Professional Authors

ခရမ်းပြာတေး

သမီးရေ
သမီးလေးရေ
အပြင်မှာ မိုးတွေရွာနေတယ်ကွဲ့
စပါးခင်းတို့ စိမ်းမြ
လှတဲ့ပန်းချီ
သဘာဝကသီတဲ့တေးလေ။ ။

ဒီအချိန်
တိမ်တွေပုံပြောင်း
ဘယ်တော့မှ မဟောင်းတဲ့ရှုခင်း
ခုချိန်သာ
ဖေဖေ့ရင်ခွင်တွင်းမှာ သမီးလေးရှိခဲ့ရင်
ဒီရှုခင်းအလှ
ဒီ့ထက် ဆယ်ဆ သာလိမ့်မယ်။

In: ကဗျာ Posted By: Date: Sep 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment