Professional Authors

မျက်မှောက်ခေတ်နှင့် ဗုဒ္ဓဘာသာ & Current age of World and Buddhism

ယနေ့ခေတ်သစ်ကမ္ဘာကြီးတွင် (Modern world) တိုးတက်မှုအတိုင်းတာအားဖြင့် ကြည့်မည်ဆိုလျှင် လွန်စွာတိုးတက်နေ သည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့တိုးတက်လာခြင်းသည် ကောင်းသောတိုးတက်ခြင်းဟု ဆိုလျှင်လည်းဖြစ်နိုင်သလို မကောင်းသော တိုးတက်ခြင်းဟုလည်း ဆိုနိုင်မည်သာဖြစ်သည်။ မည်သို့နည်းဟု စဉ်းစားတွေးတောဖွယ်ရာ ရှိနိုင်ပါသည်။ အကြောင်းမှာ (Well development) ကောင်းသော တိုးတက်ခြင်းများသည် လူသားတို့ မိမိတို့ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်ကြရသော (Material things) ပစ္စည်းဥစ္စာများ၊ မိမိတို့ နှစ်သက်သော အရာဝတ္ထုများကို မိမိနှစ်သက်သလို သုံးစွဲနိုင်ခြင်းကြောင့်ဖြစ်သည်။

ထို့အပြင် မိမိတို့သည် ခေတ်ရေစီးကြောင်းအရ (Science age) သိပ္ပံခေတ်ကြီး ဖြစ်သည်အပြင် လက်နက် စက်ကရိယာ တန်ဆာပလာများ ကိုယ်တိုင်တီထွင်ခြင်း၊ မိမိတို့ကိုယ်တိုင် (From country to another) တစ်နိုင်ငံနှင့်တစ်နိုင်ငံ အလွယ်တကူ သွားလာနိုင်ခြင်း၊ မိမိတို့သင်ကြားအပ်သော အတက် ပညာများကို လေ့လာနိုင်ခြင်း၊ မိမိတို့ကိုယ်တိုင် လွယ်ကူစွာ (Communication) ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်း၊ မိမိတို့ ကိုယ်ပိုင်တက်သိသော အတက်ပညာများကို (Linking) ချိတ်ဆက်နိုင်ခြင်း၊ (Economy) စီးပွားရေး၊ (Association) လူမှုရေး၊ (Education) ပညာရေး၊ (Political item) နိုင်ငံရေး စသည်တို့ကို ဘာသာမခြား သင်ယူနိုင်ခြင်းတို့ ဖြစ်ပါသည်။

ဟိုလွန်ခဲ့သော ခေတ်များက လူသားတို့သည် ဤကဲ့သို့သော (Arts) အတက်ပညာ၊ (Economy) စီးပွားရေး၊ (Association) လူမှုရေး၊ စသည်တို့ကို သိနိုင်ဖို့ရန် အလွန်ပင်ခဲယဉ်းလှသည်။ မည်သို့ဆိုသော် ယနေ့ခေတ်နဲ့ ဟိုအရင်ခေတ်များသည် လွန်စွာကွာခြားခဲ့လေသည်။ ဥပမာ မောင်ညိုတို့ရွာကို မောင်ဖြူ မသိ သလို သူစိမ်းဝင်ရန်လည်း ခက်ခဲလှသည်။ မောင်ညိုတို့ရွာသည် သူတို့အတွက် အကောင်းဆုံး ပြည်ကလေး တစ်ခုလို့ထင်၍ မောင်ညိုတို့က သူတို့ရွာကို သူစိမ်းဝင်လျှင် သူခိုးဝင်သည်ဟု ထင်၍ ဝိုင်းရိုက်သလိုမျိုးလည်း ဖြစ်ခဲ့သည့် ခေတ်လည်း ရှိသည့်အတွက် ယနေ့ခေတ်သည် လွန်စွာတိုးတက်သည်ဟု ဆိုရမည် ပင်ဖြစ်သည်။

ထို့အပြင် ခေတ်ကာလသည် ကြာညောင်းလေ တိုးတက်မှုက မြန်ဆန်လာလေပင်ဖြစ်သည်။ ခေတ် ကာလသည်လည်း ပုံမှန်အားဖြင့် စီးနေသော ရေစီးကြောင်းလေးပမာပင် ဖြစ်ပြန်သည်။ ရေစီးကြောင်းလေးနဲ့ တူသော ယနေ့ခေတ်ကာလတွင် တိုးတက်ခြင်းကလည်း ဓာတ်ဆီမီးတို့သလို ဝုန်းကနဲ့ တိုးတက်လာခြင်းဖြစ် သလို တဖြေးဖြေးနဲ့ လောင်ကျွမ်းလာသော ဖွဲမီးပမာလိုလည်း တိုးတက်လာသည်ကိုလည်း မျက်ဝါးထင်ထင် တွေ့ရှိရသည်။ ထိုသို့တိုးတက်လာခြင်းသည် အကောင်းဖြစ် တိုးတက်ခြင်းရှိသလို အဆိုးဖြစ် တိုးတက်ခြင်း လည်းရှိပြန်သည်။ အကောင်းဖြစ်တိုးတက်လာခြင်းသည် (Good environment) ပတ်ဝန်းကျင် အသိုင်းဝိုင်း ကောင်းခြင်း၊ (Good association) လူမူရေးကောင်းခြင်း၊ (Well economy) စီးပွားရေးကောင်းမွန်ခြင်း၊ (Well education) ပညာရေးကောင်းမွန်ခြင်း စသည် အရေးများစွာတို့ဖြင့် တည်ရှိနေသည်။

ထို့နောက် စည်းကမ်းကောင်းမွန်သည့် ဝိနယဖြင့် တည်ဆောက်ခြင်း၊ ပညာကောင်းမွန်သည့် နည်းလမ်းဖြင့် တည်ဆောက်ခြင်း၊ စိတ်ဓာတ်ကောင်းမွန်သည့် သီလဖြင့် တည်ဆောက်ခြင်း စသည်တို့လည်း ရှိကြသည်။ လူသားသည် လူ့ပတ်ဝန်း ကျင်၌ ကျင်လည်ရသော အသိုင်းဝိုင်းဝန်းကျင် တစ်ခုဖြစ်သည်။ ထို့သို့ အသိုင်းဝိုင်း ဝန်းကျင်နဲ့ နေထိုင်ရသဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာတို့သည် မရှိမဖြစ် လိုအပ်သော အကျင့်စည်ကမ်း ပညာတွေပင် ဖြစ်သည်။ ထိုကြောင့် မိမိတို့ အသိုင်းဝိုင်း ဝန်းကျင်သည် မည်သို့သော အကြောင်းကြောင့် ကောင်းသည်ပင်ဆိုပါစေအုန်း မိမိကိုယ်တိုင်တွင် မှားယွင်းမှုများစွာ ရှိသောအခါ ကောင်း စွာတိုးတက်ခြင်းဟု ခေါ်မည်မဟုတ်နိုင်ပါ။ သို့သော် မိမိကိုယ်တိုင်က ကောင်းမွန်စွာ တိုးတက်လာ၍ မိမိ ပတ်ဝန်းကျင်ကိုက မကောင်းသော အသိုင်းဝိုင်းဖြင့် အကျည်းတန် ရုပ်ဆိုးနေမည်ဆိုလျှင် တိုးတက်သည်ဟု မဆိုနိုင်ပါ။

ထို့နည်းအတူ မိမိတို့နှင့် မိမိနေထိုင်သော ပတ်ဝန်းကျင်တွင် ကောင်းမွန်သော အကျင့် စိတ်ဓာတ် စည်းကမ်း ပညာ မရှိလျှင် မည်သို့ ကောင်းမွန်စွာ တိုးတက်မည်နည်း။ အကယ်၍သာ မိမိကိုယ်တိုင်နှင့် မိမိ ပတ်ဝန်းကျင်မှာ အကျင့်အာစာရ စိတ်ဓာတ် စည်းကမ်း ပညာတွေ ကောင်းမွန်စွာ တည်ရှိလျှင် မိမိကိုယ်တိုင် လည်း တိုးတက်၍ ပတ်ဝန်းကျင်လည်း ပြောဖို့ရန် မလိုအောင် တိုးတက်ကြမည် ဖြစ်သည်။ ခေတ်ကြောင့် သူ့ အလိုလို တိုးတက်လာကြသည်ဆိုတာ မရှိပေ။ သို့သော်လည်း မိမိတို့ကိုယ်တိုင် ဖန်တီး၍ ခေတ်က တိုး တက်လာခြင်းဖြစ်သည်။ ထို့ကြောင့် မိမိတို့စွမ်းနိုင်သော ကျေးရွာ ဒေသ မြို့ရွာ ပြည်နယ် တိုင်း ခရိုင် နိုင်ငံကို ကိုယ်ပိုင်စွမ်းရည်အပြည့် သိနိုင်သလောက် တက်နိုင်သလောက် အတက်ပညာတို့ဖြင့် အကောင်းဆုံးဖြစ်နိုင် အောင် ပြုလုပ်နိုင်ဖို့ရန် လိုအပ်ပါသည်။ ထို့အပြင် လူသားတိုင်းသည် ကောင်းမွန်သော လိုအပ်ချက်တိုင်းကို တန်ဘိုးရှိသော နေရာတိုင်းမှာ အသုံးပြုနိုင်ဖို့ရန်လည်း မရှိမဖြစ် လိုအပ်ပါသည်။

အချို့က ဤကဲ့သို့ မဟုတ်ပါပဲလျက် မိမိလိုရာကို စွဲဆောင်မှုကြောင့် အစွန်းတစ်ဖတ်သို့ ရောက်သွား ကြသည်ကိုလည်း တွေ့ရှိရပါသည်။ အကြောင်းမှာ ပင်ကိုယ်တိုးတက်မြဲဖြစ်သော အရာဝတ္ထုများကို မလိုအပ် ပဲလျက် ဒီနေရာမှ ဟိုနေရာသို့ ပြောင်းဆွေ့ခြင်း စသည်တို့ကြောင့်လည်းဖြစ်သည်။ အချို့က မိမိတို့လိုရာကို မလုပ်ဆောင်ပဲလျက် ပင်ကိုယ်ရှိမြဲဖြစ်သော တိုးတက်မှုကို မည့်သို့တိုးတက်အောင် ထက်လုပ်ဆောင်လျှင် ကောင်းမည်နည်းဟု တိုးတက်အောင်လုပ်ဆောင်ခြင်းဖြစ်သည်။ သို့သော် ခေတ်ရေစီးကြောင်းက သူ့လိုလို စီးဆင်းနေသည်ကို မည်သို့သော ပုဂ္ဂိုလ်မဆို သိရှိနိုင်သည်။ ထိုခေတ်ကာလသည်လည်း အတက် အကျရှိ သော (Up and Down) ဒီလှိုင်းလိုပင် ဖြစ်သည်။

ထို့ကြောင့် ခေတ်ကာလရေစီးကြောင်းတွေ မည်သို့ပင် စီးဆင်းနေပါသော်လည်း ဗုဒ္ဓဘာသာဝင်တို့ အတွက်တော့ မပြောင်းလွဲသော အမြဲတမ်းတောက်ပနေသော လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့်ငါးရာကျော် လောက်က မြတ်ဗုဒ္ဓဟောကြားခဲ့သော စည်းကမ်း နည်းလမ်း ပညာတို့သည် ဒီကနေ့ထိ ခေတ်မှီတိုးတက်နေ ဆဲပင်ဖြစ်သည်။ ယနေ့ခေတ် မည်သို့ပင် တိုးတက်စည်းကား သိုက်မြိုက်သည်ဟု ဆိုပါစေအုန်း စည်းကမ်း နည်းလမ်း ပညာတို့ မတိုးတက်သေးသမျှ ကာလပတ်လုံး တိုးတက်သည်ဟု မဆိုနိုင်ပါ။ ထို့ကြောင့် မြတ်ဗုဒ္ဓ ဟောကြားတော်မူသော တရားများတွင် မည်သည်ကား စည်းကမ်း ဝိနယများ၊ မည်သို့သော တရားတို့သည် ကား နည်းလမ်းပေးသော တရားများ၊ မည်သည့်သောတရားများက ပညာဖြစ်စေသော တရားများဟု ဟော ကြားတော်မူခဲ့သည်။

ဥပမာအားဖြင့် (Three kinds of Documentations from Conditional relation) ပဋ္ဌာန်းထဲက မြတ်ဗုဒ္ဓဟောကြားခဲ့သည်မှာ ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ သဟဇာတ ပစ္စယေန ပစ္စယော၊ အညမည ပစ္စယေန ပစ္စယော၊ (ပ) သမ္ပယုတ္တ ပစ္စယေန ပစ္စယော စသည်တို့ဖြစ်ကြသည်။ (ကုသိုလ်ပစ္စည်း တရားသည် ကုသိုလ်ပစ္စယုပ္ပန်တရားအား ကျေးဇူးပြုသော တရားများဖြစ်ကြသည်ဆိုလျှင် ထိုအကြောင်း တရားတို့သည် သဟဇာတ ပစ္စည်းဖြစ်သည်လည်းရှိသည်။ ထို့အပြင် အညမညပစ္စည်းလည်း ဖြစ်သည်။ နောက်ဆုံး ကုသိုလ်ဆိုင်ရာ အကြောင်းကြောင့် ထိုကုသိုလ်နှင့်ဆိုင်ရာပစ္စည်းများဖြစ်ကြသည်။ ထို့အတူ အကုသလော ဓမ္မော အကုသလဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော၊ အညမည ပစ္စယေန ပစ္စယော (ပ) သမ္ပယုတ္တ ပစ္စယေန ပစ္စယော စသည်တို့ ဖြစ်ကြ သည်။ အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော စသည် ပစ္စည်းတရားများ ဖြစ်ကြသည်။

ထိုသို့သော ဥပမာလို ဥပမာဇောတက ထွန်းပလိုသောကြောင့် ပဋ္ဌာန်း ကုသလ၊ အကုသလ၊ အဗျာ ကတတို့ကို ထပ်၍ လောကဥပမာ ထွန်းလင်းပြလိုသည်။ ကုသိုလ်ပစ္စည်းတရားသည် ကုသိုလ်ပစ္စယုပ္ပန်များ ဖြစ်သော တရားများကို အကျိုးပြုကြသည်။ (Wholesome state can be associated with good deed.) ထို့အတူ တစ်စုံတယောက်သည် သူတပါးက မတားမြစ်သော၊ ဥပဒေလွတ်ကင်းသော၊ အများက လက်ခံ ထားသော၊ ကောင်းရောင်းကောင်းဝယ်လည်းဖြစ်သော မိမိကိုယ်တိုင်လည်း လုပ်ဆောင်ထားသော ကောင်း သော လုပ်ငန်းကြီးကို ကောင်းစွာ လုပ်ဆောင်ခဲ့သည့်အတွက်ကြောင့် နောက်ဆုံး မိမိကိုယ်တိုင် ပိုင်ဆိုင်ရရှိ လိုက်သော ထိုစီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ပတ်ဝန်းကျင်အရေး စသည်တို့ကို အောင်မြင် သဟဇာတ ဖြစ်အောင် လုပ်ဆောင်နိုင်ခြင်းသည် ကုသိုလ်တရားတို့ကို ထွန်းပခြင်း ဥပမာပင် ဖြစ်သည်။

ထို့နောက်တွင်လည်း အကုသလော ဓမ္မော အကုသလဿ ဓမ္မဿ သဟဇာတ ပစ္စယေန ပစ္စယော၊ (Unwholesome can be associated with bad deed.) ၄င်းအကုသိုလ်တရားသည် အကုသိုလ် ပစ္စယုပ္ပန်တရားကို ကျေးဇူးပြု၍ သဟဇာတဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်တိုင် အကုသိုလ်ဖြစ်သော အကြောင်းတရားတွေကို သူတပါးက တားမြစ်သော၊ ဥပဒေမလွတ်ကင်းသော၊ ကောင်းရောင်းကောင်းဝယ် မဟုတ်သော အကုသိုလ်တရားတို့ကို လုပ်ဆောင်ခြင်းသည် အကုသိုလ်တရားဖြင့် မိမိကိုယ်တိုင်က နောက်ဆုံး ပိုင်ဆိုင်မှုများစွာ ရရှိလိုက်သည်။ ထိုတရားသည် အကုသိုလ်တရားဖြင့် လူမှုရေး၊ ပညာရေး၊ စီးပွားရေး စသည်တို့၌ သဟဇာတ ဖြစ်တာ လည်းရှိကြသည်။

ထို့အပြင် တရားများသည်ကား အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ သဟဇာတ ပစ္စယေန ပစ္စယော။ (Indeterminate consciousness can be associated with indeterminate consciousness.) အဗျာကတတရားသည် အဗျာတကပစ္စယုပ္ပန်တရားများကို ကျေးဇူးဖြစ်၍ သဟဇာတဖြစ်ကြသည်။ ထိုအဗျာ တက တရားတို့သည်လည်း ဤနည်းအတူ လူမှုရေး၊ ပညာရေး၊ စီးပွားရေး စသည်တို့တွင် သဟဇာတ ဖြစ်၍ မိမိတို့ လျှောက်လမ်းသော လမ်းကြောင်းပေါ်တွင် ဖြစ်လာကြသည်။

ဤကဲ့သို့သော အကြောင်းတရားများသည် ကုသိုလ်ကြောင့်လည်းကောင်း၊ အကုသိုလ်ကြောင့် လည်းကောင်း၊ အဗျာကတကြောင့်လည်းကောင်း မိမိတို့ ကိုယ်တိုင်လုပ်ဆောင်ချက်ပေါ်တွင် မူတည်၍ ဤ ကား ကုသိုလ်တရားများဖြစ်ကြသည်။ ဤကား အကုသိုလ်တရားများ ဖြစ်ကြသည်။ ဤကား အဗျာကတ တရားမျာဖြစ်ကြသည်ဟု ဆိုရမည်ပင်ဖြစ်သည်။

ထို့အပြင် လောဘ၊(Greed) ဒေါသ၊(Hatred) မောဟ၊(Ignorance) အလောဘ၊(Non-greed) အဒေါသ၊(Non-hatred) အမောဟ(Non-ignorance)ဟုဆိုအပ်သော ဟိတ်တရား ခြောက်ပါးကြောင့်လည်း ဖြစ်ကြသည်။ လောဘကြောင့် မိမိတို့အသိုင်းဝိုင်း (Environment) ပတ်ဝန်းကျင် (Association) လူမှုရေး (Economy) စီးပွားရေး (Education) ပညာရေး စသည်များတွင် ပျက်ဆီးဆုံးရှုံးမှုများစွာ ရှိကြသည်ကိုလည်း မိမိတို့နေထိုင်သော လက်တွေ့ဘဝတွင် မျက်ဝါးထင်ထင် မြင်တွေ့ကြရသည်။ ဒေါသကြောင့်လည်း မိမိတို့ ကိုယ်တိုင် တည်ဆောင်ထားသော (Constitution of the life of environment) ဘဝဝန်းကျင်အတွင်းက (Eco) စီးပွားရေး၊ (Association) လူမှုရေး၊ (Education) ပညာရေးစသည်များစွာ ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ကြရသည်။ မောဟကြောင့်လည်း မိမိတို့ကိုယ်တိုင် ဖွဲ့စည်းထားသော အသိုင်းအဝိုင်း ပတ်ဝန်းကျင် လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည်တို့တွင် ပျက်စီးဆုံးရှုံးမှုများစွာ မိမိတို့ဘဝဝန်းကျင်မှာ တွေ့ကြုံရင်ဆိုင် ကြရသည်။ ထိုတရားများသည် အကုသိုလ်တရားတို့ဖြင့် ကျင်လည်ကျက်စားနေသောကြောင့် ဖြစ်ကြသည်။

အကယ်၍သာ အကုသိုလ်နယ်ပယ် မဟုတ်သော ကုသိုလ်နယ်ပယ်တွင်းက လုပ်ကိုင်ကြမည်ဆို လျှင် အလောဘတရားဖြင့် မိမိတို့ကိုယ်တိုင် ဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်း လုပ်ငန်းခွင် စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည်များစွာတို့ကို လုပ်ကိုင်လျှင် အောင်မြင်ဖို့ရန် နည်းလမ်းကောင်းများဖြစ်ကြသည်။ ထိုနည်း အတူ အဒေါသ နှင့် အမောဟတို့ကိုလည်း မိမိတို့ကိုယ်တိုင် ကောင်းမွန်စွာ တည်ဆောက်ထားသော ဘဝ ဝန်းကျင်တွင်းက ကောင်းမွန်သော လုပ်ငန်းစသည် ကိစ္စတို့ကို လုပ်စွမ်းနိုင်အောင် ကြိုးစား၍ မိမိတို့ လိုချင် တောင်းတသော ပန်းတိုင်ဆီသို့ ရောက်အောင် သွားနိုင်သာလျှင် အောင်မြင်သော ဘဝခရီးလမ်းကို ရောက် ရှိမည် ဖြစ်သည်။

ထိုအပြင် (The four Noble truths) သစ္စာတရားလေးပါးတို့ကို ပိုင်းခြားဝေဖန်ရလျှင် (The noble truth of suffering) ဒုက္ခသစ္စာ၊ (The noble truth of the cause of suffering) သမုဒယသစ္စာ၊ (The noble truth of cessation of suffering) နိရောဓသစ္စာ၊ (The noble truth of the path leading to the cessation of suffering) မဂ္ဂသစ္စာဟူ၍ လေးပါးရှိကြသည်။ ထိုလေးပါးတို့တွင် (Field of Mundane)  လောကီနယ်ပယ်၊(Field of Supreme mundane) လောကုတ္တရာနယ်ပယ်ဟူ၍ နှစ်ပါးဖြစ်လာကြပြန်သည်။ လောကီနယ်ပယ်တွင်းက တရားများသည် ဆင်းရဲခြင်းကို အခြေခံ၍ ဒုက္ခတရား ဖြစ်သော ဒုက္ခသစ္စာသည် မိမိ ငါ သူတစ်ပါး ယောကျာင်္းမိန်းမ မခွဲခြားပဲလျက် အကြောင်းခံ သမုဒယနဲ့ ဒွန်တွဲကာ ဖြစ်လာကြသည်။ ထိုတရားများသည် ဒုက္ခသစ္စာ၊ သမုဒယသစ္စာတရားများဖြစ်ကြသည်။ ၄င်းနှစ်ပါးတို့ကို လောကီနယ်ပယ် တွင်းက တရားများဟုလည်း ခေါ်ဆိုနိုင်သည်။

ထိုမှတပါး ဘဝသံသာရာကိုလည်း စွဲဆောင်ဖြားယောင်၍ ခေါ်ဆောင်သွားတက်သည်၏ အဖြစ် ကြောင့် သံသာရာ ရှည်စေသော တရားများလည်း ဖြစ်ကြသည်။ ၄င်းသံသာရာရှည်ခြင်းများသည်လည်း မိမိ ၏ ကံကြမ္မာ အယောင်ဆောင် ဖျားယောင်မှုကြောင့်လည်း ဖြစ်ကြသည်။ သူတစ်ပါးက ကံကြမ္မာဖန်တီးလို့ အယောင်ဆောင် သွေးဆောင်ဖျားယောင်မှုလည်း ဖြစ်ကြသည်။ ထို့ကြောင့် (The noble truth of Suffering) ဒုက္ခသစ္စာနှင့် (The noble truth of the cause of suffering) သမုဒယသစ္စာတို့သည် (Ignorance) အဝိဇ္ဇာ၊ (Mental formation) သင်္ခါရ၊ (Consciousness) ဝိညာဏ၊ (Mind and matter) နာမရူပ၊ (Six bases) သဠာယတန၊ (Contact) ဖဿ၊ (Feeling) ဝေဒနာ၊ (Attachment) တဏှာ၊ (Clinging) ဥပါဒါန၊ (Survival of life) ဘဝ၊ (Rebirth linking consciousness) ဇာတိ၊ (Old age) ဇရာ၊ (Death) မရဏ၊ (Sorrow) သောက၊ (Lamentation) ပရိဒေဝ၊ (Suffering) ဒုက္ခ၊ (Anger) ဒေါမနဿ၊ (Fire of distress) ဥပါယာသ အစရှိသော အလွှာအသီးသီးတို့ ဖြစ်လာကြသည်။ ၄င်းတရားများကို ဒုက္ခ ဖြစ်ကြောင့်တရားဟုလည်း ခေါ်ဆိုနိုင်သလို သမုဒယရှိ အကြောင်းခံဟု၍ ခေါ်ဆိုနိုင်သည်။

အကယ်၍သာ အဝိဇ္ဇာ ချုပ်ရာ ဝိဇ္ဇာတရားဖြစ်ခဲ့ရင် ထိုတရားများကို လောကုတ္တရာတရားဟု ခေါ်ဆို နိုင်မည်ဖြစ်သည်။ ထိုလောကုတ္တရာတရားများသည်လည်း အပိုင်အခြားအားဖြင့် သူ့နေရာနှင့်သူ ရှိကြသည်။ ဤကဲ့သို့ ပိုင်းခြား၍ ရှိနေခြင်းသည်လည်း ပုဂ္ဂိုလ် ဝေနေယျတို့ကို စရိုက်အားဖြင့် ကြည့်၍ ဖြစ်ကြရသည်။ တဖန် (The cessation of ignorance) အဝိဇ္ဇာ ချုပ်ရာ၊ (The cessation of mental formation) သင်္ခါရတို့ ချုပ်ရာ၊ (The cessation of consciousness) ဝိညာဏတို့ ချုပ်ရာ၊ (The cessation of mind and matter) နာမရူပတို့ ချုပ်ရာ၊ (ပ) (The cessation of distress) ဥပါယာသတို့ ချုပ်ရာ ဖြစ်သော တရားများသည် နိရောဓသစ္စာဖြစ်၍ မဂ္ဂင်လမ်းစဉ်ဖြစ်သော မဂ္ဂသစ္စာလည်း ဖြစ်ကြသည်။

ထိုတရားတို့၏ ချုပ်ရာငြိမ်းရာဖြစ်သော တရားတော်သည် အမတရွှေပြည်မွန်ဖြစ်သော နိဗ္ဗာန်ရွှေ ပြည်မြတ်ပင် ဖြစ်သည်။ ၄င်းတရားများကို မည်သို့သော ပုဂ္ဂိုလ်တို့မှ ဟောဖော်ညွန်ပြ ဆိုဆုံးမနိုင်ဖို့ရန် လွယ် ကူသော တရားများ မဟုတ်ချေ။ မြတ်ဗုဒ္ဓတစ်ပါးတည်းသာ လောကထွဋ်ထား လူသုံးပါးတို့၏သခင် ဘုရား ရှင်အဖြစ်သို့ ရောက်တော်မူပြီးမှ ဟောဖော်ညွန်ပြ ဆိုဆုံးမခဲ့နိုင်သည့် တရားမြတ်ပင် ဖြစ်သည်။

ထို့ကြောင့် ခေတ်အဆက်ဆက်က သီအိုရီများသည် မည်သို့ပင် ကောင်းမွန်သည် ဆိုစေအုန်းတော့ နောက်ဆုံး မဏ္ဍိုင်သည် မြတ်ဗုဒ္ဓဟောဖော်ညွန်ပြ ဆိုဆုံးမသော တရားတော်တွေဆီသို့ တနေ့နေ့ တချိန် ချိန်တွင် မိမိတို့ကိုယ်တိုင် အနှစ်သာရရရှိ၍ တွေ့ကြုံခံစားရမည်ဖြစ်သည်။ ထိုအပြင် (The globalization of modern age) ယနေ့ကမ္ဘာကြီးမှာ သိပ္ပံပညာရပ်တွေ မည်သို့ပင် ကြီးကျယ်ခမ်းနားနေသည်ဟု ဆိုပါစေအုန်း မြတ်ဗုဒ္ဓဟောဖော်ညွန်ပြ ဆိုဆုံးမသည့် တရားတော်တွေလောက် ခမ်းနားကြီးကျယ်လိမ့်မည်ဟု မထင်ပါ။ ဒီခေတ် ဒီအခါတွင်းမှာ ခေတ်ကြီးတိုးတက်လွန်းလို့ အိုင်းစတိုင်လ် (Theory) သီအိုရီ၊ နယူးတန် (Theory) သီအိုရီ၊ ကမ္ဘာကြီး လုံးခြင်း၊ ကမ္ဘာကြီး ပြားခြင်းဆိုသည် အယူအဆတွေ၊ သိပ္ပံပညာရှင် အသီးသီးက သီအိုရီ တွေ ကိုင်စွဲထားကြသော်လည်း နောက်ဆုံးနိယာမ၏ လွင်ပြင်ရောက်လာသည့်အခါ မြတ်ဗုဒ္ဓ ဟောဖော် ညွန်ပြထားသည့် တရားတော်တွေလောက် ကောင်းမွန်သည့် အရာဟူသမျှ မရှိနိုင်ချေ။

နောက်ဆုံးအနေဖြင့် အရာအားလုံးသည် နေရာလိုက် တန်ဘိုးရှိကြသည်။ နေရာလိုက် တန်ဘိုးကို နေရာလိုက် သုံးတက်ဖို့ လိုအပ်သည်။ နေရာလိုက် မသုံးတက်လျှင် မိမိ သူတစ်ပါး စိတ်သောက ရောက်မည် ဖြစ်သည်။ သို့သော် အသုံးချဖို့အတွက် မဟုတ်သလို အသုံးပြုတက်ဖို့သာ ဖြစ်သည်။ အသုံးချခြင်း အသုံးပြုခံ သူကို အနိုင်ယူချင်စိတ်ကြောင့် ဖြစ်သည်။ အာဏာရှိလျှင်လည်း အာဏာကို အပြည့် အသုံးချတက်သည်။ စီးပွားရှိလျှင် စီးပွားရေးမှာ မမှန်ကန်မှုများ ဖြစ်လာရသည်။ လူမှုရေးမှာလည်း အသုံးမတည်လို့ မိမိကိုယ်တိုင် အသုံးပြုခံရသည့် အဖြစ်သို့ ရောက်ရသည်။ ထို့ကြောင့် အသုံးချခြင်းကို မလုပ်ဆောင် အသုံးပြုသော ဆေး ကောင်း တစ်ဖုံလို ဖြစ်စေချင်သည်။ ဆေးကောင်းတစ်ဖုံ ဖြစ်လာဖို့ရန်လည် ဖော်စပ်သူအပေါ် အဓိကပါဝင် ပတ်သက်သည့်အပြင် သမားကောင်းဖြစ်ဖို့ လိုအပ်သည်။

ဤအတူ မြတ်ဗုဒ္ဓသည် စွယ်စုံသမားတော်ကြီး လည်းဖြစ်၊ အထူးကု ဆရာဝန်ကြီးလည်းဖြစ်၊ သိပ္ပံ ပညာရှင်ကြီးလည်းဖြစ် သည်၊ ထိုသို့ အတူမရှိသောဂုဏ်နဲ့ ပြည့်စုံသော အတုလပိုင်ရှင်၏ ဟောဖော်ညွန်ပြ ဆိုဆုံးမသော တရားတော်တို့ကို နေရာလိုက် လိုက်နာကြသော သူတို့သည် စီးပွားရေး ပညာရှင်လည်း ဖြစ် နိုင်သည်၊ လူမှုရေးမှာလည်း အကျွမ်းဝင်သော အရာရှိကြီးလည်း ဖြစ်နိုင်သည်၊ ပညာရေးတွင်လည်း ပညာ ရှင်ကြီးလည်း ဖြစ်နိုင်သည်အပြင် ကျွမ်းကျင်ရာနေရာလိုက် ပညာရှင်တွေ ဖြစ်နိုင်မည် ဖြစ်သည်။ ဤကဲ့သို့ ပညာရှင်တွေ ဖြစ်နိုင်ဖို့ရန် မြတ်ဗုဒ္ဓ ဟောဖော်ညွန်ပြ ဆိုဆုံးမတော်မူခဲ့သော ပိဋကတ်သုံးပုံတို့ကို မှတ်သား လိုက်နာကြလျှင် မိမိတို့ ရည်မှန်းသော အနာဂါတ်ပန်းတိုင်ကို ရောက်ကြမည်ဆိုတာ လက်ဖပါး မြေခတ်လို မလွဲသလိုပင် ဖြစ်သည်။ ဤကဲ့သို့လည်း ဖြစ်နိုင်အောင် ကြိုးစားနိုင်ကြပါစေဟုလည်း ဆုတောင်းပတ္တနာ ဆန္ဒပြု လိုက်ပါသည်။

 

တက္ကသိုလ်မြတ်မင်း

In: ဆောင်းပါး Posted By: Date: Oct 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment