Professional Authors
တမ်းတသောရင်နှင့် လှမ်းရသောအဆင်
ကျွန်တော်သည်သားတစ်ယောက်ဟုခေါ်ရ်ျရသောလူတစ်ယောက်ဖြစ်သည်။ကျွန်တော့် မှာမေမေရှိသည်။လူသားတိုင်းတွင်လည်းအမေရှိသည်ထို့ အတူသတ္တ၀ါတိုင်းတွင်လည်းအမေရှိသည်။အမေနှင့် ပတ်သက်ရ်ျဋီကာ
အမျိုးမျိုးဖွင့် ဆိုဂုဏ်ပြုကြသည်ရှိသော်လည်။အမေ့ ကျေးဇူးနှင့် ပတ်သက်ရ်ျမည်သည့် စာဆိုမျှမိမိတို့ ဖွင့် ဆိုသည့် စာပေ၊ကဗျာ
ဝတ္ထုဆောင်းပါးအစရှိသည့် စာပေအမျိုးမျိုးအပေါ်ကျေနပ်နှစ်သက်ကြသည်တင်းတိမ်ကြသည်၊ရောင့် ရဲကြသည်၊ဟူရ်ျမရှိခဲ့ ကြပေ။
ကျွန်တော်သည်ကဗျာတို၊စာတိုရေးသည့် ဝါသနာရှင်တစ်ယောက်ပင်ဖြစ်သောငြားလည်းအမေနှင့် ပတ်သက်ရ်ျကားကဗျာတစ်ပုဒ်မျှ
ရေးသားဖွဲ့ ဆိုခဲ့ ခြင်းမရှိခဲ့ ဖူးချေ။
သော်လည်းအမေ့ ကျေးဇူးကိုဆပ်ဖူးသည့် စာတစ်စောင်မျှရေးသားဖူးခြင်းလဲ မရှိပေ။
ထို့ ကြောင့် ယခုကဲ့ သို့ သောအမေနှင့် ပက်သက်သည့် ရသစာတမ်းလေးဖြင့် အမေအားလက်ဆယ်ဖြာမိုးရှစ်ခိုးဦးခိုက်လျှက်    –
အမေအားအနည်းငယ်မျှသောကျေးဇူးဆပ်ခွင့် ကိုရှာဖွေကားစာဖတ်သူများအားမုဒိတာပွားနိုင်စေရန်ဝေမျှလိုက်ပါသည်။။။။။။။။။။။။။
………………………………….
သားတို့ ရုပ်ရည်၊သီတာမည်သား
ရေကြည်ချမ်းမြ၊တစ်ပေါက်ကလေး
ကျရုံမျှနှင့် ၊မိဘတို့ ဝမ်းငြိမ်းစတမ်းဆိုသည့် စကားရှိသည်နှင့် အမျှအမေသည်လည်းမိမိ၏ကှ်ျမျှသောစာပေတစ်ပိုဒ်နှင့် ပင်
ကျေနပ်နေမည်။သဘောကျနှစ်ခြိုက်နေလိမ့် မည်။ပီတိရွှန်းဝေကာအပြုံးပန်းတို့ နှင့် ပြည့် သောစိတ်ချမ်းမြှေ့ ခြင်းကိုရရှိပေလိမ့် 
မည်ဟုထင်မှတ်ယူမိသည့် အလျှောက်အမေတိုင်းသည်လဲမိမိတို့ သားသမီးရတနာတို့ ၏တက်သိလိလိမ္မာမှု့ ကိုစားသုံးဝဖြိုးရန်
ဆန္ဒရှိကြခိမ့် မည်ဟုမှတ်ယူမိပါသည်။
               အမေ့ မေတ္တာကြီးမားပုံကိုလောကပရ၀ဏ်အတွင်းရှိသောမဟာသမုဒ္ဓရာအသွယ်သွယ်နှင့် ညွှန်ပြဖွဲ့ ဆိုခြင်းငှား
မမှီနိုင်ဖြစ်ရချေကာမဟာပထ၀ီမြေထုနှင့် နှိုင်းယှဉ်ဖို့ ရာလဲမည်သို့ မျှမမှီနိုင်ပေ။
ထို့ အတူမြင်းမိုရ်တောင်ဟူသည်မိခင်မေတ္တာနှင့် ပြိုင်လိုက်တိုင်းထာဝစဉ်သေးငယ်နေတက်သောကြောင့် အရှုံးနှင့် သာရင်ဆိုင်နေရသည့် သာမန်ဒြပ်ထုတစ်ခုမျှသာဖြစ်သည်ဟုတွေးမိရင်းမိမိစိတ်တွင်းတွင်သာအမေ့ ရုပ်ရည်ကိုမှန်းမျော်လျှက်
ဇဗ္မ`ူဒီပါတွင်တုနိုင်းဖွယ်ရာမရှိသောဗုဒ္ဒအားရိုကျိုးသည့် အခါပြုမူနေကျအတိုင်းလက်ဆယ်ဖြာမိုးရ်ျရှစ်ခိုးမိသည်မှတပါး
အခြားမရှိခဲ့ ပေ။။။။။။။။။။။
………..မေမေရေ
ခေတ်ရေစီးကြောင်းကြောင့် လူနေမှု့ အဆင့် အတန်းတွေတိုတက်ပြောင်းလဲလာသည်။ထို့ အတူပြောင်းလဲခြင်းနိယာမတွေအောက်မှာ
ခေတ်သည်ဆက်လက်စီးမျောနေတယ်။ဒါပေမဲ့ မေမေမေတ္တာကတော့ မပြောင်းမလဲ
ကောင်းမြဲကောင်းနေခဲ့ တယ်။စီးဆင်းမှု့ ခြင်းတူရင်တောင်
မေမေမေတ္တာကထာဝရစီးဆင်းနေမဲ့ အနှိုင်းမဲ့ မြစ်တစ်စင်းရဲ့ သီအိုရီတွေနဲ့ ပါမေမေ……….
ကျွှန်တော်မေမေ့ ကိုဘယ်အချိန်ကစပြီးမှတ်မိခဲ့ တယ်ဆိုတာတောင်မမှတ်မိခဲ့ တော့ ပါဘူးမေမေ။ကျနော်မှတ်မိသမျှထဲမှာတော့ 
မေမေရှိနေရင်ကျွန်တော်ဘာကိုမှမကြောက်တက်အောင်သတ္တိတွေရှိနေခဲ့ ဖူးတယ်။
ကျွန်တော်ဖြတ်သန်းရတဲ့ လူ့ ဘ၀သက်တမ်းထဲကအရှုံးတွေကိုတွေ့ ရတဲ့ အခါမှကျွန်တော့် ရင်ဆိုင်မှု့ အတွက်မေမေ့ ကိုအားကိုတကြီးတမ်းတတက်တဲ့ သိုးမည်းတစ်ကောင်မို့ ကျွန်တော်ဖြစ်တည်မှု့ ကိုနောင်တရတယ်မေမေ။။။။။။။။။။။။။
ခလုတ်ထိမှအမိတတယ်လို့ ပြောခဲ့ တဲ့ သူကိုလဲချီးကျူးမိတယ်
……………..
အမှန်အတိုင်းပြောရရင်မေမေ့ နို့ ရည်ရဲ့ အရသာဟာချိုတယ်ခါးတယ်၊ပူတယ်အေးတယ်ကွှန်တော်မသိခဲ့ ပါဘူးမေမေ…
ဒါပေမဲ့ မေမေ့ နို့ ရည်နဲ့ ရှင်သန်ကြီးထွားခဲ့ တဲ့ ကျွန်တော်ကိုတော့ မေမေဟာအမြဲတမ်းချိုမြန်အေးမြတဲ့ အပြုံးတွေ သာ
ဖန်တီးပေးတယ်ဆိုတာသိပါတယ်မေမေ။။။။။။
ဘ၀ကတစ်ခါတစ်လေပူတယ်မေမေ။။။။။။။။
ကိုယ်တိုင်တွေ့ ကြုံရတဲ့ ဘ၀အမောတွေကိုလူမှု့ ဖျော်ဖြေရေးအကူပစ္စည်းတွေနဲ့ ဖြေတယ်။မောဆဲမောမြဲပါပဲမေမေရယ်
မေမေ့ ရင်ဘတ်ကိုခေါင်းအပ်ရတဲ့ အချိန်ကိုသာပြန်လိုချင်မိခဲ့ တယ်။။။။။။။
အဲ့ ဒီလိုအချိန်မှာမေမေ့ ရင်ခွင်သာလျှင်ဘူမိနတ်သန်နေရာမှန်ဆိုတာကျွန်တော်အတွေ့ အကြုံတွေအရယုံမှားစရာမလိုပါ
ဘူးမေမေ။။။။။။။။။
            ကမ္ဘာကြီးထဲကျွန်တော်အနှစ်ခြိုက်ဆုံးစကားလုံးလေးတစ်လုံးရှိတယ်မေမေရေ……………
            အဲ့ ဒါကမေမေ့ ကိုချစ်တယ်လို့ ပြောတိုင်းကျွန်တော်ပါးလေးကိုကိုင်ပြီးလိမ္မာလိုက်တဲ့ သားလေးလို့ ပြောတက်တဲ့ 
မေမေ့ အပြုံးတွေနဲ့ စီခြယ်သွန်းလွှတ်တဲ့ စကားလုံးလေးပါမေမေ။။။။။။အဲ့ ဒီစကားလေးကကျွန်တော်ရင်ဘတ်ရဲ့ ဟိုးအနက်ရှိုင်း
ဆုံးတစ်နေရာမှာဂန္ဒ၀င်တစ်ခုအဖြစ်စွဲပြီးကျန်ရစ်နေမှာပါလေ။။။။။။။
မေမေရေ……………………
မေမေလို့ တစ်ခါခေါ်ခွင့် ရတိုင်းကျွန်တော်ကိုကျွန်တော်အရာအားလုံးပြည့် စုံနေသူလို့ ခံစားမိခဲ့ တယ်။
ဟုတ်တယ်မေမေ။
တစ်ချို့ လူသားတွေမှာလူဖြစ်ကတည်းကမေမေလို့ ခေါ်ခွင့် မရခဲ့ ဘူးခေါ်ချင်ခဲ့ ကြပေမဲ့ လဲဘ၀ပေးကုသိုလ်ကံအကြောင်းအမျိုးမျိုး
ကြောင့် မေမေဆိုတာသူတို့ အတွက်ဖြူသလားမဲသလားတောင်သိခွင့် မရှိခဲ့ ကြဘူးလေ
ပြောရပါဦးမယ်မေမေရယ်။။။။
ဂလိုဘယ်လ်လိုက်ဇေးရှဲန်းဆိုတဲ့ လူ့ ရွာကြိးထဲမှာအခုဆိုရင်အာတီဖစ်ရှဲခေတ်တစ်ခုလို့ ပြောလို့ ရအောင်ဖြစ်နေပြီ
ကိစ္စတောိတော်များများကိုနည်းပညာတွေနဲ့ ပုံတူဖန်ဆင်းတဲ့ ခေတ်မှာအချစ်တောင်အတုရှိတယ်တဲ့ မေမေ။။။။။။။
အခုတော့ ကျွန်တော်လဲကိုယ်တွေ့ ပေါ့ မေမေ……….
အတုတွေအများကြီးနဲ့ လည်ပတ်နေတဲ့ ကမ္ဘာမှာမေမေ့ မေတ္တာကိုအတုဖန်ဆင်းဖို့ ဘယ်လိုနည်းပညာရှင်ကမှရှာတွေ့ မှာ
၊ရှာနိုင်မှာမဟုတ်သလိုတန်းခိုအရှိန်အ၀ါကြီးမားတဲ့ မေမေ့ မေတ္တာကြောင့် ရှာဖွေရဲမှာလဲမဟုတ်ပါဘူး
ကျွန်တော်ပြောရဲတာပေါ့ ။။။။
မေမေထမင်းဝိုင်းတစ်ခုမှာဆားမပါတဲ့ ဟင်းဟာအကြီးမားဆုံးလိုအပ်ချက်ကြောင့် အရသာပေါ့ ပျက်လို့ ဘေးဖယ်ထားပြီး
တခြားစားစရာတွေနဲ့ အစားထိုးလို့ ရနိုင်ကောင်းပေမဲ့ 
မေမေ့ မေတ္တာကိုမရလိုက်တဲ့ လူသားတွေအတွက်ကတော့ အစားထိုးမရတဲ့ ဆုံးရှုံးမှု့ ကြောင့် တစ်သက်လုံးစိတ်ဒဏ်ရာ
ရသွားနိုင်စေတာမြင်ရတော့ မေမေ့ မေတ္တာကိုအပြည့် အ၀ရနေတဲ့ ကျွန်တော်ဟာကမ္ဘာမှာဘာမှထပ်မရတော့ ရင်တောင်ကျေနပ်တယ်။
ကျွန်တော်ကျေနပ်ပါတယ်မေမေ။
ကျွန်တော့် အရှုံးတွေနဲ့ ရင်ဆိုင်ရတိုင်းအားအင်အသစ်တွေဖန်ဆင်ပေးတက်တဲ့ မေမေဟာကျွန်တော်အတွက်တော့ မဟာ
ဂရုဏာရှင်တစ်ယောက်ပါ။
အခုလဲကျွန်တော်တိုက်ပွဲတွေပြင်းထန်နေဆဲပါပဲမေမေ…
မောင်ရေ………သာလေးကိုညနေဆေးခန်းပြရမယ်နော်တဲ့ 
မေမေ့ အေးရိပ်ခိုနားဖို့ ခြေဦးပြန်အလှည့် မှာကြားလိုက်ရတဲ့ အဲ့ ဒီလိုစကားလုံးတွေကြောငိ့ 
ကျွန်တော်ရဲ့ သန်းခေါင်တွေဟာဘယ်တော့ မှအာရုဏ်မကျင်းခဲ့ ဘူးမေမေရေ။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
                                                                                                   မင်းလူန
In: စကားပြေ Posted By: Date: Sep 15, 2010
Leave Comments
Name*
Email*
Website
Email me whenever there is new comment