Professional Authors

တွေးမိသမျှ – ၁

ကျမတို့ လူသားများသည် *အချစ်* နှင့် မည်သူမျှ ကင်းကွာအောင် နေထိုင်နိုင်ခြင်းမရှိကြပါဘူး။ လူတိုင်းလူတိုင်းဟာ တချိန်ချိန်မှာ *အချစ်* ဆိုတဲ့အရာနဲ့ တွေ့ဆုံကြရမှာပါပဲ။ အမိအဖ အချစ်၊ အဖိုးအဖွားအချစ်၊ ညီအကို မောင်နှမအမချစ်၊ သမုဒ္ဒရ အချစ် ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အချစ်ကို အနက်အဓိပ္ပါယ် ဖွင့်ဆိုကြတဲ့အခါမှာလည်း အမျိုးမျိုး ကိုယ်စီကိုယ်ငှ ယူဆချက်များ အတိုင်း ဖွင့်ဆိုခဲ့ကြတာပါ။

 

အမိ အချစ် နဲ့ အဖ အချစ် တောင် မတူညီနိုင်ပါဘူး။ မိခင်ဆိုတာ သူ့ အသွေးအသားနဲ့လွယ်ပြီး မွေးလာခဲ့ရတဲ့ သား/သမီး တွေကို ဘယ်တော့မှ စွန့်ပစ်ရိုးထုံးစံ မရှိခဲ့ပါဘူး။ ယုတ်အစွဆုံးအနေနဲ့ ကိုယ့်သား/သမီး က လူ့ဘောင်ကျင့်ဝတ်နဲ့အညီ နေထိုင်မှုမရှိခဲ့တဲ့ အမှားကို ကျူးလွန်ခဲ့သူဖြစ်နေခဲ့သော်မှလည်း မိခင်ဖြစ်သူဟာ သူ့အသွေးအသားကို စွန့်ပစ်၊ ပယ်ဖျက်တယ်ဆိုတာ မရှိနိုင်ခဲ့ပါဘူး။ အခိုက်အတန့်အရသာ ဒေါသဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဒီ ဒေါသရဲ့နောက်မှ ဂရုဏာဆိုတာ ဒွန်တွဲပါလာစမြဲပါပဲ။ ဒီလိုပြောလို့ အဖေတွေဟာ မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဖခင်ဆိုတာ ဦးဆောင်၊ ဦးရွက်ပြီး အိမ်ထောင်စု တာဝန်ကို ယူထားရသူဖြစ်ပါတယ်။ ဒါကြောင့် ဖခင်တွေဟာ မိခင်တွေလောက် ဘယ်အရာမှာမှ စိတ်ရှည်နိုင်မှာ မဟုတ်လောက်ပါဘူး။ သား/သမီးပေါ်ထားတဲ့ အမိ အချစ်နဲ့ အဖ အချစ် တောင်မှ တူညီမှု မရှိနိုင်ပါဘူး။ နောက် ၁ ခုက သား/သမီး တွေဟာ ငယ်စဉ်ဘဝကတည်းက မိခင်နဲ့သာ အနီးကပ် ရင်းနှီးလာသူတွေချည်းသာ ဖြစ်ပါတယ်။ အမိ၊ အဖ အချစ် လောက် လုံခြုံနွေးထွေးတဲ့အချစ် ဘယ်သူ့ဆီကမှ မရနိုင်ပါဘူး။ အဖိုး၊ အဖွားအချစ်ကလည်း အမိအဖ အချစ်လိုပါပဲ။ *သား အချစ်၊ မြေး အနှစ်* ဆိုတဲ့အတိုင်း သူ့တို့ဟာ သူတို့ မြေးတွေ အပေါ်မှာ ချစ်လွန်းအားကြီးကြပါတယ်။

 

ညီအကို မောင်နှမအမချစ် မှာတော့ ၂ မျိုး ရှိပါတယ်။ မိဘနဲ့တူတဲ့အချစ်၊ သူငယ်ချင်းနဲ့တူတဲ့ အချစ် တွေပါ။ မိဘနဲ့တူတဲ့ အချစ်ကတော့ မောင်နှမတော်နေပေမယ့်လည်း ကိုယ့်မောင်နှမအချင်းချင်း ချစ်တဲ့အချစ်က အမေက သားကို ချစ်တဲ့အချစ်၊ အဖေက သမီးကို ချစ်တဲ့အချစ် နဲ့ကို ထပ်တူကျပါတယ်။ အချို့ အချို့သောသူတွေမှာ ဒီလိုမျိုး တွေ့ရတတ်ပါတယ်။ အများအားဖြင့်တော့ သူငယ်ချင်းနဲ့တူတဲ့အချစ် များမယ်ထင်ပါတယ်။ မောင်နှမဆိုတာ အမေ၊ အဖေ ပြီးလျင် ကိုယ်နဲ့ အရင်းနှီးဆုံး အသွေးအသားပါပဲ။ မိဘကို မပြောရဲတာ၊ မတိုင်ပင်ရဲတာဆို ကိုယ့်ရဲ့ ညီအစ်ကို၊ မောင်နှမ အချင်းချင်း ရင်ဖွင့်တိုင်ပင်ကြလေ့ ရှိကြပါတယ်။ သူတို့တွေဟာ ရန်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊ မခေါ်မပြောနှင့်ဘဲလည်း နေကောင်းနေနိုင်ကြပါတယ်။ ဒါပေမယ့်လည်း ဒါတွေက ခဏတာတွေပါ။ *အရေးကြီးတော့ သွေးနီးတယ်* ဆိုတဲ့အတိုင်း ဘယ်သူပဲ ဒုက္ဓရောက်ရောက် တစ်ယောက်နဲ့တစ်ယောက် မနေနိုင်ကြပါဘူး။ အမြဲတမ်း ကိုယ့်အနားကို ရောက်လာခဲ့သူတွေပါပဲ။

 

သမုဒ္ဒရ အချစ်မှာတော့ *အချစ်* ဆိုတာ ချစ်နေဖို့ပါပဲ။ အချစ်ဆိုတာ *ကြိုး ၁ ချောင်း*နဲ့တူတယ် လို့ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ .. ကိုယ် ၂ ယောက် မြဲမြံစွာ ကိုင်ထားမှ ကြိုးတန်းလေးဖြစ်နေမှာပါ။ ဒီမှာ ၁ ယောက်နဲ့ ၁ ယောက် ကြိုးကို တင်းတင်းဆွဲထားလျင်လည်း ကြိုးဆိုတာ ပြတ်သွားနိုင်ပါတယ်။ တစ်ဖက်က လွတ်ချလိုက်လျင်လည်း ကြိုးတန်းဆိုတာ ပြတ်ကျသွားနိုင်ပါတယ်။ ကြိုးကို ဆက်ကိုင်ထားသူအတွက်လည်း တင်းလွန်းခဲ့တဲ့ ကြိုးဒဏ်ကြောင့် နာကျင်မှူဆိုတာ ရှိလာမှာပဲ။ လွှတ်ချသွားသူဘက်မှာလည်း တင်းနေအောင် ဆွဲခဲ့တဲ့ဒဏ်ကြောင့် နာကျင်မှူဆိုတာ ရှိခဲ့မှာပဲ။ ဒါကြောင့် အပေးအယူတည့်စွာ(နားလည်စွာ) နဲ့ ၁ ယောက်ကို ၁ ယောက် မထိခိုက်မိအောင် ချိန်ညှိပြီး ကိုင်မှသာ ၂ ဦးစလုံးမှာ ဒဏ်ရာ ကိုယ်စီမရှိမှာပါ။

 

လူ ဆိုသည်မှာလည်း *အတ္တသမ္ပံ ပေမံနတ္ထိ* ဆိုတဲ့အတိုင်း မိမိကိုယ်သာ မိမိ ကိုးကွယ်ဆည်းကပ် သူတွေချည်းသာပါ။ လွန်လွန်ကျူးကျူး ကိုးကွယ်မိလျင်တော့ *အတ္တနာထော နာတော* ဆိုတဲ့အတိုင်း အတ္တကျူးသူများ (မိမိကိုယ်ကို ရှေ့တန်းတင်သူများ) အဖြစ်သို့ ရောက်ရှိသွားမှာပါ။  ဒီလိုပဲ ချစ်ခြင်းမှာလည်း ငါ တကော ကော ပါက *အချစ်* မဖြစ်ပဲ *အတ္တ* ဖြစ်သွားမှာပါ။

ဘဝမှာ သူငယ်ချင်း၊ မိတ်ဆွေ ဆိုတာလည်း အရေးကြီးပါတယ်။ အချို့ကလည်း သူငယ်ချင်းကို ဒုတိယ နေရာမှာ ထားကြတယ်။ အချို့ကျပြန်တော့လည်း တတိယနေရာမှာ ထားကြတယ်။ ချစ်သူ ၂ ဦး ပြဿနာ ဖြစ်ရတဲ့ အကြောင်းအရင်းများစွာထဲမှာ သူငယ်ချင်း ကြောင့်လည်း တစ်ခုပါ ပါတယ်။ ဒီအခါမှာ ချစ်သူ နဲ့ သူငယ်ချင်းကြားမှာ စိတ်ဆင်းရဲမှူတွေ ဖြစ်တတ်ကြပါတယ်။ သူငယ်ချင်း ဆိုတာကလည်း ကိုယ့်ဘဝရဲ့ မရှိမဖြစ်၊ ချစ်သူ ဆိုတာကလည်း ကိုယ့်ဘဝရဲ့ လက်တွဲဖော်အဖြစ် ရွေးချယ်ထားတဲ့သူ။ နှစ်ဖက်စလုံးဟာ ကိုယ့်အတွက် အရေးကြီးတာချည်းပါပဲ။ ကိုယ် စိတ်ပျက်အားငယ် နေတဲ့အချိန်တွေ၊ အထီးကျန်ဆန်စွာ နေရတဲ့အချိန်တွေ၊ ကျရှူံးချိန်တွေမှာ သူငယ်ချင်း ဆိုတာ ကိုယ့်အတွက် အေးမြတဲ့ နားခိုရာလေးပါ။ ချစ်သူ ဆိုတာ ကိုယ့်အတွက် ခွန်အားတစ်ရပ်ပါ။ ကျမတို့ဟာ ဒီ ၂ ဦးစလုံးကို ဖယ်ကျဉ်းထားလို့ မရပါဘူး။ ကျမတို့ ဂစ်တာ တီးခတ်သလိုပါပဲ သံစဉ်ကောင်း တစ်ခုထွက်လာဖို့အတွက် ကြိုးဆိုတာ ချိန်ညှိမှ ရမှာ။ ဒီလိုပဲ တစ်ယောက်ကို တစ်ယောက် ချစ်ကြတယ်ဆို တစ်ယောက်ကို တစ်ယောက် နားလည်မှူပေးနိုင်မှသာလျင် အချစ်စစ်ဖြစ်တယ်လို့ ထင်မိပါတယ်။ *နားလည်မှုကို အခြေခံတဲ့ အချစ်* မှသာလျင် သူ .. ကိုယ် စိတ်ချမ်းသာနိုင်တဲ့ ဘဝ ၁ ခုကို တည်ဆောက်နိုင်မှာပါ။

 

*နားလည်မှု* ဆိုရာမှာလည်း စကားအရသာ လွယ်တာပါ တကယ်လက်တွေ့ကျင့်သုံးမယ်ဆိုလျင် ကျမတို့ တွေးထင်သလောက် လွယ်ကူတဲ့ အလုပ်မဟုတ်ပါဘူး။ *လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့ နက်* ဆိုတဲ့အတိုင်း အပြောလွယ်လွယ် အလုပ်ခက်ခက် ထဲမှာ ပါ ပါတယ်။ ကျမတို့ဟာ ပုထုဇဉ်တွေပါ။ အရိယာ သူတော်စင်တွေ မဟုတ်တဲ့အတွက် ရာနှူန်းပြည့် သဘောထားကြီးခြင်းဆိုတာ ကျမတို့ ဆီမှာ မရှိနိုင်ပါဘူး။ အချစ် ဆိုတာ နားလည်မှူကို အခြေခံမှ ခိုင်မြဲမှာပါ။ အယူအဆ၊ အကျင့်စရိုက်ဆိုတာ လူ ၁ ဦးနဲ့ ၁ ဦးမှာ မတူညီနိုင်ပါဘူး။ ဒီလိုပဲ ချစ်သူ ၂ ဦး ဆုံဆည်းမှူဆိုတာလည်း အစကတည်းက မတူညီမှူတွေနဲ့ စခဲ့ရတာပါ။ ဒီလိုစတင်မှူမျိုးနဲ့ အစပြုလာခဲ့တာနဲ့အမျှ ကျမတို့ဟာ တစ်ယောက်ကို တစ်ယောက် နားလည်လာနိုင်(စေ)အောင် ၂ ဦးစလုံး ကြိုးစားနေထိုင်သွားသင့်ပါတယ်။

 

(စာဖတ်သူများသို့ တောင်းပန်ချက်။          အမှားအယွင်း တစ်စုံတစ်ရာ ပါရှိပါက ပို့စ်ရေးသားသူ ကျမတွင်သာ တာဝန်အပြည့်ရှိပါသည်။ အရေးအသားညံ့ပါကလည်း ကျေးဇူးပြု၍ ယဉ်ကျေးစွာ ဝေဖန်ပြောဆို ရေးသားနိုင်ပါတယ်။)

အမြဲတမ်း ကြိုးစားသွားပါမည်။
ပန်းအိ
(၂၉-၆-၂ဝ၁၁)

In: ဆောင်းပါး Posted By: Date: Jun 29, 2011
Comment #1

မပန်းအိ
ကောင်းပါတယ်…ဆက်ရေးပါ။
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 29, 2011
Comment #2

စာရေးသူအတွက်ကတော့ အားပေးသူများဟာ သူတို့၇ဲ့ *အား* တစ်၇ပ်ပါ။ အများကြီးကျေးဇူးတင်ပါတယ်၇ှင့် poem.poem28.

commentinfo By: pannei at Jun 30, 2011
Comment #3

အင်းနော်။။။။။။။။။။။။။။။။။

commentinfo By: thanyawzin at Jun 30, 2011
Comment #4

အင်းနော်

commentinfo By: thanyawzin at Jun 30, 2011
Comment #5

သိပ်အရသာရှိ တယ်ဗျာ….။

Comment #6

စကားတော့ သိပ်မပြောတက်ဘူး မပန်းအိ
ဆောင်းပါးက အရမ်းမှန်ပါတယ် မိဘကျေးဇူးလဲပါတယ်
တစ်ကယ်ပါ အားကျတယ် ဗျာ…….လေးလဲ လေးစားပါတယ်…..ကျန်တော့်ကဗျာ ကို အားပေးသွားလို.လဲ ကျေးဇူးတင်ပါတယ်ဗျာ………

commentinfo By: nyanlinhtet at Jun 30, 2011
Comment #7

ဇော်သက်ဦး(Ayatekalay) nyanlinhtet thanyawzin အားလုံးကို ကျေးဇူးတင်ပါတယ်၇ှင်။

commentinfo By: pannei at Jun 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment