Professional Authors

Abnormal အောင်မောင်း ၏ အတွေးများ အပိုင်း ၁

ငယ်သူငယ်ချင်းတစ်ဦး ရှိလေသည်။

ကျွန်တော် ၏ ခင်မင်ရဆုံး သူငယ်ချင်းများ ထဲတွင် ငယ်စဉ်ကတည်းက ကျောင်းနေဘက် ငယ်သူငယ်ချင်းတစ်ဦးဖြစ်သော အောင်မောင်း လည်းပါဝင်သည်။
သူ သည် ကျွန်တော်နှင့် အသက်အရွယ်မတိမ်းမယိမ်း ခန့် ရှိသောလည်း လွန်စွာမှ
စကားကြီး ၊ စကားကျယ်များပြောတတ်သည်။ ထို့ အတူ အများလက်ခံ ထားသော
ကိစ္စများကို အလွယ်တကူလက်ခံလေ့ မရှိပဲ သူ၏ကိုယ်ပိုင် ဥာဏ် အတွေးအခေါ်တို
့ဖြင့် သာ စဉ်းစားဝေဖန်ပြီးမှ လက်ခံလေ့ရှိသည်။
လောကတွင် လူ့ သဘာဝ သည် ကိုယ့်ထက်သာလျှင် မနာလို တတ်သော သဘောရှိတတ်သည်။

ထို့ အတူ ငယ်ရွယ်နုနယ်သော အောင်မောင်း ၏ အတွေးများသည်လည်း တခါတရံတွင် အများ
ရယ်
စရာကောင်းလောက်အောင် လွဲချော် ခြင်း များ ရှိတတ်သည်။ ထို့ ကြောင့် .
ကျွန်တော်တို့ ကျောင်းသား များအကြားတွင် အောင်မောင်း အား သာမန်ထက် ထူးကဲသော
ပုဂ္ဂိုလ်ကြီး ဟု ကင်ပွန်းတပ် ကာ အင်္ဂလိပ်လို Abnormal Aung Maungh ဟု
နောက်ပြောင်ခေါ်ဝေါ်ကြသည်။

ထိုသို့ နောက်ပြောင်သော်ငြားလည်း သူက စိတ်မဆိုးပဲ ထိုသို့ ပြောတတ်သည်။ ကမ္ဘာပေါ်မှာ ထင်ပေါ်ကျော်ကြားတဲ့
ဥာဏ်ကြီးရှင် ပါရမီရှင် Genius ပုဂ္ဂိုလ်ကြီးတွေ အားလုံးကို လူတွေက Abnormal
ကြီးတွေလို့ ပဲ ခေါ်ကြတာကွ ဟု ခပ်ပြုံးပြုံး ပြန်ပြောတတ်သည်။
သူ၏ လွဲချော်ပုံများ ၊ အတည်ပေါက်နှင့် နောက်ပြောင်တတ်မှူ့ များသည်
နောင်သော် ကျွန်တော်တို့ အဖို့  မမေ့နိုင်စရာ ကျောင်းသားဘ၀ အမှတ်တရများ
ဖြစ်လာတော့သတည်း ။

 

 

Abnormal အောင်မောင်း ၏လူဖြစ်နည်းသင်တန်း

 

 

ကျွန်တော်တို့ အထက်တန်းကျောင်းသားဘ၀ တွင် ကျောင်းအုပ်ဆရာကြီးမှ အပတ်စဉ် သြ၀ါဒ ဆုံးမ စကားပြောကြားလေ့ရှိသည်။
ဆရာကြီးက ကျောင်းသားတစ်ယောက် ကျောင်းကို လာခြင်းသည် စာ သင်ရန် ၊ စာ တတ်ရန် ဟူသော ရည်ရွယ်ချက်တစ်ခုတည်းမဟုတ် ။

ထို့ ထက်ပိုမိုသော သာလွန်ကောင်းမြတ်သည့် အချက်များလည်းရှိသည်။

စည်းကမ်းရှိရန် ၊ အများနှင့် အဆင်ပြေစွာ ဆက်ဆံတတ်ရန် ၊ စာရိတ္တ
မဏ္ဍိုင်ကောင်းမွန်စေရန် အစရှိသဖြင့် လူ့ ဝန်းကျင်တွင် ကျင်လည်ကြရမည့်
ကျွန်တော်တို့ ကျောင်းသားများ အတွက် လိုအပ်သည်များကို သင်ကြားပေးသော နေရာ
ဌာန ဖြစ်သည်။
တနည်းအားဖြင့် .လူဖြစ်နည်း သင်ကြားပေးသော နေရာကြီး ကို ကျောင်း ဟု ခေါ်သည် ဟု အဓိပ္ပ္ပာယ် ဖွင့်လေသည်။

ထိုသို့ ဆိုလျှင် ကျွန်တော်၏ သူငယ်ချင်းကြီး Abnormal အောင်မောင်းက အရွှင်းဖောက်တတ်သည်။

ဟာ..ဆရာကြီကလည်း . လူဖြစ်နည်း ကို သင်ချင်တာများ ကျောင်းလာစရာတောင် မလို ဘူး။

ဒီမှာ လပြည့် . မင်းကို လူဖြစ်နည်း .ငါပြောပြမယ်. မင်း..အခု.ရှစ်တန်းနဲ့ ကျောင်းထွက်လိုက်။ ပြီးတော့ မိန်းမယူကွာ.
တစ်နှစ်လောက်ကြာရင် မင်း မိန်းမ.ဗိုက်ဖောင်း လာလိမ့်မယ်.. ငါးပူတင်း ဖြစ်ပြီ ဆိုရင် ..အဲဒါ မင်းနားလည်လိုက်တော့..

အဲဒါမှ..လူဖြစ်နည်း အစစ်ကွ..ကျောင်းလာရုံနဲ့ လူ မဖြစ်ဘူး ဟဲဟဲ..

အင်း သူ ပြောတော့လည်း ဟုတ်တုပ်တုပ် ပါလား နော်

ဤ သည်မှာ Abnormal အောင်မောင်း ၏ ဒသန ဖြစ်သည်။

သူများ မတွေးထားသော နေရာမှ ကြံဖန်စဉ်းစားတတ်သည်။ အာဝဇွန်း ရွှင်သလို . ဖြတ်ထိုးဥာဏ် (ခ) တင်္ခါတုပ္ပတ္တိ ဥာဏ်လည်း ကောင်းလှသည်။ သို့ သော် . တခါတရံ စကားကြီး ၊ စကားကျယ်များကို ပြောတတ်လွန်းသဖြင့် သူများ အမြင်ကတ်ခံရလေ့ရှိသည်။
ပညာရည်ချွန် ဆုပေးပွဲ တွင် . အမြင်ကတ် အခံရဆုံး ကျောင်းသာ ဆု ကို ပေးပါက အောင်မောင်းကြီး ရမည် မှာ အသေအချာပင်။
သို့ သော် . အပေါင်းအသင်းနည်းလှသော ကျွန်တော်သည် . တိုင်ပင်ဖော် .တီးတိုးဖော်အဖြစ် သူ့ ကို သာ အားကိုးနေရလေ့ရှိသည်။

 

 

Abnormal ကြီးရဲ့ နှင်းဆီ တစ်ပွင့်

 

 

ကျွန်တော်သည် လူပျိုပေါက်အရွယ်သို့ ရောက်သောအခါ လောကကြီး၏ ဖို မ သဘာဝအတိုင်း ဆန့် ကျင်ဘက် လိင် တို့ ကို စတင် ၍ရင်ခုန်လေတော့သည်။ သို့ သော် .
သူငယ်ချင်းများကို ရင်းနှီးပွင့်လင်းစွာ တိုင်ပင် ဖို့ အရေးကလည်း ရှက်ရွှံ
့လှသဖြင့် ကျွန်တော်နှင့် ထိုင်ခုံချင်းကပ်လျက်ရှိသော အယုံကြည်ရဆုံး ၊
စိတ်အချရဆုံးဖြစ်သည့် Abnormal အောင်မောင်း ဟု အမည်တွင်သော ကျွန်ုပ် ၏
ငယ်သူငယ်ချင်းနှင့်တိုင်ပင်လေတော့သည်။

 

ကျူရှင်တွင် တွေ့ ခဲ့ရသည့် ညိုချော . အညာသူမလေးတစ်ဦး
ဖြစ်သည့် ညိုညို ကို ရင်ခုန် ခဲ့ကြောင်း ၊ ထို မိန်းကလေးကို အသေရရ ၊ အရှင်
ရရ . အမြန်ဆုံး လို ချင်ကြောင်း တိုင်ပင်ခဲ့သည်။ ထို အခါ အောင်မောင်းကြီး က
အကြံပေးသည်တွင်

ဒီလိုရှိတယ် လပြည့် ရ .. မိန်းကလေးဆိုတာ ပန်း ကို နှစ်သက်တယ်ကွ ။

အဲဒီ နည်းကြီးက ဟောင်းပေမဲ့ ကောင်းနေဆဲ ပဲ ။ လောကမှာ ပန်း ပေးလို့ ငြင်းတဲ့ မိန်းကလေးဆိုတာ မရှိဘူး ။ ဒီတော့
အရိုးဆုံးနဲ့ အရှင်းဆုံး နည်းကတော့ မင်း ကြိုက်နေတဲ့ ကောင်မလေးကို .
အမြန်ဆုံး ပန်း ပေးနိုင်အောင်
ကြိုးစားပေတော့ ။

ကျွန်တော် သည် အောင်မောင်းကြီး ၏ မြောက်ပေးမှူ့ ကြောင့် ကျူရှင်မှ အနှီ
မိန်းကလေးကို ပန်းပေးရန်သာ စိတ်စော နေမိသည်။ သို့ သော် . နှစ်ယောက်တည်း တွေ
့ရန် အခွင့်မကြုံ ခြင်း ၊ ပေးချင်သော ပန်းကလည်း အလွယ်တကူ မရှိခြင်းတို
့ကြောင့်

တစ်လ ခန့် အကြာအထိ မည်သည့် လှူပ်ရှားမှူ့ မှ မပြုနိုင်သေးချေ။

ဒီလိုနဲ့ . တခုသော ကျောင်းပိတ်ရက် ညနေစောင်း တချိန်တွင် ကျွန်တော်တို
့ကျောင်းသားများ စုပေါင်းကာ ရုပ်ရှင်ကြည့် ကြသည်။ မြန်မာ
ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး မင်းသား နှင့် မင်းသမီးမှာ ထိုစဉ်က
လျှမ်းလျှမ်းတောက် အောင်မြင်သော ဒွေး နှင့် ထက်ထက်မိုးဦး ဖြစ်သည်။

ရုပ်ရှင်ရုံထဲတွင် ကျွန်တော် ကြိုက်နေသော ကောင်မလေးနှင့် ကျွန်တော် သည် တခုံကျော် အကွာတွင်ထိုင်ရသည်။

 

ရုပ်ရှင် စလေပြီ ။
ဇာတ်လမ်း သည် သာမန်မြန်မာ ရုပ်ရှင်များ အတိုင်းပင် ချစ်ကြိုက်ညား လူငယ်တက္က္ကသိုလ်ကျောင်းသား များ ဇာတ်လမ်း ဖြစ်သည်။
ထိုရုပ်ရှင်ထဲတွင် အကြိုက်ဆုံး ဇာတ်ဝင်ခန်း မှာ . မင်းသမီး ဖြစ်သူ လက်တွင် နှင်းဆီပန်း အဆူး . စူးသွားသဖြင့် မင်းသားက လက်ကလေးကို တယုတယ
ကိုင်ကာ သွေးများ ကို ဖွဖွလေး စုပ်ပေး သောအခန်းဖြစ်သည်။
ထို ပြကွက် ကို ကြည့်မိသောကျွန်တော်သည် ရင် အခုန်ကြီးခုန်မိ၏ ။
သူမအား တိတ်တခိုး ကြည့်လိုက်ရာ သူမလည်း အနားရှိ မိန်းကလေးသူငယ်ချင်းတဦးနှင့်
တွတ်ထိုးကာ နေသည်ကိုတွေ့ ရသည်။ သေချာပါပြီ ။သူမလည်း ဒီလို ပြကွက်မျိုးကို
ကျွန်တော့်လိုပင် ရင်ခုန်ပေလိမ့်မည်။

 

တိမ်ပြာသော နေ့ တနေ့ ။ ကျူရှင် ပြီးချိန် ။ ကျွန်တော်သည်
လူရှင်းချိန်ကို စောင့်ပြီး သူမအား နှူတ်ဆက်စကား . ပြောရလေသည်။
ရင်းနှီးပြီးသား ဖြစ်သည့်အတွက် ကျွန်တော့်အတွက်များစွာအဆင်ပြေလှသည်။
သို့ သော် ကျွန်တော်သည် မိန်းကလေးတစ်ဦးအား တခါမျှ ပန်းပေး ခြင်းအတွေ့ အကြုံမရှိသည့်အတွက် မည်သို့ ပေးရမည်ကို အမှန်ပင် မသိပါချေ ။
ထို့ ကြောင့် သူငယ်ချင်းအောင်မောင်း သင်ပေးလိုက်သည့်အတိုင်း သူမ ၏ ရှေ့ တွင် နှင်းဆီပန်း သုံးပွင့် ခန့် ကို ဟန်ရေးပြ ကာ ကိုင်ထားရသည်။ သူမ က
မည်သူ့ အတွက်နည်း ဟုမေးလျှင် အိမ်၏ ပန်းအိုး တွင် အလှထိုးရန် အမေ က
ဝယ်ခိုင်းလိုက်သည် ဟု ပြန်ဖြေရမည်။လောက တွင် ဆေးလိပ်သောက်တတ်သူ တို့ သည်
အခြား သူတစ်ဦးက ၄င်းတို့အရှေ့ တွင် ဆေးလိပ်သောက်ပြက . မနေနိုင်ပဲ
တစ်လိပ်ခန့် တောင်းသောက်တတ်သော အလေ့ ရှိသည်။

ကွမ်းကြိုက် တတ်သူဆိုလျှင် လျှင် ထိုနည်းလည်းကောင်းပင် ကွမ်းတစ်ရာ ခန့်  တောင်း စားလေ့ ရှိသည်။
ထို့ အတူ ပန်း ကြိုက်တတ်သော မိန်းကလေးတို့ မည်သည် ၄င်းတို့ အရှေ့ တွင် လှပသော ပန်းကလေးများ တွေ့ ပါက လိုချင်တတ်သည့် သဘောသဘာဝရှိကြောင်း သိရလေသည်။

 

သူငယ်ချင်းကြီးအောင်မောင်း ကြိုတင် တွက်ဆထားသည့်အတိုင်းပင် ။ ကျွန်တော့် လက်ထဲရှိ နှင်းဆီပန်း နီနီရဲရဲလေးများကို မြင်လိုက်သည်နှင့်တပြိုင်နက် သူမ၏ မျက်လုံးများတွင်
လိုချင်တပ်မက်သော
အရောင်များ လက် ခနဲ ဖြစ်လာသည်။ ထို့ နောက်..

ဟဲ့ .. လပြည့် . နင် က.အဲဒီ နှင်းဆီပန်းတွေဘာလုပ်မလို့ လဲ ။

ဟု သူမ က မေးသည်။

အော်…ဒါလား .အမေ က ၀ယ်ခိုင်းလိုက်လို့ လေ..ပန်းအိုးမှာထိုးဖို့ တဲ့ … ဘာလဲ …နင်က လိုချင်လို့ လား..

ကျွန်တော်က..ထိုသို့ စကား စ. ပေးလိုက်သည်နှင့်တပြိုင်နက် .

သူမ ကလည်း ချက်ချင်ပင် .. ဟယ်…ငါ့ကို တစ်ပွင့်လောက်ပေးပါ လားဟယ်..ဟုဆိုလာသည်

ကျွန်တော်သည် ချက်ချင်း နှင်းဆီတစ်ပွင့်ကို ပေးရန်ဟန်ပြင်လိုက်သည်။

 

သို့ သော် ထိုသို့ ပေးခါနီးမှ ကျွန်တော်၏ ဆရာအောင်မောင်း မှာကြားလိုက်သည့် စကားကို ပြန်လည် ကြားယောင်မိပြန်သည်။

 

မင်းကို သူ ကအဲဒီလိုတောင်းရင် ချက်ချင်း မပေးရဘူးကွ … ချက်ချင်းပေးလိုက်ရင် ဈေးပေါ သွားလိမ့်မယ်။။

မူ..တယ်ဆိုတာ.မိန်မ တွေပဲ လုပ်တဲ့ အလုပ်မဟုတ်ဘူး။ လိုအပ်ရင် . ငါ တို့ ယောက်ျား တွေကလည်း ဈေးကိုင်တတ်ရမယ်။ မိန်းမတွေ တောင်းတဲ့ ဟာကို ချက်ချင်းမပေးရဘူး ။

လောက မှာ လွယ်လွယ်ရ ရင် . ခပ်ပေါပေါ ကြီးလို့ ပဲ မှတ်သွားလိမ့်မယ် ကွ…အဲဒါကို မင်း မြဲမြဲ မှတ်ထား ။

 

ထို့ ကြောင့် ကျွန်တော်သည် ပေးရန် ရှိသော နှင်းဆီပန်းကို အသာကိုင်ကာ .

အော်..နင် ကြိုက်ရင် ဈေး မှာ သွားဝယ်ပေါ့ ဟု အစ ချီကာ ထို ပန်းကို . ဈေးတဈေးလုံးပတ်ရှာခဲ့ရကြောင်း ။ နှင်းဆီပန်းများ အိမ်သို့ မပါလာလျှင် အမေ
က ဆူမည်ဖြစ်ကြောင်း တို့ ကို ပြောကြားလေတော့သည်။

ထို့ ကြောင့် စိတ်မရှည်သော သူမကလည်း . နှူတ်ခမ်းလေး စူ ကာ

အေးလေ နင် က..မပေးလည်း နေပေါ့..မယူ တော့ဘူးဟာ..ဟု ခပ်ပြတ်ပြတ်ပြောလေသည်။

 

ဒီတော့မှ ..

ဟိုက်..ငါ နည်းနည်း မူ တာများသွားပြီး ပြန်လျော့ အုံးမှ

ထို့ နောက် . ကျွန်တော်သည် မျက်နှာချိုသွေးကာ စိတ်မဆိုးပါနဲ့ .ညို ရာ နင်လို ချင်ရင်တော့ နှင်းဆီ တစ်ပွင့်တော့ရမယ်လေ နော်။

ဟုဆိုကာ သူ့ လက်ထဲသို့ ပန်းတစ်ပွင့် ထည့်လိုက်သည်။

သူမသည် ငွားငွားစွင့်စွင့် ဖူးပွင့်နေသော နှင်းဆီကို အားပါးတရ ကိုင်ကာ အသာအယာ နမ်းလိုက်လေသည်။

သို့ သော် . ကျွန်တော် လိုချင်သော . ရုပ်ရှင်ထဲမှ ပြကွက်အတိုင်း နှင်းဆီ စူး.. တော့ မဆူး ချေ ။

 

ထင်မှတ်ထားသလို ဖြစ်မလာသဖြင့် ယောင်ယမ်းကာ

အော်..နင်…နှင်းဆီ အဆူး တွေ ဘာတွေ မစူး ဘူးလား ဟင်..

ဟု သိလိုဇောဖြင့် လွတ်ခနဲ ထွက်သွာမိလေသည်။

 

သူမကလည်း နှင်းဆီပန်းကလေးကို တယုတယကိုင်ရင်း

ဘယ်ဆူး မလဲ ဟ..ငါ က မွေးကတည်းက နှင်းဆီပန်းကို ကိုင်လာတာ.ကျွမ်းပြီးသား…ဘယ်တော့မှ မဆူးဘူး.. ဟု ဆိုလေသည်။

 

 

ကျွန်တော် စိတ်ကူးယဉ်ထားသလို ဖြစ်မလာသောကြောင့် .. ဟာ… ဟူ တခွန်းတည်းသာ ခပ်တိုးတိုး အော်လိုက်မိသည်

 

ကျွန်တော်သည် ရုပ်ရှင်ထဲမှ ပြကွက်အတိုင်း ဒွေး ကဲ့သို့ ချစ်သူ့ လက်ကို အသာအယဆုပ်ကိုင်ကာ

သွေးစို့ နေသော နေရာလေးကို စုပ်ပေးမည်ဟု အားတင်ထားသော်လည်း . ခဲလေသမျှသဲရေကျ ရလေပြီ။

 

 

 

ထို့ ကြောင့် မကျေမချမ်း နိုင်သည့် အဖြစ်ကို ကျွန်တော်၏ အခါတော်ပေး ဦးပုည အောင်မောင်း ထံသို့ တိုင်ပင်လေတော့သည်။

 

ဟားဟား ..မင်း နှယ့်ကွာ .ကိုယ်ချစ်တဲ့ မိန်းကလေးကို . သွေးထွက်သံယို ဖြစ်စေချင်တဲ့ စေတနာ ကတော့အံ့ပါရဲ့ ။ ဟု ရယ်သွမ်းသွေးလေသည်။

 

ဟာကွာ..ဒီလောက် ဒီလောက် နှင်းဆီဆူးလေ..စူး.တာကို ဘာမျှ မဖြစ်လောက်ပါဘူး။ ပြီတော့မင်း သိတဲ့အတိုင်းပဲ ။ အဆူး ဆူးမှ လက်ကိုင်ပြီး ဒဏ်ရာလေးကို တယုတယ စုပ်ပေးလို
့ရမှာ ။ အခုတော့ကွာ ငါ့ ပန်းတစ်ပွင့် ဆုံးတာပဲ အဖတ်တင်တယ်။ လက်ကလေးတောင် မကိုင် လိုက်ရဘူး။

ဟု ကျွန်တော်က အလိုမကျသည့် လေသံဖြင့် ပြောသည်။

ကဲ.ဒါဆိုရင် ငါ ပြောသလို လုပ် . မင်းကောင်မလေးရဲ့ လက်ကို ကိုင်ရစေ မယ် ကွာ ဟု အာမခံလေသည်။

သူ ၏ အကြံအတိုင်း လိုက်နာရန် လည်း ထပ်တလဲလဲ ပြောသည်။ ထို့ နောက် . သူမအားပေးရန် နှင်းဆီတစ်ပွင့် ကို သူကိုယ်တိုင် စီမံလေတော့သည်။

ထို့ ကြောင့် ကျွန်တော်သည် အခါတော် ပေး ကောင်းမှူ့ ကြောင့် ဒုတိယံမိ ချစ်သူ အား နှင်းဆီပန်း ပေးရန်အကြောင်းဖန်ရလေတော့သည်။

ဒီ တခါတော့ တကယ် ဆူးပြီသာမှတ်။။

 

( (

 

မင်းလက်ကလေး ကိုင်ချင်လို့ …

တစ်စက္ကန့် လောက်ခွင့်ပြုပါ ..

မင်းလက်ကလေး ကိုင်ချင်လို့ …

တစ်စက္ကန့် လောက်ခွင့်ပြုပါ ..

 

))

ဆက်ရန်

အပိုင်း ၂ တွင် ဆက်လက် အားပေးတော်မူကြပါ ခင်ဗျာ

အစဉ်လေးစားလျက်

ကောင်းသထက်ကောင်းအောင် ကြိုးစားနေမည့်

 

မောင်လပြည့် (တက္ကသိုလ် ဆယ်ရက်)

 

ဤ ပိုစ့် ကို http://roadtoarabian.blogspot.com တွင် အပြည့်အစုံ ရှရန်

In: ဆောင်းပါး Posted By: Date: Nov 22, 2010
Comment #1

ကိုအောင်မောင်း သနားပါတယ် abnormal အောင်မောင်းလို့ နာမည်တပ်ထားတာကို သိရင်စိတ်မကောင်းဖြစ်ရှာမှာပဲ။

commentinfo By: dan at Jan 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment