ချစ်သူသို့ ပေးစာ

တစ်နေ့ မှာ..ကောင်မလေးတစ်ယောက်က သူ့ ချစ်သူကောင်လေးကိုမေးခဲ့တယ်။
ကောင်မလေး။ နင်ငါ့ကိုဘာကြောင့်ကြိုက်တာလဲ..? ဘာကြောင့်ချစ်တာလဲ..?
ကောင်လေး ။ အကြောင်းပြချက်တော့မရှိပါဘူး ။ငါနင့်ကိုတကယ်ကိုချစ်တာပါ။
ကောင်မလေး။ နင်ငါ့ကိုအကြောင်းပြချက်တော့ပေးရမှာပေါ့။ ဘာကြောင့်နင်ငါ့ကိုကြိုက်တယ်ပြောနိုင်တာ။
ဘာကြောင့်ငါ့ကိုချစ်တယ်ပြောနိုင်တဲ့ အကြောင်း ငါသိချင်တယ်။
ကောင်လေး။ငါတကယ်ကိုအကြောင်းပြချက်မရှိပါဘူး။ဒါပေမဲ့နင့်ကိုချစ်တာတော့သက်သေပြနိုင်ပါတယ်။
ကောင်မလေး။ သက်သေပြမယ်…ဟုတ်လား..? တော်ပါ…ငါလိုချင်တာဒီအကြောင်းပြချက်တွေမဟုတ်ဘူး။
ငါသူငယ်ချင်းရဲ့ ရည်စားကောင်လေးတောင် သူ့ ကို ဘယ်လောက်ချစ်ကြောင်းအကြောင်းပြချက်တွေပေးနိုင်တယ်။
နင့်လိုတော့မဟုတ်ဘူး..။
ကောင်လေး ။ ဟုတ်ပါပြီ…ဟုတ်ပါပြီ..ငါပြောပါ့မယ်။
ကောင်လေးကကောင်မလေးကိုအကြောင်းပြချက်တွေပေးခဲ့တယ်။
ဘာကြောင့်လဲဆိုတော့.နင်ကအရမ်းလှလို့ ။
ဘာကြောင့်လဲဆိုတော့..နင့်အသံလေးကချိုလို့ ။
ဘာကြောင့်လဲဆိုတော့..နင်ကဂရုစိုက်တက်တယ်။
ဘာကြောင့်လဲဆိုတော့…နင်ကချစ်ဖို့ ကောင်းတယ်။
ဘာကြောင့်လဲဆိုတော့..နင်က တွေးခေါ်တက်တယ်။
နင့်ရဲ့ အပြုံး …နင့်ရဲ့ ဝင်သက်ထွက်သက်လှုပ်ရှားမှုတိုင်းကို ချစ်လို့ ပါ။
ကောင်မလေး က သူ့ ချစ်သူကောင်လေးရဲ့ အဖြေကိုသဘောကျသွားတယ်။
ကံဆိုးစွာနဲ့ ပဲ….ရက်အနည်းငယ်အကြာမှာ… ကောင်မလေးကမတော်တဆတစ်ခုဖြစ်ပြီး..ဆေးရုံမှာ
မေ့ မျောနေခဲ့တယ်။ ကောင်လေးက မေ့ မျောနေတဲ့ သူ့ ချစ်သူကောင်မလေး အိပ်ရာဘေးမှာ
စာတစ်စောင်ထားခဲ့တယ်။
အဲ့ဒီစာလေးကတော့..
ချစ်သူရေ…
နင့်ရဲ့ ချိုမြိန်တဲ့ အသံလေးကြောင့်ငါချစ်တယ် လို့ ပြောခဲ့တယ်နော်
ဒါပေမဲ့..နင့်အခုချိုမြိန်တဲ့ စကားတွေပြောနိုင်သေးရဲ့ လား..? မပြောနိုင်ပါဘူး..
ဒါကြောင့်…..ငါမချစ်နိုင်ဘူး။
နင့်ရဲ့ ဂရုစိုက်တက်မှုနဲ့ ကြင်နာမှုတွေကြောင့်ငါချစ်တာလို့ ပြောခဲ့တယ်နော်..
နင်အခု ဘာမှမပြနိုင်တော့ဘူးလေ..ဒါကြောင့်ငါမချစ်နိုင်ဘူး။
နင့်ရဲ့ အပြုံးလေးတွေ ၊၀င်သက်ထွက်သက်လှုပ်ရှားမှုတိုင်းကို ..ငါချစ်တယ်လို့ 
ပြောခဲ့တယ်..။ နင်အခုပြုံးနိုင်သေးရဲ့ လား..။နင်အခုလှုပ်ရှားနိုင်သေးရဲ့ လား..?
ဘာမှမလုပ်နိုင်တော့ဘူး။ဒါကြောင့်ငါမချစ်နိုင်ဘူး။
အကယ်၍ အချစ်မှာ.. အကြောင်းပြချက်တွေကြောင့်ချစ်တာဆိုရင်
နင့်ကိုချစ်တဲ့ငါ့ရဲ့ အကြောင်းပြချက်တစ်ခုမှမရှိပါဘူး..
ဒါပေမဲ့…ငါနင့်ကိုချစ်ဆဲပါပဲ …အဲဒီအကြောင်းပြချက်တစ်ခုမှမရှိဘဲငါနင့်ကိုချစ်တာပါ။
ပြီးတော့…အချစ်မှာ အကြောင်းပြချက်တွေမလိုအပ်ပါဘူး။
“တခါတလေ ..ကမ္ဘာပေါ်မှာအကောင်းဆုံးနဲ့ အလှပဆုံး အရာတွေဟာ မမြင်နိုင် ၊မထိတွေ့ နိုင်ပဲ
တည်ရှိနေကြတယ်။ဒါကို နှလုံးသားတစ်ခုထဲနဲ့ ပဲခံစားလို့ ရနိုင်တယ်…”
တကယ်တမ်း…ကျွန်တော်တို့  ကိုယ်တိုင် တွေ့ ကြုံနေရတဲ့ အချစ်ဆိုတာ ခံစားမှုတစ်ခုပါ..
ဘာကြောင့်ဆိုတဲ့ ..စကားလုံးတွေနဲ့ ရှင်းပြလို့ မရတဲ့ ။
တည်ရှိဖြစ်ပေါ်နေရင်တောင်…ဖော်ပြလို့ မရတဲ့..,
နားလည်နေရင်တောင်….တိတိကျကျဖြန့် ပြလို့ မရနိုင်တဲ့ …..,
လူ့ဘ၀တစ်ခုရဲ့  အဓီပ္ပယ် တစ်ခု,အတ္တကင်းပြီး….
ထင်မြင်ချက်တွေမဟုတ်တဲ့, မျက်ရည်တစ်စုံ
ကမ္ဘာကြီးတစ်ခုလုံးကို သာယာပျော်ရွင်မှုတွေပေးတဲ့..
တိတ်ဆိတ်စွာတည်ရှိနေပြီး…..ဘယ်တော့မှမသေဆုံးသွားသော..
ရင်ထဲမှာ..ထာဝရရှိနေမဲ့ အရာပါပဲ။
လင်းတန်ဆောင်
Comment #3
ei lay ka da ke pyaw nay tar naw,,a hote.
By: ei lay at Jan 20, 2012
Comment #4
ဟုတ်တယ်….goodတယ်ဗျ
By: poem.poem28 at Jan 20, 2012
Comment #5
ကျွန်တော် ..သိပ်ချစ်ခဲ့ဖူးတဲ့..သူလည်း…အဲလိုပဲဖြေခဲ့ဖူးပါတယ်
အကြောင်းပြချက်ကင်းစွာချစ်တာပါတဲ့…….
အဲလိုပဲ……နောက်ဆုံးတော့ သူပြောင်းလဲသွားခဲ့…နောက်လှည့်ခြင်းကင်းစွာနဲ့
ဘာကြောင့်လည်း..ဆိုတော့…….
အကြောင်းပြချက်မရှိပါဘူးတဲ့..
အချစ်ဆိုတာ..ဒီလိုပဲ….အကြောင်းပြချက် ကင်းစွာ ၀င်တတ်ထွက်တတ်နဲ့..အသက်ကို နှုတ်ယူတတ်တာမျိုးပါ..
ထားပါတော့…ကြုံကြိုက်လို့…ပြောမိသွားတာပါ
အဓိက ကတော့ Main ..အဲဟုတ်ဝူး..ကျွန်တော် ဖတ်သွားပါတယ်လို့
By: အသဲကွဲမိုး at Jan 20, 2012
Comment #6
now i understand
i understand so well.
!_!
!_!
!_!
By: ei lay at Oct 14, 2012




Comment #1
har,,,,,,,,,,
twar p,,,,,twar p,,,,,,,,,twar p,,,,,,,,
a g g ko heart hti twar p,,,,
lone wa lone wa ko mike de,,,
if real story,,how she is lucky having u.
i m envious of her.
i feel super surprise ur honourable simple kind-hearted love.