Professional Authors
ချစ်သူသည် အစိမ်းရောင် ဘာသာ စကားဖြင့် ကျွန်တော့် အား ဆိုသည်
နှင်းဆီတစ်ပွင့်…
ကောင်းကင်မှာ…ပွင့်နေပါသည်
ရိုးတံကိုကျွန်တော် မဖြတ်လိုပါ
စိမ်းလန်းသောမြေမှာ
ကွန်တော် ပွင့်၍ ….
သူအားချစ်ခင်လိုပါသည်…
                                                          (၁)
နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြခြင်းဖြစ်သည်။ သူမနှင့်ကျွန်တော် ဖက်လှဲတကင်း မငိုခဲ့ကြပါ။ နှစ်ယောက်စလုံး၏  ကိုယ်ပိုင် အတ္တများဖြင့်လည်း တစ်ယောက်ယဉ်ကျေးမှု တစ်ယောက် ရိုက်မဖြုတ်ခဲ့ကြပါ။ ထို့ကြောင့်…ကျွန်တော်တို့ အနား သင် ရှိ နေခဲ့မယ် ဆို လျှင် မည်သည့်သစ်စိမ်းချိုးသံကို မှ ကြားရလိမ့်မည်မဟုတ်။ သာမာန်နှုတ်ဆက်နေကျ နေ့များကဲ့သို့ပင် ၀တ္တရား မပျက်.. ကျွန် တော် သူ မအား ကားဂိတ် သို့ လိုက် ပိုးပေးခဲ့ပါ ၏။ လမ်းတွင် စကားဝါ ပန်း များက်ု ခူး၍ သူမ ဆော့ ကစားရန် အတွက် လည်း .လက်ဆောင် အဖြစ် ပေးခဲ့ ပါ သေး သည်။
                 “ ငါသွား ပြီ နော်…”
                  “အေး…”
     လမ်းခွဲစကားသံက ဤ မျှသာဖြစ်သည် ။ တစ်ကယ် တော့ ကိုယ်ပိုင်စိတ်ကြိုက်တည်ဆောက်ထားသော ဘ၀တစ်ခု အတွင်း သို့  ကိုယ့် လိုလူတစ်ယောက်အား ခေါ် မထည့် လို့ခြင်း သည် တရားသော နားလည်မှုတစ်ခုဟု ကျွန်တော် ထင် ပါ သည်။ စင်စစ် ကျွန်တော် တို့ နှစ် ဥိး သည်  အယူအဆတူ၍  လမ်းခွဲခဲ့ကြခြင်းဖြစ်သည်။ သို့သော်…ဤနေ ရာလေး ကို တော့  သူ မ မကြာ မကြာလာလေ့ရှိကြောင်း ကို တော့…..တွန့်ကြေလျှက်ရှိ သော..သစ်ရွက် စိမ်း ကလေးများ က ကျွန်တော့် အား ပြော ပြနေပါသည်။ တစ်စုံတစ်ခု အားတွေးတော နေလျှင်…အနီးအနားရှိ ပစ္စည်းတစ်ခုခု အား လုံးချေနေတတ်သည် မှာ …..သူ မ၏ ပြုပြင်၍ မရသော အမူအကျင့် တစ်ခု ဖြစ် ၏။
                                                          (၂)
                                     “ ဒီမယ် အမိ…ခင်ဗျားဒီ စာအုပ်ကို ဘာကြောင့် ဒီလောက်
                                       သဲကြီးမဲကြီးဖတ် နေရ တာလဲ…”
           ပြူးကြောင် ကြောင် နှင့် သူမ ချစ် စရာကောင်းလောက် အောင် ကျွန်တော့အားကြည့်ပါ သည်။ထို့နောက် ဘာ မှ မသိသလို ရယ် ၍ ..
                                       “အမိဆို တာ ငါ့ကြီးတော် ကြီး သမီး နာမည်….ငါ့ နာမည်မဟုတ် ဘူး
                                         ငါ့နာမည်က “မြင့်”  ဒီ စာ ကို ဖတ် နေရတာ လူတွေရဲ့ စိတ်နဲ့တူလို့”
                                          “ ဆို ပါ ဦး …. ဘယ်လို တူ တာလဲ”
          သူ မ သည် ကျွန်တော့် အား တစ် ချက် ဆွေ ကြည့် ကာ…..
                                          “ ဒီ လို လေ ဟာ …. သာမာန် logic မှာ လူ တစ် ယောက် ကောင်း တယ် လို့ ယူ ဆရင် အဲဒီလူ ဆိုးတယ် ဆို တဲ့ အယူအဆ ဟာ လုံးဝ မှားတယ် ။ Fuzzy မှာ ကျ တော့ လူဆို တာ ဆိုးတယ်ကောင်းတယ်လို့ တိတိကျကျ ဆုံးဖြတ် လို့မရဘူး ။ ဒီနေ့လူတစ်ယောက် ဟာ…အကောင်း မြင် ၀ါဒ ၇၀ ကျပ်သားရှိ ပြီး…အဆိုးမြင် ၀ါ ဒ ၃၀ သားရှိ နေ မယ် ဆို ပါ တော့ ။ ဒီလူ ကို လူကောင်း လို့ ပြောလို့ ပြော လို့မရ သေးဘူး။ အဆိုးမြင် ၀ါ ဒ ၃၀ သားကြောင့်လဲဒီ ကောင် ရန် ထဖြစ် ချင် ဖြစ် နေ မှာ။ ဒီ လို ပြော တာ ”
     သချာင်္ မှာ သုံးသော အယူအဆ တစ် ခု ကို ဤ ကဲ့သို့ ပေါက် ပေါက် ရှာရှာ တွေးတောတတ် ခြင်းသည်…သူမ အလေ့အထ တစ် ခုဖြစ် သည်။ ထိုသို့ဖြင့် ရန် ကုန် မြို့ တွင်း က ချောင် ကျကျ လက်ဖက်ရည် ဆိုင် တစ် ခုတွင်  ကျွန်တော် ကဲ့ သို့ .. ကျ ဆိမ့် သောက် တတ် သော ကောင် မလေး တစ် ယောက်နှင့်  ရင်းနှီးခဲ့ကြပါ ၏။ သူမသည် လည်းနယ်မှတက် လာ သူ တစ် ဦး ဖြစ် ကာ ကျွန်တော် လို့ပင် တိုက် ခန်း တစ် ခု တွင် တစ်ယောက်တည်းနေ ထိုင် ပါ သည်။ သူမတွင် သူငယ်ချင်းမိတ်ဆွေများများစားစား မရှိ ပါ။ စင် စစ် ကျွန်တော် တစ်ဦး တည်း သာ ဖြစ် သည်။ ဘာကို မှ အရေးတကြီးတန်ဖိုးထားစရာမလို ဟု  ယူဆထားသော သူ မ၏ စိတ် ဓာတ် ကြောင့် ဖြစ် ပေ လိမ့်မည်။
                                                          (၃)
      သူမ၏တိုက်ခနိးငယ် ငယ်လေးတွင်ရှိ သော စာအုပ်များကသူမ ၏  စာဖတ် ၀ါ သနာကို ဖော် ပြနေ သည်။ စိတ်လိုလျှင် ကျွန်တော့်အခန်း ကို ရှင်းပေးတတ်သောသူမ သည် သူမ၏ အခန်းကိုတော့ရှင်းလင်းမထား ။ beer ပုလင်းတစ်ချို့၊ စီးကရက် ဗူးခွံ တစ်ချို့၊ ပြန့်ကျဲလျှက် ရှိ သော စာအုပ် တော် တော် များများ ကကြမ်းပြင် တွင် လဲလျောင်းနေပါ သည်။
                                         “ ငါအခန်းမရှင်းတာ ၃လလောက်ရှိပြီ ဟ …”
                     နီရဲသော မျက် ပြင် ကို ရယ် ကျဲကျဲ လုပ် ၍  “မြင့်” က ပြောပါ သည်။
                                                     “နင့်အခန်းကယောကျာ်း တစ်ယောက်ရဲကအခန်းနဲ့တူတယ် ”
                    လို့ ကျွန်တော် ပြော သော အခါ  သူ မရယ် ပါ သည်။
                                             “ အခန်းထောင့်ကခြ စားနေ တာ ဘာစာအုပ် တွေလဲ”
                                               “ရသ စာအုပ်တွေ လေ….တမင် ဒီအတိုင်းဖြစ်အောင်ထားထားတာ”
                                                “ ဘာလို့….”
                                              “ အဲဒီ စာအုပ် တွေထဲ မှာ ငါ ဘ၀တစ်လျှောက် သိ ခဲံ ရ တဲ့ အသိ တွေ အကြောင်း ပါ တယ်…ဒါ တွေကို ငါ ပြန် မဖတ် ချင် တော့ဘူး. … ငါ ကစိတ်ပျော့ တယ် ဟ”
                         ယခု သူမ ဖတ် နေသော စာအုပ် မှာ အိုဆို ၏ ဓမ္မပဒ ဖြစ် ပြီး သူမတွင် လူပြော သူပြော များသော စာအုပ် ထူကြီး များလည်း  ရှိ နေ၏။ သို သော် သူမ မည် သည့်အခါ မှ ဖတ် လိမ့်မည် မဟုတ် ။ အဖြေကရိုးရှင်းပါ သည် ။ သူမ သေဆုံး သောတစ်နေ့တွင် အခန်းရှင်းသူလာ ၍  ရှင်းလင်းရေး လုပ် သော အခါ အဆို ပါ စာအုပ်များကို မြင် တွေ့ ပြီး…သူမ အား အထင် ကြီး သွားစေလို သော ရည် ရွယ် ချက် ကြောင့် ဖြစ် သည် ဟု…တစ် ခါ က ကျွန်တော့် အားပြော ပြဘူးသည်။ မြင့် သည်  လူ တွေ တန် ဖိုးထားတတ် သော အရာများကို  အနု နည်းနှင့် ဖာသိဖာသာ အရွဲ့ တိုက် တတ် သူလည်းဖြစ် ၏။ 
                                                          (၄)
      ၁၂ ရာသီ စက်ဝန်း၏ လူ မသိ သူမသိ နေ့တစ် နေ့တွင် သူမနှင့် ကျွန်တော် ချစ် သူဖြစ်ခဲ့ကြသည် ။ မှတ်မှတ်ရရ ထိုနေ့သည် နွေရာသီ ဖြစ် သောကြောင့်…မိုးလုံးဝမရွာပါ….။
                                    “ နင် ငါ့ကိုချစ်လား….”
                                     “ အင်း ….”
                                                          (၅)
          ချစ်သူဘ၀တွင် သူမ ကျွန်တော့်အခန်းသို မကြာမကြာလာရောက် လည် ပတ် ပါ သည်။ သူမလာလျှင် ဦး စွာ ပထမ ကျွန်တော် လှန်းထားသော အ၀တ် များကိုရုပ် ပေလိမ့်မည်.။ ထို့နောက် သေသေ သပ်သပ်  ခေါက်  ပြီးလျှင်  သေတ္တာထဲတွင် ဖြစ် စေ၊ ကုတင် ပေါ်တွင် ဖြစ် စေ သူမထားပေ လိမ့်မည်။ ပြီးလျှင် ကျွန်တော့်၏ ရေးလက် စ စာများကို အေးအေးဆေးထိုင် ဖတ် လေ့ရှိ သည်။ ဤ အပြုအမူ ကို သူ မ မည် သည့် အခါ မှ အလျှင် စလို လုပ်လေ့မရှိ ။ ကျွန်တော် တန် ဖိုး ထားသောအရာ များ ကို လေးစားတတ် ခြင်းသည် သူ မ ၏ ပင် ကို ဓလေ့စရိုက် တစ် ခု ဖြစ် သည်။ ထို့နောက် ကျွန်တော် နှင့် စကားပြော မည်။ မပြော ချင် လျှင် လဲမပြော။တစ် ခါ တစ် လေ..သူမ တစ် နေကုန် နေ၍ စကားတစ် ခွန်း မျှ မပြော ပဲ ပြန် သွားလေ့ရှိ သည်။ သူမ သည် အချစ်ရမ္မက် ထုံးမွှန်းနေ သော အနု အလှ စကားတို့ကို မည် သည့် အခါ မှ မငြင်း ပယ် သော် လည်း… အချိန် ကုန် ခံ၍ နားထောင် လေ့ မရှိ။ ကျွန်တော် သည် လည်း မည် သည့် အခါမျှ အချိန် ကုန် ခံ၍ မပြော။ ထိုကဲ့သို့ ကျွန်တော် တို့ နှစ် ဦးကြားတွင် အပေးအယူ မျှ တလျှက် ရှိ ခြင်း ကြောင့် လည်း… မည်သည့် အခါ မှ ..ပြသနာ မဖြစ် ခဲံကြခြင်း ဖြစ် ၏။ တစ် ခါ တစ် လေ မြင့် စိတ် ညစ် လျှင်  ကျွန်တော့် အခန်းတွင် အရက် လာသောက် လေ့ ရှိ သည်။ စိတ်ညစ်ရ သော အကြောင်းအရင်းမှာ သူ မ ၀ယ် မစီး နိုင် သော ဒေါက် ဖိနပ် များကြောင့် မဟုတ် ။အင်္ကျီ တစ် ထည် ကြောင့် မဟုတ်။ ငွေကြေး ကြောင့် မဟုတ်။ တစ် ခါ တစ် သူမ နှစ် သက် သော စာ အုပ် တစ်အုပ် အဖုံး ပြုတ် သွား လျှင် ပင် ငိုကြွေး တတ် သော ကလေး တစ် ယောက် ဖြစ် သည်။
              တစ် ခါတစ် လေ အမူးလွန်ပြီး မနက် အထိ မြင့် အိပ် ပျော် သွားတတ် ၏။ ထိုအခါ မျိုး၌ ကျွန်တော် သည် သူမ အား မွှေ့ ယာ ထက် ၌ အိပ် စေပြီး လျှင် … ကျွန်တော့် အတွက် စားရေးစာပွဲ ခုံသည် တစ် ည တာ ၏ ခေါင်းတင် မှေးစက် ရာ အိပ် ယာ တစ် ခု ပင် ဖြစ် သည်။
              ကျွန်တော် ချစ် သော ပန်းကလေးကို ကျွန်တော့် ကြောင့် မနွမ်းစေလိုပါ။ အပင် ပေါ်မှာ သဘာဝ အတိုင်း ပွင့် ဖူးနေ သော သူ မအား  အတ္တလက် ချောင်း များဖြင့် ရိုးတံ မဖြတ် လိုပါ ။  တစ်ရှိုက် မက် မက် ငေးမောကြည့်ရှု နေရ ခြင်းကပင်  ကျွန်တော့် အားကမ္ဘာ လော က နဲ့ အချိန် တော်တော် ကြာအောင် အဆက် ပြတ် သွားစေပါ ၏။ ကျွန်တော် ထင် ပါသည်။ အရေးတကြီး အသုံးဝင် စရာမရှိ ဘူးဆို လျှင်…..ကျွန်တော် ဒီ အတိုင်း ပဲထိုင် ကြည့် နေ ချင် ပါ သည်။
                                                          (၆)
    ဆောင်းရာသီ သည် ကံကြမ္မာ စက် ပန်း အား အလှည့်အေဲ့ာင်းလုပ် ရန် ရန် အတွက် သူ မ ၏လက် ချောင်း များအား ဖြန့် ထား ၏။ မြင့်နှင့်ကျွန်တော် ထိုနေရာ ကလေးတွင် အချိန် အတော် ကြာအောင် ဆွေးနွေးဖြစ် ခဲ့ကြသည်။ ကိုယ်ပိုင်ခံယူချက် များဖြင့်တည် ဆောက်ထားသောကျွန်တော့် ဘ၀ အတွင်း သို့ ကျွန်တေိာ့  ပဲ့ ကိုင်ရာသွားနီုင် မည့် လှေငယ် ကလေးကို သာလိုချင် ပါ သည်။ မြင့်သည် လည်းထိုအတိုင်းပင်။ သူကြိုးဆွဲရာက နိုင် မည့် ရုပ် သေးရုပ်ကလေးကျွန်တော့် မဖြစ်စေလိုပါ။ ကျွန်တော် လဲ မဖြစ် ချင် ခဲ့ပါ။ လောက၌ ခိုလှုံရာ အိမ်မရှိ။အားကိုးရာ မိတ် ဆွေ အပေါင်းအသင်း မရှိ။ ဘ၀တစ် လျှောက် လုံး ကိုယ့် ခြေ ထောက် ပေါ် ကိုယ် ရပ် ၍ မိမိရပ် တည် နီုင် ရေးအတွက် ခံ ယူချက် နှင့် အတ္တကို အားကိုး ခဲ့ ရသော လူ တစ် ဦး အဖို့ မိ မိ ၏ ယုံကြည် ချက် ကို မစွန့်လွှတ် နိုင် ခြင်း မှာ အစွန်းရောက် ခြင်း မဟုတ် ။ ထိုနည်း နှင့် ပင် ကျွန်တော် တို့ အသက် ဆက်ကာ ပြသနာပေါင်းသောင်းခြောက် ထောင်ကို ဖြေရှင်းခဲံရသည် မဟုတ် ပါ လား။
       သံယောဇာဉ် သည် စက္ကန့် နှင့် အမျှ ကျွန်တော် တို့အားရစ် ပတ် ပါ သည်။ ထပ်မံ၍ မရစ် ပတ် စေလို တော့ ပါ . ခွဲခွားဖြင်းတစ် နေ့ အတွက် ခံနိုင်ရည် ရှိ အောင် ကျွန်တော် တို့ အကောင်းဆုံးပြင် ဆင် ခဲ့ ကြပါ သည်။ ကိုယ် ပိုင် အတ္တ များကြောင့် တစ် ယောက် ကို တစ် ယောက် ဒုက္ခ မရောက် စေ လိုပါ။
          ချစ် ခြင်းသည် ဘ၀ တစ် ခု မဟုတ် ။ ဘ၀ တစ် ခု တွင် ကျွန်တော့် တို့ ဖြတ် သန်းရမည်း သေး ငယ် သော တစ် စိတ် တစ် ဒေသ သာ ဖြစ် ၏။ ထိုသို့ပင် မြင့်နှင့် ကျွန်တော် အတွေးတူခဲ့ကြပါ သည်။ ဒီ ထက် ပို၍ သံယောက် ဇဉ် မတွယ် ခင် မှာ ပင် မြင့် နှင့် ကျွန်တော်  လမ်းခွဲ ဖြစ် ခဲ့ကြ သည်။ 
                                                          (၇)
                 အခု “မြင့်” ကို ကျွန်တော် လွှမ်း ပါ သည်။ သူမ အားပြော ပြ လျှင် “ နင် ကသတိရခြင်း ကို ခံစားချက် နဲ့ အရောင် ဆိုးတာ ကိုး ”  ဟု သူ မ ပြော ပေ လိမ့် မည်။ တစ် ကယ် တော့ သူမလည်းလွမ်း လျက် ရှိနေ ခြင်း ကို တော့ မြေ ပြင် တွင် တွန့် ကြေ နေ သော သစ် ရွက် စိမ်း များ က ကျွန်တော့် အား ပြော ပြ ပါ သည်။
                 ကိုယ် ပိုင် ခံယူချက် များအားလုံး အချစ် ကို ရှုံးနိမ့် သော တစ် နေ့ သူမ နှင့် ကျွန်တော် ပြန် ဆုံ ကြဦး မည်။ ထို သောနေ့တွင် ကျွန်တော့် ချစ် သူ သည် ကမ္ဘာ မြေ မှ အကောင်း ဆုံး သော သစ် သီး များအတွက် ကျွန်တော့် အားစောင့် မျှော် နေ ပေလိမ့် မည်။ထို့နောက်.“ အချစ် တွင် သံယောဇဉ် ၇၀ ကျပ် သားပါ တာ ကိုး ” ဟု  သူ မ ပြော ချင် ပြော ပါ လိမ့် မည်။ သို့ မဟုတ်  “ နင့်ကို သနားလို့” ဟု ပြော ပါ မည်။ မည် သို့ ပင် ဖြစ် သူ မနှင့် ကျွန်တော့် ကြားတွင် ယခု အချိန် အထိ ချစ် ခြင်းမေတ္တာ ရှိ နေသေးကြောင်းကို တော့…တွန့် ကြေနေ သော သစ် ရွက် စိမ်းများ ကပြော ပါ သည်။ ယခု သူ မ သည်  ကျွန်တော်နှင့် အဝေးဆုံးနေ ရာ တွင် နေ ၍  အနီး ဆုံး ကျွန်တော့် နှလုံးသားတွင် ၀င်ရောက် မှေး စက် နေကြောင်း ကို လည်း..တွန့် ကြောနေ သော သစ် ရွက် စိမ်း များ က ကျွန်တော် အား လူ မသိ သူ မသိ တိုး တိုး ကလေး ပြော နေ ပါ တော့ သည်….။
                             …………..။            ။………………..
In: ဝတ္ထု Posted By: Date: Apr 28, 2011
Comment #1
ကောင်းလိုက်တဲ့ ၀တ္ထုလေး။
ခံစား ဖတ်၇ူ အားပေးနေပါတယ်။
commentinfo By: မယ်မနော at Apr 28, 2011
Comment #2
ကျေးဇူးတင်လျက် ပါ …ခင်ဗျာ။….:D
commentinfo By: Demon 13 at Apr 28, 2011
Comment #3
ကျေးဇူးတင်လက်စနဲ့ တခုလောက်မေးချင်ပါတယ်
သူတို့နှစ်ယောက်လမ်းခွဲတဲ့ အကြောင်းက ဘာလဲဆိုတာ နောက်တခေါက်လောက်ထပ်ဖြေပေးလို့ရမလား။
ဘာကြောင့်မှန်း ဥာဏ်မမှီလိုက်လို့ပါ။
ဖြေရခက်က မဖြေပါနှင့်။
ကျေးဇူးပါ မင်္ဂလာပါ။
commentinfo By: မယ်မနော at Apr 29, 2011
Comment #4
အရမ်းကောင်းပါတယ်..စိတ်ကူးယဉ်ပြီးခံစားရေးဖွဲ့တယ်ဆိုရင်တောာင်…ဒီအထဲမှာနမူနာယူစရာအချက်တွေအများ
ကြီးရှိပါတယ်.. ဘာပဲပြောပြောတကယ်ချစ်တဲ့သူနှစ်ယောက်ကိုတော့ဆုံစည်းစေချင်ပါတယ်…။
commentinfo By: ရွှေငါး at Apr 29, 2011
Comment #5
တစ် ယောက် က တစ် ယောက် ရဲ့ list ထဲ မှာ မပါ ဘူး…. ကောင် မလေး ကကောင် လေး လက် ထပ် ချင်တဲ့ မိန်း မမျိုး မဟုတ် ဘူး…..ကောင် မလေး အတွက် လည်း ဒီ လို ပါ ပဲ…..သူ တို့က ချစ် တာ နဲ့ လကိ ထပ် တာကို မတူ ဘူးလို့ ယူ ဆထား တာလေ…လပ် မထပ် ချင် လို့ လမ်းခွဲလိုက် ကြတာ ပါ ….ဘယ်လိုပြော မလဲ …သူတို့က နှစ် ယောက် ပေါင်း ပြီး ဘ၀ တစ် ခု တည် ဆောက် ချင်တာ မဟုတ် ဘူး….. ကုယ် တည် ဆောက် ထားတဲ့ ဘ၀ မှာ ပဲ တစ် ခြားလူတစ် ယောက် ကို ခေါ်ထည့် ထားချင် မျိုး…ပါ…..
lolx ရှင်းပြ မှ ပိုရှုပ် သွားမလားပဲ
commentinfo By: Demon 13 at Apr 29, 2011
Comment #6
အဖြစ် အပျက် အမှန် ပါ ပဲ .. ကို ရွှေ ငါး ရေ….ဒါ ပေမယ့် ပုံတူ ကူးလိုက် တော့ မဟုတ် ဘူးပေါ့….စိတ် ကူးလေးနည်းနည်းယဉ် ပြီး…..စိတ်ရူးပေါက် ရာကောက်ရေးထားတာလဲ ပါ တာပေါ့ ….lolx …:D….ကံဆိုးတာကတော့အခု ထိ သူတို့ မဆုံ သေး ပါ ဘူး 😀 lolx
commentinfo By: Demon 13 at Apr 29, 2011
Comment #7
အရမ်းကိုဖတ်လို့ကောင်းပါတယ် ,,, လက်မထပ်နိုင်ရင် နားလည်မှုနဲ့လမ်းခွဲလိုက်တာ နှစ်ဦးနှစ်ဖက်လုံးအတွက်
ကောင်းပါတယ် ,, အဖြစ်အပျက်လေးက တူနေလို့လည်းခံစားရတယ် 🙂
commentinfo By: rabbit at Apr 29, 2011
Comment #8
ကျေးဇူးပါ ပဲ…ခင်ဗျာ….:D
commentinfo By: Demon 13 at May 1, 2011
Comment #9
good !!
commentinfo By: thu lay at Jun 14, 2011
Comment #10
အရမ်ကောင်းတယ်လို့မပြောချင်ဘူး..။ပေါ့သွားမှာစီုးလို့..။ဒီထက်ပိုပြီးချီးကျူးတဲ့စကားရှိရင်ပြောချင်ပါတယ်.။
တိုက်ဆိုင်မှုရှိတာလဲပါတာပေါ့..။ဖြစ်ရပ်မှန်ဆိုရင် ဘာ့ကြောင်လဲမေးစရာမလိုအောင်နားလည်ပါတယ်..။
တခုတော့မေးချင်တယ်..။ကျေးဇူးပြုပြီးပေါ့…။ လမ်းခွဲခဲ့ပြီးတဲ့နောက် ဘယ်လိုခံစားခဲ့ရသလဲ..။
သိခွင့်ရှိမယ်ဆိုရင် please.
js986889
commentinfo By: zinmin at Jul 21, 2011
Comment #11
တစ်ခါ တစ်ခါ စဉ်စားမိရင်…နာကျင်သလို ခံစားရ တာက လွဲရင်……အဆင် ပြေ ပါ တယ်…နောင် တတော့မရပါဘူး….ဒါပေမယ့် မှားများမှားခဲ့လားလို့ တော့ တစ် ခါတစ် လေ..သံသယဖြစ် မိ တယ်
commentinfo By: Demon 13 at Jul 24, 2011
Comment #12
အားပေးသွားပါတယ်အစ်ကိုရေ လေးစားရသောအရေးအသားများနဲ့ နောင်လည်းဆက်လက်ရေးသားပါဦးလို့…း)
commentinfo By: မိုးသစ်လေပြေ at Jul 26, 2011
Comment #13
ပြန်ဆုံနိုင်ကြပါစေဗျာ………………
commentinfo By: စောရယ် at Jul 26, 2011
Comment #14
တော်လိုက်တာဗျာ
commentinfo By: အသဲကွဲမိုး at Mar 12, 2012
Comment #15
အရမ်းကောင်းတယ်။ အားပေးခံစားသွားပါသည်။
commentinfo By: နွေ at Feb 11, 2013
Leave Comments
Name*
Email*
Website
Email me whenever there is new comment