Professional Authors

Abnormal အောင်မောင်း ၏ အတွေးများ အပိုင်း ၂

အပိုင်း ၁ မှ အဆက်

ထိုနေ့ က . မိုးအုံ့ သောကြောင့် ၀န်းကျင်တခုလုံး ခပ်မှိုင်းမှိုင်း ဖြစ်နေသည်။ ကျူရှင်မှ အပြန် လမ်းတွင် လူကလည်းရှင်း ၊ ကားတွေ လည်း ရှင်း ။

 

မိုးရေကို ၀လင်စွာ သောက်သုံးထားသဖြင့် ပန်းပင်တို့ သည် စိမ်းစို လျက် ၊ မြက်ပင်တို့ သည် ၀င့်ကြွားလျက် ။

ပလက်ဖောင်း လမ်းမပေါ်မှ ရေညှိများက ပင် ကတ္တီပါ စိမ်း ကြီး ခင်းထားသည့် အသွင် ။

မိုးရွာပြီးစ . ညနေစောင်း . နေရောင်မပွင့်တပွင့်တွင် ကျွန်တော်၏ ညိုသည် ခါတိုင်းထက် ပိုလှနေသည်။ မိုးရေကြောင့် ဖြစ်ပေါ်လာသော ဗွက် အိုင် လေးများကို
ခုန်ရှောင်ရန် သူမ ၏ ထမီ စကပ် ကို အသာ မ လိုက်ချိန်တွင် ညိုစင်းသော
သလုံးသား လေးများကို ရင်ခုန်စဖွယ်တွေ့ ရ၏။

 

ထို့ နောက် ကျွန်တော်၏ မဟာ စီမံကိန်းကြီးကို စတင် အကောင်အထည်ဖော်ရလေတော့သည်။

လွယ်အိတ်ထဲမှ နှင်းဆီပန်း ငါးပွင့်ခန့် ကို ထုတ်ကာ သူမ အားပြလိုက်လေသည်။

သူမ ကလည်း အလိုက်တသိ ဘာမျှ မမေးတော့ ပဲ . လက်ညှိုးလေး တစ်ချောင်းထောင်က ခေါင်းကလေး ခပ်ဆတ်ဆတ်ငြိမ့်ပြသည်။ အဓိပ္ပာယ်မှာ တစ်ပွင့်လောက် ပေးပါ ဟု ဆို၏ ။

 

ကျွန်တော်ကလည် ထုံးစံအတိုင်း မိန်းကလေးတစ်ယောက်ကို ပန်းပေးရမည်ကို လိပ်ပြာမလုံသော ၊ မလိုအပ်ပဲ အရှက်အကြောက်ကြီးသော ယောကျာ်တို့ ၏ သမိုင်းပေးတာဝန် အတိုင်း မူ
ရပြန်သည်။

 

ဟာ..ဒီ ပန်းတွေ ကလေ..ဟို..ဘုရားပန်းတင်မလို့ ဟ..အမေ ၀ယ်ခိုင်းလိုက်တာ..

ဟု လီဆယ်ပြီးပြောရပြန်သည်။

 

သူမကလည်း ယောကျာ်းတန်မဲ့ . မူ . လွန်းသူကို တော့်တော့်ကို အမြင်ကတ်နေပုံရသည်။ သူမ က

ဟင်..နင် နော်.လုပ်ပြန်ပြီ…နင်က တော်တော် မူ ပါလား ၊

ပေးစရာရှိတာကို မပေးဘူး.. ဟိုအကြောင်းပြ.ဒီအကြောင်းပြနဲ့ .

ဒီမှာ.မပေး နိုင်ရင် လာမပြနဲ့ လေ… ပြ.ပြီးရင်တော့ ပေးရမှာပဲ .

သူများကို ဆပ်တငတ်ငတ် ဖြစ်အောင် လုပ်တာ ဘယ်လောက် ငရဲ ကြီးတယ် ထင်လဲ..နာမယ်..ပေး..

 

သူမ၏ တချက်လွှတ် စကားကြောင့်ကျွန်တော်သည် ထပ်မံငြင်းဆန်ရန် မစွမ်းသာတော့ပဲ ပန်းတစ်ပွင့်ကို အသာအယာ ကမ်းပေးလိုက်ရလေသည်။

သူမသည် ပန်းကလေးကို လက်ကမ်းယူပြီး နမ်း မည့် ဟန်ပြင်ဆဲတွင်

အား.. ဆူးတယ်.…ဟူသော အသံကလေး ခပ်အုပ်အုပ်ထွက်လာသည်။

 

အောင်ပြီ…အောင်ပြီ.. ငါ့ အကြံ အောင်ပြီ…ကျွန်တော်သည် စိတ်ထဲမှ ကြုံးဝါးလိုက်သည်။

လက်ကိုင်ရရေး အခွင့်အရေးကို ကျား ချောင်းသလို ချောင်းနေသောကျွန်တော်သည် ပေါ်လာသည့် အခြေအနေကို အကောင်းဆုံးအသုံးချလိုက်သည်။

သူမ ၏လက်ကို ဆတ်ခနဲ ဖမ်းကိုင်ပြီး လက်ညှိုးလေးကို ယုယစွာဖြင့် စတင် ၍ တပြွတ်ပြွတ် စုတ်ပေးလေတော့သည်။

 

ချစ်သူ၏ လက်တစ်ဘက်ကို ဆုပ်ကိုင်ခွင့်ရသူသည် ကမ္ဘာတစ်ခြမ်းကို သိမ်းပိုက်ခြင်း မည်ပါ၏

 

ရုန်းကန်ခြင်း အလျှင်းမရှိ ။ ငြင်းပယ်ခြင်းလည်း မပြု။

ရုတ်တရက် သူမ၏ ရွှန်းစိုသော သမင် မျက်လုံးများ ဖြင့် ပြူးကြောင်ပြီးရပ်ကြည့်နေသည်။

ငါ ကွ..အောင်ပြီ..ကိုင်ရပြီ..စုတ်လည်း စုတ်ရပြီ..

 

့စိတ်ထဲမှကြိတ်ပြီး ၀မ်းသာမိသော်လည်း ထင်မှတ်မထားသော အရာများကပေါ်ပေါက်လာခဲ့သည်။

 

ထိုသို့  စတင် စုတ်လိုက်သည်နှင့် တပြိုင်နက် . ချဉ်တင်တင် သွေး စ လေးများနှင့် အတူ ငံကျိကျိ အရသာ များက ပါ ရောယှက် လျက်။

ငါးပိ နံ့ လို လို . ငါးဖုတ်ခြောက်နံ့ လိုလို အနံ့ ဆိုးကြီးကလည်း သူမ ၏ လက်တွင် စွဲကပ် ခိုအောင်းလျက်ရှိသည်။

ခေါက်ဆွဲသုပ်ကို လက်ဖြင့်အားရပါးရစားခဲ့သည်လားတော့မသိ. ကြက်သွန်ဖြူ အနံ့ ကြီးကလည်း နှာခေါင်းဝ တွင် ထောင်းခနဲ ဖြစ်လာသည်။

ကျွန်တော်သည် ရုပ်ရှင် ဇာတ်လမ်းများနည်းတူ ကဗျာဆန်စွာ ၊ ရိုမန်းတစ် ဆန်စွာ ချစ်ရသူ၏ လက်ကို ကိုင်ကာစုပ်ခွင့် ရခဲ့သော်လည်း ရင်မခုန် နိုင်ခဲ့ပေ။

အလွန် အင်မတန် အသန့် အပျံ့ ကြိုက်သော ကျွန်တော်။

သူမ၏ လက်မှ အနံ့ ပေါင်းစုံ ရောယှက်မှူ့ နှင့် ငံကျိကျိ အရသာတို့ စုပေါင်း လိုက်ချိန်တွင် ကျွန်တော်၏ ရင်ခေါင်းထဲတွင်

ပျို့ ပြီးတက်လာသည်။ သို့ သော် အိနြေ္ဒ မပျက်စေရန် . မနည်းထိန်းထားလိုက်ရသည်။

 

စက္ကန့် ပိုင်းလောက်သာ ကြာသော်လည်း ထို သို့ သော အတွေ့ အကြုံကို နောင် အခါဘယ်တော့မှ မေ့လို့ ရနိုင်မည် မဟုတ်။

 

ယခုတော့ ကျွန်တော် ၏ အဖြစ်သည် ..

 

ချစ်တော့ ချစ်သည် … သို့ သော် ငံ သည်.

ကြိုက်တော့ ကြိုက်သည် .. သို့ သော် နံ သည်။

 

ဟု ဆိုရမလိုပင်

 

 

 

သူမကလည်း လမ်းမပေါ်မှ လူတချို့ က ကွက်ကြည့်ကွက်ကြည့်လုပ်သွားသဖြင့် အနည်းငယ်ရှက်စိတ်ဝင်ကာ လက်ကို ကဗျာ ကယာ ပြန်ရုပ်လိုက်သည်။

ထို့ နောက် ကျွန်တော်ပေးသော နှင်းဆီပန်းကို မယုံသင်္ကာ ၊ စူးစမ်းသာ မျက်လုံးတို့ ဖြင့် အသေအချာကြည့်လေတော့သည်။

နောက်ဆုံး ပြူးကျယ်သောမျက်လုံး တို့ ဖြင့် နှင်းဆီပန်း၏ အဆူးရှိသော အရိုးနေရာကို သေချာကြည့်ပြီးနောက်

မယုံကြည် နိုင်သော အံ့သြသော အသံတို့ ဖြင့် ပြောလေသည်။

ဟာ…လပြည့်..နင်..နင်.. ဒါတွေက.ဘာတွေ လဲ..ငါ့ကို .. အဆူး စူးအောင် တမင် ကြိုတင်ကြံစည်တယ်ပေါ့လေ။။

ကဲ ဟယ် ..ကဲဟယ်..ဟု ဆိုကာ..သူမ၏ လွယ်အိတ်ဖြင့် ကျွန်တော့် ခေါင်းကို ထု လေတော့သည်။

 

ထုစမ်းပါ.ကြိုက်သလောက် ထု..လက်ကိုင်ခွင့် ရတာ အမြတ်ပဲ ကွ.

 

 

ဟုတ်ပါသည်. သူမ စိတ်ဆိုးမည် ဆိုလည်း ဆိုးစရပင်

 

အခါတော်ပေး အောင်မောင်း ကြိုတင်စီမံထားသော . နှင်းဆီ အရိုးနေရာတွင် သုံးပိုင်းချိုးထားသော

ပင်အပ် အပိုင်း လေး သုံးပိုင်း က ကန့် လန့် ဖြတ် ထိုးစိုက်လျက်။

 

 

 

Abnormal ကြီးပြောတဲ့ အမျိုးသား ရင်ကြားစေ့ရေး

 

ကျွန်တော်သည် ကျောင်းပြီးကတည်းက သူငယ်ချင်းကြီး အောင်မောင်းနှင့် မတွေ့ ဖြစ်တော့သည်မှာအတော်ကြာလေပြီ။

တနေ့ သ မထင်မှတ်ပဲ . အင်တာနက် Gtalk တွင် ဆုံမိကြရင်း ထွေရာလေးပါး စကားများပြောဖြစ်ကြသည်။

 

ဟော့ကောင်ကြီး .မတွေ့ တာတောင်ကြာပြီနော်..မင်း အမ ကောနေကောင်းလား ..ငါ က.သတိရတယ်လို့ ပြောလိုက်ပါကွာ.

 

ဤသည်က ကျွန်တော်တို့ ငယ်သူငယ်ချင်းများ ၏ ပဋိသန္ဓာရ စကားများပင်တည်း ။

သူ သည် ငယ်စဉ်ကအတိုင်းပင် . ဘာမှ မပြောင်းလဲသေး . တွေ့ လိုက်သည်နှင့် အမ ၊ ညီမ များကို အလွတ်မပေးပဲ စ.နောက်တတ်သည့် သဘာဝ က.မပျောက်သေးပေ။

 

အံမယ်..မင်းက..အင်တာနက် ထဲမှာ.စာတို ပတ်စ တွေဘာတွေ ရေးလို့ ပါလားကွ..ဘလော့ တွေ ဘလောက်တွေ ရေးလို့ 

 

ကျောင်းတုန်းက . ကုပ်ကမြင်း လူကြောက် . မိန်းကလေး တွေနဲ့ စကားပြောရင် ခြေတုန်. လက်တုန် နဲ့ လူတော မတိုးတဲ့ကောင်က.အခုလို ကျတော့လည်း .ဘယ်ဆိုးလို့ တုန်း..

အချစ်အကြောင်းတွေများ ရေး ထားလိုက်တာ..ရည်းစား တစ်ဒါဇင်လောက်ထားဖူးတဲ့ ငါ တောင် အရှံးပေးရမလို ပဲနော်.

 

မင်းနဲ့ ကွာ..ရေး ရင်လဲ ကောင်းကောင်းရေးပါလား ။ မင်းရေးတဲ့ တခါတုန်းက တက္ကသိုလ်မှာ…တွေဘာတွေ ငါ ဖတ်ရပါတယ်.

မင်းကွာ..ငါ တို့ ကောင်တွေ စာ မတတ် ပဲ ဘွဲ့ ရတာကို အင်တာနက်ကနေ တကမ္ဘာလုံးသိအောင် ကြော်ငြာရသလားကွ. သိသာသိ ၊ မမြင်စေနဲ့ ပေါ့ကွ .. ဘာပဲဖြစ်ဖြစ်
အဖြစ်မှန်ကိုတော့ သိသွားတာပေါ့။

 

ပြီးတော့ မင်းရေးထားတဲ့ မြတ်ဆရာ ကိုလည်း ဖတ်လိုက်ရပါရဲ့ . ကောင်းတော့ ကောင်းပါရဲ့ .

ဒါပေမယ့်….ကွာ…

ဟူ အပြစ်တင်မည့် လေသံဖြင့် စကားစ လေသည်။

 

ကျွန်တော်ကလည်း ယခု လို ကျွန်တော့် စာများကို သေချာဖတ်ရှူ့ ပေးသည့်အတွက် ၊ သူ၏ ဝေဖန်အကြံပြုမှူ့ ကို ကြားချင် သည်။ ထို့ ကြောင့် .. ကျွန်တော်
.က..ဒါပေမယ့်..ဘာဖြစ်လဲ ကွ..ငါတို့ ကို စာသင်ပေးတဲ့ ငယ်ငယ်က ဆရာ ၊ ဆရာမ တွေ
အကြောင်း ရေးထားတာလေ ။ မကောင်းဘူးလား

ထိုသို့ ပြောလိုက်သောအခါ . အောင်မောင်း က အလွန်ကောင်းသည့် ပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်နှယ် ကျယ်လောင်စွာ တဟားဟား နှင့် ရယ်လေသည်။

ကျွန်တော်သည် အဘယ်ကြောင့် ယခု လို လှောင်ရယ်..ရသနည်းဟုမေးသော်အခါ ။ သူက

မင်းက မြတ်ဆရာ ခေါင်းစဉ်နဲ့ ရေးလို့ ငါ ဖတ်လိုက်ပါရဲ့ ။

ဒါပေမယ့် . ဆရာတွေ အကြောင်းက နည်းနည်း ။ မင်းဘာသာ ကိုယ်ရည်သွေးပြီးတော့ တော်ကြောင်းတတ်ကြောင်းတွေ ကို ပညာသားပါပါ ရေးထားတာ တွေက များနေပါလား။

မင်း ဘယ်လောက် သိကြောင်း ။ တတ်ကြောင်းတွေ ကို ရေးထာတာနော်..အဲဒါမျိုးကို ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော်လို့ ခေါ်တယ်ကွ.

ဆရာ တွေ ကို အလေးဂရုပြုတယ်ဆိုတာကိုတော့ လက်ခံပါတယ် ။ ဒါပေမယ့် ငါတော့ မထင် ပေါင် ။ မင်း ကိုယ်ရည်သွေးချင်တာ.များများ ဟုတ်တယ်မလား။

နောက်ပြီး မင်း ရေးထားတဲ့ ဟာတွေ အကုန်လုံးက . ကျွန်တော်ဆိုတဲ့ နာမ်စား ကိုပဲ စွဲစွဲမြဲမြဲ သုံးထားတယ်။ အဲဒါမျိုးက အတ္တဗဟိုပြု . ငါ ဗဟိုပြု ၀ါဒီ ဆန်နေတာပေါ့။

 

 

ကျွန်တော်သည် မည်သည့် စကားမှ မဆိုနိုင်ပဲ သူ၏ အချက်ကျကျဝေဖန်မှူ့ များကို မည်သို့ တုန့် ပြန်ရမှန်းမသိဖြစ်နေပါသည်။

ကျွန်တော်သည် စာရေးသားရာတွင် ကိုယ်ရည်သွေးပြီး ရေးသားခြင်းများ အမှန်ပင် မရှိပါ ။သို့ သော် အမှန်အတိုင်း ၀န်ခံရပါမူ ကျွန်တော်သည် စာရေးကျွမ်းကျင်သော
စာရေးဆရာကြီးတစ်ယောက်မဟုတ် ၊ ထို့ ကြောင့် မိမိအကြောင်းကို

ဖော်ပြရာတွင်မရည်ရွယ်ပဲ စာဖတ်သူက ယခုကဲ့သို့ ထင်မြင်သွားခြင်းသည် ကျွန်တော်၏ အားနည်းမှူ့ ၊ လိုအပ်မှူ့ သာဖြစ်မည် ဟုထင်မိပါသည်။

ထို အရာကို ဝေဖန်ထောက်ပြပေးသူ အားလည်း စိတ်မဆိုးသည့်ပြင် လွန်စွာ ကျေးဇူးတင်မိပါသည်။ သူသည် ပြောမနာ ၊ ဆိုမနာ ငယ်သူငယ်ချင်းဖြစ်သည့်အတွက်
ကျွန်တော့်အား ယခုကဲ့သို
့ပွင့်လင်းစွာ ဝေဖန်ခြင်းဖြစ်သည်။

သို့ သော် . ကျွန်တော်၏ စာကို ဖတ်ရသော အခြားသော သူငယ်ချင်းများ ကို မေးကြည့်သောအခါ ။

 

အချို့ ကလည်း စာဖတ်ဝါသနာ မပါသဖြင့် ဘာရေးလို့ ရေးမှန်းတောင် မသိကြချေ ။

အချို့ ကလည်း ခပ်ပေါ့ပေါ့ ခပ်လွယ်လွယ်ဖတ်ကာ ကောင်းပါတယ် . ဟူုသာ အားနာနာနှင့် မှတ်ချက်ပြုကြသည်။

 

ကျွန်တော်သည် ထိုကဲ့သို့ သော စာဖတ်မိတ်ဆွေများထက် ယခုကဲ့သို့ ကျွန်တော် ၏ စာ များကို သေချာ ဖတ်ရှူပြီး ဝေဖန်သည့် အောင်မောင်းလို မိတ်ဆွေမျိုးသာ ပိုမို အလို ရှိမိပါသည်။

ယခုလို ၀ါသနာအလျောက် စာ များကို စမ်းတ၀ါးဝါးရေး နေချိန်တွင် အားပေးမှူ့ လက်ခုပ်သံများ ကို သာယာမိ သလို ၊ ဝေဖန်ထောက်ပြမှူ့ များကလည်း အမှန်ပင်
လိုအပ်လှပါသည်။

ထို့ နောက် ကျွန်တော်တို့ နှစ်ယောက်သည် ထွေရာလေးပါး စကားတွေကို ပြောကြရင်း ယခုတလော အင်တာနက်သတင်းများတွင် ခေတ်စားနေသည့် အမျိုးသားရင်ကြားစေ့ ရေး
ဆိုသည်ကို ဆွေးနွေးမိကြသည်။

 

ဟော့ကောင် အောင်မောင်း ။ မင်းရော အဲဒီ ကိစ္စကို ဘယ်လို မြင်သလဲ ။ ဖြစ်နိုင်မလား ။ အမျိုးသားရင်ကြားစေ့ ရေး တကယ်လုပ်နိုင်မဲ့သူက ဘယ်သူလို့ မင်းထင်သလဲ ။

ဟုကျွန်တော်ကမေး လိုက်သည်။

မင်း က ဘယ်လို ထင်လို့ တုန်းကွ ။ ဒီကိစ္စ က ပေါ့သေးသေးမဟုတ်ဘူး မောင် ။

ငါ့ အထင် ပြောရရင်တော့ ဒီ ကိစ္စကို လုပ်နိုင်မဲ့သူကတော့ ..

သူသည် ဆိုသို့ .စကားဆိုပြီးနောက် အတန်ငယ် အသံတိတ်ကာ စဉ်းစားနေသယောင်ရှိသည်။

ထို့ ကြောင့် ကျွန်တော်က . စကား စ ပေးလိုက်ရသည်။

ဘာလဲ ကွ. မင်းဆိုလိုတာက ဟို အပတ်တုန်းက လွှတ်လာ တဲ့ ..ဟို .ဟို…ဒေါ်..ဒေါ်…

စကားပင် မဆုံးလိုက် သူက ဖြတ်ပြောသည်။ ။

မင်း က ဘယ်သူ့ ကို ထင်လို့ တုန်း ။ ငါ ကတော့ ဒီဟာကို လုပ်နိုင်မဲ့သူ တစ်ယောက်ပဲ မြင်တယ်။

ဘယ်သူလို့ မင်းထင်သလဲ သေချာစဉ်းစား ။

 

မင်းလည်း သိမှာပါကွာ လပြည့်ရာ ။ ငါတို့ ကိုးတန်းတုန်းက အတန်းပိုင် ဆရာမ ဒေါ်သန်းသန်းမြင့် လေကွာ.

ဟား ဟား..မဟုတ်ဘူးလား။

 

ကျွန်တော်သည် သူ၏ အဆီအငေါ်မတည့်သော စကားကြောင့် ရုတ်တရက် မည်သို့ ပြန်ပြောရမှန်းမသိဖြစ်မိသည်။

အမျိုးသား ရင်ကြားစေ့ရေး ကို လုပ်ပေးမှာ အထက်တန်းကျောင်း ဆရာမ ဒေါ်သန်းသန်းမြင့် ။

ဟာ..ဒီကောင် အရေးထဲ ..လာနောက်နေပြန်ပါပြီ ။ ဘာဆိုင်လို့ လဲ . စကားအကောင်းပြောရင်.. သောက် ကျင့် ကို က မပျောက်သေးဘူး

 

သို့ သော် သူ ကပင် ဆက်လက်ပြီး

မင်းစဉ်းစားကြည့်လေ လပြည့်ရာ ။ ငါတို့ ကျောင်းသားဘ၀တုန်းက . အကျီ င်္ကြယ်သီးကို လည်ပင်းနားအထိ အပြည့်တပ်ရတယ်လေ။ ငါ က. တခါတလေ ပူအိုက်လွန်းလို့  ကြယ်သီး သုံးလုံးလောက်
ဖြုတ်ထားပြီး ရင်ဘတ် ဟ ဗြဲ နဲ့ နေရင် ကလေကချေ ပုံစံ လက်ဖက်ရည်ဆိုင် မှတ်လို့ လား ဆိုပြီးတော့ ဆရာမ က ကြိမ်လုံးနဲ့ တွယ်တော့ တာပါပဲ ။

စိန်ပေါလ် ယောက်ျားလေး ကျောင်းမှာ . ကျောင်းသားတွေကို ရင်ကြားစေ့ ကြယ်သီးတပ်ဖို့ ပြောတဲ့ ဆရာမ က သူပဲ ရှိတယ်ကွ။ ဒါကြောင့် အမျိုးသား ရင်ကြားစေ့ရေးကို
လုပ်မဲ့သူက ငါ တို့ ဆရာမ ပေါ့ကွ. ငါပြောတမှန်တယ်မလား ။

 

သြော်..ဒီလိုဆိုတော့လည်း . ဟုတ်သလိုလို ပဲနော်……….

 

ဟာ….ခွေးကောင် အရေးထဲမှာ လာနောက်နေပြန် ပြီ..အဲဒီ ရင်ကြားစေ့ရေးကို ပြောတာမဟုတ်ဘူးကွ.

ဟို..ဟို..ဟို ရင်ကြားစေ့ရေးကိုပြောတာ..

 

အော်.. မင်းပြောတာ..ဒါလား..အဲဒါကလည်း ပိုပြီးတော့တောင်ဖြစ်နိုင်ဖို့ ဝေးသေးတယ်ကွ.

 

မင်း သေချာ စဉ်းစား ။ အဲဒီ အမျိုးသား ရင်ကြားစေ့ရေး ဆိုတဲ့ စကားကို ငါတို့ ကြားလာတာအခုမှ မဟုတ်ဘူး ။

ကြာလှပြီ။ လုပ်ချင်တဲ့စိတ်ရှိရင် . လုပ်မှာပေါ့ကွ။

 

လက်ခုပ်ဆိုတာကလည်း တစ်ဘက်တည်းတီးလို့ မမြည်ဘူးလေ။ နှစ်ဘက် တီးမှ မြည်တာ မဟုတ်လား

 

တစ်ဘက် က ဘယ်လောက်ပဲ လုပ်ချင် .လုပ်ချင် . အခြားတစ်ဘက်က ဆန္ဒ မရှိသရွေ့ ကတော့ မလွယ် ရေးချ မလွယ် ပဲနော်. ။

အဲဒီ လို အခြားတစ်ဘက် လုပ်ချင်လာဖို့ ဆိုတာကတော့ ဘာနဲ့ အလား သဏ္ဍန်တူသလဲဆိုတော့ .

 

ခြင်္သေ့ တစ်ကောင်ရဲ့ ပါးစပ်ထဲက အမဲသားကို တောင်းပန်ပြီးယူနေရသလို ဖြစ်နေပြီကွ။

 

မင်း နားလည်အောင် ငါပြောမယ် ။ ခြင်္သေ့ က သူ စားခါနီး အသားကို မင်း က တောင်းဆိုလို့ မင်းကို ပေးမယ်များ မှတ်နေသလား

 

ဝေးသေးတယ် လပြည့်ရေ ၊ မိုး ပြိုမှ ရလိမ့်မယ် ကွ

 

မင်း . အဲဒီ အမဲသားကို လိုချင်ရင် . သူ့ ထက် အင်အားကြီးအောင်လုပ် ။ ပြီတော့ အဲဒီ ခြင်္သေ့ကို အနိုင်တိုက်ပြီးတော့ ယူ ။ ဒီနည်းပဲ ရှိတယ်.

အဲဒီလိုမှ မဟုတ်ရင်တော့ . မလွယ်ဘူးနော်။

 

မတရားဘူး ၊ တရားတယ် ကတော့ မင်းဘာသာ ဆုံးဖြတ် ။

မင်းတောင်းဆိုလို့ .မင်း ကို အမဲသား ပေးလိုက်ရရင် သူ ဘယ်အသား သွားစားမလဲ ။ သူ့ အတွက် ဘာမှ အကျိုးမရှို

လို့ မင်းတောင်းဆိုတာကိုလည်း ဂရုစိုက်မှာမဟုတ်ဘူး။

 

အခုလည်း ဒီလိုပဲ ငါမြင်တယ်။ ဒီကိစ္စကြီးကို လုပ်လို့ . အခြား တစ်ဘက်ကလူတွေမှာ ဘယ်လို အကျိုးရှိမလဲ ။ မလုပ် လို့ ကော ဘယ်လို ဆုံးရှုံး မှူ့ တွေ ရှိမလဲ ။

 

သူတို့ ဘက်ကတော့ ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး။ အမဲသား တုံးက ခြင်္သေ့ပါးစပ်ထဲမှာ အသာလေး ၀ါးစားလိုက်ရုံပဲ ။

ဘယ်သူ့ ကို များ ဂရုစိုက်စရာလို သလဲ မောင် ရဲ့  ဟုတ်ဘူးလား ။

 

အေး .. ဒီလို ဆိုရင်တော့

ငါ တို့ ရဲ့ ဆရာမ လို ပတ်ကြမ်းတိုက် ကြိမ်လုံးကိုင်ပြီး အတင်းကို ရင်ကြားစေ့ခိုင်းမှပဲ ရမယ့်  အရေး ကွ.

 

 

Abnormal အောင်မောင်း ၏ အတွေးများသည် ရံဖန်ရံခါ ကျွန်တော်တို့ မထင်မှတ်ထားသည်များကို ဖောက်

တွေးနိုင်သည်။ ယခုလည်း သူနှင့်စကားပြောပြီးနောက် ကျွန်တော် တစ်ယောက်တည်း စဉ်းစားစရာများ ကျန်ခဲ့သည်။ သူ ပြောသလို ပင် . ကိစ္စသည် နှစ်ဘက် ညီ မှ ဖြစ်မည့် အရေးပင် ။
ဤ သို့  ညီညွှတ် ရန်မှာလည်း အောင်မောင်း ပြော သလို မိုး ပြိုမှ ဖြစ်နိုင်မည့် အရာ ဟုတ် ၊ မဟုတ် ကို တော့ ကျွန်တော်မစဉ်းစားတတ်ပေ ။ ကျွန်တော်
ရိုးရှင်းစွာ နားလည်သည်ကတော့ အခြားတစ်ဘက် က မညီသရွေ့ ကတော့ အဲဒီ အမျိုးသား
ရင်ကြားစေ့ရေး ဆိုတာေ၀၀ါး နေအုံးမည် သာ ဖြစ်တော့လေသတည်း ။

 

 

 

အစဉ်လေးစားလျက်

ကောင်းသထက်ကောင်းအောင် ကြိုးစားနေမည့်

 

မောင်လပြည့် (တက္ကသိုလ် ဆယ်ရက်)

 

ဤ ပိုစ့် ကို http://roadtoarabian.blogspot.com တွင် အပြည့်အစုံ ရှရန်

In: ဆောင်းပါး Posted By: Date: Nov 22, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment