Professional Authors

အောင်မြင်မှုပန်းတိုင်လှမ်းကိုင်နိုင်အောင်-ကဗျာချစ်သူ(ဘုတလင်)

ပြည့်ဝနှလုံး  ဆင်ခြင်သုံး၍
ဖြောင့်မတ်တည်ကြည်   ကူညီစိတ်ထား
သစ္စာတရား  မေတ္တာထားကာ
အချစ်ကမ္ဘာမှာ  အချစ်ရှာကြပါစို့
သူငယ်ချင်း။
အမုန်းတရား   အမုန်းမပွားပဲ
ကောင်းတာကိုမြင် ကောင်းစိတ်ဝင်၍
ဘေးစကားဖြင့် အတွေးများကာ
အမုန်းရွာမှာ အမုန်းမရှာကြပါနှင့်
သူငယ်ချင်း။
အမုန်းတွေပယ်   အချစ်တွေတွယ်ပြီး
ဖြူစင်မေတ္တာ ဂရုဏာနှင့်
အောင်မြင်မှုပန်းတိုင် လှမ်းကိုင်နိုင်အောင်
တစ်လှမ်းချင်းတက် ခရီးဆက်ကြပါစို့လား
သူငယ်ချင်းရယ်။

In: ကဗျာ Posted By: Date: Dec 11, 2012
Comment #1

Nice

commentinfo By: ei lay at Dec 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment