Professional Authors

အရပ်ထဲမှာနေသော လူတွေ၏ အမြင်များ

 

အရပ်ထဲမှာနေသော လူတွေ၏ အမြင်များ


သာသနာမှာ ကောင်းတာရှိသလို ဆိုးတာရှိပါတယ်

ဘယ်ဘာသာမှာပဲ ဖြစ်ဖြစ်အဲ့ဒီလိုရှိပါတယ်

ကျနော်တို့မြန်မာတွေရဲ့ဘာသာရေးနဲ့သာသနာကို စော်ကားတာမဟုတ်ပါ၊

ကိုယ်ပေါင်ကိုယ်လှန်ထောင်း တာလည်းမဟုတ်ပါ။။

အလှူခံတွေ့လျှင် ကန်တော့ပါသေးရဲ့မလုပ်ပဲနဲ့ မိမိတက်နိုင်သမျှလေးလှူလိုက်ပါ .

ကျွန်တော်တို့ တာဝန်က သံဃာကို သံဃာလို့ပဲ ရည်စူးထားဖို့ အရေးကြီးတာပါ 

လှူလိုက်ခြင်းဖြင့် စိတ်ကိုဖြုစင်အောင်ထားပြီး ကုသိုလ်ယူကြရအောင်ဗျာ

××××××××××××××××××××××××× 

 

ကျနော်နေထိုင်ခဲ့သော အလုံမြို့နယ်၊ ဆင်မင်းဈေး(သိပ္ပံဈေး)၊ သိပ္ပံလမ်းတွင် မနက်မိုးလင်းသည်နှင့်ပထမဦးဆုံးကြား ရသည့်အသံက ပဲပြုတ်-နံပြား ဆိုတဲ့ဈေးရောင်းတဲ့အသံလေးပါ………..နောက်ဆက်တွဲကြားရသည်က သာသနာအလံ စိုက်ထူထားပြီး အသံကုန်ဖွင့်လာသည့်ဟုယူဆရသော အသံချဲ့စက်တပ်ထားသည် အလှူခံမော်တော်ကားကြီးမှ အသံ ဖြစ်ပါသည်။ အဲ့ဒီလိုအလှူခံကားကြီး ကားငယ်တို့ကို လမ်းမှာလည်းတွေ့ရ၊ အိမ်ရှေ့မှာလည်းတွေ့ရပြီး မလွတ်တမ်း ကြားနေရသည်က အလှူခံတို့၏အသံပင်ဖြစ်ပါသည်။ကားပေါ်တွင် ရဟန်းတစ်ပါး၊ နှစ်ပါးနှင့် လူဝတ်ကြောင်တွေပါလာသည်။ တစ်ခါတစ်လေ အမျိုးသမီးများပင်ပါလာတတ်ကြပါသည်။


မကြာခဏလာပြီးအလှူခံရသည့်အကြောင်းရင်းမှာ-

-၄င်းတို့ကျောင်းကို မြို့သစ်သို့ပြောင်းရွှေ့ခံရ၍ နေရာထိုင်ခင်းအခက်အခဲ

-ရေအခက်အခဲ

-အ၀ီစိတူးရန်

-ရေလှောင်ကန်တည်ဆောက်ရန်

-ရေပိုက်လိုင်းသွယ်ရန်….အစရှိသည်တို့ပေါ့

အလှူခံစဉ် ……….

ဆရာတော်၊သံဃာတော်များက ဒကာ/ဒကာမတို့ကိုအားကိုးတစ်ကြီးနဲ့ အလှူတော်ခံ၊အပူဇော်ခံကြွရောက်လာတာပါ။ အားပါးတရ၊၀မ်းပန်းတသာနဲ့အခွင့်ရတုန်းလှူဒါန်းကြပါ၊ အပေါ်ထပ်မှစေတနာရှင်များဆင်းမလာနိုင်လျှင် တိုက်ပေါ်မှ နေပြီး အလှူငွေကိုအောက်သို့ပစ်ချလိုက်ပါ.. ပစ်ချလို့အပြစ်မမြင်ပါဘူး. ရွှေမိုးငွေမိုးရွာသွန်းဖြိုးသည်ဟုမှတ်ယူပြီး၊ အကျိုးဆောင်များကကောက်ယူကာ ဆရာတော်ထံသို့အလှူရှင်ကိုယ်စား ရိုသေစွာ ဆက်ကပ်လှူဒါန်းပေးပါမည်တဲ့…။

 

ထို့အပြင်…ရေပိုက်ဖိုး(၅)လုံးစာရပါပြီ တစ်လုံးကို (၃၅၀၀)ကျပါသည်။ နောက်ထပ် ရေပိုက်(၅)လုံးစာမျှရလျှင် ကျွန်တော်တို့ ဒီနေရာကထွက်ခွာပါတော့မည်။။။ အဲ့ဒီလိုနဲ့လှူတဲ့သူက လှူနဲ့ နာရီပိုင်းအတွင်း စံချိန်စံညွှန်းပြည့်သွား ပါတော့သည်။ထိုအခါတွင်ဝမ်းသာအားရဖြင့် သီချင်းဖွင့်ပြီး အလှူခံကားကြီးထွက်သွားပါတော့သည်။။ အပြီးပြန်သွား သည်ဟုမထင်ပါနှင့်…ရှေ့တစ်လမ်းဝင်..နောက်တစ်လမ်းထွက်ဖြင့် အလှူခံကားကြီးမှ အလှူခံအသံပြန်ကြားရပြန်သည်။

 

တစ်ချို့အလှူခံကားကြတော့မိဘမဲ့ကလေးများကိုကျွေးမွေးပြုစုပညာသင်ပေးထားသည့်

ပရဟိတကျောင်းကဟုဆို ပါသည်။

 

အိုမင်းသောဆရာတော်ကြီးတစ်ပါးကို လူနှစ်ယောက်တွဲလာကာ၊ ဆရာတော်ကြီးကျန်းမာရေးအတွက် ဆေးဝါးဒါန လှူဒါန်းပါတဲ့…..ဆရာတော်ကြီးခမျာ သက်တော်ကြီးရင့်ပြီး ပင်ပန်းလွန်းသဖြင့်ခေါင်းငိုက်စိုက်ဖြင့် တစ်လှမ်းခြင်းလှမ်း နေရသည်မှာ မြင်ရသူတိုင်း စိတ်မချမ်းသာစရာဖြစ်ပါသည်။

 

လမ်းသွားရင်း “ဒကာ.. ခဏခဏ” ဆိုတော့ လှမ်းကြည့်တော့ ဦးဇင်းတစ်ပါးတွေ့ရတယ်….

“ဦးဇင်း ရဲ့ ကျောင်းကိုပြန်ရမှာဝေးတာကြောင့်ခရီးစရိတ် လှူဒါန်းပါဆိုပြီး လမ်းတွင် အလှူခံတာလည်းရှိပါသည်။

တစ်ချို့ကျတော့ စာသင်တိုက်တွင် ကျောင်းစာအုပ်လို၍လည်းကောင်း၊ အမျိုးမျိုးတွေ့ကြုံခဲ့ရပါသည်။

 

သီလရှင်တစ်ပါးသည်လည်း ဖြတ်ပိုင်းစာအုပ်လေးကိုင်ကာ ကျောင်းဆောက်ရန်တစ်ပါးတည်းလာပြီး အလှူခံနေသည် မှာတော်တော်ကြာမြင့်ပြီထင်ပါသည်။တစ်ခါတစ်ရံ တိုက်ရဲ့အောက်ခြေမှ ခေါင်းလောင်းကြိုးကိုဆွဲ၍

ဖြတ်ပိုင်းလေးတွေ ကိုစာအိတ်ထဲထည့်ပြီး အလှူခံတာလည်းရှိပါသည်။

 

ထို့အတူ ပုထုဇဉ်လူတွေထဲမှာလည်းတွေ့ရပါသည်။ မော်တင်သင်္ဘောဆိပ်တွင် “ သားလေး…တို့ သမီးလေးတို့ ခဏနေကြပါဥိး…. “ ဆိုတဲ့အသံကြောင့် အခေါ်ခံရတဲ့သူတွေ ရပ်သွားတယ်… ဘယ်သူခေါ်တာလဲပေါ့…လှည့်ကြည့် တော့ အဒေါ်ကြီးတစ်ဦး… အကျီလုံချည်သပ်သပ်ရပ်ရပ်ဝတ်ထားပြီး သနပ်ခါးအဖွေးလေးနဲ့ပါ အနားရောက်လာတော့ “အကူအညီလေး တောင်းစရာရှိလို့ပါ” သားရယ် ဆိုပြီး အကြောင်းပြချက်မျိုးစုံဖြင့်

တစ်ခုမဟုတ်တစ်နည်းဖြင့် တောင်းကြပါလိမ့်မယ်…………….

 

လိမ်ညာစားသောက်နေတဲ့သူတွေကြောင့်ပဲ “တကယ်ဒုက္ခရောက်နေသူတွေအတွက် အခက်အခဲဖြစ်နေကြတာပါ”

လိမ်ညာစားသောက်အလှူခံနေသူများကြောင့်

အမှန်တကယ်အလှူခံနေသူများပေါ်တွင

လိမ်ညာသူတို့၏  အရိပ်မည်း စွန်းထင်းရပြန်ပါတော့သည်….

အကုသိုလ်တွေတစ်ပုံကြီးဖြစ်လာ၏။ မိမိဘာသာစဉ်းစားချင့်ချိန်ကြည့်ရပေတော့မည်။

 

(အစစ်အမှန်ကိုသိပြီး လှူရလျှင်ဖြင့် အလှူရှင်များမှလည်း စိတ်သန့်ရှင်းပါသည်…..သို့လော်…သို့လော်နှင့် စိတ်ထဲမှာ ဝေခွဲမရပါက လှူသာလှူ၏၊ ကုသိုလ်မရပဲ…အကုသိုလ်ရကြပြန်၏) စကားချပ် 

××××××××××××××××××××××××××××××××××××××××××××××××××

မြန်မာတို့၏ ရိုင်းပင်းကူညီတတ်သော အကျင့်

အားနားတတ်သောအကျင့်

စေတနာသဒ္ဒါတရားထက်သန်ခြင်း

ဘာသာတရားကိုင်းရှိုင်းခြင်းတို့ကို အမှီပြု၍

“လိမ်ညာတောင်းလျှင် သူ့ကံနဲ့သူခံရလိမ့်မယ်၊

လှူတဲ့သူရဲ့စိတ်သားပြတ်သားဖို့ပဲ” ….လို့ပါတယ်ဟု… သဘောထားရင် ကျနော့်ရဲ့အမြင်ကို  ဖော်ပြလိုက်ပါတယ်။

 

ညအလင်္ကာ

In: ဆောင်းပါး Posted By: Date: Sep 11, 2010
Comment #1

နှင်းဆီကတော့ လှူမယ်ဆို ဘာအကျိုးကိုမှ မမျှော်ကိုးတော့ပဲနဲ့ ………
အလှူခံပုဂ္ဂိုလ်ဟာ ဘာကြီးပဲဖြစ်နေနေ စိတ်ပိုင်းဖြတ်စွာနဲ့ပဲ လှူလိုက်တယ် ငညရေ…
နို့မို့ ကုသိုလ်တပဲ ငရဲတပိဿာ အဖြစ်မခံနိုင်ဘူးကွယ်….
လှူမယ်ဆို လှူပလိုက်…
အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ ကန်တော့ပါ ဆိုတာကို ရဲရဲပြောတတ်အောင် ကျင့်ထား…း))

commentinfo By: မှုံရွှေရည် at Sep 12, 2010
Comment #2

အေးပါဟ ငါရေးတာလည်း သေချာရေးထားပါတယ်
ဟုတ်ကဲ့ ရဲရဲပြောတတ်အောင်လည်းကျင့်ထားပါမယ့်ခင်ဗျ
စိတ်ချပါ

commentinfo By: ညအလင်္ကာ at Sep 12, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment