Professional Authors

နတ်သမီးနှင့် “မြို့ပြယဉ်ကျေးမှု့”

တစ်နေ့ နတ်သမီး မြို့ထဲမှာသင်တန်းတစ်ခုတက်ပြီးပြန်လာတော့ ညနေ၅နာရီလောက် ရှိနေပါပြီ++ အဲဒီအချိန်က ရုံးသမားတွေရဲ့ အလုပ်ပြန်ချိန်ဆိုတော့ ဘတ်စ်ကားတိုးစီးရတာအလွန်ကျပ်ပါတယ်++ဒါနဲ့ကားရလို့ နတ်သမီးလဲ ကားပေါ်အတင်းတိုးတက်ပြီး ကိုယ်မတ်တပ်ရပ်လို့ ကောင်းမဲ့နေရာတစ်ခုရှာပြီး မတ်တပ်ရပ်နေမိပါတယ်++နတ်သမီး လဲကိုယ်ရပ်ဖို့နေရာရလို့ ဘေးကိုကြည့်လိုက်တော့ ၉တန်း၊ အလွန်ဆုံးရှိ ၁၀တန်း အရွယ် မိန်းကလေးသုံးယောက်က နတ်သမီးဘေးမှာလာရပ်ပါတယ်++မျက်နှာလေးတွေကငယ်ငယ်နုနုလေးတွေနဲ့ ချစ်စရာအလွန်ကောင်းပါတယ်+++ ကားကလဲစထွက်ပါပြီ+++တစ်မှတ်တိုင်ပြီးတစ်မှတ်တိုင်ရပ်ပြီးလူတင်ပါတယ်+++အဲဒီအချိန်မှာ အသက်ရွယ် ၇၀ကျော် လောက်ရှိမဲ့ အဘွားအိုတစ်ယောက်ကားပေါ်တက်လာပါတယ်+++စပါယ်ယာကအတင်းထိုးထဲ့တဲ့အခါကျတော့ အဘွားလဲ တိုးလာလိုက်တာ နတ်သမီးဘေးက မိန်းကလေးသုံးယောက်ရဲ့ဘေးကို ရောက်လာပါတယ်+++ဖြစ်ချင်တော့ ရုတ်တရက် ဒရိုင်ဘာက ဘရိတ်စောင့်အုပ်လိုက်တော့ နတ်သမီးလဲတော်တော်လေးယိုင်သွားပါတယ်+စောနကမှတက်လာတဲ့အဘွား လဲယိုင်ပြီးသူ့ဘေးမှာရှိတဲ့ကောင်မလေးပေါ်လဲပြီး ကောင်မလေးရဲ့အင်္ကျီစကိုဆွဲမိထားပါတယ်+အဲဒီလိုဖြစ်နေတဲ့အချိန်မှာ အားပါးးးပါးးးးးး..နတ်သမီးလုံးဝမထင်မှတ်ထားတဲ့ အသံကထွက်လာပါတယ်+++အဘွားအင်္ကျီစအဆွဲခံရတဲ့ မိန်းကလေး ဆီကပါ+++မကျေမနပ်ရေရွတ်သံအပြင် “အဘွားကလဲဘယ်လိုရပ်နေတာလဲ၊ အဲလောက်လေးမှမကိုင်နိုင်ရင် လိုင်းကား မစီးပါနဲ့လား” ဆိုတဲ့ အသံကိုကြားလိုက်ရတဲ့အချိန်မှာ နတ်သမီးအလွန်အံ့သြသွားခဲ့ပါတယ်+++တပြိုင်နက်တည်းမှာဘဲ နတ်သမီးငယ်ငယ်က နတ်သမီးအမေ နတ်သမီကို ဆုံးမတဲ့စကားလေးတစ်ခုကိုသွားသတိရမိပါတယ်++”ကြီးသူကိုရို သေပါ++ငယ်သူကိုလေးစားပါ” ဆိုတဲ့ စကားကို နတ်သမီးတို့ငယ်ငယ်က နတ်သမီးတို့မိဘတွေကဆုံးမခဲ့သလို ဆရာ၊ဆရာမတွေကလဲ ဆုံးမကြပါတယ်+++နတ်သမီးတို့ရဲ့ ယနေ့၂၁ရာစုကြီးမှာတော့ ငယ်သူကိုလေးစားဖို့နေနေ သာသာ ကြီးသူတွေကိုခေါင်းတက်မနင်းသွားရင်တောင် ကျေနပ်ရမဲ့အဖြစ်မျိုးပါ+++ နတ်သမီးတို့ငယ်ငယ်ကမိဘ တွေနဲ့ ဆရာ၊ဆရာမတွေရဲ့ အမြဲဆုံးမလေ့ရှိတဲ့ ကိုယ့်ထက်အသက်အရွယ်ကြီးတဲ့သူတွေ စကားပြောနေလို့ ဖြတ် လျှောက်ချင်ရင် “ခါးရို့ ခေါင်းငို့ပြီးမှစကားပြောနေတဲ့သူတွေရှေ့ကဖြတ်ပါ” ဆိုတဲ့စကားကိုလဲကြားယောင်မိပါတယ်++ (ယနေ့ခေတ်မှာတော့ ကိုယ့်ကိုဖြတ်မတိုက်သွားရင်ဘဲဖြစ်ဖြစ် ကျေးဇူးတင်ရမလိုပါ+++) ယနေ့ခေတ်ရဲ့ မြို့ပြယဉ် ကျေးမှု့မှာတော့ International school လို့ခေါ်တဲ့ အဆင့်မြင့်ပညာရေးတွေကို သင်ပေးနေတဲ့ နိုင်ငံခြားကျောင်းတွေ ပေါ်လာပြီး ကလေးတွေဟာ အလွန်အင်မတန်မှကို စာပေမှာရော ဘာသာစကားကျွမ်းကျင်မှု့မှာပါ အဘက်ဘက်က တိုးတက်လာပါတယ်+++တချို့ကလေး ငယ်တွေဟာ ၈တန်း၊၉တန်း လောက်ပဲရှိပေမဲ့ International language လို့ခေါ်တဲ့ အင်္ဂလိပ်စာနဲ့၊ တရုတ်စာတွေမှာ အားကျလောက်အောင်ကို တော်ကျတက်ကျပါတယ်++နတ်သမီးထက်လဲ အများကြီးတော်ပြီးတက်ပါတယ်+++နတ်သမီး အားလဲကျပါတယ်+++ဒါပေမဲ့ အဲဒီလိုစာပေဘက်မှာအရမ်းတော်နေ တက်နေတဲ့ ကလေးငယ်တွေဟာနတ်သမီးတို့ငယ်ငယ်က သင်ခဲ့ရတဲ့ လူမှု့ဆက်ဆံရေးမှာတော့ အလွန်ကိုအားနည်း နေတာတွေ့ရပါတယ်++လူတစ်ယောက်ကိုပြောဆိုဆက်ဆံတဲ့အခါ ကိုယ်အမူအရာ၊ နှုတ်အမူအရာအလွန်ရိုင်းပြတာ ကိုတွေ့ရပါတယ် (အားလုံးကိုမဆိုလိုပါဘူး နတ်သမီး တွေ့ဖူးတဲ့လူတချို့ပါ) ကိုယ့်ထက်အသက်အရွယ်ကြီးရင့်သူကို ကြည့်ရင်ဘယ်လိုကြည့်ရမယ်၊ ဘယ်လိုအမူအရာနဲ့နေရမယ်ဆိုတာ မသိပါဘူး++နတ်သမီးကိုယ်တိုင်လဲအကြည့်ခံရဘူး ပါတယ်++၉တန်းကျောင်းသူလေးတွေလောက်ရှိမဲ့ မိန်းကလေးတွေပါ+++ဒီမိန်းမ ငါတို့လောက်တောင်သိလို့ တက်လို့ လားဆိုတဲ့ အကြည့်မျိုးနဲ့ပါ+++ (ဒီမိန်းမက ငါတို့လောက်တော့မတော်ပေမဲ့ ဒီမိန်းမ ငါတို့ထက် အရင်ထမင်းစားတာ ပါလားလို့တော့ သူတို့စဉ်းစားမိပုံ မပေါ်ပါဘူး) နတ်သမီးငယ်ငယ်ကမှတ်မိပါသေးတယ်++နတ်သမီးတို့အိမ်ကိုလာလည်တဲ့ အန်တီကြီးတစ်ယောက် ရေသောက်ချင်လို့ရေခပ်ခိုင်းတော့ နတ်သမီးရေခပ်ပေးလိုက်ပါတယ် အဲဒီမှာနတ်သမီးခေါင်းခေါက် ခံရပါတယ်+++အန်တီကြီးအရှေ့မှာတင်ပါ++ဘာလို့လဲဆိုတော့ နတ်သမီးတို့ကို သင်ပေးထားပါတယ်++ကိုယ့်ထက် ကြီးတဲ့သူကို ဘာပစ္စည်းပေးပေး ညာလက်ကရှေ့ထုတ်ပြီး ဘယ်လက်ကရို့ပြီးပေးရမယ်လို့သင်ပေးထားပါတယ်++ နတ်သမီးလဲကလေးအရွယ် ဆော့ချင်လွန်းအားကြီးနေတော့ ဘာလက်နဲ့ဘယ်လို ပေးမိမှန်းမသိပေမဲ့ နတ်သမီး မေမေကတော့ ကောင်းကောင်းတွေ့လိုက်ပုံရပါတယ်+++ နတ်သမီးပြောချင်တာကလေ ကျောင်းတွေမှာရော အိမ်မှာပါ သင်ပေးလေ့ရှိတဲ့ အလေ့အထကောင်းလေးတွေ ယနေ့ IT ခေတ်ကြီးမှာပျောက်ဆုံးကုန်ပါပြီ++ဆယ်ကျော်သက်လူငယ် တွေဟာ စာတွေအလွန်အင်မတန်တော်ပြီး စောနကလိုကျေးလက်ယဉ်ကျေးမှု့လို့ဘဲဆိုလို့ရတော့မဲ့ အလေ့အထကောင်း လေးတွေရှိမယ်ဆိုရင်ပိုပြီး တိုးတက်လာမယ်လို့ထင်ပါတယ်+++ စောနကားပေါ်ကအဖြစ်အပျက်ကလေးကိုကြည့်ပြီး နတ်သမီး တော်တော်လေးဝမ်းနည်းမိပါတယ်+++နတ်သမီးအိမ်ပြန်ရောက်ရောက်ချင်းပဲ နတ်သမီးအမေကိုနတ်သမီး မှာထားပါတယ်++ဖြစ်နိုင်ရင်လိုင်းကားမစီးပါနဲ့လို့ တော်ရုံခရီးဆို လမ်းလျှောက်ပြီးပဲသွားပါလို့ လမ်းလျှောက်တော့ပို ပြီးကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်လို့++မဖြစ်မနေကားစီးရတော့မယ်ဆိုရင်လဲ ကားပေါ်ရောက်ရောက် ချင်းနောက်ဆုံးထိတိုးပြီး ကိုင်စရာကောင်းကောင်းရှာပြီးဘေးကပ်ရပ်ပါလို့ (ဘေးကပ်မရပ်လို့ တော်ကြာစပါယ်ယာအော် သံကြားနေရပါအုံးမယ်)+++ကိုယ့်အမေကို တခြားလူတစ်ယောက်ကအော်ရင်လဲ နတ်သမီး သည်းခံနိုင်မယ်မထင်ပါဘူး+ စောနကအဖြစ်အပျက်မှာဆိုရင်နတ်သမီးအဘွားအိုကိုပဲ ဂရုဏာဒေါသောနဲ့အပြစ်တင်ချင်ပါတယ်++ကိုယ်ကားစီးလို့အ ဆင်မပြေတော့တဲ့အရွယ်ဆိုရင်အဖော်တစ်ယောက်လောက်နဲ့ပဲ လမ်းခရီးထွက်သင့်ပါတယ်++မြို့ပြယဉ်ကျေးမှု့က လူငယ်တွေနဲ့တွေ့လို့ ရိုင်းပျမှု့တွေကိုတွေ့မြင်ရရင် ကိုယ်ပဲခံစားရမှာပါ+++ နတ်သမီးကိုယ်တိုင်ကလဲ လိမ္မာတဲ့သား သမီးထဲမပါ ပါဘူး++ဒါပေမဲ့ မြို့ပြယဉ်ကျေးမှု့မှာရှိနေတဲ့ လူငယ်တွေနဲ့တွေ့တော့ နတ်သမီးက အလိုလိုပဲလူလိမ္မာစာ ရင်းဝင်သွားတယ်နဲ့တူပါတယ်++ 😀 (ကြုံတုန်းးးးးးကြွားးးးးးးလိုက်အုံးမယ်….:P)

နတ်သမီး အခုဆို မြန်မာ့ယဉ်ကျေးမှု့ကို ကမ္ဘာကသိအောင်လုပ်မှာတို့ဘာတို့ မအော်ချင်တော့ပါဘူး+++ရှိပြီးသား ဓလေ့နဲ့ အလေ့အထ ကောင်းလေးတွေ ကိုယ့်နိုင်ငံအတွင်းမှာဘဲ မပျောက်ပျက်တော့ဘူးဆိုရင်ဘဲ အလွန်ကျေးဇူးတင်မိမှာပါ++ သယ်ရင်းအားလုံးလဲ အမူအကျင့်ကောင်းလေတွေကို ဘယ်နေရာဘယ်ဒေသရောက်ရောက်ထိန်းသိမ်းပါလို့ နတ်သမီး တိုက်တွန်းချင်ပါတယ် +++အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်+++

(နိဂုံးချုပ်တော့ နတ်သမီးတို့ငယ်ငယ်ကသင်ခဲ့ရတဲ့ “ကြီးသူကိုရိုသေပါ၊ ငယ်သူကိုလေးစားပါ” ဆိုတဲ့ ဆောင်ပုဒ်လေးကနေ “ကြီးသူကိုဖြတ်တိုက်ပါ၊ ငယ်သူကိုတက်နင်းပါ” ဆိုတဲ့ ဆောင်ပုဒ်လေးကို မပြောင်းရင်ဘဲအလွန်ဝမ်းသာမိမှာပါ)

01:30 PM (27/May/2011)
နတ်သမီး

In: ဆောင်းပါး Posted By: Date: Jun 14, 2011
Comment #1

အရမ်းကိုကောင်းပါတယ်။ရေးသားသင့်တဲ့ဆောင်းပါးလေးတစ်ပုဒ်ပါ နတ်သမီး.

commentinfo By: poem.poem28 at Jun 15, 2011
Comment #2

Nice !!!

commentinfo By: apollo at Jun 15, 2011
Comment #3

I like this piece of article. I was thinking a lot of questions for that, it’s much depends on parents weather rich or poor, parents still have to respect to traditional ways. The guidance is much depends on every parents.

commentinfo By: A at Jun 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment