Professional Authors

အိမ်သာသုံး စက္ကူ

အဖိုးမရှိတယ့် အရာကို တန်ဖိုးသတ်မှတ်၍ တန်ဖိုးတစ်ခု ကျဆုံးသွားသည်။

 

မနက်က နံရံတွင် သာယာသော ကောင်းကင်သည် ညနေခင်းတွင် အပြစ်တစ်ခုဖန်ဆင်းထားသည်။

 

လက်ထဲတွင်ရှိသော ဆင်နီတချို့နှင့်  ခြင်္သေ့တို့၏ တိုက်ပွဲတွင်

 

မည်သူမည်ဝါကအသာရခဲ့သည်ကို cctv မှ ထုတ်ပြန်ကြေငြာခြင်းမရှိသေးပါ။

 

သတင်းပေးသူကို ပြန်သင်တန်းပေးနေကြလျက်ရှိသည်။

 

 

 

သို့သော် တန်ဖိုးကြီးတိုင်း တန်ဖိုးမရှိကြောင်း တန်ဖိုးမဲ့သွားသော ထိုကိစ္စက သက်သေပြခဲ့သည်။

 

ကျွန်တော် အတွေးတို့သည် မျောက်တစ်ကောင်ဖြစ်လျင်ဖြစ်မည်။သို့သော် သင့်ဦးနှောက်တော့ ယူသုံးမည်မဟုတ်ပါ။

 

အကြောင်းက သံချေးတက်နေသော သင့်ဦးနှောက်ကို အကျွန်ုပ် ချေးချွတ်ရန် အချိန်မယူနိုင်၍ဖြစ်သည်။

 

 

 

သင်တွေးသော ငွေစတချို့သည်

 

ကျွန်ပ်လက်ထဲမှ စက္ကူတချို့ လောက်တန်ဖိုးရှိလျင် သင် ရှေ့က အိမ်သာသို့သွားလိုက်ပါ။

 

သေချာသည်က သင့်လက် က ဆင်နှင့် ခြင်္သေ့တို့သည် အနံ့အသက်ကို မစားသုံးနိုင်၍။

 

 

 

ထိုအချိန်ကျွန်ပ်မှာကား ပျော်ပျော်ပါးပါး အိမ်သာသုံးစက္ကုနှင့် စကားပြောရဦးမည်ဖြစ်၍

 

ယခု သင်နှင့်စကားပြောနေခဲ့သော တန်ဖိုးမဲ့ အချိန်ကာလတစ်ခုကို ကျွန်တော် အတော်နှမြောမိပါသည်

 

တန်ဖိုးတစ်ခု သတ်မှတ်ပေးတတ်သော ရာထူးကြီးကြီးထိုသူသည်

 

တန်ဖိုးမဲ့အတွေးတခုဖြင့် ယခု ကျွန်တော် ရှေ့မှ ထွက်ခွာသွားပါသည်

 

 

 

အိမ်ရှေ့ခန်းက TV တွင် ငါးထောင်တန် အသစ်ထုတ်ပြန်ကြောင်းသတင်း ကြေငြာလျက်ရှိသည်။

 

 

 

အိမ်သာထဲမှ အတွေးတစ

 

ဆား

ဝတ္ထုတို

In: ဝတ္ထု Posted By: Date: May 7, 2011
Comment #1

ဆား…တို့အိမ်သာက ရေလောင်းအိမ်သာမဟုတ်ဘူးလားဟင်။
နောက်တာနော်။
ချိတ်ချိုးရဘူး။

commentinfo By: ဂျူဂျူ at Jul 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment