Professional Authors

ကျွန်တော်နှင့်နယ်မြေကျူးကျော်ခြင်း

                        ဟစ်တလာက ကမ္ဘာတစ်ဝက်ကိုသိမ်းပိုက်သည်။ ဖက်ဆစ်တို့က အာရှတစ်ခွင်ပြဲပြဲစင်၊ ပြဲပြီးမှ စင်တာလား၊ စင်ပြီးမှ ပြဲတာလားမသိပါ၊ ပြဲပြဲစင်ဟူ၍တော့ လူပြောများသည်။ ထို့ကြောင့် ကျွန်တော်လည်း ပြဲပြဲစင်ရခြင်းဖြစ်သည်။

 

 

 

                        မနက်ခင်းတွင် ဇီးကွက်တစ်ကောင် ရည်းစားစကားပြောခြင်းသည်လည်း နယ်မြေကျူးကျော်ခြင်းဖြစ်သည်။ညမွေးပန်းများ လည်း မနက်ခင်းတွင် တော်တော်မွှေးလျက်ရှိသည်။ နေမင်းကြီး အနောက်မှထွက်လာသည်ကို ကျွန်တော်နမ်းရှိုက်ဖူးသည်။ မနေ့ညက ကန်ထဲတွင် လတစ်ကောင် ရေကူးနေသည်။ သို့သော် ဘဲတစ်အုပ်ဝိုင်းဆိတ်ကြ၍ တိမ်တချို့ကြား ထွက်ပြေးသွားသည်။ စိတ်ဆုံးချက်ချလိုက်ပါသည် ။ ကျွန်တော်သူမကို နယ်မြေကျူးကျော်တော့မည်။

 

 

 

                       ဖထီးခေါင်းပေါ်တွင် အုန်းသီးလေးနှင့် ငှက်ပျောတစ်ခိုင်တို့ ကျွန်တော့်အတင်းတုတ်လျက်ရှိပါသည်။ မဲ့ရွဲ့ တတ်သော

 

နှုတ်သီးများကြောင့် ဇလုံတစ်လုံး နားငြီးလျက်ရှိပါသည်။ ကျွန်တော်၏ စစ်ဦးထိပ်တွင် ရပ်ကွက်လူကြီးက စစ်ဝတ်စုံနှင့် ခန့်ညားဟန်ဆောင်နေရသည်။ အမိုးကတော့ ကျွန်တော့်ကို ဗျူဟာအများအပြား သွန်သင်လျက်ရှိသည်။

 

 

 

                      သူမသည် မိန်းကလေးတော့ ဟုတ်ပါသည်။ သို့သော် ကလေးတော့မဟုတ်ပါ။ ထို့ကြောင့် မိန်းမလေးဟု ခေါ်ရလောက်ပါသည်။ ကောင်းကင်ကြီးပြာတာတာသည် တနင်္ဂနွေတွင် ရေသောက်ဆင်းလျက်ရှိသည်။ ထို့ကြောင့် သူမအိမ်တွင်

 

လူအများ လက်ဖက်ရည်အိုးကို မျက်ဆောင်းထိုးနေကြသည်။ ကျွန်တော်ကတော့ သူမကို ခိုးကြည့်မိပါသည်။ သူမလည်း လက်ဖက်ရည်အိုးကို ပင်မျက်ဆောင်းထိုးလျက်ရှိပါသည်။

 

 

 

                      ကျွန်တော်ဖတ်ဖူးသော စာပေတွင် ထပ်တူကြရန်သီအိုရန်လိုအပ်ပါသည်။ သို့သော် ယခုမူ သီအိုရန်တစ်ခုတွင် လွဲမှားစွာထပ်တူကြရန် အကြောင်းရပ်တချို့ ရှိလာသည်။ ကျွန်တော်သည် ငယ်စဉ်ကတည်းက ဂေါက်သီး ၇ိုက်မကျွမ်းကျင်ခဲ့ပါ။

 

သို့သော် စနူကာထိုးရန် အကြောင်းဖန်ရတော့မည်။ မနက်က ဖထီး ကုတင်သံရိုက်ပေးနေသောအသံမှာ တော်တော်ကျယ်ပါသည်။

 

တချို့တချို့သောရင်ခုန်သံသည် ဒူးတစ်စုံကို သက်ဝင်လှုပ်ရှားစေပါသည်။ မီးရထားသံသည် ထိုညက သာယာလှပခဲ့ပါသည်။

 

 

 

                     ဖထီးနှင့် အမိုးပြောခဲ့သော စကားများကို မနက်က အိမ်ဦးခန်းတွင် ခိုးနားထောင်နေမိသည်။ မိန်းမကတော့ ဆဲဆိုလျက်ရှိသည်။ ကျွန်တော့်ကို အင်ပါရာချဲ့ထွင်ပေးသွားသော ဖထီးနှင့် အမိုးကတော့ ယခုတိုင် ကြည့်ကောင်းနေပါသည်။ ကျွန်တော်

 

အဖိုးခေါ်ခံလိုက်ရခြင်းသည် အာရုံကြောတချို့ကို သက်ဝင်လှုပ်ရှားသွားသည်။ပြက္ခဒိန်ကိုမြင်မှ လူပျိုဘဝကို အနှစ် ၅၀ ထားခဲ့မှန်းသတိရတော့သည်။ ယခုကျွန်တော်က စစ်သူကြီးဝတ်စုံနှင့် ခန့်ညားဟန်ဆောင်ရတော့မည်။

 

 

 

                     အဖိုး မြေးတို့သွားကြစို့လေ

 

 

 

                    ဟုတ်ပါရဲ့ ညည်းတို့အဖိုးများ သူ့ဖထီး နဲ့ အမိုးပုံ ကြည့်လို့ကိုးမပြီးတော့ဘူး

 

                    ဒီမှာ ကျွန်မမြေးလေး တောင်ရမ်းတာနောက်ကျနေဦးမယ်

 

 

 

                    အေးပါကွာ လာပါပြီ လာပါပြီ ………..

 

                    သြော်ဒါနဲ့ သားကြီးရေ………မြေးလေးတွက်………..ကုတင်သံရိုက်ပြီးပြီလားကွယ်….

 

 

 

                    ဟုတ်ကဲ့ပါ.. ဖေဖေ …….သားသေသေချာချာ အဖေသားတွင်လုပ်ပေးခဲ့သလို

 

                   ရိုက်ထားပါတယ်…..

 

 

 

                    .ကဲ…….ကဲ…….အားလုံး……အရန်သင့်ဖြစ်ရင်…သွားကြစို့……..ဟိုဘက်ကစောင့်နေရော………..

 

 

 

                    တော်ကလည်း စကားကိုများတယ် ……….သွားရလာရမှာကို….

 

 

 

 

 

                    ကျွန်တော်နယ်မြေတခုတွက် ဗျုဟာတချို့ ကို မြေးလေးတွက် လက်ဆောင်ပေးနေမိသည်။ ကားမထွက်ခင် အနောက်လှည့်ကြည့်တော့ ဖထီးနှင့် အမိုး ပြုံးပြနေသည်ကို သေသေချာချာတွေ့လိုက်ရသည်။

 

 

 

                                                                                                 ဆား

In: ဝတ္ထု Posted By: Date: May 2, 2011
Comment #1

မနက်ခင်းတွင် ဇီးကွက်တစ်ကောင် ရည်းစားစကားပြောခြင်းသည်လည်း နယ်မြေကျူးကျော်ခြင်းဖြစ်သည်။ညမွေးပန်းများ လည်း မနက်ခင်းတွင် တော်တော်မွှေးလျက်ရှိသည်။ နေမင်းကြီး အနောက်မှထွက်လာသည်ကို ကျွန်တော်နမ်းရှိုက်ဖူးသည်။ မနေ့ညက ကန်ထဲတွင် လတစ်ကောင် ရေကူးနေသည်။ သို့သော် ဘဲတစ်အုပ်ဝိုင်းဆိတ်ကြ၍ တိမ်တချို့ကြား ထွက်ပြေးသွားသည်။ စိတ်ဆုံးချက်ချလိုက်ပါသည် ။ ကျွန်တော်သူမကို နယ်မြေကျူးကျော်တော့မည်။

LIKE

commentinfo By: အသဲကွဲ မိုး at Mar 11, 2013
Comment #2

🙂
nice creation

commentinfo By: ei lay at Mar 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment