Professional Authors

နတ်သမီးပုံပြင်ထဲက ကောင်လေး (နတ်သမီး)

နတ်သမီး နဲ့ ကောင်လေးက မထင်မှတ်ဘဲ ပထမဆုံး အွန်လိုင်းမှာ ဆုံခဲ့ကြတယ်…။ ကောင်လေးနဲ့ စတွေ့ခါစက ကောင်

လေးက နတ်သမီးမဟုတ်တဲ့ ကောင်မလေးတစ်ယောက်ကြောင့် အသည်းကွဲနေတဲ့ အချိန်ပေါ+++နတ်သမီးကလဲ ကောင်

လေးကို စိတ်ဝင်စားသွားမိမယ်လို့မထင်ခဲ့ပါဘူး+++ ကောင်လေးနဲ့ နတ်သမီးကလဲ ဒီတိုင်း အွန်လိုင်းမှာတွေ့ရင်နှုတ်ဆက်

စကားပြော…သူ့အသည်းကွဲတဲ့ အကြောင်းတွေပြောရင်းနဲ့ တနေ့ထက်တနေ့ ရင်းနှီးမှု့တွေ ပိုလာတယ်ဆိုတာ တစ်ယောက်

နဲ့ တစ်ယောက်သတိမထားမိပါဘူး+++ ဒီလိုနဲ့ မသိစိတ်က သူနဲ့တစ်နေ့စကားမပြောရရင်မနေနိုင် ဖြစ်မှန်းမသိဖြစ်လာခဲ့ပါ

တယ်…ကောင်လေးလဲနတ်သမီးလိုဘဲ ဆိုတာသိရလို့ နတ်သမီး ကြိတ်ပြီးပျော်ရွှင်နေမိပါတယ်++အမှန်တော့ နတ်သမီးနဲ့

ကောင်လေးနဲ့က ဆန့်ကျင်ဘက်တွေးခေါ်ကြတဲ့ သူတွေပါ။ ဘယ်အရာကိုပဲ ကြည့်ကြည့်ဆန့်ကျင်ဘက်အရပ်ကနေကြည့်

ကြပါတယ်..။ ဘယ်တော့မှ အမြင်မတူပါဘူး..အထူးသဖြင့်နတ်သမီးက ကဗျာလေးတွေကိုချစ်တယ်++ကဗျာရေးရတာကို

ဝါသနာပါပါတယ်+သူကတော့အဲ့ဒီလိုမဟုတ်ပါဘူး++ကဗျာရေးရတာဝါသနာမပါသလို ကဗျာတွေကိုလဲမချစ်တက်ပါဘူး။

ကောင်လေးနဲ့ နတ်သမီးက အရာရာဆန့်ကျင်ဘက်ပါပဲ..ဒါကိုနှစ်ယောက်လုံးကလဲသိပြီး ..သူကလဲ နတ်သမီးဟာသိပ်ကို

မာနကြီးတယ်ဆိုပြီး မကြာခဏပြောပါတယ++ဒီလိုနဲ့ သူနဲ့နတ်သမီးက ရန်ဖြစ်လိုက်ပြန်တည့်သွားလိုက်နဲ့ တစ်ယောက်ကို

တစ်ယောက်နားလည်မှု့တွေနဲ့ဘဲ နေခဲ့ပါတယ်+++ တနေ့+အဲဒီတနေ့မှာကောင်လေးက နတ်သမီးကိုနှုတ်ဆက်ပါတယ်..

နတ်သမီးက ကော်နတ်ရှင်ကျနေတော့ ကောင်လေးနှုတ်ဆက်တာကိုချက်ချင်းပြန်မဖြေနိုင်ပါဘူး..ဒါပေမဲ့ ကောင်လေးက

သူနှုတ်ဆက်တာကို ချက်ချင်းပြန်မနှုတ်ဆက်ရမလားဆိုပြီး (နတ်သမီး အထင်ပါ..သူ့စိတ်ထဲတော့ဘယ်လိုဆိုတာ တော့ မသိပါဘူး) နတ်သမီးကော်နက်ရှင်ကောင်းလို့ ပြန်နှုတ်ဆက်တော့ နတ်သမီးကို စကားပြန်မပြောပါဘူး။ ဖြစ်ချင်တော့

နတ်သမီးကလဲ တစ်ခါတစ်လေ invisible လုပ်ပြီးဝင်လေ့ရှိတယ်ဆိုတာကို ကောင်လေးသိထားပါတယ်။ နတ်သမီးစိတ်ထင် သူနှုတ်ဆက်တဲ့အချိန်မှာနတ်သမီးက invisible လုပ်ထားပြီး သူ့ကိုချက်ချင်းပြန်မဖြေတာလို့ထင်သွားပုံရပါတယ်++++ (ဒါပေမဲ့ သူမသိတာကနတ်သမီး invisibleလုပ်ထားတာက တခြားလူတွေကိုမပြောချင်ဘဲ သူတစ်ယောက်တည်းနဲ့ပြောချင်

လို့ဆိုတာ သူသိပုံမရပါဘူး အဲဒါအပြင်.. နတ်သမီး invisible လုပ်ထားရင် တခြားသူနဲ့ပြောနေတယ်လို့ပဲ ကောင်လေးက

အမြဲ ထင်ပုံရပါတယ်) ဒါပေမဲ့ သူကလဲမမေးတဲ့အခါကျတော့ နတ်သမီးလဲ ဘာမှမဖြေရှင်းမိပါဘူး+တအောင့်လောက်ကြာ

တော့ ကောင်လေးက နတ်သမီးကိုစကားပြောပါတယ်++မပြောတော့လဲမပြောဘူး..ပြောတော့လဲ

”သူ ပြန် လာ ရင် မ င်္ဂ လာ

ဆောင် တော့ မယ်

သူ မ င်္ဂ လာ ဆောင် ရင် လာ မ လား တဲ့”

အဲ့ဒီမေးခွန်းအဆုံးမှာ နတ်သမီးအရမ်းဝမ်းနည်း ခဲ့ရပါတယ်..။ သူ့ဆီမှာ နတ်သမီးအပြင်တခြားတယောက်ရှိနေတာလား

ဆိုတဲ့အတွေးက နတ်သမီးကို ချောက်ချားစေပါတယ်…ဒါပေမဲ့ သူ့အကြောင်းသိနေတဲ့ နတ်သမီးက သူအဲလိုမဟုတ်နိုင် ပါဘူးဆိုတာ ကျိန်းသေသိနေတယ်…အဲဒါနဲ့ကောင်လေးက နတ်သမီးကိုဘာလို့အဲဒီလို ပြောတာလဲဆိုပြီးထပ်စဉ်းစား ကြည့်တော့..သူနတ်သမီး ကို မကျေနပ်လို့ဆိုတာသိလိုက်ရပါတယ်..နတ်သမီးအရမ်းဝမ်းနည်းသွားပြီး

“လာ ခဲ့ ပါ့ မယ် +++

လာ စေ ချင် ရင် ပေါ့ လို့”

အဲဒီလိုဖြေပြီးတဲ့နောက်မှာ++++နတ်သမီးနဲ့သူနဲ့ဆက်ဆံရေးက အရမ်းကိုတင်းမာခဲ့ပါတယ်..။ နောက်ဆုံးမှာ နတ်သမီးနဲ့ ကောင်လေးနဲ့က ဘာမဟုတ်တာ လေးနဲ့ စကားမပြောဖြစ်တော့ပါဘူး…အမှန်တော့နတ်သမီးရော ကောင်လေးရော နှစ်ယောက်လုံးကမာနတွေကြီးနေခဲ့တာပါ+++နတ်သမီးနဲ့ကောင်လေး ရဲ့ပုံပြင်ကအဲဒီမှာအဆုံးသတ်ခဲ့ပါတယ်++++

ပုံပြင်လေးရဲ့နောက်ကွယ်မှာတော့ နတ်သမီးလေးက ကောင်လေးကိုသူချစ်နေတယ်ဆိုတာ သူ့ဘာသာသူသေချာ နေခဲ့ပေမဲ့ … နတ်သမီးပုံပြင်ထဲကကောင်လေးကတော့ သိမသွားပါဘူး…အဲဒီလိုပဲနတ်သမီးလေးကလဲ ကောင်လေးသူ့ကို ချစ်မချစ်ကို အဖြေမရှာတော့ပါဘူးးးးးးးးးးးးးးးး နောက်ဆုံးကောင်လေးအတွက် ကဗျာလေးတစ်ပုဒ်စပ်ဖြစ်ခဲ့တယ်

+++++++++++++++++++++

နတ်သမီး ပုံပြင်ထဲက ကောင်လေး

ဘယ်အချိန်မှန်းမသိ ဝင်လာတဲ့

ဆန်းကြယ်တဲ့ စကားနှစ်လုံး

ဘယ်အချိန်မှန်းမသိ ပြန်ထွက်သွားတော့

ချန်ခဲ့တယ်နောက်ထပ် စကားပေါင်းများစွာ…

ဘယ်အချိန်ကမှန်းမသိ ဝင်လာတဲ့

လူတစ်ယောက်နဲ့ အဲဒီစကားနှစ်လုံး

ဘာကြောင့်ပြန်ထွက်သွားတော့

အားလုံးသယ်မသွားတာလဲ…

အဖြေသိပြီးသားပုစ္ဆာတစ်ပုဒ်လို

အဆုံးသတ်မှာ ဒီလိုနာကျင်ရမယ်ဆိုရင်

ဘာကြောင့်ဝင်လာခဲ့သေးလဲ…

လမ်းတစ်ခုကိုဆုံးအောင်လျှောက်ဖို့ မရည်ရွယ်ခဲ့ဘူးဆိုရင်

အစဆိုတဲ့လမ်းပေါ်ငါတို့မလျှောက်ခဲ့သင့်ဘူး

ခုတော့ အဆုံးထိမသွားခဲ့ရတဲ့ ငါ့နှလုံးသားလေးလဲ

တစ်ကြိမ်နဲ့တင် Lock ကျသွားခဲ့တာ

ငါ့သော့လေးဘယ်သူခိုးသွားတာပါလိမ့်။

နတ်သမီးကတော့ ကောင်လေးမသိနိုင်မဲ့ နေရာမှာ သူ့ကိုယ်သူပြန်လည်မွေးဖွားပြီး ကောင်လေးကို တိတ်တိတ်လေး

မေ့လျှော့ဖို့ကြိုးစားရင်း သူနဲ့ကောင်လေးရဲ့ဇတ်လမ်းကို အဆုံးသတ်ခဲ့ပါတယ်။

(အချစ်ဆိုတာ ရယူခြင်းလား++++ ပေးဆပ်ခြင်းလား ++++ နားလည်မှု့လား +++++ ပျော်ရွှင်ခြင်းလား ++++ ဝမ်းနည်းပူဆွေးရခြင်းလား +++++ စွန့်လွှတ်အနစ်နာခံခြင်းလား ++++ ဆိုတာ နတ်သမီး မသိချင်တော့ပါဘူး+++)

03:00 PM

နတ်သမီး

In: ဝတ္ထု Posted By: Date: Jun 2, 2011
Comment #1

ဘာမှ မစဉ်းစားနဲ့တော့..နတ်သမီးလေး
အချစ်ဆိုတာ..အချစ်ပဲပေါ့ မဟုတ်ဘူးလား

commentinfo By: poem.poem28 at Jun 3, 2011
Comment #2

ဟုတ်တာပေါ့ အချစ်ဆိုတာအချစ်ပါပဲ..

commentinfo By: songmoezin at Jul 1, 2011
Comment #3

နတ်သမီး ပုံပြင အရမ်းကောင်းပါတယ်။။။။

commentinfo By: kyawwinnaing at Jul 7, 2011
Comment #4

အခုမှဖတ်မိတယ်..။
အချစ်ဆိုတာ … ဘာလို့မှ မဟုတ်ပဲချစ်တာပေါ့…။

commentinfo By: Shin Thant Phyu at Jul 18, 2011
Comment #5

nice story.

commentinfo By: ei lay at Jul 18, 2011
Comment #6

ဟုတ်တယ်နော်…….ဘာကြောင်.မှန်းမသိတဲ. အရာတစ်ခုကို
ဘာမှန်းမသိတဲ……

commentinfo By: thuthu at Jul 29, 2011
Comment #7

good

commentinfo By: sai kham naung at Jul 31, 2011
Comment #8

အားပေးသွားတယ် နတ်သမီးရေ
စာသားလေးတွေကောင်းတယ်…။

commentinfo By: ကေသရီ at Oct 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment