Professional Authors

leam

ူLean…ဆိုတဲ့ ဆောင်းပါးလေးနဲ့အတူ သင်တန်းမှ ချစ်စရာကောင်းသော သူငယ်ချင်းများတွက် အမှတ်တရ..
ပြီးတော့ စာဖတ်တဲ့ သူငယ်ချင်းများလုံးတွက် လက်ဆောင်….ခုဆိုသူတို့အားလုံး သူ့နေရာနှင့်သူ အောင်မြင်နေကြပါပြီ….
ကျမ ဒီနေ့ ပြောချင်တာကတော့ Learn(သင်ယူခြင်း)
to get knowledge
to come to know
to be informed
တကယ်တော့သင်ယူခြင်းဆိုတာ ကျောင်းနေဘ၀မှ မဟုပ်ပါဘူး..
လူဘ၀ မပြီးမဆုံးချင်း သင်ယူရမှာပါ..သင်ယူတာချင်းကတော့ အရွယ်လိုက် ဘယ်တူပါ့မလည်း..
သင်ယူတဲ့ အရာတွေကလည်း လူတယောက်နဲ့ တယောက်မတူနိုင်ကြပါဘူး..
အရွယ်အလိုက် အခြေနေအလိုက် နေရာဒေသ အလိုက်သင်ယူကြရတာပါဘဲ..
သင်တဲ့နေရာမှာလည်း စာဖတ်စာကျက်မှ မဟုပ်ပါဘူး နားထောင်ခြင်း။ဖတ်ရှု့ခြင်း။
မိမိကိုယ်တိုင်အတွေ့ အကြုံဖြင့်လည်း သင်ယူကြရမှာပါ..သင်ယူတဲ့နေရာမှာလည်း ကြီးသည် ငယ်သည်မရှိပါဘူး စာသင်မှ သင်ယူတာမဟုပ်ဘဲ ဘ၀၀မ်းစာ အတပ်ပညာသင်ယူခြင်း
ကလည်း အရေးကြီးတဲ့ သင်ယူခြင်းပါဘဲ..ကလေးဘ၀ မိခင်ဝမ်းထဲရောက်ကတည်းက နို့စို့ဘို့ အမေကသင်ပေးတယ်.အရွယ်ရောက်တော့ ကျောင်းတွေတက်တယ် ဆရာ ဆရာမတွေက သင်ပေးတဲ့ ပညာနဲ့ ပြည်သူ့ နိတိဆိုတဲ့ ပညာရပ်..စသည်တွေကစလို့ အရွယ်လိုက်သင်ကြားနေရတယ်..
အဲ….အရွယ်တွေကြီးလို့ လူကြီးဖြစ်လာတော့လည်း သင်တန်းတွေတက်မကုန်ပါဘူး..
လေ့လာသင်ယူစရာတွေ အများကြီးပါဘဲ..ကျမဆိုလွန်ခဲ့တဲ့ သုံးနှစ်ကမှ လွတ်လပ်ခြင်း အနုပညာပွဲတော်ရဲ့ ချည်းမြင့်ခြင်းဖြင့် ဒါရိုက်တာပညာဘာသာရပ် သင်တန်းကို အမေရိကန်စင်တာမှာ Free တက်ခွင့်ရခဲ့ပါတယ်..ကျမတို့ အယောက်နှစ်ဆယ် တလတက်ရပါတယ်… တက်ခွင့်ရတဲ့
အထဲမှာဆို ကျမ အကြီးဆုံးပါဘဲ သင်တန်းမှာဆို(16)နှစ် အရွယ်2ယောက်ထိပါတယ်..ကျန်တာကတော့ အရွယ်စုံပေါ့ ကျမ40ကျော် အကြီးဆုံးပါ
ဒါပေမဲ့ ကျမ သူတို့နဲ့ရွယ်တူ တန်းတူ လက်ရည်တူအောင် လုပ်နိုင်ခဲ့တယ် ကျောပိုးအိပ်ကိုလွယ်ပြီး လက်တွေ့ရိုက်ကူးရေးတွေကို အဖွဲ့လိုက် လုပ်ခဲ့တာ ကျမအဖွဲ့မှာ ကျမရယ်။ဒါရိုက်တာကျော်နှင်းဆီ။အခု(mrtv4) မှာ Edidor လုပ်နေတဲ့ သူငယ်ချင်းဂျင်းနီရယ် ထူးသဒ္ဒါဆိုတဲ့ အဲ့ဒီချိန်က စင်ကာပူမှာကျောင်းတက်နေတဲ့ ကလေး ဆယ့်ခြောက်နှစ်အရွယ် သူငယ်ချင်းလေးရယ် အားလုံးအတူ လက်တွဲလုပ်ရတယ် အဖွဲ့လိုက်ပြိုင်ရတာလေ စပြီး ဆရာကက အဖွဲ့ ခွဲပေးတည်းက မျတအောင်ခွဲပေးတယ် သင်တန်းဆရာတွေကလည်း အမေရိကားကလာတဲ့ တကယ့်နံမည်ကြီး ဒါရိုက်တာ ဆရာတွေ ဆိုတော့ အရမ်းစည်းကမ်းသေချာတင်းကြပ်တာ ခိုကပ်လို့လည်းမရဘူးလေ ကျမတို့ကိုစပြီး တာထွက်ပေးတဲ့နေ့ ကနေ (3)ရက် အပြီး ဇတ်ကားတို ကလေးရိုက်ရတယ် ရိုက်တာက အစ အပြီးသပ် ပြသလို့ရတဲ့ထိကို ကျမတို့ ပူပေါင်းလုပ်ဆောင်ရတယ်..အားလုံးလည်းစည်းလုံးညီညွတ်ရတယ် တယောက်က တမျိုးလုပ်လို့လည်းမရဘူး ကျန်ခဲ့လို့လည်းမရဘူးလေ..အဲ့ဒီမှာ ကျမက ဒါ၇ိုက်တာ ကျော်နှင်းဆီက တည်းဖြတ် သူကကျွမ်းတယ် တည်းဖြတ်တာ ထူးသဓ္ဒါကတော့ ကင်မရာမန်း။ဂျင်းနီက မန်နေဂျာလေ အားလုံး အမြန်ရိုက်ကြတယ် ပြိုင်ပွဲဆိုတော့ လည်း အရေးကြီးတယ်မလား အဲ့ဒီချိန်ကဆို ကျမက ကလေးတွေနဲ့တန်းတူဘဲ ကျောပိုးအိပ်ကိုလွယ် အိပ်ထဲမှာ လက်ပတော့ပါတယ် ကင်မရာပါတယ် အသံဖန်းကရိယာပါတယ် စာအုပ်စာရေးကရိယာ အစုံပေါ့ အဲ့ဒီအိပ်ကို တနေကုန် လွယ်ပြီး ဒလဆိပ်ကမ်းဖက်ကို ဇက်နဲ့ကူးတယ် ဇက်နောက်ကျရင်လှေနဲ့ကူးတယ် အဲ့လို လေ့လာသင်ယူခဲ့ပါတယ် ဒါက ကျမလိုချင်တာကို ကျမကြိုးစားတယ် အရွယ်နဲ့ မဆိုင်ဘူး စိတ်ဘဲလေ လိုချင်တဲ့စိတ်တခုဘဲ အဲ့လိုနဲ့ဘဲ ကျမတို့အဖွဲ့က(Boatman)ဆိုတဲ့ ဇတ်ကားနဲ့  ဒုတိယရတယ် ရန်ကုန်တဖက်ကမ်းက လှေသမားတွေရဲ့ဘ၀ကိုရိုက်ထားတာပါ.. သင်တန်းလည်း အောင်မြင်ခဲ့တယ် ဒါဟာ ဘာလည်းဆိုတော့ သင်ယူခြင်းပါဘဲ ဒါကြောင့် လူငယ်တွေရော လူကြီးတွေရော သင်ယူခြင်းကို အရွယ်ဆိုတာ ဘေးဖယ်ပြီး သင်ယူကြပါလို့ ပြောချင်ပါတယ်…သင်ယူခြင်းဟာ ဘ၀မှာ အရမ်းအရေးကြီးပါတယ် ကြီးသည်ငယ်သည်မရှိပါဘူး ပညာလို အိုသည်မရှိတဲ့ ….အခုလို့အားပေးရင် သူငယ်ချင်းများအတွက် အောင်မြင်မှု့တွေ ရပါစေလို့ဆုတောင်းပေးပါတယ်….ဖြူဖြူစိုး(27.7.2014)ဖတ်ရှု့တဲ့ သူငယ်ချင်းစာဖတ်သူများအားလုံးလည်း ကျေနပ်မယ်ထင်ပါတယ် လူငယ်များဆိုရင်တော့ ဘ၀တွက်(Learn)ဆိုတဲ့ သင်ယူခြင်းကို နဂိုကထက် ပိုပြီးကြိုးစားကြပါလို့ ….

In: ဆောင်းပါး Posted By: Date: Jul 26, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment