Professional Authors

ခန်းစီးအောက်က လိုက်ကာ(၁၀)

ကောင်းကင်ကြီးသည် ပြာတလှည့်ညိုတခါ ဝါတမျိုးနှင့် ကမ္ဘာကြီးကို ဖြောင်းယောင်းတတ်လေသည်။ ရာသီခွင်တချို့တွင်

 

လေပြေညှင်း သခင်မက ပန်းရနံ့ နှင့် မြူဆွယ်သည်။ တချို့ အလွမ်းဒဏ်ကို နှင်းပွင့်တို့နှင့် သပ်ရိုက်ကြသည်။ သို့သော် တချို့မှာ မိုးရွာထဲတွင် သဘာဝကျကျ ကပြတတ်ကြပေသည်။ ထို့နေ့က မိုးရွာနေပါသည်။

 

 

 

 

 

အဲဒီနေ့ကကျောင်းကပြန်တော့ ကျွန်တော့်တွင် အဖော်ဆိုလို့ လွယ်အိတ်တစ်လုံးနှင့် ဖိနပ်တစ်ရံပဲ ပါခဲ့သည်။ သို့သော်

 

မိုးစက်တို့က သဲကြီးမဲကြီးတိုက်ခိုက်နေ၍ ကျွန်တော် တောက်တစ်ချက်ခေါက်ပစ်လိုက်သည်။ လွမ်းပါသည်ဆိုမှ ပိုလွမ်းလှအောင်ကို ရာသီက

 

ဖန်းစားနိုင်လွန်းလှသည်။ ကျွန်တော် ဝန်ခံရလျှင် အော်ဟစ်၍ ငိုကျွေးပစ်လိုက်ချင်ပါသည်။

 

 

 

 

 

ခြေလှမ်းတို့က ရောက်တက်ရာရာမှ ခြေဦးပေါက်ရာသို့… ခြေဦးပေါက်ရာမှ ရောက်တက်ရာရာနှင့်… သေချာတာ

 

ကျွန်တော်မိုးရွာထဲမှာ တစိကိုယ်ရည် လမ်းလျှောက်နေပါသည်။ နေရာ… မသိ၊ ရည်ရွယ်ချက်… မရှိ၊ခံစားချက်… မဖော်ပြ၊

 

ကဗျာစာသားအလွတ်မရတတ်ခဲ့သော ကျွန်တော့်ကို ငယ်စဉ်ကတည်းက ဆရာမ တို့က ပေကပ်ကပ်နိုင်သည်ဟုပြောခဲ့သည်။ ပတ်ဝန်းကျင် လောက တွင် လေညိုညိုတို့ မူးရစ်နေ၍ ကျွန်တော် ဘီယာ မသောက်ခဲ့ပါ။ လမ်းမအိုကြီးက ငိုယိုတမ်းတ နေသည်ကို ကျွန်တော် ဥပက္ခာပြုလိုက်သည်။ ထီးတစ်ချောင်းက ကျွန်တော့် လွတ်လပ်သော ကမ္ဘာကို အုပ်စိုးသွားသည်။

 

 

 

 

 

မိုးတိတ်သွားသလား ကျွန်တော်မသိပါ။ လမ်းမကုန်သွားသလား ကျွန်တော်မသိပါ။ အရာအားလုံး ကျွန်တော်မသိပါ။

 

မိုက်ရူးရဲဆန်သွား သလား ကျွန်တော်မသိပါ။ ထီးတစ်ချောင်းက ဘေးနားမှာ မိုးရေစိုလျက်ရှိသည်။ ခေတ်အခေါ်ဆို ပိုးလိုးနဲ့ပက်လက်။

 

မိုးစက်တစ်ချို့က အသံတိတ်လျက် တစ်နေရာမှ တစ်နေရာ… သေချာတာ ကျွန်တော့် ခန္ဒာတွင်သာ စီးမျှောသွားခြင်းမဟုတ်။

 

ကျွန်တော်တို့နှစ်ယောက် မိုးရွာထဲတွင်ရပ်နေခဲ့ပါသည်။ အချိန်တော်ကြာမှ ခွဲထွက်လိုက်သည်။ လမ်းမကိုမဟုတ်။ ရင်ခွင်တစ်ခုဆီမှ။

 

 

 

 

 

သုန် ကိုယ့်ဆီကို လိုက်လာတယ်…

 

 

 

 

 

သူမ ကျွန်တော့်ကို တစ်ခွန်းမှတော့ပြန်မပြောပါ… ကျွန်တော့်ကိုတော့ ပြုံးလို့ကြည့်နေပါသည်။ သေချာသည်မှာ ထိုအပြုံးထဲတွင် ခင်မင်မှုမပါ… တစိမ်းဆန်မှုမပါ… ဂျိုးဇက်၏ အသည်းကွဲခြင်းသီဝရီမပါ… ဂျူးလီးယက်လို ကဗျာဆန်မှုမပါ… သို့သော်

 

အာဒံခွံကျွေးသော ပန်းသီးဝါးဖက်လေးတော့ ထိုအပြုံးထဲတွင် အစားမကုန်၍ အကြွင်းကျန်လျက်ရှိပါသည်။

 

 

 

 

 

ဘာလို့ လျှောက်သွားနေတာလဲ…

 

 

 

 

 

ဟုတ်ပါသည်။ ကျွန်တော် ဒီနေ့ကျောင်းမတက်ပါ။ မနက် ကထိ ကျွန်တော် ကျောင်းပေါက်မှာ သုန်ကို စောင့်နေပါသည်။ သို့သော်ခါတိုင်းနေ့လို့ ကျွန်တော် လွမ်းဆွတ်မှုကို ပြန်နွေး၍ ထလာခဲ့ရသည်။ ထို့ကြောင့် ကျွန်တော် ဒီနေ့ ကျောင်းမတက်ပဲ မိုးရွာထဲလျှောက်သွားနေမိသည်။

 

 

 

မိုးကလည်း ဒီနေ့မှ သည်းကြီးမဲကြီးရွာသည်။ သူမကို ကျွန်တော် ကျောင်းပေါက်တွင် စောင့်နေစဉ်ကတည်းက မိုးကစရွာပါသည်။ ထို့ကြောင့် သူမ လာတော့မည်ဟုမထင်၍ ကျောင်းမတက်တော့ပဲ ကျောင်းဝန်းထဲမှာလျှောက်သွားနေမိသည်။ အတန်းတွေ ဆင်းချိန်ရောက်တော့ လမ်းမထဲလျှောက်သွားနေမိသည်။ ကျွန်တော့်သူငယ်ချင်းနှစ်ယောက်ကပင် အတန်းထဲမှ နေ၍ ကျွန်တော့်ကို ဝမ်းနည်းစွာ ကြည့်နေခဲ့သည်။ တချို့ကလည်း အထူးတဆန်းဖွယ် ကြည့်ခဲ့ကြလိမ့်မည်ထင်သည်။ သို့သော် ထိုနောက်ပိုင်းကို ကျွန်တော် ဘာမှ မသိတော့။

 

 

 

 

 

ကျွန်တော်အသိစိတ်တို့ ပြန်လည်အစေး ကပ်ချိန်တွင်ကျွန်တော့်ရင်ခွင်ထဲတွင် သုန်ရောက်နေပြီဖြစ်သည်။ သုန်က ကျွန်တော့်ရှေ့ကို ရောက်လာသည်။ ထီးလေးမိုး၍ ပြုံးပြနေသည်။ ကျွန်တော် ထိုအချိန်ခဏ လမ်းမကိုပင် မသိတော့…

 

 

 

 

 

အတန်းရောက်တော့ မေဇင်တို့က ပြောတာနဲ့ အဲဒါ ထီးတစ်ချောင်းငှားပြီး ကိုဝေမှိုင်းလိုက်ရှာနေတာ…

 

 

 

သုန်က စိတ်ပူတယ်ပေါ့… အဲဒါဆို… ကျွန်တော်… ကျွန်တော်….

 

 

 

အာ… ခုမှ… ဟွန်း…

 

 

 

သုန်ရှက်ပြီး ကျွန်တော့်ရှေ့က ပြေးထွက်သွားပါသည်။ မိုးရွာထဲတွင် ကျွန်တော်တို့နှစ်ယောက်ကလေးလို ပြေးလွှားပစ်လိုက်ကြသည်။ ခုန်ပေါက်လိုက်ကြသည်။ ဗွက်ရေထဲနင်းဖြတ်သွားသော ကားတချို့ကို ဆဲရေးမြည်းတမ်းလိုက်ကြသည်။

 

တခါတခါ လက်တွဲလိုက်ကြသည်။ တခါတခါ ဖက်နမ်း……….။

 

 

 

သုန်က ကျွန်တော့်ကို သူမက 11နာရီလောက် မိုးခဏတိတ်တော့ ကျောင်းရောက်လာကြောင်း၊ မနေ့ကတည်းက နေကောင်း ပျောက်ကြောင်း၊နေမကောင်းစဉ်မေဇင်တို့ သော်တာတို့လာမေးကတည်းက ကျွန်တော် စိတ်ပူနေသည်ကို ကြားသိကြောင်း၊ မနက်ကတည်းက ကျောင်းလာမလို့ မိုးရွာ၍ လိုက်မပို့ကြောင်း၊ ကားခိုးထုတ်ပြီး ထွက်လာကြောင်းနှင့်…၊ တချို့ဟာတွေက ကြားတာလည်းရှိတယ်… တချို့တချို့ဟာတွေက …. တချို့တချို့…. တချို့…။ ထိုတချို့၏ လက်ကျန် ဒိုင်ယာရီတွင် ကျွန်တော်နှင့် သူမတို့ မိုးရေစိုနေကြောင်း… ကလေးလို ပျော်နေကြောင်း၊ ပြီးတော့ အနမ်းတွေချိုမြိန်ကြောင်းကိုတော့ … တချို့တချို့… ထိုတချို့၏

 

အမြစ်သည် ကောင်းကင်ကြီးမှာ အနှစ်တည်သွားပေသည်။

 

 

 

 

 

မိုးစက်တို့က ကျောက်လမ်းမ မှ လမ်းဘေး မြှောင်းဆီသို့ စီးဆင်းသွားသည်။ မိုးကလည်း တဖြည်းဖြည်း စဲ၍ ပုံစံပြောင်းလို့ ကောင်းကင်ပင် ကာလာပြောင်းသွားပြီဖြစ်သည်။ ကျွန်တော်တို့နှစ်ယောက်ကတော့ အရောင်မဟောင်းသေးသော အချစ်အကျီ င်္သစ်ကို ကိုယ်စီဝတ်၍ လမ်းလျှောက်နေဆဲဖြစ်ပါသည်။ စကားတချို့လည်း မိုးပေါ်ရောက်သွားသည်။ တချို့ကလည်း အရှက်သည်း၍ ဝက်ဝက်ကွဲထွက်ပြေးကြသည်။ တော်တော်များများကတော့ ကိုယ်စီနှလုံးသားထဲ စီးမြောသွားကြသည်။

 

 

 

 

 

သိလား… ကိုဝေမှိုင်းကြီးတော့ နင့်ကြောင့်ရူးပြီနဲ့တူပါတယ်ဟာ…

 

 

 

အံမယ်ကောင်မတွေနော်… ညည်းတို့နဲ့တောင်မခင်သေးဘူး… ဟွန်း… မပြောလိုက်ချင်ဘူး…

 

 

 

ဖျားနေသည့်ရက်ပိုင်းတွင် အိမ်လာမေးသည့် ကောင်မနှစ်ကောင်က ဖင်တောင် မပူသေးဘူး စကားနဲ့က တွန်းနေပြီ။

 

လူနာလာမေးတာလား အောင်သွယ်လာလုပ်တာလားဟုပင် မေးရလောက်သည်။ သို့သော် ကိုယ်တိုင်ကလည်း ကိုဝေမှိုင်းအကြောင်းကြားပြီဆိုရင်ကို ဘာဖြစ်သည်မသိ… မငြင်းမိဘူးပဲဆိုပါတော့…။

 

 

 

ကိုဝေမှိုင်းနှင့် ဟိုတခါ ကျောင်းဝန်းထဲ လက်ကိုင်ပဝါ ကိစ္စဖြစ်ပြီးကတည်းက ကိုယ့်ဘက်ကလည်းလွန်မှန်းသိ၍ တောင်းပန်ချင်နေမိသည်။ တကယ်ဆို အဲဒီလောက်ထိတော့ မလုပ်သင့်မှန်း နောက်မှ သိသည်။ အဲဒီတုန်းကလည်း လူကလည်း ရှက်ရှက်နဲ့ ထူပူပြီးဖြစ်သွားခြင်းဖြစ်သည်။ နောက်မှ သူ့ကိုတောင်းပန်ဖို့တွက် ပြန်လုပ်ရသည်။

 

 

 

သို့သော် တိုက်တိုက်ဆိုင်ဆိုင်ပင် ရပ်ကွက်ထဲက စာအုပ်ဆိုင်မှာ ပြန်ဆုံဖြစ်သည်။ ထိုအခါကမှ သတိထားမိသည်။

 

သေချာကြည့်လျင် တော်တော်ချောသည်။ ချောသည်ထက်ဆိုရအောင် ခန့်လည်းခန့်သည်။ မျက်လုံးမျက်ခုံးက ကောင်းသည်။ နှာဖူးပြင်လေးက မကျယ်လွန်းဟုဆိုရသော်လည်း ကြည့်ကောင်းသည်။ နှာတံလေးက ချွန်ယောင်ယောင်နှင့် လုံးပါသည်။ နှုတ်ခမ်းလေးကလည်း ပန်းရောင်သန်းနေပုံက မိန်းကလေးထင်မှတ်ချင်စရာ။ ကျောင်းတွင်သာ ဖြစ်သလိုနေ ၊ ဖြစ်သလိုဝတ်၍ ချောပုံမပေါ်ဟုထင်ရသည်။ ပြီးမှ ကိုယ့်ကိုလည်း ဘာလို့ အဲလောက် ယောကျာ်းလေးတစ်ယောက်ကို သတိထားမိသွားမှန်းမသိ၍ ရှက်ရှက်နှင့် စာအုပ်ဆိုင်ထဲ ဝင်ပြေးလာခဲ့သည်။ သူကတော့ ဆိုင်ပေါက်တွင် ကြောင်ပြီးရပ်ကြည့်နေသည်။ တော်တော် ရိုးအသည့်လူဟုပင် စိတ်ကဘာရယ်မသိ တိုသွားသည်။

 

 

 

 

 

နောက်မှ သိရသည်က ကိုဝေမှိုင်းကကျောင်းမှာ နာမည်ကြီး။ အတွေးကလည်းကောင်းသည် ပဟေဓိတွေနှင့်လည်း ဥာဏ်စမ်းတတ်လေ့ရှိသည်။ စဉ်းစားရ တွေးခေါ်ရသည်ကို ကြိုက်သည်ဟုသိသည်။ သူ့ကို ကြိုက်သည့် ကောင်မလေးတော်တော်များများ

 

ရှိသော်လည်း ဘယ်သူ့ကိုမှ စိတ်ဝင်စားတတ်။ ထိုစကားကြားတော့ ဘာရယ်မဟုတ် သဝန်တွေ တိုနေမိသည်။ သူငယ်ချင်းတွေကပင် တခါတခါ စတတ်သည်။ သူတို့နှင့်က ငယ်ပေါင်းဆိုတော့ လိမ်မရ။ ဟီးဟီး ဟဲဟဲ နှင့်စကားလမ်းကြောင်းပြောင်းပြောင်းပစ်ဖို့ပဲ ကြိုးစားရသည်။ မဟုတ်လျှင် တော်တော် အစခံရပ်သည်။ သို့သော် ကိုဝေမှိုင်းအကြောင်းဆိုရင်တော့ မကြားချင်ယောင်ဆောင်၍ ခိုးနားထောင်နေတတ်စမြဲ။

 

 

 

ဒါကြောင့်လည်း နောက်တစ်ခါပြန်တွေ့တော့ နာမည်ကို စကားဝှက်လုပ်ထားလိုက်သည်။ကိုဝေမှိုင်းက ဥာဏ်စမ်းလေးပါမှ စိတ်ဝင်စားတတ်သူ။ ထို့ကြောင့် သူစိတ်ဝင်စားအောင်လည်း ကိုယ့်ဘက်က တော်တော်စဉ်းစားရသည်။ နောက်မှ သူငယ်ချင်းသုံးယောက်ပေါင်းပြီး To မ ကို လုပ်ဖို့ သဘောတူလိုက်ကြခြင်းဖြစ်သည်။

 

 

 

 

 

အံမယ် အံမယ်ကြည့်ဦး… ငါတို့ကို တော့ မခင်သေးဘူးလေး ဘာလေးနဲ့ သူကတော့

 

အတွေးတွေဖွဲ့နေတာ ပြုံးဖြီုးလို့… ကောင်မ မှန်မှန်ပြောစမ်း… ဟွန်း…

 

 

 

အာ…. ညည်းတို့ကလည်းအေ… ဟီးဟီး

 

 

 

 

 

မေဇင်က အမေးလေးနှင့် စလိုက်တော့ ရှက်ရယ်ရယ်ပစ်လိုက်သည်။ ဟုတ်ပါရဲ့ သူတို့ပြောလည်းပြောချင်စရာ… ဘာ လို့အဲလောက်စဉ်းစားမိနေပါလိမ့်… ကိုဝေမှိုင်းရယ်… ထိုအဖြေကို သူများမဖြေလည်း ကိုယ်ကိုတိုင်တော့ အဖြေသိမည်ထင်ပါသည်။ အဲဒါတော့… ကိုယ်ကမိန်းကလေးဆိုတော့… ဟူး….။

 

 

 

 

 

ပြောစမ်းပါဦး… နင်နော် ငါတို့ကို ဘာတွေရှိုထားသေးလဲ… ဟွန်း အစကတော့ စချင်လို့ပါ… ဘာညာနဲ့နော်…

 

 

 

 

 

သော်တာက အစ်သည်။ မေဇင်က အကြည့်နဲ့ စစ်သည်။ ကျမကတော့ အရယ်နဲ့ပဲ လှစ်ရသည်။

 

 

 

အံမယ် အံမယ်… ကြည့်ကြည့်… ကောင်မရယ်နေတာ… ဟွန်း…

 

 

 

ဘာလဲ… နင်ကိုဝေမှိုင်းကိုချစ်နေပြီမလား….

 

 

 

အာ… နင်တို့ကလည်း… မဦးမချွတ်….

 

 

 

 

 

ဘာ မဦးမချွတ်လဲ… မပြောလိုက်ချင်ဘူး… ဘာလဲ.. နင်က ဦးပြီးချွတ်ပြီးမှ… နင်ကခေါင်းညိတ်မယ့်

 

ပေါက်သင်ညိုလုပ်မှာလား…

 

 

 

အယ်… ကောင်မ…

 

 

 

ခစ်ခစ်… ခစ်…

 

 

 

မေဇင်က ပွင့်ပွင့်နဲ့ ဘွင်းဘွင်းပြောချလိုက်တော့ သုံးယောက်သားရယ်မိကြသည်။ မေဇင်ကတခါတခါ မရှက်မကြောက်

 

အဲလိုပြောချတတ်လေသည်။ ထို့ကြောင့်လည်း တခါတခါ ရယ်မောရတတ်စမြဲ။ ရယ်နေပေမယ့် စိတ်ကတော့…။ မိန်းကလေးဖြစ်နေရပေမယ့်လည်း ရင်ခွင်မှာတော့ ခံစားတတ်တယ့် နှလုံးသားနဲ့ပါ… ကိုရယ်…

 

ဆက်ရန်

 

ဆား

 

 

 

 

 

 

In: ဝတ္ထု Posted By: Date: Aug 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment