Professional Authors

အဆိပ်သင့်ရင်ခွင်

 

နတ်သမီးလေး

ခွန်းတုန့်ခြွေမယ့်….ချစ်သက်

စောင့်စားရင်းနဲ့ ငါ ပျော်ခဲ့မိတယ်

 

နတ်သမီးလေး

ချစ်စိတ်တစ်ခုရဲ့…..ဖြောင့်ချက်

အထပ်ထပ်ပြောဖို့ ငါ မျှော်လင့်မိတယ်

 

နတ်သမီးလေး

မြတ်နိုးခြင်းနှင်းပန်း….အနမ်းသက်သက်

တိတ်တခိုးနမ်းလို့ငါ လွမ်းခြင်းတွေဖြေခဲ့တယ်

 

နတ်သမီးလေး

ဝေးကွာခြင်းရဲ့…..နာကျင်မှုနဲ့

အနီးဆုံးမှာ ငါ နေချင်မိတယ်

 

နတ်သမီးလေး

နာကျင်ခြင်းရဲ့ ….. လျှို့ဝှက်မှု

အစိမ်းမဟုတ်တဲ့ဒဏ်ရာ…. အသည်းတစ်နေရာကို

ခပ်ခွာခွာနေလိုက်ပါတော့…… နတ်သမီးလေးရယ်

 

 

 

 

 

In: ကဗျာ Posted By: Date: Jul 2, 2011
Comment #1

ကြိုက်တယ်ဗျာ…………အားကျတယ်
နောက်ဆုံးအပိုဒ်ကို အကြိုက်ဆုံးဘဲ

commentinfo By: nyanlinhtet at Jul 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment