Professional Authors

လိုချင်မိသော ရာသီသဘင်

ပြုစု ယုယ ကြင်နာပြမှ
အချစ်တဲ့လား..?
ငါထားခဲ့တဲ့ အဖြူထည်မေတ္တာတွေကို
နင် စေလိုရာစေခဲ့တယ်လေ…။

ေ၇မပါပဲသွားခဲ့တဲ့ ကန္တာရခရီး
မပြီးဆုံးသေးခင်ပဲ ရေငတ်လို့သေရတယ်၊
ဘာပဲဖြစ်ဖြစ် ငါအားကျပါတယ်…၊
ရေမပါပဲ သွားရဲတဲ့အတွက်ပေါ့…
ငါ့အတွက်တော့
အတုယူစရာ စံနမူနာပါပဲ…..။

နေမပူ မိုမရွာ
နှင်းလဲမပါမယ့် ဥတုတစ်ခုကို
ငါ့အတွက် ဘယ်သူပြုပေးနိုင်မှာလဲ..?
နွေအခါ ရင်မှာပူလို့
မိုးအခါ မိုးရွာလျှင်လည်း
ဆွေးစရာကြုံပြန်တယ်..၊
ဆောင်းနှင်းကအေးပြန်တော့
နွေးထွေးတဲ့အတိတ်ကို တမ်းတမိတယ်…။

ဒီတော့လည်း….
နွေဗလာ မိုးမရွာ
ဆောင်းမလာမယ့် ရာသီသဘင်မှာ
နင့်ကိုငါ…
ကြင်နာဖို့စောင့်နေမယ်…။     ။

 

ဇော်သက်ဦး
In: ကဗျာ Posted By: Date: Jul 19, 2011
Comment #1

ဒီတော့လည်း….
နွေဗလာ မိုးမရွာ
ဆောင်းမလာမယ့် ရာသီသဘင်မှာ
နင့်ကိုငါ…
ကြင်နာဖို့စောင့်နေမယ်…

တကယ်စောင့်နိုင်တယ်ပေါ့ 😛

Comment #2

ဟုတ်တယ်နော် ….ဂယ်လားလို့ … 🙂 🙂

commentinfo By: chityellusoelay at Jul 19, 2011
Comment #3

နမပူ မိုမရွာ
နှင်းလဲမပါမယ့် ဥတုတစ်ခုကို
ငါ့အတွက် ဘယ်သူပြုပေးနိုင်မှာလဲ..?
နွေအခါ ရင်မှာပူလို့
မိုးအခါ မိုးရွာလျှင်လည်း
ဆွေးစရာကြုံပြန်တယ်..၊
ဆောင်းနှင်းကအေးပြန်တော့
နွေးထွေးတဲ့အတိတ်ကို တမ်းတမိတယ်…။အားပေးသွားတယ.်ဗျာ

commentinfo By: အသဲကွဲမိုး at Jul 19, 2011
Comment #4

ကျေးဇူးအများကြီးပါ……..။

Comment #5

အမအားပေးသွားပါတရ်…

commentinfo By: sandi at Jul 23, 2011
Comment #6

ဂွတ် ကဗှာပါပဲ သူငယ်ချင်း.။
မစန္ဒီပြောသလိုပဲ မင်ကဗှာတွေ တော်တော်လေး ကောင်းလာတယ်…..။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 25, 2011
Comment #7

အားလုံးကို ကျေးဇူးပါဗျာ…..။

Comment #8

mike de
mike de
mike de

commentinfo By: ei lay at Jan 14, 2012
Comment #9

နေမပူ မိုမရွာ
နှင်းလဲမပါမယ့် ဥတုတစ်ခုကို
ငါ့အတွက် ဘယ်သူပြုပေးနိုင်မှာလဲ..?
နွေအခါ ရင်မှာပူလို့
မိုးအခါ မိုးရွာလျှင်လည်း
ဆွေးစရာကြုံပြန်တယ်..၊
ဆောင်းနှင်းကအေးပြန်တော့
နွေးထွေးတဲ့အတိတ်ကို တမ်းတမိတယ်…။

မိုက်လှချည်လား..။

commentinfo By: khaing at Dec 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment