Professional Authors

ဖရီး၏ ဂန္ထ၀င်အခမဲ့ ဟာသမှတ်စုများ (၉)

၁ (က)။ ။အောက်ပါမေးခွန်များကိုဖြေပါ။ (Answer the questions)

ဖြေဆိုချိန် ( တစ်နှစ်)

၁။ ဘဲဥတွင်အဘယ်ကြောင့်အမွှေးမပေါက် သနည်း။

၂။ လူတို့လေလည်ရာတွင်ထွက်လာသော ဓာတ်ငွေ့သည်မီးလောင်နိုင်ပါသလား။

၃။ တီကောင်နှင့်ပက်ကျိတွင် မည်သူကပိုပြီး အပြေးမြန်သနည်း။

အရပ်မျက်နှာရှာဖွေနည်းအသစ် (new method for directions)

နေထွက်ရာအရပ်ဘက်ကိုမျက်နှာမူပါ။ လက်နှစ်ဘက်ကိုဆန့်တန်းပါ။ မျက်နှာပူရာဘက်သည်အရှေ့အရပ်။ လေလည်ရာဘက်သည်အနောက်အရပ်။ ကွမ်းယာနေသည့်ယာဘက်    သည်တောင်အရပ်။ ၀ဲပေါက်နေသောလက်ဝဲဘက်သည်မြောက်အရပ်ဖြစ်သည်။ ထို့အတူ ဆံပင်ပေါက်ရာ                အရပ်သည် အထက်အရပ်၊ ရှူရှူးပေါက်စဉ်ကျသွားရာ အရပ်သည်အောက်အရပ်ဖြစ်သည်ဟုလည်း ဂဏှာဟိ           မှတ်နိုင်ပါ၏။(ပုံ- ပဏ္ဍိတမဟာပညာရှိ ဆရာကြီးဖရီး)

လူဦးရေဇစ်မြစ် ( Source of population)

လူဦးရေတိုးပွားခြင်းနှင့် ပတ်သက်၍ အီကိုမှ ဘောဂဗေဒဆရာတစ်ဦးက ရာသီဥတုပူတာကြောင့်ဟု ပြောပြဖူးပါသည်။တစ်မျိုးကြီးပဲ၊ရှင်းပြပေးပါအုံးဆရာဟုမေးတော့“ဒီလှိုကွ။ လူဦးရေတိုးနှုန်းမြင့်တဲ့နိုင်ငံတွေ ဆိုတာက အပူပိုင်းဒေသကများတယ်။ ဒီနိုင်ငံတွေမှာ ည ညဆို ပူုအိုက်လို့ တော်တော်နဲ့အိပ်မပျော်နိုင်ကြဘူး။ ဒီတော့ အိပ်မပျော်မဲ့အတူတူ ဟိုလုပ်ဒီလုပ် လုပ်ကြရင်းနဲ့ပဲ လူဦးရေတိုးလာတယ်ဆိုပါရောတဲ့။” ကျွန်တော်တို့က… ဆရာ ဒါအိုဗာတိုင်ဆင်းတာလားဆိုတော့။။ အေး၊ အချိန်ကိုအလကားမထားတာဟု ပြန်ပြော၏။

တာ့တာ ….အားလုံးကိုရယ်မောပျော်ရွှင်စေချင်တဲ့ သားသားဖရီး

 

In: ဝတ္ထု Posted By: Date: Aug 18, 2011
Comment #1

rofl,,,
rofl,,,
really can’t stop laughing aloud for long time,
really nice creation,
million thz,
😛

commentinfo By: ei lay at Jun 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment