Professional Authors

ခန်းစီးအောက်က လိုက်ကာ (၅)

သူမသည် ကျွန်တော့်အနား တစ်လှမ်းခြင်းတိုးလာလျက်ရှိုသည်… ကျွန်တော် ညက အိုက်၍ အခန်းတံခါးများကိုဖွင့်ထားမိသည်… သူမသည် ပြုတင်းပေါက်ဘောင်ကို ကျော်၍ ကျွန်တော့်အနားတစ်ဖဝါးခြင်း တိုးကပ်လျက်ရှိသည်… ကျွန်တော်မှင်သက်ငေးမောနေချိန်…. သူမသည်… အနားတိုး၍ စကားတစ်ခွန်းဆိုရန်အားယူလိုက်သည်…

ကြယ်မကြွေသောကောင်းကင်သည် ညမဟုတ်ပါ… လမင်းမထွန်းလင်းတောင် ကြယ်အစင်းများတောက်ပနေကြသည်.. ဟင့်အင် ကောင်းကင်ကိုပြောနေခြင်းမဟုတ်… ကိုယ့်ကိုယ်ကို တွေးနေခြင်းသာ… ကုတင်ပေါ်က လိမ့်ကျခြင်းသည်လည်း အထိနာခြင်းတမျိုးမည်၏… ညသန်းခေါင်မှာ အထိနာတော့ လေးလေးနက်နက်တွေးလိုက်သည်… မကြာခင်ပဲ ပြန်အိပ်ပျော်သွားတော့သည်… သို့သော် သူမကိုတော့ အိပ်မက် မမက်တော့ပါ…

– – – – – – – – – – – – – – – – – – – – – – – – – – – – – x x x x x x x x x x x x x x x – – – – – – – – – – – – – – – – – – –

ဆန္ဒတွေထဲက လိုအင်တွေကို ခဝါချပြီး
ငါတောထွက်ဖို့လဲ မလုံလောက်သေးလို့
အရင်ခန္ဒာကို ပြန်ဝတ် ငါ ညစ်နေရတာပါ…
မုဆိုးတွေထင်သလိုတော့
ကျားတိုင်းလည်းမရိုင်းပါဘူး
ဒါပေမယ့် ပွင့်ဖတ်မျှော်တယ့် ကျားမို့
ဝတ်ရည်တွေ မမြည်းရဲဘူး….

(၄)

အိပ်ရေးမဝတဝနှင့်မနက်ခင်းသည်လည်း ရှင်းလင်းနေသည်… အစာမပြည့်တပြည့်နှင့် ဝမ်းဗိုက်တို့လည်း ရှင်းလင်းနေသည်… ဖုံမရှိတရှိနှင့် အိပ်ခန်းလေးလည်း ရှင်းလင်းနေပါသည်… သို့သော် ကျွန်တော်ကတော့ ရှုပ်ရှက်ခက်နေသော ရင်ခွင်တစ်ခုနှင့် မနက်ခင်းကို နှုတ်ဆက်ခဲ့သည်…

သူမသည် ညက မျက်နှာကျက်တွင် အိပ်သည်… မနက်က သွားတိုက်တံလေးပေါ်တွင် လမ်းလျှောက်နေသည်… ရေချိုးခန်းနံရံတွင် အဖြူအမည်းဓာတ်ပုံ ရိုက်နေသည်… ကျောင်းဝတွင်တော့ ထိုစိတ်နှင့်ခလုပ်တိုက်ပါသည်… အမိတော့မတမိခဲ့ပါ…
သူမရှေ့တော့ မှောက်ကျပါသည်…

အယ်… ရှင်ကိုး

မင်း… ဟို… ဟိုနေပါဦးဗျ…

သူမက ကျွန်တော့်ကို ဘုကြည့်ကြည့်၍ ထွက်သွားသည်… ဘုရအောင်လောက်လည်း ကျွန်တော်မှာ ဘုမရှိပါ… သူမခြေလှမ်းတို့နောက်တွင် ကျွန်တော့်ခြေရာတို့ ကျောင်းဝန်းထဲတွင် ထင်သွားကြသည်… တရုတ်ကားများလို ဝှစ်… ဝှစ်… ဆိုလျင်တော့ ခင်သွားသည်ပေါ့… သို့သော် မဝှစ်တတ်သေး၍ သူမနောက်လိုက်နေရခြင်းဖြစ်သည်။

ဟိတ်နေပါဦး… ဒီမယ်… မင်းရဲ့ လက်ကိုင်ပဝါလေး ကျန်ခဲ့လို့ပါ….

သူမက စိတ်ပျက်တယ့်ဟန်နဲ့ အော်မလို့လုပ်ပြီးမှ ပတ်ဝန်းကျင်ကို ကြည့်ပြီး မအော်တော့ပေ… မျက်ဆောင်းလှလှလေးကို ချန်၍ လှည့်ထွက်သွားသည်။ ဇွဲသည် အောင်မြင်ခြင်းမည်၏ ဟု ဖလော်ဆရာကသင်ဖူးသည်… ဇွဲဇွဲဇွဲ…။

ရှင်နောက်ထပ် ထပ်လိုက်မလာနဲ့တော့နော်….

မင်း… လက်ကိုင်ပဝါလည်း… ကျနေလို့ လိုက်ပေးရသေးတယ်… မာနကြီးလှချည်လားကွ…

ဘာရှင့် ရှင်နော်… ရှင်… ခုထွက်သွားတော့နော်… ကျွန်တော် အော်မိတော့မယ်….

မင်းက မြန်မာမိန်းကလေးမဟုတ်ဘူးလားကွ… အဲလိုတော့ မရိုင်းသင့်ပါဘူး…

သူမ ရှက်နေသည်ထင်… မျက်နှာကြီးတွင် ဖရဲခင်း များဝေဆာနေသည်… အသားများပင် ဘင်ခရာဝိုင်းဖွဲ့နေကြသည်…
အသံများလည်း … တုန်ရီနေသည်… အမျက်ချောင်းချောင်းထွက်နေသည်ပေါ့…

ရှင်နော်… ရှင်… ရှင်ကိုင်ထားတာက… ဟွန်းနော်… ငါ့နဲ့ မပြောချင်ဘူး…

ခင်ဗျားက လည်းဗျာ ကိုယ့်ဟာကို ပြန်ယူတာပဲရှက်မနေပါနဲ့

ဘာရှင့် ကဲဟယ်….

ဖြန်… ဖြန်း…

သူမပါးရိုက်သွားလား ပွတ်သတ်နမ်းရှိုက်သွားလား မသိတော့ပါ… လူတွေ ငေးမောနေလား သနားနေလား စောင်းပြောနေလား မသိတော့ပါ… ပြာဝေခြင်းဟူသည်… မျက်ဝန်းထဲမှ ဝမ်းနည်းမျက်ရည်တို့နှင့် အဓိပ္ပာယ်ဖော်နေကြသည်…
ကျွန်တော်သည် ဇွဲရှိသူလား တုံးအသူလား မသိတော့ပါ… လက်ထဲမှ အရာကို လွှင့်ပစ်မိသလား နမ်းရှိက်မိလား မသိတော့ပါ…

သူမကိုတော့ အပြစ်မမြင်ခဲ့ပါ… အပြစ်ရှိသူက ပဲ အပြစ်ကို ခံယူလိုက်ရခြင်းပင် … အဲဒါ ထိုဇွဲ ဟုတ်တယ်… ဆရာသင်လိုက်သော ဇွဲကောင်းမှုပင်… လက်ထဲမှာ လက်ကိုင်ပဝါမှန်း၊ ခွေးချီလာတာ ကြီးမှန်း ခွဲခြားမသိနိုင်လောက်အောင်လည်း အချစ်တွက် ကျွန်တော် ဇွဲကြီးခဲ့မိသည်… ထို့ကြောင့် ကျွန်တော့် အချစ်ကံရေးသည်ထိုနေ့က မကောင်းခဲ့ပါ… သူမနှင့်လည်းမတွေ့တော့ပါ… တွေ့ဖြစ်အောင်လည်း မကြံရဲတော့ပါ… သို့သော်…

သံသရာ တစ်ပတ်လည်သည့်နေ့တွင် မထင်မှတ်စွာ ထိုနေ့က ပြန်ဆုံခဲ့ကြသည်… သူမသည် ကျွန်တော့်ကို အားနာသော မျက်ဝန်းများနှင့် ဧည့်ခံခဲ့သည်… ကျွန်တော်က အားပါသော မျက်ဝန်းကြီးနှင့် ကြည့်တော့ သူမက ပြုံးပြပါသည်… ထိုအပြုံးသည် ကျွန်တော့်ဘဝတွက် အပျော်ဆုံးနေ့တစ်ခုအဖြစ် ဒိုင်ယာရီတွင် ရေးထိုးနိုင်စေခဲ့လေသည်…

ဟို အရင်တစ်ခါက ကျွန်မ လည်းရှက် ရှက်နဲ့ဆိုတော့ ဟို… ဟို အားနာလိုက်တာရှင်

ရပါတယ်ဗျာ … ကျွန်တော်ကို ကလည်း တုန်းလွန်းတာပါ.. ဟို

တော်ပါပြီ မပြောပါနဲ့တော့ရှင်… ဒီမှာ ပြန်တောင်ရှက်ချင်လာပြီ

ဟုတ်ပါသည်… သူမ ယခု ကြည်ကြည်လင်လင် ရှက်နေပါသည်… မာယာကင်းသော အရှက်တစ်ခုကို သူမလှပစွာ ဖော်ဆောင်ခဲ့သည်… ထို့ကြောင့်ကျွန်တော်ငေးကြည့်နေမိသည်… သူမသည် တော်တော်လေးကို ရှက်တတ်ပါသည်… သူမရှက်နေသည်မှာ ကြည့်ကောင်းပါသည်…

ဟာ အဲလိုကြီး ကြည့်မနေနဲ့လေ ရှက်ပါတယ်ဆိုမှ… သွား … ဘာမှန်းလဲမသိဘူး… စာအုပ်ငှားတော့မယ်

ထိုမှပဲ သတိရတော့သည် ကျွန်တော်တို့ စာအုပ်အငှားဆိုင်ရှေ့သို့ ရောက်နေသည်ကို ကျွန်တော် မေ့နေခဲ့သည်… တိတိနဲ့ ကျကျ ဆိုရသော် ရပ်ကွက်ထဲမှ ဆိုင်ဖြစ်သည်… သူမ သည် ဒီရပ်ကွက်ကို ပြောင်းလာသည်မှာ မကြာသေးပေ… ထိုနေ့က အိမ်ရှေ့က ပန်းပင်ကြီးဝေဆာနေပါသည်… ကျွန်တော် ထို ဝေဆာနေသော ပန်းပင်ကြီးကို မိန့်မိန့်ကြီး ရှုစားပစ်လိုက်သည်… အဖေကလည်း အလိုက်သိစွာ မျက်နှုတ်ခိုင်းပါတော့သည်… သို့သော် မှတ်မှတ်ရရ ထိုနေ့က သူမနှင့် ခင်သွားပါသည်…

ဆက်ရန်
ဆား

In: ဝတ္ထု Posted By: Date: May 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment