Professional Authors

နတ်သမီးပုံပြင် – နရီထက်

မုန်တိုင်းတွေ ကျသက်နေတာတောင်
နှင်းတွေ စဲနေတာလား

အမှောင်တွေ ဖုံးလွှမ်းနေတာတောင်
အလင်းတွေ ဖျော့တော့နေတာလား

နာကျင်ခြင်း ဒဏ်ရာတွေ ကုစားပေးဖို့
ည၀င် အိပ်ရာပုံပြင်တွေက မနွေးထွေးတော့ဘူး

နေ့အလင်းရောင်တွေက အမှန်တရားဆို
ညအိမ်မက်တွေက တေးမြူတွေလား

အခန်းကျဉ်းလေး နတ်သမီး လာခေါ်နိုးတော့
ဒဏ်ရာတွေ မေ့ကျန်နေတယ်

လာခြင်းကောင်းကောင်းနှင့်
အနာဂတ်ကို ပြောင်းလဲပစ်မယ့် ပုံစံမျိုးလား

နင့်ရဲ့မနက်ဖြန် သူ့လက်ထဲလား
ဟုတ်နိုးနိုး နှင့် သူ …. ကိုယ်ထင် ပြနေတယ်

အရိပ် မပျောက်ခင်သေးထိ ဒီနေ့လား
မနက်ဖြန်လား …. နင် ကခုန်နေတုန်းရယ်

အချိန်နာရီ ပြန်ခေါ်ချိန်မှာ…
သူ … အလည်လာချိန် ပြည့်နေပြီး….

နင်…. နင် အိပ်စက်တော့…။      ။

နရီထက်
( ၁၄ ၊ စက်တင်ဘာ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Sep 14, 2011
Comment #1

မုန်တိုင်းတွေ ကျသက်နေတာတောင်
နှင်းတွေ စဲနေတာလားနာကျင်ခြင်း ဒဏ်ရာတွေ ကုစားပေးဖို့
ည၀င် အိပ်ရာပုံပြင်တွေက မနွေးထွေးတော့ဘူး

နေ့အလင်းရောင်တွေက အမှန်တရားဆို
ညအိမ်မက်တွေက တေးမြူတွေလား

အခန်းကျဉ်းလေး နတ်သမီး လာခေါ်နိုးတော့
ဒဏ်ရာတွေ မေ့ကျန်နေတယ် အဲ့အပှဒ်လေးတွေ ကြိုက်တယ်ကိုကြိး ။အားပေးနေတယ် နော်

commentinfo By: thuya at Sep 14, 2011
Comment #2

အရိပ် မပျောက်ခင်သေးထိ ဒီနေ့လား
မနက်ဖြန်လား …. နင် ကခုန်နေတုန်းရယ်

အချိန်နာရီ ပြန်ခေါ်ချိန်မှာ…
သူ … အလည်လာချိန် ပြည့်နေပြီး….

ကောင်းတယ် ဗျာ ..ကိုနရီထက် ကဗျာ တွေ အမြဲ အားပေးနေပါတယ်

Comment #3

ကဗျာလေးကကောင်းတယ်ဗျာ
အားပေးသွားတယ်အကိုကြီးရေ…..

commentinfo By: myintmo at Sep 14, 2011
Comment #4

ကိုနရီထက်ရဲ့ ကဗျာတွေကို ဒီဆိုက်လေးမှာ
အဖွဲ့မ၀င်ခင်ထဲကအာပေးနေတာပါ……..
ဒီကဗျာလေးကိုကြိုက်ပါတယ်…..
ဆက်ရေးတာတွေအားေးမယ်နော်…

commentinfo By: yaewintaung at Sep 15, 2011
Comment #5

နင့်ရဲ့မနက်ဖြန် သူ့လက်ထဲလား
ဟုတ်နိုးနိုး နှင့် သူ …. ကိုယ်ထင် ပြနေတယ်

အရိပ် မပျောက်ခင်သေးထိ ဒီနေ့လား
မနက်ဖြန်လား …. နင် ကခုန်နေတုန်းရယ်

အချိန်နာရီ ပြန်ခေါ်ချိန်မှာ…
သူ … အလည်လာချိန် ပြည့်နေပြီး….

နင်…. နင် အိပ်စက်တော့…။ ။

ကိုနရီထက်….အားပေးနေလျှက်ပါ

commentinfo By: အသဲကွဲမိုး at Sep 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment