Professional Authors

ခွဲခွာခြင်း

ကောင်လေး နဲ့ ကောင်မလေး က တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတဲ့ ချစ်သူတွေ…………. ကောင်မလေးက စိတ်ကူးယဉ်ဆန်ပေမဲ့….ကောင်လေးက လက်တွေ့ကျတယ်….ကောင်လေးက သီချင်းတွေနားထောင်ရတာကြိုက်တယ်…..ကောင်မလေးကတော့ရုပ်ရှင်တွေထဲနစ်မျောနေတတ်တဲ့သူ…… ကောင်လေးက စိတ်မရှည်ပေမဲ့ ကောင်မလေးက သည်းခံတတ်တယ်…..မတူတာတွေအများကြီး ရှိကြပေမဲ့ ကောင်မလေး နဲ့ ကောင်လေးမှာ တူညီတဲ့ သံယောဇဉ်တွေရှိနေတယ်…… အဲလိုနဲ့ သူတို့နှစ်ယောက် ချစ်သက်တမ်းခိုင်မြဲ ခဲ့တယ်…….. ကောင်မလေးအမြဲပြောနေကြ စကားတစ်ခွန်းရှိတယ်…… တကယ်လို့ သေခြင်းတရားကြောင့် ခွဲရ မယ်ဆိုရင် ကောင်မလေးက သူအရင်သေမယ်……ဘာလို့လဲဆိုရင် ကောင်လေးက သူ့ကိုခွဲခွာသွားမှာကြောက်လွန်းလို့……….. တခါတလေရန်ဖြစ်ကြရင်….. ကောင်မလေးက စိတ်ပင်ပန်းတာမခံနိုင်ပေမဲ့….ကောင်လေးကိုတော့ ချစ်နေတာမလျော့ခဲ့ဘူး…….သူ့အတွက် ကောင်လေးဘေးနားမှာရှိနေတာ အကောင်းဆုံး ဘ၀တစ်ခုကိုပိုင်ဆိုင်ထားခဲ့ရလို့……… ကောင်လေးကတော့ကောင်မလေးချစ်ပေမဲ့ သူ့အချစ်တွေကိုရင်ထဲမှာဘဲထားတယ်….ဘယ်တော့မှထုတ်မပြခဲ့ဘူး………..သူတို့ချစ်သက်တမ်း တစ်နှစ်ပြည့်တဲ့နေ့မှာကောင်လေးက ကောင်မလေးအတွက်ကောင်မလေးလိုချင်တဲ့ စိတ်ကူးယဉ်ဆန်ဆန်ပျော်ရွှင်မှုတွေဖန်တီးပေးဖို့ပြင်ဆင်ထားခဲ့တယ်……… မနက်အစောကြီး ဘုရားသွားဖို့ကောင်မလေးကို ၇ နာရီ ထွက်လာဖို့ မျှောင်လင့်ချက်အများကြီးနဲ့တောင်းဆိုခဲ့တယ်……မနက်နိုးရင် ကောင်မလေးဆက်မဲ့ဖုန်းကို မျှော်ရင်း ကောင်လေးက ညတောင်အိပ်မပျော်ခဲ့ဘူး………. နောက်တနေ့မနက် ၇ နာရီ ထိုးတဲ့ထိကောင်မလေးဖုန်းမဆက်လာခဲ့ဘူး……….ကောင်လေးကဖုန်းဆက်လိုက်တော့ ကောင်မလေးအိပ်နေတယ်လို့ကောင်မလေးအိမ်ကပြောတယ်…… ကောင်လေးစိတ်တွေတိုပြီး သူပြင်ဆင်ထားတဲ့ ပန်းတွေကို ဖျက်ဆီးပစ်လိုက်တယ်…..အဲလိုနဲ့စောင့်ရင်း ၉နာရီ ထိုးတဲ့ထိကောင်မလေးဆီက ဖုန်းမလာခဲ့ဘူး…..ကောင်လေးက သူမျှောင့်လင့်ချက်တွေအကုန် ရိုက်ချိုးခံလိုက်၇တဲ့ခဏ ဒေါသထွက်သွားပြီး ဖုန်းကို ပိတ်ပစ်လိုက်တယ်……. တကယ်တမ်းတော့ကောင်မလေးက အဖျားကြီးပြီး သတိလစ်နေခဲ့တာ……. ကောင်မလေးအိမ်က သိတော့ ကောင်မလေးကိုဆေးရုံတင်လိုက်တယ်………ကောင်လေးကဒါတွေ မသိလိုက်ဘူး……… ကောင်မလေးဆေးရုံမှာ သတိပြန်ရလာတဲ့ ခဏ ကောင်လေးဆီဖုန်းဆက်ခဲ့ပေမဲ့ကောင်လေးဖုန်းကစက်ပိတ်ထားတာကြောင့်မရခဲ့ဘူး……… ဆရာဝန်ကကောင်မလေးသတိပြန်ရလာတာခဏပဲဖြစ်တော့မယ်……… အခြေနေမကောင်းပေမဲ့ လူနာစိတ်အခြေနေကြောင့် မမျှောင့်လင့်တာတွေလည်းဖြစ်လာနိုင်တယ်…….ဆိုတာသိရတဲ့ကောင်မလေးက သူ ကောင်လေးကို တွေ့ချင်စိတ်နဲ့ သူ ကြိုးစားပြီးစောင့်နေခဲ့တယ်………………နောက်တစ်ရက် ကောင်လေး ဖုန်းပြန်ဖွင့်လိုက်တဲ့ အချိန် စာတစ်စောင်ရောက်လာခဲ့တယ်………. စာထဲမှာ ကောင်မလေးက သူ ပြောနေကြစကားတစ်ခွန်းလို ခုသူအရင် ခွဲခွာသွားတယ်လို့ကောင်လေးထင်မယ်တဲ့……တကယ်တော့ ကောင်လေးက သူ့ကိုအရင်ခွဲခွာခဲ့တာတဲ့……ဘာလို့လဲဆိုတော့ ကောင်လေးဆီကို ဘာမှဆက်သွယ်လို့မရတော့တဲ့အချိန်မှာကောင်လေးကသူ့ဘေးနားက အဝေး ဆုံးကိုရောက်နေသလိုခံစားခဲ့ရတယ်………သူ့ဖို့ အားတင်းထားဖို့ ဘာခွန်အားမှမရှိတော့လို့ သူ လက်လျှော့လိုက်ပြီဆိုတဲ့ စာကိုကောင်လေးဖတ်လိုက်ရတဲ့အချိန်မှာ…ကောင်လေးအရမ်းနောင်တရသွားခဲ့တယ်…… သူ့ဒေါသတွေ က သူအရမ်းချစ်ရတဲ့ချစ်သူနဲ့ သေကွဲကွဲအောင် ခွဲ ခဲ့တာ………… တကယ်ဆိုသူ ကောင်မလေးကိုလွမ်းလွန်းလို့ တညလုံးမအိပ်နိုင်ခဲ့ဘူး………. ခုတော့….ချစ်သူက ဘယ်တော့မှပြန်မဆုံနိုင်တော့ဘူး……………ကောင်မလေးရယ်…….ရူးခဲ့ရပြီကွာ…….

 

In: ဝတ္ထု Posted By: Date: Apr 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment