Professional Authors
လိုချင်အုံး ဟဲ့  N95
လောကတွင် အလိမ် ခံရသူများ သည် သူတို့ ၏ အတွင်းစိတ်ထဲမှာလည်း
တပါးသူအပေါ်တွင် မတော်လောဘ ဖြင့် လိမ်လည်လိုသော စိတ် (တနည်း )
အချောင်နှိုက်ချင်သော စိတ်ဓာတ်အခံ က ငါးဆယ်ရာခိုင်နှူန်း
 ခန့် ရှိပေသည်။
လိုချင်အုံး ဟဲ့  N95
လွန်ခဲ့သော တစ်နှစ်ခွဲ ခန့် က ဖြစ်ပါသည်။
ဆော်ဒီအာရေးဗီးယား သို့ ရောက် ရှိပြီး ၈ လခန့် အကြာ။
ထိုစဉ်က Nokia (N95) ဟုခေါ်သော လက်ကိုင်မိုဘိုင်း ဖုန်းများ ခေတ်စားနေသော အချိန်ဖြစ်ပါသည်။ သို့ သော် ဈေးနှူန်းကြီးမြင့် သောကြောင့် လူတိုင်း နီးပါး မကိုင်နိုင်သေးပေ ။ ကျွန်တော် အလုပ် လုပ်ရာ ဟိုတယ် တွင်လည်း ဟိုတယ် သူဌေး သား တစ်ဦးသာ ၄င်း မိုဘိုင်းဖုန်းမျိုးကို ကိုင်နိုင်သော အနေအထား ဖြစ်သည်။
ဟိုတယ် သို့ လာရောက်ကြသော ဧည့်သည်များ မှ တစ်ဦးစ ၊ နှစ်ဦးစ သုံးနေကြသည်ကိုတော့ အမှတ်တမဲ့ သတိပြုမိပါသည်။
ထို့ ကြောင့် လက်ရှိကိုင်နေသော NOKIA 2626 ဟုခေါ်သော အလွန်မော်ဒယ် နိမ့်သည့် မိုဘိုင်းဖုန်းနေရာတွင် ထို့ ထက်ပို ပြီး အဆင့်မြင့်သော လက်ကိုင်ဖုန်းတမျိုးကို အစားထိုး ကိုင်ရလျှင် ကောင်းလေစွ ဟု တွေးတောမိ၏။  သြော်.. ငွေ စ ကြေး စ လေး က မစို့ မပို့ ရှာနိုင်တော့ လည်း လူကြား ထဲမှ ဟန်းဖုန်း တလုံးနဲ့ ကြွားလုံးထုတ် ဟန်လုပ် ချင် တယ်ပေါ့လေ။    
ဒီလို နဲ့ တနေ့ သော နေသာချိန် ညနေခင်းတခု..
မှတ်မှတ်ရရ ထိုနေ့ က ကြာသာပတေးနေ့ ၊ လခ ထုတ်ပြီး လက်ထဲငွေရွင် နေသောကာလ ဖြစ်ပါသည်။
ညနေပိုင်း ဗလီ မှ အာဇံပေး သော (salam time) ဖြစ်သောကြောင့် လမ်းပေါ်တွင် ယဉ်အသွားအလာရှင်းနေပြီး . ပလက်ဖောင်းပေါ်တွင်လည်း လူသူ ကင်းရှင်းနေပါသည်။ ကျွန်တော် နှင့်  တခန်းတည်းနေ သူငယ်ချင်း
ထိုစဉ်  JUBAIL Centre  အနီးက  မီးပွိုင့် အနီးတွင် မထင်မှတ်ပဲ အိန္ဒိယ အနွယ်ဖွား ကိုရွှေကုလား တစ်ယောက် . ဟန်းဖုးန်မဲမဲလေး တစ်လုံး ကို လာပြပါသည်။ 
ပါရေး . ပါရေး . ဟု (ဖိလစ်ပိုင် ဘာသာ – သူငယ်ချင်း) ခေါ်ကာ သူ့ ပစည်းကို ၀ယ်ဖို့ လာစွယ်နေပါသည်။
ကျွန်တော် တို့ နှစ်ယောက်ကလည်း ထို ဖုန်းလေးကို အသေအချာ ကြည့် လိုက်သောအခါ .
အို.. ဘာပဲ ဖြစ်ဖြစ် ဗဟုသုတ အနေနဲ့ စပ်စု လိုက်တာ မမှားပါဘူး။ ၀ယ်ချင်ဝယ် မ၀ယ်ချင်နေပေါ့။
ကျွန်တော်က ထိုသို့ စဉ်းစာ နေဆဲမှာပင် .အာသွက်လျှာသွက် (အကုန်သွက်)  ရှိလှသော သူငယ်ချင်းက
Par ray , kam har thar . (ဟေ့ သူငယ်ချင်း  ဒါဘယ်လောက်လဲ )ဟု လှမ်းမေးလိုက်ပါသည်။
ထိုကုလား လေး မှာ ချက်ချင်းမဖြေသေးပဲ . OK , OK .. come with me. Here, musakilar ( အိုကေ လိုက်ခဲ့ပါ၊ ဒီနေရာက ပြသနာ ရှိနိုင်တယ် ) အရောင်းအ၀ယ်လုပ်ရန်မသင့် လို့ ဆိုလိုပါသည်။
ထို့ နောက် ကားလမ်းမကြီးကိုကူးကာ တဘက်တချက်ရှိ လူသူကင်းရှင်းသော ဖြတ်လမ်း ကဲ့သို့ သော လမ်းတိုလေး တစ်ခုထဲသို့ ဦးဆောင် ခေါ်သွားပါသည်။ ကျွန်တော်တို့ ကတော့ စိတ်ထဲကသိလိုက်ပါပြီ။ ဒီကောင် သူများ ပစည်း ခိုးလာပြီး ငါ တို့ ကို သူခိုး ဈေး နဲ့ ပြန်ရောင်း တော့ မှာပါလား။  ဒါကြောင့် လူရှင်းတဲ့နေရာ ကို ခေါ်သွားတာပေါ့။
လမ်းကြားလေးထဲသို့ ရောက်သောအခါ. ထိုသူမှ သူ၏ ဖုန်းကို ကျွန်တော်တို့ ကို သေချာပြပါသည်။
ဖုန်းအမဲရောင် လေး။ သေချာပါသည်။ Nokia N95 8G ပင်ဖြစ်သည်။ ဖုန်း လေးသည် တကယ့်ကို အသစ် ချက်ချွတ် ပင်ဖြစ်သည်။ original box ဟုခေါ်သော စက္ကူဗူး မပါသည်ကလွဲ လျှင် တကယ့်ကို အသစ် စက်စက် .
ကျွန်တော်တို့ နှစ်ယောက် လုံး မျက်လုံးများ ၀င်းခနဲ တောက်သွားပါသည်။ ပါးစပ်ကလည်း မသိမသာ ပြုံးလိုက်ကြသည်။   တကယ့်ကို တန်ဖိုးရှိတဲ့  ဟန်းဖုန်းကြီးကို သူခိုးဈေး နဲ့ အချောင် ရတော့မည် ဟူ…. ကြိတ်ပြီး ၀မ်းသာ လိုက်မိသည်။
သူငယ်ချင်းကပဲ စပြီးမေးသည်။ Par ray , kam har thar ( ဒါဟာ ဘယ်လောက် ပါလဲ သူငယ်ချင်း )
ကုလားလေးက ဘာမှ ပြန်မဖြေသေးပဲ ခပ်ပြုံးပြုံးသာ ကြည့်နေသည်။
သူငယ်ချင်းကလည်း စိတ်မရှည်စွာဖြင့်
OK , OK,,I know ,  kam , kam ဟုထပ်မေးသည်။ ( အိုကေ.. ဘယ်လောက်လဲ..ဘယ်လောက်လဲ)
သူကဈေးနှူန်းကို မပြောသေးပဲ ဝေ့လည်ကြောင်ပတ်လုပ်နေသည်။ အတန်ကြာမှ one thousand (1000 SR) ဟုစ . ပြောသည်။
ထို့ နောက် သူငယ်ချင်းက သေချာ စစ်ဆေးကြည့်သည်။ ဖုန်းခေါ်ကြည့်သည်။ ကင်မရာ ရိုက်ကြည့်သည်။ ဗိဒွီယို လည်း ရိုက်ကြည့်သည်။ အမျိုးစုံစမ်းသပ်ကြည့်သည်။
နောက်ဆုံး စမ်းသပ်စရာ ဆိုလို့ ဝိုင်ယာလက် အင်တာနက် (wifi) တမျိုးသာလျှင်ကျန်တော့သည်။
ထို့ အရာကတော့ မလွယ်။ ကားလမ်းမဘေးတွင် ၀ိုင်ယာလက် မရနိုင်။ ထို့ ကြောင့် ဟိုတယ် ရောက်လို့ ဝိုင်ယာလက် ဧရိယာကိုရောက်တော့မှ စမ်းသပ် ကြည့်မယ် ဟု တွေးမိသည်။ ယခု အချိန်မှာတော့ wifi button လေးကိုနှိပ်လိုက်တိုင်း wifi connection not available ဆိုသည့်စာတန်းသာပေါ်လာပေသည်။
အလုံးစုံကို သေချာစွာစစ်ဆေးပြီးနောက် ဈေး ကို ထပ်မံညှိနှိုင်းကြသည်။ ဈေးသည် ပါး ၀ နေသော သူငယ်ချင်းက ပဲ စတင်ပြီး ဈေးဆစ်လေတော့သည်။ သူက ၅၀၀ သာ ပေးနိုင်မည့် အကြောင်း ပြောသည်။ ကုလားလေး ကလည်း ၇၅၀ ဟု တင်းခံသည်။ ကျွန်တော်တို့ ကလည်း အမျိုးစုံ ၀ိုင်းဆစ် ပြောကြသည် ။ သူ့ ဘက်ကလည်း မလျော့ ချေ။ ဆိုင်မှာ သွားဝယ် လျှင် ယခု ဈေးထက် နှစ်ဆ ခန့် ပေးရလိမ့်မည်ဟု ဆိုသည်။
အရေးထဲ ဒင်း ကလည်း ကုလား မူ .. မူနေပြန်သေးသည်။
နောက်ဆုံးမှာတော့ သူငယ်ချင်းက ၅၀၀ တန်တစ်ရွက်ထုတ်ပေးလိုက်သည်။ ပိုက်ဆံအိတ်ထဲမှာလည်း ၅၀၀ တန်တစ်ရွက် ကလွဲရင် ဘာမှ မရှိတော့ကြောင်း ဗလာဟောင်းလောင်း ဖြစ်နေသော အိတ် ကို ဖွင့် ပြလိုက်သည်။
 ဒီအချိန်မှာ ငါ လည်း တွေ ဝေ နေလို့ မဖြစ် ၊ အခွင့်အရေးဆိုတာ နှစ်ခါ မပေါ် ။ ဒါမျိုး အချောင် တစ်လုံး ထပ်ရဖို့ ကလည်း နောက်တခါ မလွယ် လှပေ ၊ လူတော် ဆိုတာ ပေါ်ပေါက်လာတဲ့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ရပေမည်။ သို့ မှသာ လူပေါ်တွင် လူဇော် လုပ်နိုင်မည်။ .. ငါ ဟဲ့  ဇော်ပြည့် 
ချက်ချင်းပင် အားကျမခံ ကျွန်တော်ကလည်း ပြန်မေးလိုက်သည်။
Do you have another one? Like this? Like this?
ကုလားလေးကလည်း ပထမတော့ မရှိတော့ သယောင် ပြုနေသည်။ ဆိုင်မှာ သွားယူ ရအုံးမယ်ဟု ဆိုနေသည်။
 ရပါတယ်လေ .ကိစ္စ မရှိပါဘူး  မရှိသေးရင်လဲ ငါ တို့  Jubail centre ဘက်ကို ခဏ လမ်းလျှေက်လိုက်အုံးမယ် ။ ပြီးရင် ဒီနေရာမှာပဲ ပြန်ဆုံမယ် မင်းဘက်ကသာ အဆင်သင့် လုပ်ထားလိုက် ဟု ပြောလိုက်သည်။
သို့ မှ သာ သူ၏ ဂျာကင် အကျီ င်္ ထဲမှ ဟန်းဖုန်း နောက်တလုံး . မျက်လှည့်ပြလိုက်သလို ဘွားခနဲ ပေါ်လာ ပါတော့သည်။
သြော် .ဒီ ကုလားကလည်း နောက်ထပ် တစ်လုံး ရှိသလား ဆိုတော့ ဝေ့လည်ကြောင်ပတ်။ ကုလားမူ ကလည်း အလွန်မူသည်။
ကဲပါ ဈေးမဆစ်တော့ပါဘူး ကိုယ့်သူငယ်ချင်းက ဈေးဖြတ်ပြီးသား ပဲ . အခန့် သင့် လိုက်လေခြင်း ။
အရောင်းအ၀ယ် ပြီးတော့ ကုလားလေးကို ကျေးဇူးတင်စွာဖြင့် ဖက်လှဲတကင်း နှုတ်ဆက်လိုက်ကြသည်။ သူ့ နာမည်ကတော့ မိုဟာမက် ဟု သိရသည်။ ဖုန်း နံပါတ်လည်း ပေးထားအုံးလေ။ ငါ့ တို့ သူငယ်ချင်းတွေ ဒီဖုန်းတွေ ကို အားကျ ပြီး လို ချင်ရင် မင်းကို ထပ်ခေါ်လိုက်မယ် ဟုတ်ပြီလား။
 အော်…ကောင်းကင်က သိကြားမင်းများ လူယောင် ဆောင်ပြီး ငါ တို့ ကို N-95 ကြီးများ ပေးလေရော့သလား မိုဟာမက် ရယ်။
ကျေးဇူးကြီးပ . ကျေးဇူးကြီးပ .
သူငယ်ချင်းနှစ်ယောက် မြူးထူးပျော်ရွင်စွာဖြင့် မြို့ လယ်ခေါင်မှ JUBAIL Centre ကြီးဆီသို့ ပြေးဝင်လာကြသည်။ လူရှင်း သည့် အအေးဆိုင် တခုတွင် ထိုင်ပြီးတော့ အသစ်စက်စက် ဖုန်းလေးကို တယုတယ ပွတ်သပ်နေကြသည်။ အဟား …ပျော်လိုက်တာ။
ဓာတ်ပုံတွေကလည်း တဖျတ်ဖျတ် ၊
ထွက်လာသည့် ပုံတွေကလည်း ပြုံးပျော်ရွင်နေသော မျက်နှာ တွေချည်းသာ
ဗွီဒီယို ကိုလည်း စမ်းသပ် ရိုက်ကြည့်သည်။  Sim card ထည့်ကာ ဖုန်းပြောကြည့်မိသည်။
ဟဲလို ဟဲလို . ဇော်ပြည့်ပါ . ဟုတ်ကဲ့ . N-95 ကြီးနဲ့ စကားပြောနေပါတယ်။ ကြားလား
အော်… အရာရာ ဟာလည်း လှပနေပါလား ၊  အအေးဆိုင်က မုတ်ဆိတ်မွေး ထူလပျစ် နဲ့ ကုလားကြီးတောင် ဒီနေ့ . က. ခါတိုင်း ထက်ပို လှ နေသလို ပါပဲ ။ အော် . ဖုန်း ရောင်းသွားတဲ့ မောင်မင်းကြီးသား ကျန်းမာပါစေ။ ချမ်းသာပါစေ။
Original စက္ကူဗူးနဲ့ ထည်ထည်ဝါ၀ါတော့ ရှိလှသည် ။ ဈေးနှုန်းကတော့ SR1600 ကျော်သည်။ (မြန်မာငွေ ၄ သိန်းခွဲ ခန့် ဖြစ်မည်)
ဟား ဟား ရီချင်လိုက်တာ ၊ ဟိုဘက်နားကဆိုင်တောင် ၁၅၅၀ ပဲ ရှိတယ်။ မင်းက ဈေးတင်ထားတာ မသိဘူးများ မှတ်နေလား . ငါ တို့ ကမင်းထက် လည် တယ်။ ဂျင် ပေါ်က ထုံးကွ ၊   သူခိုး ဈေးနဲ့ ဝယ်ထားတာ ၅၀၀  ပဲ ပေးရတယ် ဟု  စိတ်ထဲက ကြိတ်ပြုံးလိုက်ကြသည်။
ဒါပေမယ့် သူ့ ဆီက ဟောဒီ ဗူး လေးသာ ရရင် . ကောင်းသား ဟုအကြံရမိသည်။ အဆောင်ပြန်ရောက်ရင် သူငယ်ချင်းတွေကို အသစ် စက်စက် ဟန်းဖုန်း တစ်လုံး ၀ယ်လာပြီ ဟေ့  လို့ ကြွားလုံးထုတ်လို့ ရပြီ။   သို့ သော်. ဗူးချည်းပဲသက်သက်  ဆိုင်ရှင်ကမရောင်း။
ရှိစေတော့ . ဗူးက ဘာမှ လုပ်လို့ တော့မရ။ ဟန်းဖုန်းကသာ အရေးကြီးပါတယ်။
ဒီလိုနဲ့ ကျွန်တော်တို့ နှစ်ယောက် အဆောင်သို့ မြောက်ကြွ မြောက်ကြွ ဖြင့် ပြန်ရောက်လာကြသည်။
အဆောင်ပြန်ရောက်တော့ ဘယ်သူမှ မရှိသေး ။ တရေးအိပ်ပြီး Night duty ဆင်းရပေမည်။
အော်.. ၀မ်းသာလွန်းလို့ ချက်ချင်းတောင် အိပ်မပျော်ပါလား။  သူငယ်ချင်းကတော့ အမျိုးမျိုးစမ်းသပ်နေသည်။
ဘယ်လို ပဲ ဖြစ်ဖြစ် တရေးအိပ်ပျော်သွားသည်။ အိပ်မက်တွေက လှ ပ ပါသည်။
ကျွန်တော်ကတော့ ဟန်းဖုန်းကြီးကို လူမြင်အောင်ကြွားလို့ ခပ်တည်တည်နဲ့ ပဲ ။
့Jubai Centre ထဲရှိ . နာမည်ကြီး ဖုန်းဆိုင်ကြီးက လျော့ ဈေးရလို့ ဝယ်လာတာကွ။
အနားရှိ . နီပေါ ကုလားလေးက လိုချင်မျက်စိဖြင့် ကြည့်နေသည်။ ဒီတော့ လဲ..
ကဲကဲ . သူငယ်ချင်းလေး…မင်းကို ငါ ခင်လို့ လျော့ ပေးလိုက်မယ်။ ၇၅၀ ပဲပေးပေါ့..ဘယ်သူ့ ကိုမှ လျောက် မပြောနဲ့ နော်။ မင်းကို တကယ် ခင်လို့ ပေးတာ..
ထိုစကား ကို အနားရှိ ဘင်္ဂလား ကုလားလေးကကြားသွားသည်။ သူလည်း ၀ယ်မည် ဟု ဆိုသည်။ ထို့ နောက် ကုလား နှစ်ယောက် ဖုန်း လု ၀ယ် ရင် စကားများကြသည်။ သူ့ ကိုရောင်း ပါ ။ ငါ့ ကို ရောင်းပါ ဖြစ်ကြသည်။
တော်ပြီ ။ ဘယ်သူ့ မှ မရောင်းတော့ဘူးဟေ့. ရန်ုကုန်ပြန်ရင် ခပ်ကြွားကြွားလေး ကိုင်ဖို့ ကွ
သူတို့ ပြသနာကို ဖြေရှင်းရင်း အိပ်မက်က လန့် နိုးလာသည် ။။
သြော် အိပ်မက်ထဲမှာတောင် . ငါ့ ရဲ့ N-95 ကို လုဝယ်နေကြပါလား . အပြင်မှာ ဆိုရင်တော့ …
အလုပ် သို့ ခါတိုင်းထက် စော ပြီးသွားသည်။ ဟိုတယ် မှာက ၀ိုင်ယလက် အင်တာနက် ဧရိယာ ရှိသည်။ အင်တာနက် ကို  ဟန်းဖုန်း ဖြင့် သုံး ရလျှင် ကောင်းလေစွ
ဟိုတယ် ကြီးထဲသို့ ဝင်လိုက်သည်နှင့် wifi ဧရိယာသို့ အပြေးကလေးသွားမိသည်။
အ၀င်ဝ တွင် ရှိသော ဘင်္ဂလား Supervisor ကြီးက လှမ်းကြည့်သည်။ ဘယ်သူ့ ကိုမျှ ဂရုမစိုက်ပဲ ကိုယ့် ဖုန်း ကိုသာ ဟန်ပါပါ ထုတ်လိုက်သည်။ ပြီတော့ . wifi connection ကို စတင် ရှာဖွေ ကြည့်သည်။ ဒီတော့ အနားရှိ Supervisor ကြီးက တအံ့တသြ ငေးကြည့်နေရာက ကျွန်တော် ရှိရာသို့ လာသည်။ 
Raymond : mint har thar ( ရေမွန် . အဲဒါ ဘာလဲ ) ဟု မေးသည်။
ကျွန်တော်ကတော့ . 007 James Bond  စတိုင် လေးနဲ့ ဟန်ပါပါ ပြန်ဖြေလိုက်သည်။
N95 …. ,,,,  NOKIA N95
ဟဲဟဲ ဒီလိုပဲ ဖြစ်ရမယ် လေ။.. အိပ်မက်ထဲ က ဇာတ်လမ်းတော့ စ. ပြီထင်တယ်.
Raymond , you cheating .. this is China..Duplicate ..
ရေမွန် . မင်းတော့ အလိမ်ခံလိုက်ရပြီကွ။။ ဒီဟာက တရုတ်ပြည်လုပ် အတုကြီး။
ကျွန်တော်က လည်း နားမလည်နိုင်စွာဖြင့်
What  China ? What  Duplicate? This is Nokia Brand, latest model N95. You know?
ဒီတော့ သူက. အလွန်ကောင်းသော ပြက်လုံးတခု ကို ကြားလိုက်ရသည့်ပုံနှယ်. တ ဟား ဟား ရယ် လေသည်။ ကျွန်တော့် ကိုလည်း သနားစရာသတ္တ၀ါ တကောင်လို ကြည့်ရင်း
Sure,, this is China Duplicate . This is not original. You can not get Wireless. Mar fi wi fi
(သေချာပါတယ်။ ဒါဟာ တရုတ်လုပ် အတုကြီး . အစစ်မဟုတ်။ ၀ိုင်ယာလက် အင်တာနက် မရနိုင်ဘူး ) ဟု ပြန်ပြောလေသည်။
ဒီတော့ မှ ကျွန်တော် ကလည်း စိုးရိမ်တကြီး ကသေကမျော သူ့ လက်မှ ဖုန်းကို လုကာ wifi connection ကိုအသေအချာ စမ်းကြည့် သည်။ wifi logo လေးကို မျော်လင့်တကြီး နှိပ်နေမိ၏။
ကတုန်ကယင် ဖြင့် စမ်းသပ်နေစဉ်အတွင်း ကျွန်တော် ၏ လည်ချောင်းသည် တဖြည်းဖြည်း ပက်ကြားအက်သော လယ်မြေများကဲ့ သို့ ခြောက်သွေ့ ကွဲအက်ကာ ရေငတ်သလို ဖြစ်လာသည်။ မျက်လုံးထဲတွင်လည်းေ၀၀ါးကာ ပြာမှောင်လာသည်။ ရင်ထဲတွင်လည်း နှလုံးသားတစ်ခုလုံး အပြင်သို့ ခုန်ထွက်တော့ မတတ် ဗလောင်ဆူ နေသည်။
ဟိုတယ်ကြီးတခုလုံးသည် အိုးထိန်းစက်ကြီး ကဲ့ သို့ လည် နေသလို ခံစားရမိသည်။  SR 500 ဆိုသော ပိုက်ဆံ  သည် မြန်မာငွေ (ကျပ် တစ်သိန်းခွဲ ) ခန့် ရှိနိုင်သည်။
သို့ သော် နောက်ဆုံး ရလဒ်မှာ . Wifi not available ဟူ သာ စာတန်းလေးတစ်ကြောင်းပေါ်လာသည်။
ကျွန်တော်က မကျေနပ်သေးပဲ Camera . video တွေကို အသေအချာ စစ်ဆေး စမ်းသပ် ခဲ့ကြောင်း . အကုန်လုံး အဆင်ပြေကောင်း သက်သေပြသည်။
တကယ့် ဖုန်း အစစ် နှင့် တထေရာတည်း တူလေသည်။ စကားပြောခြင်း ။ ဓာတ်ပုံရိုက်ခြင်း။ ဗီဒီယို ရိုက်ခြင်းနှင့် အခြားသော function များ အစစ် ကဲ့သို့ ပင် ။ သို့ သော် ရုပ်ထွက် ကြည်လင်ပြတ်သားမှူ ။ အသံထွက် ကောင်းမွန်မှူ စသည်တို့ တွင် အစစ် နှင့် အတု ကွားခြားလေသည်။  အထဲတွင် ပါဝင်သော Memory 8G ဟူသော အရာ သည် အတုတွင် စာတန်းလေး တစ်ခု မျှသာဖြစ်ပေသည်။ ဘာမှ အရာမ၀င်။
အစစ် သည် အနည်းငယ် ပေါ့ ပြီး ကိုင်လိုက်လျှင် စည်းစည်းပိုင်ပိုင်နှင့် ရှိလှသည်။
ဘင်္ဂလား ကြီးက ခေါင်းကလေးကို အသာညိမ့်ပြီး . အဲဒီ function တွေ အကုန်လုံး ရနိုင်ပါသည်။ အရေးကြီးဆုံး ဖြစ်သော Wireless သာ မပါရှိကြောင်းအသေအချာ ရှင်းပြသည်။  မင်း လို ချင်ရင် လမ်းဘေးမှာ ရောင်းနေတယ်။ ရီယယ် ၁၀၀ ဒါမှ မဟုန် ၁၅၀  ဒီလောက်ပဲ ရှိမည်။ ရုပ်ထွက် အသံထွက် စသည်တို့ ကတော့ အတော့်ကို ဆိုးဝါးလှသဖြင့် ဘယ်သူမှ မ၀ယ် ချင် ။ မင်းက တော့ မသိ လို့  ၅၀၀ တောင် ပေးလိုက်တယ်။ ခံလိုက်ရပြီ ဟု ရှင်းပြလေသည်။
ကျွန်တော် ကတော့….  ဟာ.. ဟူ၍ တစ်လုံးတည်းသာ ပြန်ပြောနိုင်တော့သည်။
ဆိုဖာပေါ်တွင် တစ်ယောက်တည်း အတန်ကြာအောင် တယောက်တည်း ငူငူ ငိုင်ငိုင် ကြီး ထိုင်နေမိသည်။
ကျွန်တော့် အိပ်မက် တွေ တော့ အရည် ပျော် ကုန်ပါပြီ ။
တဆင့်စကား တဆင့်နား ဖြင့် ကျွန်တော် ၏ မြန်မာ သူငယ်ချင်းများ ၀ိုင်းလာကြသည်။
ထို့ နောက် ကျွန်တော်နှင့် အတူ ၀ယ်ထားမိသော အခန်းထဲရှိသူငယ်ချင်းကိုလည်း ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြသည်။
သူငယ်ချင်း ရေ   ငါ တို့ တော့ ခံလိုက်ရပြီဟော့
တဘက် က ခဗျာ မှာလည်း ကြက်သေ သေ နေပြီ ။ မနက်ဖြန် တွင် အဆိုပါ သိကြားမင်းယောင်ဆောင်ထားသော လူလိမ် ကုလား ကို သွားရှာပြီ အမှူန့် ကြိတ်ပစ်မည် ဟု ဆို ကြသည်။
ဒီနေ့ ကံမကောင်းပါလား နော်။
လောဘ ကြီးသူ ။
အားနာတတ်သူ ။
အယုံလွယ် သူ ။
မိမိကိုယ်ကို ယုံကြည်မှူ လွန်ကဲ နေသူ
ထိုသူတို့ သည် အလိမ်ခံရတတ်သည်။။
သောကြာနေ့ ပိတ်ရက်ဆိုတော့ အစည်ကားဆုံးဖြစ်ပေသည်။ နေသည် အလွန်ပူပါသည် ။ သို့ သော် ကျွန်တော် တို့ ကတော့ ကိုယ့် အပူနှင့် ကိုယ် ။  Jubail Centre အနီးက မီးပွိုင့်တွင် ကျီးကန်းတောင်းမှောက် မျက်လုံးများ နှင့် လူတစ်ယောက် ကို ရှာဖွေ နေမိသည်။ မနေ့ က သူပေးခဲ့သော ဖုန်း နံပါတ်ကို ဆက်ကြည့်သည်။
 လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်သည် မအူမလယ် အချဉ် နှစ်ကောင် ကို ဂျင်း ထည့်ပြီး အနားယူ နေပါသဖြင့် ခေါ်ဆို  မရနိုင်ပါ
ဒေါသတို့ က အထွဋ်အထိပ်ကို ရောက်ချေပြီ ။ နဖူးပေါ်တွင်လည်း ဇောချွေးများက ရေ ဘုံဘိုင် အလား တစိမ့်စိမ့် စီးကျနေသည်။
သို့ သော် နောက်ဆုံးကောက်ရိုးတမျင် ကျန်သေးသည်။
ဒီတိုင်းပြည်ကို ဘာမှတ်လို့ လဲ ။ ဆော်ဒီ အာရေးဗီးယား ကွ ၊ လူသတ်ရင် ခေါင်းဖြတ်တယ်။ ပစ္စည်းခိုးရင် လက်ဖြတ်တယ်။ ဒီတော့ ရဲ တိုင် ရင်ကောင်းမလား
ရဲတိုင်ဖို့ နေနေသာသာ ။  ရဲစခန်း က ဘယ်နေရာမှာရှိမှန်း တောင်သေချာ မသိ။ ဒီတိုင်းပြည်က ရဲ တွေ က မင်း ပြောတဲ့ အင်္ဂလိပ်စကား ကို နားလည်ပါ့မလား။ မင်းကရော အာရဗီ လို လည်လည်ပတ်ပတ် ပြောနိုင်လို့ လား။
ကဲ .မင်းပြောသလို ရဲတိုင်တော့ ကော မင်းတို့ ပိုက်ဆံက ပြန်ရမှာလား . ဘယ်သူမှန်းလဲ မသိ။ လမ်းပေါ်က လူတစ်ယောက် . ပြန်တွေ့ လျှင်လည်း မှတ်မိ မိမထင် ။ အယုံလွယ် လောဘတက် မိတဲ့ ကိုယ့် အပြစ် ကိုပဲ သင်ခန်းစာ ယူရန်သာ ရှိတော့သည်။
မတ်တပ်ရပ်နေသော ခြေထောက်များ ညွှတ်ခွေ ကျသွား သည်ဟု ပင် ထင်မိပါသည်။
အိမ်အပြန် လမ်းတလျှောက် မြင်ရသော အရာအရာသည် အရုပ်ဆိုးအကျည်းတန်နေသည်။ ကလေး ကစားစရာ ဘာဘီ ဘိုမ အရုပ်လေး ကလည်း ရုပ်ဆိုး နေပါသည်။ ကြော်ငြာ Billboard  ပေါ်က David Beckham ကလည်း ကျွန်တော်တို့ ကို လှောင်ပြောင်နေသလို ခံစားရမိပါသည်။ 
လောက ကြီး အကျည်း တန် သော နေ့ ဖြစ်ပါသည်။
ကိုယ့် အဖြစ် ကို သေချာ ပြန်သုံးသပ်ကြည့်မိသည်။ ကျွန်တော် တို့ သည် မိုဘိုင်း ဖုန်းများ နှင့်ပတ်သက် သော ဗဟုသုတ တွင် များစွာ အားနည်းနေသည်ကို သတိပြုမိသည်။
မြန်မာ နိုင်ငံတွင် မိုဘိုင်းဖုန်းတလုံးကို သိန် ၃၀ နီးပါး ပေးရသဖြင့် သာမာန်လူတန်းစား တို့ နှင့် လက်ကိုင်ဟန်း ဖုန်း တို့ သည် စည်း တဘက်ခြားတွင် ရှိနေတတ်သည်။ ဟန်းဖုန်း ဆိုတာ စီးပွားရေးလုပ်ငန်းအတွက် သုံးမည် သို့ မဟုတ်ပါက လူချမ်းသာ များ က ဟိတ်ဟန်ထုတ် ကြွား ၀ါ စရာ အဆင်တန်ဆာ အဖြစ် သုံးမည် ဟု လွဲမှားစွာနားလည် ထားကြသည်။
ကျွန်တော် ကိုယ်တိုင်သည်ပင်လျှင် ရန်ကုန်တွင် ရှိစဉ်က မိုဘိုင်း ဖုန်းနှင့် များစွာ စိမ်းလျက်ရှိ သည်။ သူများ ကိုင်တာကိုပဲ ငေး ကြည့်ခဲ့ရသော အနေအထား ။ မည်သူကမှ လည်း ပေးမကိုင်ခဲ့ ။ ကျွန်တော် ကိုယ် တိုင်ကလည်း သူများ ဟန်း ဖုန်း ယူ ကိုင်ဖို့ ဝန်လေး ခဲ့ သည်။ 
မှတ်မှတ်ရရ ဆိုရပါမူ. ချစ်သူရည်းစား ရ မှ သာ သူ့ ဆီ က ဟန်းဖုန်း ဆိုတာကို သေချာယူကြည့်မိတော့သည။် 
ခလုတ်တွေက အများသား ၊ ဖုန်း မြည်လျှင် ဘာကို နှိပ်ရသည်။ ဘယ်လို ဖွင့်ရသည် ကို သူက သင်ပေးသဖြင့် နားလည်လာပါသည်။
ဖုန်း ဆိုတာ စကား ပြောဖို့ ကိရိယာ ပစ္စည်း ဟု နားလည်ထားသော ကျွန်တော်သည် ဟန်း ဖုန်း ထဲက သီချင်းများ ၊ ဗီဒွီယို များကို ကြည့်လို့ ရမှန်း သိသောအခါ အံ့သြမိပါ၏ ။ ထို့ အပြင် လက်ကိုင်ဖုန်း ဖြင့် ဗီဒွီယို လည်း ရိုက်လို့ ရသေးသည်ဟု သိရသည်။ ဒါတောင် သူ က ဒီလို လုပ်ရတယ် ဟူ၍  ပြသဖြင့်ကြည့်ရှူ ရခြင်းဖြစ်သည် ။
ကျွန်တော်သည် .. မျှ လောက် ဗဟုသုတ နှင့် ပြည့်စုံသော သူ ဖြစ်ပါသည်။
သို့ သော် ကျွန်တော် ယခု တော့ ပျော်နိုင်ပြီထင်ပါသည် ။ ကျွန်တော်တို့ နိုင်ငံ ၏ အခြေအနေသည် ကျွန်တော် နိုင်ငံခြားသို့ ထွက်လာစဉ် ကနှင့် လုံးလုံး မတူတော့။ များစွာ ပြောင်းလဲ ခဲ့ချေပြီ ။
လွန်ခဲ့သော လ က ရေသည်ယောကျာ်း ဟူသော မြန်မာ ဗီဒွီယိုကား ကြည့်လိုက်ရပါသည်။ ရေသန့် ပို့ သော အလုပ်သမား လေး နေတိုး သည်လက်ကိုင်ဖုန်းကို တဂွင် ဂွင် နှင့် ဆက်နေလိုက်သည်မှာ ဇာတ်ကား .. စ.. လယ် . ဆုံး . ပင်ဖြစ်သည်။
ရေသန့် ပို့ သော အလုပ်သမား တစ်ယောက် ပင်လျှင် ဟန်းဖုန်း ကိုင်နိုင်ပြီဆိုလျှင် ကျွန်တော် လို . နိုင်ငံခြား ပြန် တယောက်အဖို့ လည်း ဟနုးဖုန်းနှင့် နီးစပ် နိုင်ပါသည်။  နောက်ဆိုလျှင် ဆိုက္ကား စီးလျှင် ဖုန်း ဆက်ခေါ်မည်။ လမ်းထိပ် က အသုပ်စုံကိုလည်း ဖုန်း ဖြင့် လှမ်း မှာ နိုင်ပေတော့မည်။
ဟဲလို  ဟဲလို  . ပဲပြုတ်သည် ဒေါ်ပုမ လား . မနက် ဖြန် ကျွန်တော့် အခန်းကို ပဲပြုတ် တစ်ဆယ်သား လာပို့ ပေးနော်. ဒါပဲနော်.
အမေရိကန် သမ္မတ အိုဘားမား သည် Change Change ဟူသော စကားကို မဏ္ဍန် ရွတ်သလို  တချိန်းထဲ ချိန်း ခဲ့သော်ငြားလည်း ယခု ချိန်ထိ အမေရိကန်နိုင်ငံ ၏ စီးပွားရေး ကို ဘာတခုမှ. စွမ်းစွမ်းတမံ မလုပ်နိုင်သေး.
ကျွန်တော် နိုင်ငံခြား ထွက်လာသော ၂ နှစ် ကျော် ကလာတို လေးအတွင်းမှာပင် . ကျွန်တော် တို့ မြန်မာနိုင်ငံ ရှိ ရေသန့် ပို့ သော အလုပ်သမားတစ်ယောက် “ဟန်း ဖုန်း “ ကို တ ဂွင် ဂွင် မြည်အောင် ဆက်နိုင် သည် အထိ ကျွန်တော် တို့နိုင်ငံကြီး တိုးတက် လာပုံမှာ အံ့မခန်း ရှိလိုက်လေ။
နေ့ ချင်းညချင်း ဆိုသလို ပါပဲ ၊ လေးစားပါတယ် ဂျုပ် ကြီး တို့ ရယ်။
အရင်တုန်းက ဟန်းဖုန်း ကိုင် ရင် သဌေး မှ ဟူသော အယူအဆ ဟောင်းများကို ပစ်ပယ် ရတော့မယ်.
ထို့ ကြောင့် ရန်ကုန်ရောက်မှ ပဲ အဆိုပါ N95 ကို ထုတ်ကိုင် တော့ မည်ဟု တွေးထားလိုက်သည် ။ သူငယ်ချင်းများက ဘယ်က ၀ယ် လာတာလဲ ဟု မေးလျှင် နိုင်ငံခြား က ၀ယ်လာတာဟု ပြန်ဖြေမည်။ မည်သူ မျှ China duplicate  ဟု ထင်မှာမဟုတ်ပေ။ နိုင်ငံခြား ဆိုလျှင် လွတ်..အထင်ကြီး တတ်သည် မှာကျွန်တော် တို့ လူမျိုးများ၏ မွေးရာပါ အားနည်းချက်တစ်ခု မဟုတ်ပါလော။။
သို့ သော်. မှန်းချက် နှင့် နှမ်းထွက်မကိုက် ပေ။ ရန်ကုန်တွင်လည်း တရုတ်ပြည်မှ လာသော အဆိုပါ အတု ဖုန်းများ လှိုင်လှိုင်ကြီးပင် ပေါများ နေသည်ဟု သိရှိရပါသည်။
ကျွန်တော်သည် အနှီ china duplicate N95 ကို လုံးဝ စိတ်ကုန်လျက်ရှိသည်။ ထို့ ကြောင့် မည်သို့ မျှ အသုံးပြုခြင်း မရှိပဲ . အိပ်ယာ ဘေးတွင်ထားကာ နှိုးစက် Alarm အဖြစ်သာ အသုံးပြု နေပါသည်။
ရက် လ များစွာ ကုတင်ပေါ်တွင်သာ ရှိပြီး အပြင်သို့ ယူဆောင်သွားခြင်းလည်း မရှိတော့ပါ။ သူ့ ကိုမြင်လျှင် နဖူးမှ အမာရွတ်ကို မြင်တိုင်း မဟော်သဓာ ကို သတိရသော ကေ၀ဋ် ပုဏ္ဍား ကဲ့ သို့ မိမိ၏ ညံ့ဖျင်း နုံချာ မှူကို လူ အထဲတွင် ကြေငြာမောင်းခတ် သလို ပင် ရှိချေတော့မည်။
တနေ့ သောအခါ . သူငယ်ချင်း တစ်ဦးမှ ခဏ ယူကြည့်သည်။ အတန်ကြာသော် အလန့် တကြား ထ အော်လေသည်။ ပြီးနောက် ကျွန်တော့်ကို လှောင် ရီ . ရီ လေတော့သည်။ 
ထို နေ့ မှ စတင်ကာ ကျွန်တော့် ဖုန်းကို China N95 မှ ဂျပိုး N95 ဟု စတင်ကာအမည်ပြောင်းလဲ ခေါ်ဝေါ် ကြလေတော့သတည်း ။
ပြန်ပြောရင် ဟာသ ဖြစ်စေ ။
ကောင်းသထက် ကောင်းအောင် ကြိုးစားနေမည့်
ဇော်ပြည့်
nokia-n95-8gb-23.jpg
နဖူးက အမာရွတ်ကို မြင်တိုင်း ဒင်းကို သတိရတယ် ။
ကေ၀ဋ် ဇော်ပြည့်
လောကတွင်သိသူဖော်စား မသိသူကျော်သွား ၊ အ . ရင်ခံ ၊ လျင် ရင်စား ဟူသည့်အတိုင်း ပင်။
 Nokia ဖုန်းတွေဟာ Original ဟုတ်လားမဟုတ်လားဘယ်လိုကြည့်နိုင်မလဲ? ကျနော်ပြောပြပါ့မယ်။ သင့်ဖုန်းရဲ့
IMEI (International Mobile Equipment Identity) နံပါတ်ကိုစစ်ကြည့်ယုံနဲ့ သိနိုင်ပါတယ်။
ပထမ အဆင့်အနေနဲ့ *#06# လို့သင့်ဖုန်းမှာရိုက်ထည့်လိုက်ပါ။ Serial No. တစ်ခုပေါ်လာပါလိမ့်မယ်။
Phone serial no. x x x x x x ? ? x x x x x x x
အဲဒီနံပါတ်ထဲက ၇ လုံးမြောက်နဲ့ ၈ လုံးမြောက် နံပါတ်တွေကို ကြည့်ရမှာပါ။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 02 သို့မဟုတ် 20 ဆိုရင် သင့်ဖုန်းဟာ Emirates ကထုတ်တာဖြစ်ပြီး အရမ်းကိုညံ့ပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 08 သို့မဟုတ် 80 ဆိုရင် သင့်ဖုန်းဟာ ဂျာမနီ ကထုတ်တာဖြစ်ပြီး သုံးဖို့ သင့်တော်ပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 01 သို့မဟုတ် 10 ဆိုရင် သင့်ဖုန်းဟာ ဖင်လန်နိုင်ငံ ကထုတ်တာဖြစ်ပြီး အရမ်းကောင်းပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 00 ဖြစ်ခဲ့ရင် သင့်ဖုန်းဟာ Original စက်ရုံကထုတ်တာဖြစ်ပြီး အကောင်းဆုံး Quality ရှိပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 13 ဆိုရင်တော့ အဇာဘိုင်ချန် ကထုတ်တာဖြစ်ပြီး အရမ်းညံ့တဲ့အပြင် ကျန်းမာရေးအတွက်ပါ အန္တရာယ်ရှိပါတယ်။ သုံးဖို့မသင့်တော်ပါဘူး။
In: ဆောင်းပါး Posted By: Date: Sep 13, 2010
Comment #1
နောက်တစ်မျိုး အလိမ်မခံရပါစေနဲ့ဗျာ… 🙂
commentinfo By: sorrower.kl at Sep 14, 2010
Comment #2
03 ဆို၇င်ေ၇ာ ..ကျွန်တော်ဖုန်း၇ဲ့ ၇ နဲ့ ၈ လုံးမြောက်က ၀၃ ပါ..
commentinfo By: dan at Sep 14, 2010
Comment #3
ခုလိုမသိရတဲ့ဗဟုသုတတွေရလို့ကျေးဇူးတင်ပါတယ်………ဘာပဲဖြစ်ဖြစ်ရင်းပီးရလိုက်တဲ့ဗဟုသုတကအကျိုးရှိပါတယ်……. ဘာနဲ့မှလဲလို့မရပါ………..
commentinfo By: May Kha at Sep 15, 2010
Comment #4
နောက်လည်း ဆက်ေ၇းပါနော်
အတွေ့ အကြုံတွေ ဗဟုသုတ၇အောင်
commentinfo By: သော်တာ at Sep 22, 2010
Leave Comments
Name*
Email*
Website
Email me whenever there is new comment