ထိုဝဍ္ဍ်မှကျွတ်လွတ်ခဲ့သူမရှိခဲ့ဖူးပါ။ငါလည်းတစ်နေ.ခံရမည်ကိုသိပါသည်။သို.သော်နောက်တစ်ကြိမ်အခွင့်အရေးလည်းရမည်၊ သင်လည်းပျော်ရွှင်မည်ဆိုပါက ငါထပ်မံလိမ်လည်ပါဦးမည်။
ငါ့အားခွင့်လွှတ်မှုကို မတောင်းဆိုပါ။ သူပျော်ရွှင်အောင် ဖန်တည်းပေးခွင့်သာ ငါတောင်းဆိုပါသည်။
ထို.ကြောင့်သာတည်း။
အို………ဘယ့်၊ကလေးငယ်။ ငါသည်………………………
(၄)
“ခင်ဗျားသူ.ကိုလိမ်ထားတယ်”
နတ်လုလင်၏ စကားကိုသူမဖြေပဲပြန်မေးလိုက်သည်။
“မင်းကဘယ်သူလဲ”
“ကျုပ်သူ.ရဲ.ပိုင်ရှင်ပဲ”
ဖြစ်လာနိုင်သည်ဟု ကြိုတွေးထားပါရက်နှင့် သြော် ဟုဝမ်းနည်းသွားမိသေးသည်။
“ခင်ဗျားဘာလို.သူကိုလိမ်တာလဲ”
အဖြေခက်သောမေးခွန်းကို ထပ်မေးပြန်သည်။
“ကျုပ်မှာသဘောဆိုးမရှိပါဘူး”
တိုးတိတ်စွာ၊ ဖျော့တော့စွာ ဖြေရသည်။
“ကျုပ်မယုံဘူး၊ သူ.ကို ပြောပြရမယ်”
“ဟင့်အင်း၊ မပြောရဘူး”
ခြောက်ခြားစွာ အော်ဟစ်လိုက်မိသည်။
“ကျုပ်…….ကျုပ်ကိုမုန်းတာက ကိစ္စမရှိဘူး။ သူအွန်လိုင်းမှာ မပျော်ပဲဖြစ်သွားလိမ်.မယ်”
“ကောင်းပြီလေ”
အေးစက်သော စကားကိုကြားရပြန်သည်။
“မပြောစေချင်ရင် ကျုပ်ခိုင်းတာလုပ်ရမယ်”
“ဘာလုပ်ရမလဲ”
“ခင်ဗျားအွန်လိုင်းမှာ ဘယ်တော့မှ မ၀င်နဲ.တော့”
အို…….ဘ၀စာသားများတွန်.လိပ်ကွေ.ကောက်၊ ခြောက်ခြားကြေမွ၊ ခါးသည်၊ခါးသည်၊ခါးသည်။
“မ……..ဖြစ်…..ဘူး……..ဒါ…ဒါ………ကျုပ်ဘ၀”
“ရတယ်လေ၊ခင်ဗျာညာထားတာ သူ.ကိုပြောလိုက်မယ်။ဒါဆိုသူခင်ဗျားကို ဘလော့ခ်ကျိန်စာတိုက်မှာပဲ။ စောင့်ကြည့်လေ”
ဘလော့ခ်ကျိန်စာ။ဝတ်မှုန်နတ်သမီး၏အမုန်းအတိပြီးသောကျိန်စာလက်နက်။လက်ဖျားတွေအေးစက်လာသည်။
ဘ၀၀ယ်မြူခါးတွေဆိုင်းညို.လာသလို ခံစားလိုက်ရသည်။
“ကျုပ်…….ကျုပ်………သွားပါ့မယ်”
ကိုယ့်စကားကိုယ်ခါးသည်။နှုတ်ဆက်ခဲ့ပါတယ်။ကံမကောင်းသူတို.ဟာတစ်ယောက်တည်းနားထောင်သူမရှိနှုတ်ဆက်ရတတ်ပါတယ်။ ကြားမှာတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့်…………..
နှုတ်ဆက်ခဲ့ပါတယ်ကွယ်။

(၅)
ဒါပါပဲချစ်သူ။
အွန်လိုင်းပေါ်ကရုတ်တရက်ပျောက်သွားသူတစ်ယောက်အကြောင်းစဉ်းစားမိရင်ဒီပုံပြင်လေးကိုသတိရပါ။ကိုယ်ကတော့မော်နီတာနဲ.
ကီးဘုတ်တို.ရဲ.ဝေးရာမှာတစ္ဆေတစ်ကောင်လိုအထီးကျန်နာကျင်စွာနေနေရဆဲပါ ချစ်သူ။ ။

In: ဝတ္ထု Posted By: Date: Jun 27, 2010
Comment #1

အင်းးးးးးးးးးးးးဘာပြောပေးရမလည်းဟင်…း)

commentinfo By: မှုံရွှေရည် at Jun 28, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment