Professional Authors

လှပသော မွေးနေ့ လက်ဆောင်

“နင့်ဖို့ မွေးနေ့ လက်ဆောင်ယူလာတယ်”

ဒါပထမဆုံးကြားဖူးခြင်း။
ပျော်လိုက်တဲ့ ဖြစ်ခြင်း။
သူငယ်ချင်းလို ပေါင်းတဲ့ အကိုတစ်ဝမ်းကွဲ မှ ပြောလာခြင်း ဖြစ်သည်။

“ရော့ ဒီမှာ “

စာအုပ် အဟောင်းတစ်အုပ်ပါလား…..မျက်နှာဖုံးကို ကြည့်လိုက်သည်.
.“ဘေဘီလုံတွင် အချမ်းသာဆုံးပုဂ္ဂိုလ်,(ဖေမြင့်)”

ပထမစာမျက်နှာကို ဖွင့်လိုက်သည်။

ညီမလေးအတွက်
၂၂နှစ်ပြည့် မွေးနေ့ လက်ဆောင်
                မှ
                 ကိုကြီး
                       ( 11.4.2009)

အမလေးလေး ကိုကြီး ဆိုပါလား တစ်နှစ်ပဲကြီးတာများ ……..အင်း လက်ဆောင်ထဲထည့်ေ၇းတာဆိုတော့ လဲ ထားလိုက်ပါတော့။

“စာအုပ်က အဟောင်း အသစ် တန်ဖိုးအတူတူပဲ အသစ်ဖြစ်ဖို့ အေ၇းမကြီးဘူး အထဲက စာတွေက အဓိက ငါစုထားတဲ့ စာအုပ်တွေထဲက ပေးတာ..နင်သေချာဖတ်ပါ…..မွေးကတည်းက ဆင်းရဲလာတဲ့နင် ချမ်းသာချင်မှာကို ငါသိတယ်….
နင့်ကို ချမ်းသာအောင် လုပ်ပေးဖို့ နည်းလမ်း အဲဒီစာအုပ်ထဲမှာရှိတယ်….
သေသေချာချာ ဖတ်….သေသေချာချာ လိုက်နာ……..သေသေချာချာ လိုက်လုပ်…”…….
ဒါက မွေးနေ့ လက်ဆောင်ပေးသူ၏ အမှာစကား။

စာဖတ်ဝါသနာပါသောသူ..အိမ်ေ၇ာက်တာနဲ့ ခေါင်းမဖော်တမ်း ပြူးတူးပြဲတဲ ဖတ်ပါတယ်..အချက် ၁၀ချက်တွေ့ တယ် မှတ်စုထဲချရေးသည်..လစဉ် ၀င်ငွေ၏ ၁၀ပုံ ပုံ တစ်ပုံကို စုရမည်..၉ပုံကို သာ သုံးစရာရှိက သုံး လှူစရာရှိက လှူ ..အကြွေးဆပ်စ၇ာရှိက ဆပ်….တစ်ပုံကိုတော့ မဖြစ်မနေ စုရမည်။

တော့် တော့် ကို လွယ် ၏။

ယနေ့ ထိ ထိုနည်းကို မစနိုင်သေးသည်သာ တော့် တော့် ကို ခက် ၏။

ရွှေမိုးအေး
25.1.2011

In: ဆောင်းပါး Posted By: Date: Jan 25, 2011
Comment #1

စာအုပ်နာမည်ကိုက
ဘေဘီလုံမှာလေ dan ရဲ့ ။
ဒီခေတ်နဲ့ ဒီနိုင်ငံမှာ မှ မဟုတ်တာ ။

Comment #2

ဟား…………
အားပေးသွားတယ် ကျေးဇူးပါ အကိုေ၇
မတွေ့ တာ ကြာပြီ။
ကဗျာတွေေ၇းပါအုံး
အားပေးချင်လို့ ပါ

commentinfo By: dan at Mar 18, 2011
Comment #3

birtyday

commentinfo By: ဇေယျာမောင် at Mar 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment