Professional Authors

သမီးလေး မွေးနေ့ 

မနက်ဖန် ညနေ(5;27pm) အချိန်ဖြစ်တဲ့…
မေလ(27)ရက်နေ့  တနင်္ဂနွေ နေ့ မှာ သမီးပေါက်စီ(ခေါ် )အေးဝတ်ရည်သောင်းကို…မိခင့် ဒေါ်ဖြူဖြူစိုးက့ 
တောင်ဥက္ကလာပ အမျိုးသမီးဆေးရုံမှာ မြန်မာဆန်ဆန် ကောင်းမွန်စွာ မွေးဖွားနိုင်ခဲ့ပါတယ်..
ငယ်စဉ်က အသက်ခြောက်လသမီးအရွယ်ထိ ကျမ ကလေးနံမည်ကို မမှည့်တပ်လို့ မမှည်ထားပါဘူး….
တနေ့တော့ အဖိုးရဲ့ အကိုဖြစ်သူ ကပ္ပတိန် အောင်ကြီး နိုင်ငံခြားမှ ပြန်ရောက်လာတော့ ကလေးလေးက ဖြူဖွေးပြီး ၀၀ကစ်ကစ်လေးပါလား ချစ်စရာလေးပါဆိုပြီး သူ့ အတွက်တော့ အရုပ်တရုပ်ရသွားပါတယ်..အိပ်လည်းဒီကလေးကို ဗိုက်ပေါ်တင်အိပ်တယ်..ကလေးနိုးဗူးကိုလည်း
သူတိုက်တယ် ကလေး သေးပေါက်ချလည်းသူ ပျော်နေတပ်တယ်..
ဒါပေမဲ့ ကလေးနံမည်ကို သူဘယ်လိုခေါ်၇မလည်းလို့ ကျမကိုမေးတော့ ကျမက သိဘူးလေ မဖြူလည်း မမှည့်တပ်လို့ မှည့်မထားဘူးလို့ ပြန်ဖြေတော့ ရီပြီး ဒါဆိုငါ့မြေးကလေးက ဖြူဇွေးနေတာဘဲ ပြီးတော့ ပါးလေးကလည်း ဖေါင်းဖေါင်းလေး နှုပ်ခမ်းလေးကလည်း နို့ဗူးဆို့လွန်းတော့ ထော်နေတာပေါ့ သူပေးတဲ့ နံမည်က ပေါက်စီတဲ့…
နံမည်လေးတော့ရပါပြီ သူကလည်း ကလေးကိုလက်ကမချပါ..ကလေးအိပ်ရင်လည်း သူ့ရင်ဘတ်ပေါ်က မချပါ..ဒါကတော့ ပေါက်စီဆိုတဲ့ န့မည်လေးတခု ရခဲ့တဲ့ ဖြစ်စဉ်လေး ပြောပြတာပါ…အဲ့ဒီ..ပေါက်စီကတော့( 1998) မှာ မမီးငယ် ဦးကျော်ဝင်းတို့ စီစဉ်တဲ့ (Miss Christmas )ပြိုင်ပွဲကြီးမှာ Miss Christmas..ပထမဆုနှင့် အတူ မိတ်ကပ်ခင်စန်းဝင်းရဲ့ ဒီဇိုင်ဝတ်စုံနဲ့ မကြီးစန်းနှင့် အတူ ဒီဇိုင်း ပထမဆုကိုဌင်း ပြီးတော့ Mildseven..ကပေးတဲ့ပရိတ်သတ် နှစ်သက်ဆုံး ဆုကိုလည်း တပြိုင်ထဲမှာ သုံးဆုရခဲ့ပါတယ်..အဲ့ဒီနှစ်မှာဘဲ ဆရာဂျွန်ရဲ့ ဖိတ်ခေါ်မှု့ နဲ့ ယုဇန ဟော်တယ် မှာ ကျင်းပတဲ့ မော်ဒယ်ရှိုးပွဲကြီးမှာ ပါဝင်ခွင့်ရခဲ့ပါတယ်..
ဒီလိုနဲ့…. မော်ဒယ် အေးဝတ်ရည်သောင်းဆိုတဲ့ နံမည် တလုံးက ထင်ပေါ်ကျော်ကြားလို့ လာပါတယ်..
တနေ့ တော့ အာရုံဦးကိုဇော်နဲ့ မသီတာတို့စီစဉ်တဲ့ မင်းသား ကိုရန်အောင်နဲ့ နံမည်ကြီး မင်းသမီးလေး…လေးယောက်ပါတဲ့( ပင်လယ်ပြောသောပုံပြင်) ကားကို ချောင်းသာမှာ
မင်းသမီး စိုးမြတ်နန္ဒာ၊ အိဒ်ြကျော်ဇင်၊နှင်းဝတ်ရည်သောင်း၊ခြူး၊တို့နဲ့အတူ ပါဝင်ရိုက်ခဲ့ရပါတယ်
ဒါကြောင့် အနုပညာလောကမှာ သူ့ ရဲ့ ပထမဆုံးမော်ဒယ်ဆရာကတော့ ဂျွန်လွန်ဖြစ်ပါတယ်..
ဗီဒီယိုမှာတော့ အာရုံဦးကိုဇော်က လက်ဦးဆရာပါဘဲ..နောက်တော့လည်း သင်ဆရာ မြင်ဆရာများစွာနှင့်ဘဲ အနုပညာလမ်းကို ရှောက်လှမ်းနေပါတယ်..
ယခုဆို အနုပညာသက်တန်းက (16)နှစ်ရောက်ခဲ့ပါပြီ ကျေနပ်စရာ နေရာတခုကိုလည်း ပိုင်ဆိုင်ခဲ့ဘူးပါပြီ… ကျမမွေးရတာဟာ မွေးရကြိုးနပ်ပါတယ်..ပြီးတော့ ကျမသူ့ ကို ခုလိုနေ့ မျိုးမှာ ဆုတခုလောက်ပေးချင်ပါတယ်..သူဟာ မိသားကိုလည်း အသက်(13)နှစ်အရွယ်လောက် ကတည်းက တဖက်တလမ်းက ကူညီရှာဖွေခဲ့ပါတယ်..
ဒါကြောင့် ကျမသူ့ ကိုမွေးရတာဟာ အရမ်းကိုကျေနပ်စရာကောင်းတဲ့ ဘုရားသခင်ချီးမြင့်ခြင်းခံရတာပါဘဲ ခုလည်း ဘုရားသခင်ကဘဲ သူ့ ကို ဆက်လက် အသက်ရှင်ခွင့် တွေပေးနေပါတယ်…နောက်အနှစ်ပေါင်းများစွာထိလည်း ဘုရားသခင်က သူ့ကို
အေးချမ်းသာယာသော ဘ၀လမ်းမှာ ခလုပ်မထိဆူးမညိဘဲ လိုရာဆန္ဒနှင့် တထပ်တည်းကျမဲ့ ဆုကျေးဇူးတွေ ဆက်လက်ပေးသွားလိမ့်ဦးမယ်လို့ ကျမထင်ပါတယ်.. ကျမကိုယ်တိုင်လည်း အဲ့ဒီ ဆုကျေးဇူးတွေကို သူ့ အတွက် တောင်းပေးချင်ပါတယ်..ဘုရားသခင်… တပည့်တော်မရဲ့ သမီးလေးကို ယခုထိကောင်းမွန်သောလမ်းများကိုညွန်လျက်…့ ဆုကျေးဇူးတော်များ ပေးသနားသကဲ့သို့ နောင်နှစ်ပေါင်းများစွာ ဆက်လက်ရှင်သန်ခွင့် ပေးသနားတော်မူပါဘုရား….လို့ .. ကျမဆုတောင်းပေးပါတယ်…
ကျမ..သူ့ အတွက်လက်ဆောင် စာလေးတစောင်လောက် ရေးချင်ပါတယ်…..
သမီးရေ….အသက်အရွယ်ဆိုတာ မိမိဘ၀အတွက် လက်ဆောင်မွန်တခုပါလို့  ပြောချင်ပါတယ်….ခပ်ပြေပြေ အဆင်းလမ်းကလေး ရောက်တဲ့အခါ ဘ၀ဟာ ပိုလို့ တောင် ပျော်စရာကောင်းပါသေးတယ်တဲ့သမီးရဲ့ အဲ့ဒါက (ဆီနီကာ)ဆိုတဲ့ အဆိုရှင်တဦးက တင်စားပြောတာ အမေဖတ်ဖူးတယ်သမီး…အသက်ကြီးလာတာဆိုတာကို ကျေနပ်ရမယ် ဂုဏ်ယူထိုက်တယ်တဲ့..အသက်တနှစ်ကြီးလာတိုင်း ကိုယ်အတွက် လက်ဆောင်မွန်တခုရလို့  ပျော်စရာပါတဲ့…
ဒါကြောင့် မွေးနေ့ မှာ ကောင်းမှု့ ပြုရမယ် ဘုရားကျောင်းတက်ပြီး အပြစ်ဖြေရမယ်..ဆိုတာတော့ မပျက်မကွက် လုပ်ဆောင်ရမဲ့ အရေးကြီးဆုံး အချက်ဘဲသမီးရေ….အင်း…ပြီးရင်တော့ မွေးနေ့ ပွဲကို အလှု အတန်းနဲ့ ဒါနပြုရမယ်၊
အားလုံးတာဝန်ကျေပြီဆိုရင်တော့ သမီးရဲ့ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းများနဲ့ စိတ်ချမ်းသာစွာ ပျော်ပေတော့လေ…
ပြီးတော့… သမီးရေ.. လွန်ခဲ့ တဲ့အတိတ်တုံးက မိမိ အနိုင်ရခဲ့တဲ့ ဆုလပ်တွေကိုလည်း ကိုယ်နဲ့ အတူတူတွဲပြီး ကျေနပ်စွာ စဉ်းစားပေးရမယ်…ဒါမှ စိတ်ကြည်နူးစရာတွေ ပါလာမယ်..အမှတ်တရ အောင်မြင်မှု့ ရဲ့ နောက်ထပ်လည်း အနာဂတ်မှာလည်း အသစ်အသစ်သော အောင်မြင်မှု့ ပေါင်းများစွာကိုလည်း ဆက်ယူဘို့  တာဝန်တွေ ထပ်တိုးလာပြီနော်…အသိပညာ အတပ်ပညာတွေကို စာရင်းချကြည့်ပါလား
အရွယ်ဘယ်လောက်မှာ အကျိုးကျေးဇူးဘယ်နှစ်ခု ရတယ် ဆိုတာရယ် ရောရဲခဲ့တဲ့ အကြောင်းတွေကိုယှဉ်လို့ နောက်ထပ်ဆုတွေ ဆက်တိုက်ရအောင် ယူလိုက်စမ်းပါသမီးရေ…..
(သမီးကို အမေ ၀မ်းနဲ့လွယ်ပြီး ပျော်ရွင်စွာ ရခဲ့တဲ့နေ့  ဒီနေ့ ပေါ့)(အမေရဲ့ မွေးနေ့ လက်ဆောင် ဆောင်းပါး)မိခင် ဒေါ်ဖြူဖြူစိုး…(26.5.2014)

In: ဆောင်းပါး Posted By: Date: Jul 20, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment