Professional Authors

မေ…………သို့ (၉)

မေ………….မင်းရဲ့ 
မျက်စောင်းနဲ့ ငြိုငြင်မှု့ တိုင်းကို
ချွန်မြသောဓားသွားများစွာထက်
ငါ……..ကြောက်တယ်
ငါ့အိမ်မက်တွေကို
တစ်ခုချင်းစီခွဲခြမ်းစိတ်ဖြာကြည့် လေတိုင်းလဲ
မေ………….
အိမ်မက်တွေနဲ့ ငါဟာမင်းလောင်း၇ိပ်အောက်မှာပဲ
မျက်ရည်စက်လက်ဖြစ်နေတုန်းပါပဲ
အယောင်ဆောင်မှု့ တိုင်းဟာ
ရိုးသားခြင်းနဲ့ ဖီလာတယ်ဆိုတာ
ငါ…………………
ယုံကြည်ခဲ့ တယ်
မင်းငါ့ အပေါ်မရိုးသားခဲ့ ဘူးမေ
ငါ့ မေတ္တာတရားရဲ့ 
အကိုင်းအခက်လောကင်တောင်မင်းနဲ့ မတန်ဖူး
မင်းကိုမုန်းတယ်
ပစ်ပစ်ခါခါမုန်းတယ်
ဒါကရင်ဘတ်ထဲကနေ
စာ၇ွက်တွေအပေါ်ကြွေကျခဲ့ သော
ငါ့ ရဲ့ ကိုပိုင်ဒိုင်ယာလော့ 
အပြင်ဘတ်မှာတော့ …မေ
မင်းရဲ့ မျက်ဝန်းလေးနဲနဲအရောင်ပြောင်းသွားခဲ့ ရင်တောင်
အဲ့ ဒီအပြစ်ဟာ
ငါ့ ကြောင့် လို့ ခံယူခဲ့ ရသူပါ
မေ……………မင်းရဲ့ ပါတ်ဝန်းကျင်ကိုကြည့် ပေးပါ
ကျေးဇူးတရားနဲ့ 
လွတ်ကင်းသောအရာမရှိသလောက်အောင်
အရာရာဟာအမှီသဟဲပြုတက်တဲ့ 
သဘောတရားတွေနဲ့ ပြည့် နှက်ဆဲပဲလေ
ငါ့ အတွက်တော့ မင်းကျေးဖူးတွေကြောင့် 
ငါ့ ကိုယ်ငါရပ်တည်ဖို့ 
တော်တော်အားယူရတော့ မယ်မေ
ရက်စက်ခဲ့ ဖူးသော.မေရေ

မင်းလူန

In: ကဗျာ Posted By: Date: Jul 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment