Professional Authors

လေးစားမှူ (Self Respect)

“လေးစားမှူ” ဆိုရာတွင် (Self Respect) မှ စတင်ပြောဆိုချင်ပါတယ်။ ကျမတို့သည် လူသားအနွယ်ဝင် သတ္တဝါများ ဖြစ်ကြသည့်အတွက် အသိပညာ၊ အတတ်ပညာ၊ သင်ယူခြင်းပညာ၊ လေ့လာစူးစမ်းနိုင်ခြင်းပညာ၊ တီထွင်ဖန်တီးမှူအတတ်ပညာ အစရှိသည့် သင်ကြား၊ သင်ယူ၊ တတ်မြောက်မှူ စွမ်းရည်များကို အခြားသော သတ္တဝါများထက် သာလွန်စွာ စွမ်းဆောင်နိုင်ကြသူများပင် ဖြစ်ပါတယ်။ ဒီအပြင် ‘ ကြီးသူကို ရိုသေ၊ ငယ်သူကို လေးစား’ ဆိုသည့် ဆိုရိုးလည်းရှိခဲ့သည်ကို လူအားလုံးတိုင်ပင် သိနှင့်ကြပြီး ဖြစ်ပါတယ်။ ကျမ ထင်မြင်ယူဆသည့် မိမိကိုယ်ကို လေးစားခြင်း (Self Respect) ဆိုသည်မှာကား မိမိအပြုအမူ၊ မိမိအပြောအဆို၊ မိမိစိတ်သဘောထားများကို သာရည်ညွှန်းတယ်လို့ လက်ခံထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့သည် နေ့စဉ်နဲ့အမျှ မိမိမဟုတ်သော အခြားသောသူများနှင့် အကြောင်းအမျိုး၊ အခြေအနေအရပ်ရပ်တို့ဖြင့် ဆက်ဆံပြောဆိုနေကြသူများသာ ဖြစ်ကြပါတယ်။ ဒါဟာ ကျမတို့ရဲ့ သမားရိုးကျ ဖြတ်သန်းမှူများလို့လည်း ပြောနိုင်ပါတယ်။ ဒီလို ဖြတ်သန်းရာမှ ကျမတို့ရဲ့သက်တမ်းတွေဟာဆိုရင် ပြောဆိုဆက်ဆံမှူများတွင်သာ အများဆုံး အသုံးချခဲ့ရတာချည်းပင် ဖြစ်တယ်လို့ ကျမကတော့ တွေးမိတယ်။ ဒီလိုမျိုး အနေအထားမှာ ကျမတို့ ကျင့်သုံးလိုက်နာ သင့်သည့်အချက်မှာ မိမိကိုယ်ကို လေးစားခြင်း (Self Respect) ထားခြင်းသည် အရေးအကြီးဆုံး အချက်သာလျင် ဖြစ်ပါတယ်။ ‘မိမိကိုယ်ကို လေးစားခြင်း’ (Self Respect) ဆိုရာတွင် မိမိ၏ အပြုအမူ၊ မိမိ၏ အပြောအဆိုမှ မိမိသည် ဘယ်လိုအဆင့်အတန်းမျိုး (Man’s Class and Row) ကို ဖော်ညွှန်းမှာ ဖြစ်ပါတယ်။ ‘စကားတိုင်း’ ‘အပြုအမူတိုင်း’ ဟာ မိမိ ပြောချင်သလို၊ ပြုမူချင်သလို လုပ်ဆောင်နိုင်သည့် အရာများသာ ဖြစ်တယ်။ ဒါတွေကို မိမိစိတ်ထဲရှိအတိုင်း မပြုမူကြဘဲ လေးစားမှူလေးတွေကိုသာ ရှေ့တန်းတင်မယ်ဆိုက တစ်ဦးနှင့်တစ်ဦး အဆင်ပြေစွာ ဆက်ဆံလုပ်ဆောင်နိုင်မှာပဲလို့ ကျမတွေးမိတယ်ရှင့်။

လူ တစ်ဦးချင်းစီဟာ မိမိတို့ ခံယူချက်၊ သဘောထား၊ ယုံကြည်ချက်များဖြင့်သာ ဘဝမှာ ရှင်သန်နေထိုင်ကြသာ များကြပါတယ်။ ဒီလိုပဲ ဘာသာတရားဆိုတာကလည်း လူ တစ်ဦးချင်းစီမ မြင်ဖူး၏ ယုံကြည်သက်ဝင်မှုသာ ဖြစ်ပါတယ်။ ကျတဲ့ အချို့သူတွေဟာဆို ဘာသာတရားနဲ့ပတ်သက်ပြီး တစ်ဦးယုံကြည်မှူကို တစ်ဦး ဖလှယ်မှူရှိတာ မတွေ့ရဘဲ ငြင်းခုံနေကြတာကိုပဲ မြင်တွေ့ရပါတယ်။ ဒီလို ငြင်းခုံမှူရဲ့ နောက်ဆက်တွဲရလဒ်ကတော့ သူတို့တွေဟာ တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးတွေဟာ အနေကျဲလာတာပါပဲ။ ဒီလို ငြင်းခုံနေမယ့်အစား တစ်ဦးယုံကြည်မှူကို တစ်ဦးသာ လေးစားမှူကို ရှေ့ထားခဲ့မယ်ဆိုရင် ဘာသာရေးအယူအဆ၊ ကိုးကွယ်သက်ဝင်မှူတွေကိုလည်း ကျမတို့ဟာဖြင့် အချင်းချင်း ဖလှယ်နိုင်မှာဖြစ်သလို အကျိုးဆက်အနေဖြင့်လည်း တစ်ဦးကိုတစ်ဦး ပိုမိုခင်မင်လာမှာပဲ ဖြစ်ပါတယ်။

ကျမမှာ ယူဆချက် တစ်ခုရှိခဲ့ဖူးတယ်။ ကျင့်လည်း ကျင့်သုံးခဲ့ဖူးတယ်။ အဲ့ဒါ ဘာလဲဆိုတော့ ကျမ တစ်စုံတစ်ယောက်ကို ခင်မင်ပြီဆို လေးစားမှူနဲ့အခြေပြုပြီး ဆက်ဆံပေါင်းသင်းတယ်။ အဲ..သူဟာ ကျမ အနေနဲ့ လေးစားမှူမဲ့စရာ လုပ်ဆောင်ချက်၊ အပြုအမူ၊ အကျင့်စရိုက် တစ်စုံတစ်ရာ ရှိခဲ့ပါက ကျမရဲ့ သူ့အပေါ်ထားတဲ့ လေးစားမှူတွေဟာ ပျောက်ဆုံးကုန်တယ်။ ဒါကို မကြာသေးမီအချိန်အထိကို ကျမ ကျင့်သုံးခဲ့ဖူးတယ်။ တကယ်တော့ မှားနေတယ်ဆိုတာကိုလည်း မကြာသေးခင်ကမှ သိခဲ့ရတာ။ တစ်နေ့ ကျမ အလုပ်လုပ်နေတဲ့ရုံးမှာ ကျမ ပြဿနာ တစ်ခုဖြစ်ခဲ့တယ်ရှင့်…မှတ်မှတ်ရရ ဆိုရရင် ကျမတို့ ဂျပန်မှာ ဆူနာမီဖြစ်ခဲ့ပြီး နောက် တစ်နေ့ပေါ့။ ကျမက ရုံးရောက်တာနဲ့ အင်တာနက်ကနေ ဆူနာမီဖြစ်ခဲ့တာတွေကို ကြည့်နေတဲ့အချိန်မှာ ကျမ အနောက်ကနေ တစ်ဦးတစ်ယောက်က အသံကျယ်ကျယ်နဲ့ စကားတွေကို ဒေါသတကြီးပြောဆိုနေခဲ့တယ်။ ပထမတော့ အာရုံမထားခဲ့မိဘူးရှင့် .. နောက် သူက ကျမကို စောင်းမြောင်းပြောဆိုနေတာကို ကျမ သိလိုက်တဲ့အချိန်မှာ ကျမ အတော်လေး ဒေါသဖြစ်နေခဲ့ တယ်။ ကျမလည်း စကားနဲ ရန်ဆဲ သဘောမျိုးနဲ့ ပထမတော့ မသိချင်ယောင်ဆောင်နေလိုက်ပါသေးတယ်။ နောက်တော့ ကျမရဲ့ အကျင့်လိုဖြစ်နေတဲ့ *ကိုယ်မှန်တယ်ထင်ရင် ပြောတတ်တဲ့ အကျင့်* က ကျမကို သူ(ကျမအား ပြောဆိုနေသူ)အား ပြန်ပြောရန်အတွက် တွန်းအားပေးခဲ့တော့တာပါပဲ။ ဒီမှာတင် ကျမ နေရာကနေ ထရပ်ပြီး လူကြီးလူကောင်းဖြစ်ပါလျက်နဲ့ လူကြီးလူကောင်းလို ပြောရန်၊ ကျင့်သုံးရန် ကျမမှာ ဒေါသသံကို ထိန်းပြီး ထိုသူအား ပြန်ပြောခဲ့မိခဲ့တယ်။ အိမ်ရောက်တော့လည်း ကျမစိတ်ထဲမှာ တနုံနုံနဲ့ မကျေမနပ်ဖြစ်နေတုန်းပဲ။ ဒါနဲ့ ကျမရဲ့ အမကို ရင်ဖွင့်ပြလိုက်တာပေါ့။ အဲ့ဒီမှာ ကျမ အမက ကျမကို နင်ဟာ တော်တော်အသုံးမကျသေးတဲ့သူပါလားတဲ့။ ကိုယ့်ညီမ ဘက်ကမပါဘဲ တစိမ်းသူဘက်ပါရကောင်းလားဆိုပြီး ကျမ ပိုဒေါသဖြစ်တာပေါ့။ ဒီတော့ အမက သူက ဖြစ်သင့်တာကိုပြောပြတာတဲ့။ အမှန်ဆို စဉ်းစားကြည့်တဲ့ *နင် လူ ၁ဝဝ ရှိယင် လူ ၁ဝဝ က နင့်ကို ဒေါသဖြစ်အောင်လုပ်တယ်၊ နင့်ကို စော်ကားမော်ကား ပြုမူပြောဆိုတယ်* တယ်ဆိုတိုင်း နင် သူတို့လို သူတို့လုပ်သလို လိုက်လုပ်နေမှာလားတဲ့။ ဒီစကားက တကယ်တမ်းတော့ ဒီအတိုင်း ပြောလိုက်တဲ့ပုံစံ ဖြစ်နေပေမယ့် ကျမကို စဉ်းစားစေခဲ့တယ်။ ဒီမှာတင် ကျမ အမှားလုပ်ခဲ့မိလိုက်ပြီဆိုတာကို သိလာခဲ့ရတယ်။ တကယ်တော့ သူဟာ ကျမအတွက် လေးစားစရာကောင်းသည်ဖြစ်စေ၊ လေးစားစရာ မဲ့နေသည်ဖြစ်စေ ကျမဟာ သူ့ကို လေးလေးမှူနဲ့ပဲ ဆက်ဆံရမှာ။ ကျမဟာ ကျမရဲ့ မခံချင်စိတ်လေး တစ်ခုကို ရှေ့တန်းတင်ပြီး မိမိကိုယ်ကိုယ် လေးစားမှူ (Self Respect) ကို မပြုကျင့်ခဲ့မိလို့ အမှားကို ကျူးလွန်ခဲ့တာပါပဲ။  ကျမက ကိုယ့်ကိုယ်ကို အရင် မလေးစားနိုင်သေးဘဲနဲ့ တခြားသူကို အပြစ်မြင်ခဲ့တာပါ။ ဒီ အဖြစ်အပျက်ကို အတုယူပြီး ကျမဟာ မိမိကိုယ်ကိုလေးစားခြင်း (Self Respect) ကျင့်သုံးနိုင်အောင် အသိတရားနဲ့ ကြိုးစားနေထိုင်သွားမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

(၂-၆-၂ဝ၁ဝ)

In: ဆောင်းပါး Posted By: Date: Jun 2, 2011
Comment #1

ပန်းအိရေ
ဆောင်းပါလေးက ကောင်းပါတယ်
အားပေးသွားတယ်
ဒါပေမယ့်လေ တခါတလေမှာ ကိုယ့်ဘက် လေးလေးစားစားဆက်ဆံမိသလောက်
လုံးဝ မထင်မှတ်ထားတဲ့ လုပ်ရပ်တွေနဲ့ ကိုယ်တိုင် ကြုံခဲ့ရဖူးတယ်….။
ဒီဆောင်းပါးလေးကို သဘောကျတယ်…။ ။

commentinfo By: ကေသရီ at Jul 1, 2011
Comment #2

ဟုတ်တယ်… ခုထိကိုမထိန်းနိုင်သေးတာ….. ကိုယ့်ကိုကိုယ်တောင်စိတ်ကုန်တယ်…
အားပေးသွားတယ်နော်

commentinfo By: angel at Jul 1, 2011
Comment #3

အင်း…ကေသ၇ီပြောတာလဲဟုတ်ပါတယ်…ပန်းအိတို့က လူငယ်တွေဆိုတော့လည်း စိတ်မြန်ကြတာပေါ့။ ဒါပေမယ့်လည်း အကြံပြုချင်ပါတယ် ကိုယ့်ကိုယ်ပဲ ကိုယ်ဆုံးမပါ..ကိုယ့်ကိုယ်ပဲ ကိုယ်ထိန်းပါ။ လူငယ်သဘာဝမှာ ဒါမျိုးတွေဖြစ်တတ်ပါတယ်..ပန်းအိလည်း အခုချိန်ထိ လုပ်နိုင်တယ်တော့ မဟုတ်သေးပါဘူး။ ကြိုးစားသွားနေတာပါ။ အားပေးတာလဲ ကျေးဇူးတင်ပါတယ်၇ှင့်။
ကေသ၇ီကော.. angel ကော —– 🙂

commentinfo By: pannei at Jul 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment