Professional Authors

မတိုက်ဆိုင်မှုတွေ…….

အသက်ရှင်ချိန် တစ်လပဲ ကျန်တော့တဲ့ ကင်ဆာရောဂါသည် ကောင်လေးတစ်ယောက်ဟာ…..

CD ခွေတွေရောင်းတဲ့ဆိုင်မှာ အလုပ်လုပ်နေတဲ့ ကောင်မလေးကို အရမ်းချစ်နေမိပါတယ်…..။

ဒါပေမယ့် သူ ချစ်တယ်လို့ ကောင်မလေးကို မပြောခဲ့ဘူး….။

ကောင်လေးဟာ နေ့တိုင်း ကောင်မလေးရှိတဲ့ ဆိုင်လေးကိုလာပြီး CD တစ်ခွေအမြဲတမ်းဝယ်ခဲ့တယ်…..ကောင်မလေးကို စကားပြောဖို့အတွက်ပေါ့….။

တစ်လအကြာမှာ ကောင်လေးဆုံးသွားခဲ့တယ်…..။

ကောင်မလေး ကောင်လေးကို မျှော်ရင်း……နောက်ဆုံး ကောင်လေးရဲ့ အိမ်ကို လိုက်သွားခဲ့လေရဲ့…..။

ကောင်လေးရဲ့ အမေက ပြောတယ်…..

ကောင်လေး ကင်ဆာရောဂါနဲ့ ဆုံးသွားခဲ့ပြီ ဖြစ်ကြောင်းပေါ့…..နောက်တော့ ကောင်မလေးကို ကောင်လေးရဲ့ အိပ်ခန်းထဲ ခေါ်သွားခဲ့ပါတယ်….။

အဲ့ဒီ့အချိန်မှာ ကောင်မလေးတွေ့လိုက်ရတာက

CD အခွေတွေအားလုံးဟာ…….ဖွင့်မကြည့်ရသေးဘဲ အကုန် အသစ်စက်စက်ဖြစ်နေပါတယ်….။

ကောင်မလေး ငိုခဲ့တယ်……ငိုနေတယ်……နောက်ဆုံး ….ငိုရင်း သေဆုံးသွားတယ်…..။

…………………..

ကောင်မလေး ဘာ့ကြောင့်ငိုခဲ့တာလဲ……?

 

CD အခွေတိုင်းရဲ့ အခွံအောက်လေးတွေထဲမှာ ကောင်လေးအတွက် စာ လေးတစ်စောင် အမြဲထည့်ထားခဲ့လို့ပါပဲ…..။

ကောင်မလေးဟာလည်း…..ကောင်လေးကို အရမ်းချစ်ခဲ့တယ်တဲ့…..။

(ဘာသာပြန်ဝတ္ထုလေးတစ်ပုဒ်ပါ)

In: ဝတ္ထု Posted By: Date: Oct 1, 2012
Comment #1

ဖတ်သွားတယ်ဗျာ ခံစားသွားရတယ်

commentinfo By: အသဲကွဲမိုး at Oct 2, 2012
Comment #2

:'(
:'(
:'(

commentinfo By: ei lay at Oct 2, 2012
Comment #3

ဖစ်မှဖစ်ရလေ——ကွယ်

commentinfo By: မီးမီး at Oct 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment