Professional Authors

မော်ကျွန်း ပြင်စလူမှာ ထင်ကျန်ခဲတဲ့ သီတဂူမေတ္တာရေစဉ်

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-parent:””;
mso-padding-alt:0cm 5.4pt 0cm 5.4pt;
mso-para-margin-top:0cm;
mso-para-margin-right:0cm;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0cm;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;
mso-ansi-language:EN-US;
mso-fareast-language:EN-US;}

သီတဂူ ဆရာတော်ကြီးနှင့် သီတဂူသာသနာပြု အဖွဲ့

မော်ကျွန်း-ပြင်စလူ ခရီးစဉ်

 

၂၀၀၈ ခုနှစ် မေလ လဆန်းလောက်က တိုက်ခတ်ခဲ့တဲု့ မုန်တိုင်း ဒဏ်ကို အပြင်းအထန်ခံခဲ့ ရသော ဒေသတစ်ခုကို သီတဂူဆရာတော်နှင့် သာသနာပြု အဖွဲ့ဝင်တွေရဲ့ တည်ဆောက်ပြုပြင်မှုတွေကို မျက်မြင်မတွေ့ ကြရတဲ့သူတွေ ကြည်ညို သဒ္ဓါပွား သာဓုခေါ်နိုင်အောင်  တင်ပြချင်ပါသည်။

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ တို့တွင် ပြင်းထန်စွာ နာဂ်စ် မုန်တိုင်းကြီး တိုက်ခတ်ခဲ့ပါသည်၊ လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပါသည်၊ ထိုပျက်စီးမှု့ တွေကို ထိုအချိန်က သီတဂူဆရာတော်ကြီးနှင့် သာသနာပြုအဖွဲ့ ၀င်တွေက အချိန်နဲ့ တစ်ပြေးညီစွာ လိုအပ်သော ကူညီမှု့တွေကို ကူညီနိုင်ခဲ့ လှူဒါန်းနိုင်ခဲ့တာတွေကို လူတိုင်း အမှတ်ရနေကြမယ်လို့ ယုံကြည်ပါသည်။ အလှုငွေ သန်းဘီလျံပေါင်း များစွာကိုလှူဒါန်းနိုင်ခဲ့ပါသည်၊ အခုတစ်ခါ သွားလာရေးမလွယ်ကူလို့ ဟိုတစ်ချိန်က  သွားရောက်မလှူနိုင်ခဲ့သော  ဧရာဝတီတိုင်း လပွတ္တာခရိုင်က ပြင်စလူကျွန်း သို့သွားရောက်လှုဒါန်း မည့်ခရီးစဉ်လေးဖြစ်ပါသည်၊ အကြိမ်ကြိမ်သွားရောက် လှူဒါန်းရန် ကြိုးစားခဲ့သော်လဲ မရောက်ခဲ့သော ဒေသလေးတစ်ခုဖြစ်ပါသည်။

တည်ဆောက်ရေးပြုလုပ်ရန်ခရီးအစ

မတ်လ(၁၁)ရက်နေ့ နေ့လည်(၁၁)နာရီလောက်တွင် သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုဗိမာန် (ယခု သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ရန်ကုန်) တွင် ပြင်စလူခရီးစဉ်ကိုလိုက်ပါကြမည့် သူအားလုံးကို အလှူရှင် တစ်ဦးက ကြက်ဆီထမင်း ရေခဲမုန့်များနှင့် ဧည့်ခံကျွေးမွေးတာကို စားသောက်ပြီး နေ့လည်(၁)နာရီခန့် လောက်တွင် ကျောင်းမှစီစဉ်ပေးထားသော Express ကား(၂)စီးနှင့် အဖွဲ့ဝင် (၄၀) ဦးခန့်တို့သည်  ဆရာတော်ကြီးရဲ့ကား ဦးဆောင်မှုဖြင့်  ဧရာဝတီတိုင်း မော်ကျွန်းမြို့သို့ ထွက်ခွာလာကြသည်။ ဘုရင့်နောင် တံထားကိုဖြတ်ပြီး ညောင်တုန်း ဆားမလောက်မှ  မအူပင်မြို့ကို ဖြတ်ကာ မော်ကျွန်းသို့ ရာဇူတိုင်တံတား (၁/၂) တို့ကို ဖြတ်သန်းခဲ့ပြီး မော်ကျွန်းမြို့သို့ ညနေပိုင်း(၆)နာရီခန့် ရောက်ရှိခဲ့ပါတယ်၊ အရင်နှစ်ပေါင်းများစွာ မော်ကျွန်းသို့ သွားလျှင် ရေလမ်းခရီးကိုသာ အသုံးပြု၍သာ သွားကြရပါသည်၊ ယ္ခုနှစ်မှ စပြီး ကားလမ်းနှင့်ပါ အသုံးပြုသွားလာနိုင်သောကြောင့် လမ်းပန်းဆက်သွယ်ရေး အသင့်အတင့် အဆင်ပြေလာပါသည်လို့ ပြောရမှာပါ၊  ကားလမ်းကတော့  ကြမ်းသေးတယ်၊ မော်ကျွန်း ပစ္ဆိမာရုံကျောင်းဆရာတော်နဲ့ တိုက်အုပ် ဆရာတော်တို့က မော်ကျွန်း-ပြင်စလူ ခရီးစဉ်ကို ဆရာတော်ကြီးနဲ့တကွ လိုက်ပါလာတဲ့ တပည့်ဒကာ/မတွေ ၊ အလှု့ရှင်တွေအားလုံး အဆင်ပြေပြေ သွားနိုင်ရန် လိုလေသေးမရှိအောင် စီစဉ်ထားတာတွေကို မြင်တွေ့လိုက်ကာ အကြိမ်ကြိမ် ကျေးဇူးတင်နေမိပါသည်

 

မိုးနဲ့အပြိုင်ဆွေးနွေး တိုင်ပင်

ရန်ကုန်မှ  မထွက်ခွာမှီ  အချိန်အခါမဲ့ မိုးတွေရွာချ လေပြင်းတွေတိုက်နဲ့မို့ မိုးလေ၀သဌာနမှ ဆရာတော်ကို တပည့်တစ်ဦးက ဒီခရီးစဉ်လေးကို မသွားသင့်ကြောင်း လျှောက်ထားပါသေးသည်၊  ဒါပေမဲ့ ဆရာတော်က ရည်ရွယ်ထားပြီး စီစဉ်ထားပြီင်္းဖြစ်တဲ့ ခရီးစဉ်လေးကို အရောက်သွားချင်တဲ့ဆန္ဒကြောင့် ဒီခရီးစဉ်လေးကို စတင်ခဲ့ပါသည်။ ဆရာတော်ကြီးစီစဉ်တာ မှန်ပါသည်၊ အကယ်၍သာ ဒီခရီးစဉ်ဖျက်လိုက်ရင် ရေးဆွဲပြီးသားခရီးစဉ်တွေဟာ ကမောက်ကမဖြစ်ကုန်မှာပါဖြစ်ပါသည်၊  သာနာပြုအဖွဲ့ဝင်တွေ မော်ကျွန်း မရောက်ခင်  လမ်းမှာပဲ ဖုန်းသတင်းတွေဝင်လာပါတယ၊် ရန်ကုန်မှာ လေတွေမိုးတွေ ကျနေတယ်ဆိုတာရယ်၊ ပင်လယ်ပိုင်းတွေကိုလဲ လေတွေတိုက်ခတ်နိုင်တယ်ဆိုတဲ့ သတင်းတွေ ရလာပါတယ်။

မော်ကျွန်းကျောင်းကို ရောက်တော့  ဆရာတော်က လိုက်ပါလာတဲ့သူတွေ အားလုံးနဲ့တွေ့ဆုံပြီး မိုးလေ၀သ အခြေအနေလေးကို ဧရာဝတီတိုင်း မြေပုံလေးနဲ့ ရှင်းလင်းပြပါတယ်၊ ဘင်္ဂလားပင်လယ်အော်နဲ့  အရမ်းနီးနေလို့ လေတွေပြင်းထန်ရင် ဒီခရီးစဉ်လေးကို မော်ကျွန်းမှာဘဲ ရပ်နားပြီး နောက်နေ့ မနက် မော်ကျွန်းမုန့်ဟင်းခါး စားပြီး ရန်ကုန်သို့ ပြန်ရန် စဉ်းစားထားကြောင်း တိုင်းမိုးလေ၀သဌာနကိုလဲ အချိန်နဲ့ တစ်ပြေးညီ သတင်းပို့ပေးဖို့ ဆရာတော်က မိန့်ဆို အကူအညီတောင်းလိုက်ပါသည်။

တည်ဆောက်ရေးအစီအစဉ်ရှင်းလင်း

ဆရာတော် နောက်ထပ် မိန့်ဆိုသည်မှာ ပြင်စလူကျွန်းတွင် ကျေးရွာပေါင်း (၁၀) ရွာရှိပါသည်၊ ထိုကျေးရွာများတွင်  ဘုန်းကြီးကျောင်း (၁၁) ကျောင်းး၊စာသင်ကျောင်း (၁) ကျောင်း၊ ရေကန် (၁၂) ကန်၊ သိမ် (၁) သိမ်ကို ဆောက်လုပ်လှူဒါန်း သွားမည်၊ အဆောက်အဦးအားလုံး အလှူ့ရှင်တွေ ရပြီးဖြစ်ပါသည်။

နောက်ဆရာတော်က အဆောက်အဦးများသည် ပင်လယ်လေဒဏ်၊ မိုးဒဏ်တွေကို ခံနိုင်ရန်အတွက်  ပိုင်ရိုက်ပြီးမှဆောက်လုပ်မည် ဖြစ်သောကြောင့် ကုန်ကျစရိတ်တွေက အရင်ခန့်မှန်းပြီး အလှုငွေ ထက်ပိုကုန်လိမ့်မည်၊ ဒါပေမဲ့  လှူပြီးသား အလှု့ရှင်တွေဆီက နောက်ထပ် အလှူမခံတော့ဘဲ ဆရာတော်နဲ့ တက်လမ်း ဦးရှိန်ဝင်းတို့က  လိုအပ်သောငွေတွေကို ဖြည့်စွက် ဆောက်လုပ်လှူဒါန်းမည်လို့လည်း မိန့်မှာသွား ပါသေးသည်၊ ဆရာတော်နဲ့ အဖွဲ့ဝင်များသည် မနက်စောစော မိုးလေ၀သ အခြေအနေကို မျှော်လင့်ကာ မော်ကျွန်းဆရာတော်နှင့် တိုက်အုပ်ဆရာတော်တို့  စီစဉ်ပေးထားသော  နေရာတွင် ညအိပ်အနားယူကြပါသည်။

ပြင်စလူခရီးစတင်

နောက်တစ်နေ့ မနက်တွင် သီတဂူဆရာတော်ရဲ့ ဘုန်းကံနှင့် မော်ကျွန်းဆရာတော်တို့ရဲ့   စေတနာ၊ အလှူရှင်တို့၏ သဒ္ဓါထက်သန်မှူ့တို့ကြောင့် မိုးလေကင်းစင်ပြီး ကောင်းကင်ကြီးလည်း ရှင်းလင်း ကြည်လင်နေပါသည်၊ မော်ကျွန်းဆရာတော်နှင့် တိုင်းမှတာဝန်ရှိသူများ မော်ကျွန်းမှ တပည့်ဒကာ/မများ တို့ စီစဉ်ထားသော ငွေစင်ကြယ် နှစ်ထပ်သင်္ဘောကြီးနှင့် ပြင်စလူသို့ ခရီးစခဲ့ကြပါသည်၊ သင်္ဘောပေါ်တွင်လဲ နေရေးစားရေးကအစ အားလုံးကို အဆင်ပြေပြေ ဖြစ်စေအောင် မော်ကျွန်းဆရာတော်နှင့် တပည့်  ရဟန်းများ၊ ဒကာ/မများနှင့် ကျောင်းသား/သူများက စီစဉ်ပေးထားပါသည်၊  အစစ အရာရာ လိုလေသေးမရှိ ဧည့်ဝတ်ကျေပွန်လွန်းလို့ အားနာစရာကောင်းလောက်အောင် ဖြစ်ရပါတယ်။ ရေလမ်းတလျှောက်တွင်လဲ ဆရာတော်စီးနင်းလာတဲ့သင်္ဘောကြီးကို ကမ်းပေါ်ကနေ ကန်တော့နေကြသည့်မြင်ကွင်းကလည်း ကြက်သီး ထလောက်စရာကောင်းအောင် ခံစားရပါသည်၊ စက်တပ်မော်တော်လေးများတွင် သာသနာ့အလံတွေကို ထောင်ကာ မြစ်လမ်းကြောင်း တစ်လျှောက် ကြိုဆိုနေကြသည်မှာ  ကြက်သီးမွှေးညင်း ထလောက်အောင် ပီတိဖြစ်ကြရပါသည်။

မော်ကျွန်းမြို့မှ မနက်(၆)နာရီလောက်က ထွက်လာကြတာ ပြင်စလူကျွန်းကို  နေ့လည် (၂) နာရီလောက်မှာ ဆိုက်ရောက်လာပါသည်၊ ပြင်စလူ ဆိပ်ကမ်းမှာလဲ ကမ်းလုံးညွှတ်မျှ လာရောက်ကြိုဆိုနေ ကြပါသည်၊ သင်္ဘောမှ မဆင်းခင် ဆရာတော်က မိန့်ဆိုပါသည်၊ ပါလာသော အမျိုးသားများအားလုံး   လာကြိုနေသော ဆိုင်ကယ်များနှင့်လိုက်ပါရန်နှင့် အမျိုးသမီးများ အားလုံးကတော့ ရှိစုမဲ့စု ထော်လာဂျီလေး(၂)စီးနဲ့ လိုက်ပါကြရန် မိန့်ဆိုလိုက်ပါသည်။ နေပူပူအောက်က မညီမညာတဲ့လမ်းမပေါ်မှာ    ထော်လာဂျီလေးစီးရတဲ့ အရသာလေးကလည်း တစ်သက်စာ မမေ့သာတဲ့ ခရီးလေးဖြစ်ခဲ့ရပါသည်၊

လှူဒါန်းမှူ့ လုပ်ငန်းများ

ပြင်စလူ ခရိုင်အပိုင် ရွာ (၁၀) ရွာတွင် ဆရာတော်သည် ပထမဆုံး  ပြင်စလူမှာ ဘုန်းတော်ကြီး စာသင်ကျောင်းကို ပန္နက်တင် အခမ်းအနားပြုလုပ်ခဲ့ပါသည်။ ထိုကျောင်းလေးရဲ့ အလှူ့ရှင်က ဘယ်လဂျီယံ နိုင်ငံက မစ္စတာချာလီ ဖြစ်ပါတယ်၊ ထိုသူက မြန်မာနိုင်ငံရဲ့ နာဂ်စ်ဒဏ်ခံကျောင်းများ ပြန်လည်ပြုပြင်ရေးနှင့် လှုဒါန်းမှုတွေကို သီတဂူဆရာတော်နဲ့ လက်တွဲပြုလုပ်နေသော ဆရာတော်၏တပည့် ဖြစ်ပါတယ်။ ပြင်စလူမှ တဆင့်  ကျားချောင်းရွာသို့  သွားရောက်ကာ ကျောင်းအတွက် ပန္နက်တင်ခဲ့ပါသည်။ ထို့နောက် တန်းပင်ကုန်းရွာတွင် ဆက်ပြီး ပန္နက်တင်ခဲ့ပါသည်၊ ရွာတစ်ရွာနှင့် ရွာတစ်ရွာကလည်း တော်တော်လေး အလှမ်းဝေးနေပါသည်။ ဆရာတော်တို့ဖြတ်သွားသော ရွာတွေမှလဲ ရွာသူရွာသားတွေကလဲ ထွက်ကြိုကာ သူတို့ ဒေသထွက် အုန်းစိမ်းရေများ ဆက်ကပ်ကြသည်။ ဆရာတော်နှင့်ပါလာသော ဧည့်သည်များကိုလဲ အလျှံပယ် ဧည့်ဝတ်ပြုကြသည်မှာ ချစ်စရာဓလေ့လေးဖြစ်တယ်လို့ ခံစားမိရပါသည်၊ နောက်ဆုံးရွာကလေးကတော့ အ၀ကားရွာလေးဖြစ်ပါတယ်၊ ဘင်္ဂလားပင်လယ်အော်နှင့် အလွန်နီးကပ်နေသော ရွာတစ်ရွာဖြစ်ကြောင်း ရွာမှ ၁၅မိနစ်လောက် သွားလျှင် ပင်လယ်အော်သို့ရောက်ကြောင်း ရွာခံလူတွေက ပြော ပြကြတယ်။ သီတဂူ ဆရာတော်သည်  မိမိ၏အသက်အရွယ်ကို အလေးမထားဘဲ အလွန်ကြမ်းတမ်း ခက်ခဲသော လမ်းခရီးကို အရောက်သွားရောက်ခဲ့သည်။ လိုအပ်နေသော ကွက်လပ်လေးတွေကို  မမောနိုင် မပန်းနိုင် လိုက်လံ ဖြည့်ဆည်းပေးနေသည်မှာလည်း ထိုဒေသရှိပြည်သူတွေသာမက မြင်ရသူအပေါင်းတို့ရဲ့ လေးစားကြည်ညို အားကိုးစရာဖြစ်ရပါသည်။ တစ်နေ့လည်လုံး မနားတမ်း ရွာ(၄)ရွာကူးကာ  ပန္နက်တင် အခန်းအနားလေးတွေ ပြီးကာမှ ပြင်စလူမြို့မှ ဆေးရုံကိုသွားရောက် ကြည့်ရှု့သည်။ လိုအပ်နေသော နေရာတွေမှာအသုံးပြုနိုင်ရန် အလှူငွေ သိန်း(၁၀၀) ကို မန္တလေး ကျောင်းအမ ဒေါ်ညွှန့်ညွှန့်အေးမှ လှူဒါန်းခဲ့ပါသည်။

သိန်းပေါင်း(၇၀၀၀)ကျော်အလှူ

တစ်နေ့လုံး မမောမပန်း တောက်လျှောက် လမ်းကြမ်းကိုသွားကာအဆောက်အဦးများ ဆောက်လုပ်ရန် တစ်ရွာဝင် တစ်ရွာထွက် ပန္နက်တွေတင်ခဲ့  ကားဆောင့်တဲ့ ဒဏ်တွေနဲ့  ညဘက်လဲ မနားနိုင်သေးဘဲ ပြင်စလူခရိုင် အနီးပတ်ဝန်းကျင်မှ ပြည်သူတွေကို တရားရေအေး အမြိုက်ဆေးကိုလဲ တိုက်ကျွေးခဲ့ပါသေးတယ်၊ တရားပွဲတွင် ဆရာတော်သည် ဒီနေ့ သိန်းပေါင်း(၇၀၀၀)ကျော်မျှ တန်ဘိုးရှိသော အလှူလေးကို ကျေနပ်အားရမှု မရှိသေးဘဲ နောင် အလျင်းသင့်လျှင်လည်း ဆက်ပြီးလှူဒါန်းနိုင်အောင် ဆက်ပြီး ကြိုးစားသွားမယ် ဆိုတာတွေကို ထည့်ဟောသွားကာ ဆောက်လုပ်မှူ့တွေကိုလဲ ဆောင်းရာသီတွင် အပြီးသတ် ဆောက်လုပ်ရန်နှင့် ဖွင့်ပွဲ အခန်းအနားတွေကိုလည်းနောက်တစ်ခေါက်လာပြီး ဖွင့်လှစ်မှာ ဖြစ်ကြောင်းနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို  တရားဟောစင်ပေါ်မှ မိန့်ကြားသွားကာ လှူဒါန်းမှု့ အစုစုတွေကို သေဆုံးသွားကြသောသူများ အားအထူးအမျှဝေကာ တရားပွဲသိမ်းပြီး  သင်္ဘောပေါ်တွင် ညအိပ်ရပ်နားကြ ပါသည်၊ ဘုန်းကြီးကျောင်း တစ်ကျောင်းစီကိုလဲ  ဆရာတော်က အလှူငွေ တစ်သိန်းစီ လှူဒါန်းခဲ့ပါသည်။

၎ ပုံ ၁ ပုံလောက်သာ အသက်ရှင်ကျန်

၂၀၀၈ခုနှစ် မေလ နာဂ်စ်မုန်တိုင်းဒဏ်ကြောင့် လူဦးရေ (၄) ပုံ  (၁) ပုံလောက်သာ အသက်ရှင် ကျန်နေတဲ့ ဒီပြင်စလူဒေသ ဆိုတဲ့အကြောင်းကို ဒေသခံပြည်သူတွေပြောပြလို့ သိခဲ့ပါတယ်။ အသက်ရှင် ကျန်နေတဲ့သူတွေသည်လည်း သစ်ပင်တွေပေါ် ဖက်တွယ်မိလို့သာ အသက်ရှင်ကျန်နေတာ ဖြစ်ကြောင်း၊ လှိုင်းလုံးကြီးတွေက အုန်းပင်အမြင့်ထက်တောင် မြင့်တက်လာတဲ့အကြောင်းနှင့် လေပြင်းတိုက် ဒီရေတွေတက်လာမှုကြောင့် ပြေးစရာနေရာမရှိ၍ အသေအပျောက်များကြောင်း ပြောပြတာတွေကို နားထောင်နေရတာ စိတ်ထဲ တော်တော်လေး ခံစားမိပါတယ်။ မျက်ရည်များတောင် လည်မိပါတယ်။တချို့လည်း မိသားစုလိုက်သေ/ပျောက် တချို့ကလည်း ကလေးသေ ဖြစ်ကြရတယ်။ ကိုယ်ဝန်ကြီးနဲ့ ကံကောင်းထောက်မစွာ ကျန်နေတဲ့သူကိုလည်းတွေ့ခဲ့ ကြားခဲ့ရသေးတယ်၊ အသက်ရှင်ကျန်ခဲ့တဲ့ ကလေးလေးတောင် ၂ နှစ်ကျော်နေပြီ ဖြစ်တဲ့ ကလေးကိုတွေ့ခဲ့ကြသည်၊  ကလေးတွေကို မုန်ဖိုးလေးတွေတောင်  ပေးခဲ့ကြသေးတယ်၊ ဒေသခံတို့က လည်း သီတဂူဆရာတော်ကြီးနဲ့ သီတဂူသာသနာပြုအဖွဲ့ရဲ့ လာရောက် လှူဒါန်းတာတွေကို မျှော်လင့်နေကြတာ  ကြာပြီဖြစ်ကြောင်း၊ အခုလို လက်တွေ့မြင်လိုက်ရတော့ အံ့သြ၀မ်းသာကြရနေကြတာကို မျက်မြင်တွေ့ခဲ့ပါ သည်။

 

ဧည့်ဝတ်ကျေပွန်လွန်း                                                     

နောက်တစ်နေ့ မနက်စာကို ပြင်စလူမှ ဒေသခံအလှု့ရှင်များက ပြင်စလူမုန့်ဟင်းခါးများနှင့် ဧည့်ခံကာ လမ်းတွင်စားသောက်ရန် နေ့လည်စာများကိုပါ ထည့်ပေးလိုက်ကြသည်။ ဧည်ဝတ်ကျေပျွန်စွာ ဧည့်ခဲခဲ့တာလေးတွေကို ဘယ်တော့မှမမေ့နိုင်တဲ့ ချစ်စရာ အလေ့လေးတွေဆိုတာ ကိုကိုယ်တိုင်မြင်ပြီး   ပီတိတွေဖြစ်ခဲ့ ရပါသည်၊၊ မော်ကျွန်းကို နေ့လည် (၂) နာရီလောက် ပြန်ရောက်လာကြသည်။ ခရီးစဉ်တောက်လျှောက် လိုလေသေးမရှိအောင် ဂရုတစိုက်  စောင့်ရှောက်ခဲ့သော မော်ကျွန်း ပစ္ဆိမာရုံ ကျောင်းဆရာတော်နှင့်တကွ တိုက်အုပ်ဆရာတော်တို့ကို ကန်တော့ နှုတ်ဆက်ပြီး ကားများဖြင့်ရန်ကုန်မြို့သို့ ပြန်လာခဲ့ကြပါတယ်။ 

အတွေးတစ်ခု

အပြန်ကားပေါ်တွင် ကျွန်မကိုယ်တိုင် တွေးနေမိတာလေးတစ်ခုရှိပါသည်၊ ကျေးဇူးရှင် သီတဂူ ဆရာတော်ကြီးသည် မိမိရဲ့ အသက်အရွယ်ကို ပဓာနမထားဘဲ အပင်ပန်းခံပြီး ဒုက္ခတွေနဲ့  ရင်ဆိုင်နေကြရတဲ့ မည်သူ့ကိုမဆို ဘာသာမရွေး လူမျိုးမရွေး နေရာ ဒေသမရွေး နွေးထွေးသောမေတ္တာ ကရုဏာတွေဖြင့် ကိုယ်တိုင် လိုက်လံအားပေး  ကူညီနေတာတွေကို ဆရာတော်နဲ့ ခရီးစဉ်တော်တော်များများ လိုက်ပါတဲ့ ကျွန်မ ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့နေရပါတယ်။ ထို့ကြောင့် ကမ္ဘာ့သာသနာပြု ဆရာတော်ကြီးသည် သက်ရှည်ကျန်းမာ စွာဖြင့် အမျိုးဘာသာ သာသနာနဲ့ လူမှူ့ရေး ကရုဏာ အလှုတွေကို ဆထက်တပိုး  ဆောင်ရွက်နိုင်ပါစေ ကြောင်း အကြိမ်ကြိမ်  ဆုတောင်းနေမိပါသည်။

ဆရာတော်သည် သူသာအပင်ပန်းခံ လုပ်ဆောင်နေပေမဲ့ သူရဲ့ တပည့်ဒကာ ဒကာမ များအပေါ်တွင် ကရုဏာ ထားတော်မူပါသည်၊ ဆရာတော့်ထက် ငယ်သော ကျွန်မရဲ့ အဖေကို ဆရာတော်က ‘‘ကျောင်းဒကာကြီး ဒီခရီးက အရမ်းကြမ်းတယ် ဒကာကြီး လိုက်လာတော့ တော်တော်လေးပင်ပန်းမှာပေါ့’’ လို့ ကရုဏာသက်စွာ ပြောလိုက်သေးတယ်။ တပည့်ဒကာကြီးဖြစ်တဲ့ ကျွန်မအဖေကလဲ အားကျမခံ ပြန်လျှောက်လိုက်တာကတော့ ဆရာတော်ကိုယ်တိုင်တောင် မနားမနေအပင်ပန်းခံပြီး  လုပ်ဆောင်နေတာကို တပည့်ဒကာ တစ်ယောက်အနေနဲ့ အတူလိုက်ပါ ဆောင်ရွက်ခွင့်ရတာကို ပီတိဖြစ်ရကြောင်းပဲဖြစ်ပါသည်၊ ကိုယ်တိုင်တော့ အဆင်းရဲ အပင်ပန်းခံပြီး တပည့်တွေပေါ် ကရုဏာ သက်နေသော ဆရာတော်ကို ပို၍ ပို၍ ကြည်ညိုကာ  လေးစားနေမိပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ

                                                                                   

ပန်းစပယ်(လှဆန်းယဉ်)                                                                

In: ဆောင်းပါး,Others Posted By: Date: Nov 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment