Professional Authors

ချစ်ခြင်း၏စည်းဖက်၌အချစ်ရှိသည်

နင့်ရဲ့ အဝေးမှာ မနေတတ်တဲ့ငါနဲ့ 

ငါရဲ့ အနီးမှာ မရှိချင်တဲ့ နင့်ရဲ့ 

မျှော်လင့်ချက်မဲ့ ဆက်ဆံမှုတွေကြား

ဘာလိုလိုနဲ့ 

မနက်ဖြန်ဆိုတာ ~ ရှားသွားခဲ့ရပြီ …

 

ခြားထားမှန်းသိရက်နဲ့ 

အဲဒီစည်းတစ်ဖက်ထဲကိုတိုး

နင့်ကို မြတ်နိုးတယ်လို့ 

ဆိုလိုက်တိုင်း …

ရင်ဘတ်တစ်ခုလုံးအလွမ်းတွေမှိုင်းထ

ငါဟာ…သ၀န်တိုစိတ်တွေနဲ့ 

ရိုင်းပျလာတတ်ခဲ့ပြီ …

 

တကယ်ဆို

နင်မဖတ်တတ်ခဲ့တဲ့

ငါ့ရင်ဘတ်ထဲက~ဗျည်းအက္ခရာဟာ

အတ္တဆန်ခြင်း ၊ သ၀န်တိုခြင်း

မနာလိုခြင်း ၊ သဘောထားသေးသိမ်ခြင်းတွေနဲ့ 

ခြယ်မှုန်းခဲ့ရတာတော့ ~ မဟုတ်ပါဘူးကွာ …

 

အချစ်ရဲ့ အဓိပ္ပာယ်ကို

နားလည်တတ်ဖို့ ရာ

အခုမှ … ငါဟာ

သင်ပုန်းကြီးဖတ်စာ ~ ဖတ်နေတုန်းပါ …

 

တကယ်တော့ …. ချစ်သူ ရေ

သံယောဇဉ်ကြိုးကို

မြတ်နိုးစွာနှောင်ဖွဲ့ တိုးလို့ 

တိတ်တခိုးချည်ငင်ခဲ့တာ

နင့်တစ်ယောက် ~ ပျော်ရွှင်စေဖို့ 

ဖြည့်ဆည်းပေးချင်ယုံသက်သက်ပါကွာ ….

 

In: ကဗျာ Posted By: Date: Dec 16, 2010
Comment #1

နင့်ရဲ့ အဝေးမှာ မနေတတ်တဲ့ငါနဲ့ 

ငါရဲ့ အနီးမှာ မရှိချင်တဲ့ နင့်ရဲ့ 

မျှော်လင့်ချက်မဲ့ ဆက်ဆံမှုတွေကြား

ဘာလိုလိုနဲ့ 

မနက်ဖြန်ဆိုတာ ~ ရှားသွားခဲ့ရပြီ …

ကြိုက်ပါသည်။

commentinfo By: နရီထက် at Dec 16, 2010
Comment #2

ကောင်းပါသည်။

commentinfo By: ရွှေငါး at Dec 17, 2010
Comment #3

ဟုတ်ကဲ့ အားပေးတာကျေးဇူးပါ…..

commentinfo By: နှောင်း at Dec 17, 2010
Comment #4

ကောင်းပါတယ်ဗျာ… အားပေးနေတယ်နော်

Comment #5

excellentttttttt
i like so so sooooooooooo muchhhhhhhhh
thz u sooooooooo muchhhhhhhhhhh

commentinfo By: ei lay at Mar 5, 2012
Comment #6

Hote pa.
Nar le ma pay Dar soe de naw.

commentinfo By: ei lay at Dec 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment