Professional Authors

မြန်မာအမျိုးသမီးဆိုတာ အဘယ်နည်း ?

အင်း… ကျွန်မ ခုပြောမဲ့ အကြောင်းအရာကတော့ မြန်မာမိန်းကလေးများ မြန်မာပီသပြီး ယဉ်ကျေးမှုကို ထိန်းသိမ်းစေချင်တဲ့ စေတနာတစ်ခု ကျွန်မရဲ့ စိတ်မှာ ကိန်းအောင်းနေမိပါတယ်။ ကျွန်မကတော့ ဗုဒ္ဓဘာသာပီပီ ကံ၊ကံ၏အကျိုးတရားကြောင့် မိန်းမဖြစ်လာရပေမဲ့ မြန်မာမိန်းမလေးဘ၀ ဖြစ်လာရတာကို ၀မ်းမနည်းပါဘူး။
ဂုဏ်တောင်ယူမိပါသေးတယ်။ ဒီလိုပဲ ကိုယ့်မြန်မာအမျိုးသမီးတွေရဲ့ဘ၀ကို အားကျပြီး စိတ်ဝင်စားတဲ့ အနောက်နိုင်ငံအများစုလည်း ရှိပါတယ်။ ကမ္ဘာမှာမြန်မာဟေ့လို့ ပြောလို့ရအောင် မြန်မာ့ယဉ်ကျေးမှုဟာတိုင်းတပါးတွေနဲ့ မတူအောင် သိမ်မွေ့နုးညံ့လှပါတယ်။ မြန်မာအမျိုးသမီးတွေနဲ့ သိမ်မွေ့လှတဲ့အပြုအမူ၊ ၀တ်စားဆင်ယင်ပုံတွေဟာ ခုမှမဟုတ်ပါဘူး။
ဟိုးရှေးခေတ်ထဲကရှိခဲ့ပါတယ်။ကျွန်မကိုခင်တဲ့သူတွေက မေးကြပါတယ်။ မြန်မာပြည်ကိုချစ်တယ်နော်တဲ့။ နို့ ဘာလို့ မေးလိုက်တော့ မဟုတ်ပါဘူးတဲ့။ နိုင်ငံခြားကို အထင်မကြီးလို့တဲ့။ကဲ စဉ်းစားသာကြည့်တော့။ ကိုယ်မြေကိုယ်ရေလောက် ဘယ်အရာမှမကောင်းပါဘူး။
ခုနောက်ပိုင်းမိန်းကလေးပဲဖြစ်ဖြစ်၊ယောက်ျားလေးပဲဖြစ်ဖြစ် နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်သွားလုပ်၊ ကျောင်းသွားတတ်ကြတာတွေ ဒုနဲ့ဒေးပါပဲ။ ခဏသွားတာဆိုကောင်းပေမဲ့ အပြီးဆိုရင်တော့ဖြစ်နိုင်ပါ့မလားလို့ စဉ်းစားမိတယ်။ ကိုယ်နေတဲ့ဝန်းကျင်မှာတောင် မိန်းကလေးအများစုဟာ သရုပ်ပျက်အနောက်တိုင်းယဉ်ကျေးမှုတွေကို လွှမ်းမိုးခံနေကြရပြီလေ။
တစ်ခါတလေလည်း ယိုသူမရှက် မြင်သူရှက်ဆိုသလို တွေ့တွေ့လာတာ ရင်ထဲမကောင်းဘူး။ နိုင်ငံခြားသား/သူတွေက မြန်မာဝတ်စုံတွေကို မြတ်နိုးစွာဝတ်ဆင်ကြတဲ့အချိန်မှာ မြန်မာကလူတွေက ဗရုတ်သုခအနောက်တိုင်းဟန်တွေနဲ့ကိုယ့်ကိုယ်ကိုအထင်ကြီးနေကြတာဆိုရင် အတော်များများတွေ့နေရတယ်။
မြန်မာဆန်ဆန်ဝတ်တဲ့သူတွေကိုတောင် နှာခေါင်းရှုံ့ချင်ကြသေးရဲ့။ ပြန်စဉ်းစားကြည့်စမ်းပါ။ မြန်မာတွေရဲ့ဝတ်စားဆင်ယင်ပုံ၊ ရိုးရာဓလေ့ နောက်မြန်မာမှုမြန်မာ့ဟန်နဲ့လုပ်တဲ့ ရိုးရာပွဲတော်တွေ ဘယ်လောက်ကျက်သရေရှိသလဲ။ ခုဆို မြန်မာအမျိုးသမီးတော်တော်များများ ပိုက်ဆံရရင်ပြီးပြီးရော လုပ်ချင်ရာလုပ်နေတာတွေဟာ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်သိုးသွားသလို ခံစားမိပါတယ်။ ခုနောက်ပိုင်း တွေ့ရတာတွေက ခေတ်ရှေ့ပဲ ပြေးနေတာလား။ ခေတ်ဆန်နေတာလား။ ကိုယ်ကပဲ ခေတ်တုံးနေတာလားဆိုတာ မသိတော့ပါဘူး။
ကျွန်မကတော့ လူသာဆင်းရဲရင်ဆင်းရဲမယ်။ စိတ်ဓါတ်တော့ဘယ်တော့မှ မဆင်းရဲစေရဘူး။ လောကမှာလူသာသေပြီး နာမည်မသေဖို့အရေးကြီးဆုံးပဲ။ လူတစ်ယောက်ရဲ့ကိုယ်ကျင့်တရား၊ သိက္ခာ၊ အကျင့်သီလ ဒါတွေဟာ ဘာနဲ့မှလဲလို့မရပါဘူး။ ကျွန်မတို့နိုင်ငံဟာ သူများနိုင်ငံနဲ့ယှဉ်ရင် အလွန်သေးငယ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာတစ်လွှားမှာ မြန်မာဟေ့လို့ကြွေးကြော်ချင်ပါတယ်။
လူတိုင်းလူတိုင်းဟာ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ရိုးရာကို ထိန်းသိမ်းကြမယ်ဆိုရင် ကျွန်မ၀မ်းသာမိမှာပါ။ မြန်မာဝတ်စုံဟာ မြင်သူတကာရဲ့ရင်မှာ အေးမြခြင်း၊ ကြည်နူးခြင်း၊ လှိုက်လှဲနွေးထွေးမှုကို ပေးစွမ်းနေတယ်လို့ ကျွန်မမြင်မိတယ်။ မနေ့ကတောင် နိုင်ငံခြားသူတစ်ဦးက မြန်မာလိုဝတ်ပြီး သူ့ကလေးတွေကို မြန်မာရိုးရာအ၀တ်အစား ၀တ်ပေးထားတာ ကျွန်မမြင်မိတော့ ၀မ်းသာကြည်နူးမှုကို ရင်ထဲဖြစ်ပေါ်လာမိပါတယ်။
ကိုယ့်လူမျိုးမဟုတ်တဲ့သူ ၀တ်တာတောင် ဒီလိုဖြစ်နေရင် ငါ့လူမျိုးတွေသာ ဒီလိုဝတ်ဆင်နေကြတာကို အမြဲမြင်တွေ့ရမယ်ဆိုရင် ပိုတောင်ကောင်းမယ်လို့လည်း တွေးမိပါတယ်။ လောကမှာ ကိုယ်တစ်ယောက်တည်း အသက်ရှည်နေတာမှ မဟုတ်တာ မိဘ ဘိုးဘွားမောင်ဘွားတွေနဲ့ ကြီးပြင်းနေကြရတဲ့ ၀န်းကျင်မှာ ဒီလောက် သရုပ်ပျက်တွေ မရှိသင့်ဘူးလို့လည်း တွေးမိပါတယ်။ ကျွန်မစိတ်ထဲ ရှိတာတွေချရေးရမယ်ဆိုရင် ရေးလို့တောင်မကုန်ပါဘူး။ မြန်မာအမျိုးသမီးများ ယဉ်ကျေးသိမ်မွေ့ပြီး မြန်မာမှုမြန်မာဟန်နဲ့ ကျက်သရေရှိတဲ့ဘ၀များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်မ ဆုတောင်းနေမိပါတော့တယ်။…..

In: ဆောင်းပါး Posted By: Date: May 8, 2010
Comment #1

ကျတော်လဲစာရေးသူအား ဆန့်ကျင်ရေးသား ချင်လိုမဟုတ်သော်လဲ ကြုံ တုံး မြန်မာ အမျိုးသား တွေ ရောအမျိုးသမီး တွေရောနဲပတ်သတ်ပြီး ဆွေးနွေးပါရစေ။ အရင်ဦး စွာပြောရရင်မြန်မာလူမျိုးအများစုဟာသွေး နထင်ရောက်တတ်ပါတယ်။ စာရေးသူသည် မိမိမိန်းကလေး ဖြစ်သည်ကိုတန်ဖိုးထား၏။ ကောင်းပါ၏။ ထိုအပြင်စာရေးသူသည် မိမိကိုမိမိ တခြားတခြား သောနိုင်ငံများရှိမိန်းမများထက်သာလွန်သည်ဟုသွယ် ဝှက်ရေးသားထားပါသည်။ ကျတော် နားလည်သလောက်မြန်မာအများစုမှာ open minded မရှိကြချေ။ တခြားတခြား သော နိုင်ငံများ မှအမျိုးသမီးများကဲသိုရင်ပေါင်တန်းလုဎ်ကိုင်ရန်ကိုစဉ်းစားရန်မေနေကျသည်။ တနီးဆိုရသော်မြန်မာမိန်းကလေးပီသစွာ negative view များစွာရှိကြသည်။ ကိုယ်နဲမတူလျင်မှားသည်ဟုယူဆကျသည်။ အတင်းချစရာ။အပုတ်ချစရာ ဟုယူစကျသည်။ စာရေးသူသည်ကမ္ဘာတစ်လွှားမှာ မြန်မာဟေ့လို့ကြွေးကြော်ချင်သော်လည်း မြန်မာအမျိုးသမီးများ ကမ္ဘာကြော်နိုင်သောအရည်အချင်းအားရရှိရန် ဗဟုသုတပေးနေချင်းမဟုတ်ပေ။ ထိုအတူမြန်မာအမျိုးသားများသည်လဲ ကိုယ်ကိုတိုင်ကလုဎ်ချင်တာလုဎ်၍မိမိရည်းစားသော်လကောင်း၊မိန်းမသော်လကောင်း၊ တစုံတခုမှားယွင်းလျင်မြန်မာမိန်းကလေး ဖြစ်ပီး ဒီလိုနေသည်၊ဟိုလိုနေသည် ဆို ၍jealous ဝင်ကျသည် အပြစ်တင်ကြသည် ကများသည်။ အကယ်၍ ထိုသူ၏ရည်းစားက သူ့အားပြစ်သွား လျင်ရစရာမရှိအောင်ပြောလိုကျသည်။ ထိုသူသည် ထိုမိန်းကလေးအား တချားတချားသောသူထက်ပိုမိုပြည်စုံအောင်ထား ရန်စိတ်မကူးဘဲ၊ အပြစ်တင်ရန်သာကြိုးစားပေလိမ့်မည်။ ဤသည်ကားမြန်မာအမျိုးသားအများစုပင်တည်း။

commentinfo By: Aung at May 12, 2010
Comment #2

ဒါကတော့ လူတိုင်းလူတိုင်း စိတ်တွေ မတူကြသလို ရည်ရွယ်ချက်တွေ နေရာ ၀န်းကျင်တွေ မတူကြဘူးလေ။ သူ့အမြင် ကိုယ့်အမြင်ဆိုတာလည်း တစ်ယောက်နဲ့တစ်ယောက် တိုက်ဆိုက်ဖို့ ခက်ခဲပါတယ်။ ဒီတော့ ရှင့်ဘက်ကြည့်ရင် လက်ဖမိုးမြင်သလို ဒီပြင်သူကဘက်က ကြည့်ရင်လည်း လက်ဖ၀ါးပဲ မြင်မှာ ဖြစ်လိမ့်မယ်ထင်တယ်။ လူတိုင်း သိပဲ သိပြီး လိုက်နာဖို့ တွန့်ဆုတ်ကြတာ မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်ပဲနဲ့ တူပါတယ်ရှင်။

commentinfo By: manawphyulay at May 12, 2010
Comment #3

I agree both manawphyulay and aung.We should keep our culture and also try to develop for our country.

commentinfo By: North star at May 12, 2010
Comment #4

Let me back to the discussion.
ကျတော် comment တွင်အမြင်မတူ၍မှား သည်ဟုဝင်ရောက်ပြောချင်းမဟုတ်ပါ။ ယခုကဲသို့ သော post များ ကိုမကြာခဏတွေရသောကြောင့်ဝင်ရေးမိချင်းဖြစ်ပါသည်။ ငြင်းခုံရန်မဟုတ်ဘဲ share လုဎ်လိုပါသည်။ စာရေးသူနင်ကျတော်သည်သိလဲမသိမြင်လဲမမြင်ဖူးချေ။ သိုသော် စကား စပ်ဆက်၍ pပြောလိုပါသည်။ မြန်မာ ယဉ်ကျေးမှူ ယိုဆင်း နေသည်မှာအတော်ကြာပေပြီ။ သိုရာတွင် ဝတ်စားဆင်ရင်မှူပြောင်းလဲလာသော ကြောင့် ယဉ်ကျေးမှူ ယိုဆင်း သည်ဟုပြောရန်မှာ အတော်ပင်ခက်လှပေသည်။ ဥပမာ – ဂျပန်နိုင်ငံမှဂျပန်မများ လဲပထမ ကမ္ဘာ စစ်တုန်းကကဲ သို ကီမိုနို ဝတ်၍ ဈေးသွားနေချင်းမျိုး မဟုတ်တော့ ချေ။ ယောက်ကျားများနင့်ရင်ပေါင် တန်း၍အလုဎ်လုဎ်နေကြ သည်။စာရေးသူသည် ထိုကဲ သိုဂျပန်မများ ၏ဝတ်စားဆင်ရင်ပုံသည် ယဉ်ကျေးမှူ ယိုဆင်း သည်ဟုပြောကောင်းပြောနိုင်ပေမည်။ သိုရာတွင် ယနေခတ်နင့် ကီမိုနို ဝတ် ၍ အလုပ်လုပ်လျင် လုပ်ငန်း၏ optimization မည်မျ ရှိမည် ကိုမပြောတတ်ချေ၊ သိုသော်ဂျပန်လူမျိုးများသည် ယဉ်ကျေးမအမွေ အနစ် များကိုထိန်းသိမ်းကျသည်။ ယဉ်ကျေးမှူအားမြတ်နိုးကြသောမြန်မာများ ရိုးရာယဉ်ကျေးမှူ အားထိန်းသိန်းနေပါသလော၊ မြန်မာဒို၏ ပုဂံ ဘုရား များမှာ ယခင် ၅နစ် နင့်ယခု တူပါသေးသည်လော။ ယဉ်ကျေးမှူထိန်းသိမ်းဖို့ထက် ဘုရားအား ဦးသုံးကြိမ်ချ၍ ဆုတောင်းပြည့်ရန်သာရည်ရွယ်ကြသည်။ ထိုအပြင် မြန်မာအများ စုမှာ စူးစမ်းဆင်ချင်မှူအား နဲခါ သူများရောင်လျင်လိုက်၍ ရောင်ချင်ကြသည်။ ဥပမာ မင်းဘူးဦးဩဘာသ၊ ဦးပုည ဒို၏ ကိုဘက်ကကြည့် ရင်ကိုယ်မှန်တာဘဲ ဆိုဩသောအယူ အဆဖြင့် ဇတ်နိပတ်တော်များ ကိုအလွန်အမင်း ဖွဲ့ဆိုခဲ့ကြသည်။ ဥပမာ- ယူဇနာပေါင်း ၈၄၀၀၀၊ တယူဇနာ = some unbelievable amount ။ ထိုကြောင့်ဗုဒဘာသာဝင်များအား အခြားအခြား သောဘာသာများ ကလက်ညိုးထိုးစရာဖြစ်ပေသည်။
စာရေးသူ၏ ဆောင်းပါးအားပြန် လှန်သုံးသတ်ရသော်၊ စာရေးသူသည် ” ကိုယ့်မြန်မာအမျိုးသမီးတွေရဲ့ဘ၀ကို အားကျပြီး စိတ်ဝင်စားတဲ့ အနောက်နိုင်ငံအများစုလည်း ရှိပါတယ်” ဟုရေးသား ထားသည်ကိုတွေရ၏။ အဘယ်နိုင်ငံများ ဟု ရေးသားထားချင်းကိုမတွေရချေ။ “မြန်မာအမျိုးသမီးတွေရဲ့ဘ၀” ကိုဆိုသည် မှာအဘယ်ကိုဆိုလိုသည် ကိုလဲ ရှင်းလင်းအောင်ဖော်ပြမထားချေ။ အိမ်မှာနေပြီးထမင်းချက် ၊အဝတ်ရှော်၊ ကလေးမွေး သိုမဟုတ် ကိုယ်ယောက်ကျားကောင်းကောင်းမကောင်းကောင်းအိမ်ဦး နတ်ဟု ယူစရမည် ဆိုသော မြန်မာအမျိုးသမီးတွေရဲ ဘဝကိုဆို လိုသည်လော။ စာရေးသူ၏နိဂုံး အတိုင်းပင်ရေးရင်ရေး၍ ကုန်မည်မထင်ပါ။ အချုပ် ဆိုသော် စာရေးသူဆောင်းပါးရှင်များအနေဖြင့် မိမိရေးသည် ဘယ်ရောက်ရောက်ဟု မဖြစ်စေဘဲ ခိုင်မာလုံလောက်သောသက်သေအထောက်အထားများဖြင့် စာဖတ်သူများ ဗဟုသုတရှိစေပြီး၊ misconception မဖြစ်စေလိုပါ။

commentinfo By: Aung at May 12, 2010
Comment #5

မြန်မာ အမျိုးသားတွေ ကော မြန်မာအမျိုးသမီး တွေ ကော အားလုံး ကို ချုံမကြည့်ကြပါနဲဗျာ
ကောင်းတဲ့ လူတွေ ဆိုတာ လဲ ဒီကမ္ဘာပေါ်မှာ အများကြီး ရှိသလို မကောင်းတဲ့ လူတွေ လဲ
အများကြီး ရှိပါတယ် .. မြန်မာ တွေ မို့ မကောင်းဘူး ဆိုတာတော့ နားခါးပါတယ် ..
ကျွန်တော် ကတော့ ကိုယ့် လူမျိုး ကို အကောင်းမြင်တာ ပဲ ကြိုက်ပါတယ် …

commentinfo By: ပုရှ်လေး .. at May 15, 2010
Comment #6

နေစမ်းပါဦး ကိုအောင်ရ ယူဇနာပေါင်း ၈၄ဝဝဝ ဆိုတာ ဘာကိုပြောတာလဲ။မြင့်မိုရ်တောင်ကိုပြောတာလား ဘုရားရဲ့တန်ခိုးတော် တွေကိုဖွဲ့တာလားသိတ္ထထမင်းသားမွေးဖွားတော့ရတနာတွေကိုပြောတာလား သေသေချာချာ လည်း လုပ်ပါဦ်း။အခုဟာကဘာသာရေးနဲ့ဆိုင်နေတယ်နော်။ ပုရှ်လေး ပြောတာလည်းမှန်တယ်။
ကိုယ့် လူမျိုးကိုအကောင်း မြင်တယ်ဆိုတာထက် ရှုံ ချနေမယ့်အစား ကိုယ်လူမျိုးအတွက် ဘာတွေလုပ်ပြီး လည်းဆိုတာ ပြန်စဉ်းစားစေချင် တယ်။ ရေးချင်လည်း ကိုပေါက် တိုံလို ပညာပေး သဘောလေးရေးပါ။ အခုဟာ ကမြန်မာ့စာရေး စရာတွေ နဲံ ဘာသာရေးကိုပါ ထိခိုက်တယ်။အလွန်အမင်း ဖွဲ့ဆိုထားတယ်ဆိုတဲ့ စကားက တော်တော်လွန် နေလားလို့။

commentinfo By: North star at May 15, 2010
Comment #7

ဟုတ်ပါတယ်
နည်းနည်းဝင်ဆွေးနွေးကြည့်တာပေါ့နော်
ကိုအောင်ကoutsiderတွေကိုသဘောကျပုံရပါတယ်
ဒါပေမယ့်..
ကိုယ့်လူမျိုးလက်ညှိုးထိုးခံရတာကိုတော့တခမ်းတနားကြီးဂုဏ်မယူသင့် ပါဘူး။
ခင်ဗျားကမြန်မာမဟုတ်လား။
ဟာကွက်တွေကတော့ဘာသာကြီးလေးပါးလုံးမှာရှိတာပါပဲ။
ဒါတွေပြောရရင်အရှည်ကြီးဖြစ်သွားပါလိမ့်မယ်၊
တစ်ခုပဲ
ကိုအောင် နည်းနည်းလွန်သွားတယ်ထင်တာပဲ………..

commentinfo By: aunghmuekoko at May 15, 2010
Comment #8

အကိုအောင်ရေ မတူညီ တာတွေကို မပြောစေချင်ပါဘူး ဂျပန် ကီမိုနို နဲ့ ကျွန်တော် တို့ မြန်မာ့ အမျိုးသမီးတွေဝတ်တဲ့ ရင်ဖုံးနဲ့ထမီ ကတူညီ လို့လား ဗျ … မြန်မာအမျိုးသမီးတွေ ထမီနဲ့ရင်ဖုံးဝတ် ပြီး အလုပ်လုပ်တဲ့သူတွေအများ ကြီးပါ .. ခေတ်မီအဝတ်အစား ဝတ်မှ အလုပ်လုပ်လို့ရတာမဟုတ် ပါဘူး
ကျွန်တော် အထင် အကို က ဗုဒ္ဓဘာသာဝင်မဟုတ် ဘူးနဲ့တူတယ်.. ရှစ်သောင်းလေးထောင်ဆိုတာ က တကယ်ဗုဒ္ဓဝင်ထဲမှာပါတာ အလွန်အကြူး မဟုတ် ပါဘူး ဒါတွေက ဘုရားဟောတွေပါ… အကိုအောင် က မြန်မာတွေကိုတိုးတက်စေချင်တယ်.. လို့ပြောတယ်ဒါပေမယ့် အကို ကတိုးတက်စေချင်တယ်ပြောပြီး မြန်မာ တွေကို ချိုးနှိမ်နေတာက ကော……. ဒါတွေမကောင်းဘူးဆိုတာသိရက်နဲ့ မကောင်းဘူး ဒါပေမယ့် ဘယ်လို ပုံစံ နဲ့ဆို ကျွန်တော် တို့မြန်မာတွေ တိုးတက်မယ်ဆိုတာ ကိုဆွေးနွေးသလိုနဲ့ အကိုရေးသားချက်တွေက မြန်မာတွေ ကိုနှိမ့်ချနေတဲ့ပုံစံရောက်နေတယ် အကို..

မြန်မာအမျိုးသမီးတွေရဲ့ဝတ်စားနေထိုင်ပုံဟာ အနောက်နိုင်ငံတွေထက် ယဉ်ကျေးသိမ်မွေ့ပါတယ်.. အကို
လူတိုင်းလူတိုင်း အကိုအပါအဝင်ပေါ့ လူတစ်ယောက်က ရိုင်းရိုင်းစိုင်းစိုင်း ပြောရင် ဘယ်သူမှမကြိုက်ကြပါဘူး အကို.. ဒါကြောင့်မို့ ယဉ်ကျေးတဲ့မြန်မာတွေကို နှစ်သက်တဲ့သူတွေများတာ ပါ..
အနောက်နိုင်ငံတွေမှာမိန်း ကလေး ယောကျာင်္လေး ယဉ်ပေါင်တန်း တယ်.. လို့ အကိုပြောတယ် မြန်မာတွေကိုလဲ အဲလို ဖြစ်စေချင်တယ်..အ ကိုပြောတယ်.. သူတို့ ဟိုးအရင် က ဝတ်တဲ့အဝတ် အစား ဂါဝန်တွေဟာ လုပ်ငန်း ခွင်နဲ့ဘယ်လို က မအပ်စပ်ပါဘူး အလုပ်လုပ်လို့လဲ အဆင်မပြေပါဘူး ..
ဒါပေမယ့် မြန်မာတွေရဲ့ အဝတ် အစားတွေ က မြန်မာ့ရေမြေနဲ့ အပ်စပ် သလို ဘယ်အချိန် ဘယ်နေရာ ရောက်ရောက် မြင်ရသူကို အမြင် မရိုင်းစေပါဘူး ..
ကျွန်တော် တစ်ခု ပြောမယ်.. အကို မိန်း မမရသေးဘူး ထင် တယ်..
အကို မြန်မာတစ်ယောက်လို့ ကျွန်တော် မှတ် ယူပြီး အကိုကိုမေး ချင်တယ်..
အကိုယူမယ့်မိန်း မဟာ .. အနောက်တိုင်းဆန်ပြီး နေရာတစ်ကာ ယောကျာင်္း နဲ့ယဉ်ပေါင်းတန်း နေမယ်ဆိုရင် အကို အဲဒီမိန်း က ကို ယူမလား .. အကို သူ့ကို အရမ်း ချစ်တယ်ပဲ ထားတော့နော်.. အကို..

ကျွန်တော် တို့ အိမ်မက်ထဲ က ကိုယ်နဲ့+ မယ့်မိန်း ကလေး က အနောက်တိုင်းမဆန်ဘူး အကို နေရာတစ်ကာယောကျာင်္းနဲ့ယဉ်ပေါင်မတန်း ဘူး .. ဒါပေမယ့် ယောင်္ကျား ရဲ့ လုပ်ငန်း ကိစ္စတွေမှာ အကြံဥာဏ်ပေးနိုင်ရမယ်.. အိမ်မှု ကိစ္စ နိုင်နင်းရမယ်.. ဒီလို မျိုး ဖြစ်နေရမယ်……… အကို စံချိန်တွေနဲ့ ကျွန်တော် တို့ စိတ်ထဲ က စံချိန်တွေက တော့တစ်ခြား စီပေါ့ ..

နောက်ဆုံးပြောရမယ်ဆိုရင် အကိုအောင်ရေ.. မြန်မာတွေကို တိုးတက်စေချင်တယ်ဆိုရင် ရှုပ်ချတဲ့ပုံစံမျိုးတွေမရေးပါနဲ့ အကို ခေတ်မီတိုင်းတိုးတက်တာမဟုတ် ပါဘူး .. တိုးတက်လာတာနဲ့အညီ ယဉ်ကျေးမှု ပပျောက်မသွားအောင် ထိန်း သိမ်းဖို့ က နိုင်ငံသားတိုင်းရဲ့တာဝန်ပါ…
သွေးနားထင်ရောက်နေတယ်..ဆိုတာ က လဲ အကိုရေးတာပဲ အဲလို အသုံးတွေ ဟာ မသင့်ပါဘူး ..ဗျာ.. ကိုယ့် အမျိုးသားအချင်းချင်း ကို စော်ကားရာရောက်ပါတယ်..
နောက်များတိုးတက်စေချင်တယ်ဆိုရင်လမ်းညွှန်တဲ့စကားလေးတွေကို စိတ်ရင်းစေတနာနဲ့အင်တာနက်ပေါ်မှာဖြန့်ဝေနိုင်ပါစေလို့ဆုတောင်းပေးပါတယ်..အ ကိုအောင်..
(အကိုအောင်ကိုဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက်လို့ယုံကြည်ပါတယ်..တကယ်လို့ဘာသာခြားဆိုလဲ အကို ဘာသာရေးတိုက်ခိုက်တာတွေ ရှုပ်ချတာတွေဟာ ကိုယ့်စိတ်ဓါတ် ကို ကိုယ်ကိုတိုင် ဖော်ထုတ် သလိုပဲ မို့ ဒါတွေကို ရှောင်ရှားနိုင်ပါစေလို့ဆုမွန်ပါတယ်.. )

သိုးကျောင်းသား

commentinfo By: သိုးကျောင်းသား at May 15, 2010
Comment #9

အကိုအောင်မှူး ကိုကို..
ကျွန်တော် တို့ ခု ပြောနေတာ ကမြန်မာ အမျိုးသမီးတွေနဲ့ပက်သတ်တဲ့ အကြောင်းအရာ ကို ဝိုင်းဆွေးနွေး နေတာပါ.. အကို..
ဘာသာရေး ကိုဆွေးနွေးဖို့ ကျွန်တော် တို့လဲ အသိပညာ ဗဟုသုတ မပြည့်စုံသေးပါဘူး အကို အဲဒီ အတွက် အကို ရဲ့ ပို့စ် တွေ ကိုဘာသာရေးဖက် ဦး မတည်စေချင်ဘူး ..
ပြီးတော့ ဘာသာကြီးလေးခု မှာဟာကွက်တွေရှိတယ်ပြောတယ်.လို့ အကိုပြောတယ်နော်..
ကျွန်တော်က ဗုဒ္ဓဘာသာဝင်မို့လို့ဒီစကားကိုပြောတာမဟုတ် ပါဘူး အကို..
ကျွန်တော် တို့ဗုဒ္ဓ ဘာသာကို ဘယ်နေရာ နားမလည်လဲ နားမလည်တဲ့နေရာကို.. နိုင်ငံတော် က ဂုဏ်ထူးတွေချီးမြှင့်ထားတဲ့ဆရာတော်တွေ တကယ် ကို တရား ဓမ္မ ကိုလေ့လာ လိုက်စားနေတဲ့ဆရာတော်ကြီးတွေ ရှိပါတယ် အကို.. သူတို့ တွေ ကို နားမလည်တာတွေ ဖြေရှင်းချက်တောင်းလို့ရပါတယ်..
နား မလည်ရင်သူတို့ဆီမှာသွားမေးကြည့်လို့ရပါတယ်..အွန်လိုင်း မှာလဲ ရှိပါတယ်..
ကျန်တဲ့ဘာသာတွေတော့ကျွန်တော်မပြောတတ်ဘူးပေါ့ .. ခု လောလောဆယ်.. အကိုအောင်မှူး ကိုကို
ကိုတောင်းပန် ချင်တာ က ခု မြန်မာ အမျိုးသမီးတွေနဲ့ပက်သတ်ပြီးဆွေးနွေးတဲ့နေရာမှာ ဘာသာရေးအကြောင်းတွေ ကိုမပြောစေချင်ပါဘူး ခင်ဗျာ..မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ် နိုင်လို့ပါ………………

သိုးကျောင်းသား

commentinfo By: သိုးကျောင်းသား at May 15, 2010
Comment #10

အင်း..ကျနော်လည်း နဲနဲ ပြောကြည့်ချင်တယ်ဗျ။

ဒီဆောင်းပါးက မြန်မာအမျိုးသမီးဦးက မြန်မာ့အမျိုးသမီးဘ၀ကိုမြတ်နိုးကြောင်း၊မြန်မာ့ယဉ်ကေးမှုကို

မြန်မာတွေတန်ဖိုးထားသင့်ကြောင်းစေတနာကောင်းနဲ့ ရေးထားတာဖြစ်ပါလိမ့်မယ်။

ကျနော်က မြန်မာတစ်ဦးဖြစ်တဲ့အတွက် မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုကိုမလေ့လာသူတွေထက်စာရင်တော့

နဲနဲပိုသိတယ်လို့ ထင်မိပါတယ်။

“အသက်နဲ့ လူလုပ်တာမဟုတ်ဘူး..အရှက်နဲ့ လူလုပ်တာ”ဆိုတဲ့ စကားက မြန်မာ့လူမှုဆက်ဆံရေးနယ်ပယ်မှာ

ရှိပါတယ်။ ကျနော်တို့ မြန်မာလူမျိုးတွေ အထူးသဖြင့်မြန်မာအမျိုးသမီးတွေမှာ စောင့်ထိမ်းလိုက်နာရမယ့်

တရားနှစ်ပါးရှိတယ်။

၁။ မကောင်းမှုလုပ်ရမှာကို ရှက်ခြင်း(ဟိရီ)

၂။ မကောင်းမှုလုပ်ရမှာကြောက်ခြင်း(သြတ္တပ္မ)

ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို မပေါ်ပေါ်အောင် ဖော်ပြနိုင်သောအ၀တ်အစားများကိုဝတ်ဆင်ခြင်းသည်

မြန်မာအမျိုးသမီးများအနေနှင့် ဟိရီ(အရှက်တရား)ကင်းမဲ့သည်ဟု အစဉ်အဆက်လက်ခံခဲ့ကြသည်။

ဆန့် ကျင်ဘက် ပုရိသယောက်ျားများ၏ ကာမအန္တရယ်ကိုဖိတ်ခေါ်သကဲ့သို့ ဖြစ်နိုင်လေသည်။

ထို့ ကြောင့်မြန်မာလူမျိုး၊မြန်မာအမျိုးသမီးများအနေနှင့် ကာယအိဒြေ္န ပျက်ပြားစေသောဝတ်စားဆင်ယင်မှုမျိုး

ကိုရှောင်ကြဉ်ပြီး၊မြန်မာလူမျိုး၊မြန်မာအမျိုးသမီးတို့ ၏ တန်ဖိုးရှိသော အလှ၊ ရိုးသာားပွင့်လင်းသော

ဖော်ရွေပျူငှာသောစိတ်ဓါတ်နှင့်အတူကာယအိဒြေ္နလုံခြုံစေနိုင်သောမြန်မာ့ယဉ်ကျေးမှုနှင့်ကိုက်ညီသည့် 

အ၀တ်အစားမျိုးကိုသာဝတ်ဆင် သည့် ရိုးရာယဉ်ကျေးအစဉ်ဓလေ့ကောင်းများကို မြတ်နိုးတန်ဖိုးထားစေချင်သော

စေတနာဖြင့် ရေးသားထားသည့် ဆောင်းပါးကောင်းတစ်ပုဒ်ဟုသာ ထင်မြင်မိကြောင်း။

commentinfo By: kyawaung at May 15, 2010
Comment #11

အကိုအောင်ရေ မတူညီ တာတွေကို မပြောစေချင်ပါဘူး ဂျပန် ကီမိုနို နဲ့ ကျွန်တော် တို့ မြန်မာ့ အမျိုးသမီးတွေဝတ်တဲ့ ရင်ဖုံးနဲ့ထမီ ကတူညီ လို့လား ဗျ … မြန်မာအမျိုးသမီးတွေ ထမီနဲ့ရင်ဖုံးဝတ် ပြီး အလုပ်လုပ်တဲ့သူတွေအများ ကြီးပါ .. ခေတ်မီအဝတ်အစား ဝတ်မှ အလုပ်လုပ်လို့ရတာမဟုတ် ပါဘူး
ကျွန်တော် အထင် အကို က ဗုဒ္ဓဘာသာဝင်မဟုတ် ဘူးနဲ့တူတယ်.. ရှစ်သောင်းလေးထောင်ဆိုတာ က တကယ်ဗုဒ္ဓဝင်ထဲမှာပါတာ အလွန်အကြူး မဟုတ် ပါဘူး ဒါတွေက ဘုရားဟောတွေပါ… အကိုအောင် က မြန်မာတွေကိုတိုးတက်စေချင်တယ်.. လို့ပြောတယ်ဒါပေမယ့် အကို ကတိုးတက်စေချင်တယ်ပြောပြီး မြန်မာ တွေကို ချိုးနှိမ်နေတာက ကော……. ဒါတွေမကောင်းဘူးဆိုတာသိရက်နဲ့ မကောင်းဘူး ဒါပေမယ့် ဘယ်လို ပုံစံ နဲ့ဆို ကျွန်တော် တို့မြန်မာတွေ တိုးတက်မယ်ဆိုတာ ကိုဆွေးနွေးသလိုနဲ့ အကိုရေးသားချက်တွေက မြန်မာတွေ ကိုနှိမ့်ချနေတဲ့ပုံစံရောက်နေတယ် အကို..

မြန်မာအမျိုးသမီးတွေရဲ့ဝတ်စားနေထိုင်ပုံဟာ အနောက်နိုင်ငံတွေထက် ယဉ်ကျေးသိမ်မွေ့ပါတယ်.. အကို
လူတိုင်းလူတိုင်း အကိုအပါအဝင်ပေါ့ လူတစ်ယောက်က ရိုင်းရိုင်းစိုင်းစိုင်း ပြောရင် ဘယ်သူမှမကြိုက်ကြပါဘူး အကို.. ဒါကြောင့်မို့ ယဉ်ကျေးတဲ့မြန်မာတွေကို နှစ်သက်တဲ့သူတွေများတာ ပါ..
အနောက်နိုင်ငံတွေမှာမိန်း ကလေး ယောကျာင်္လေး ယဉ်ပေါင်တန်း တယ်.. လို့ အကိုပြောတယ် မြန်မာတွေကိုလဲ အဲလို ဖြစ်စေချင်တယ်..အ ကိုပြောတယ်.. သူတို့ ဟိုးအရင် က ဝတ်တဲ့အဝတ် အစား ဂါဝန်တွေဟာ လုပ်ငန်း ခွင်နဲ့ဘယ်လို က မအပ်စပ်ပါဘူး အလုပ်လုပ်လို့လဲ အဆင်မပြေပါဘူး ..
ဒါပေမယ့် မြန်မာတွေရဲ့ အဝတ် အစားတွေ က မြန်မာ့ရေမြေနဲ့ အပ်စပ် သလို ဘယ်အချိန် ဘယ်နေရာ ရောက်ရောက် မြင်ရသူကို အမြင် မရိုင်းစေပါဘူး ..
ကျွန်တော် တစ်ခု ပြောမယ်.. အကို မိန်း မမရသေးဘူး ထင် တယ်..
အကို မြန်မာတစ်ယောက်လို့ ကျွန်တော် မှတ် ယူပြီး အကိုကိုမေး ချင်တယ်..
အကိုယူမယ့်မိန်း မဟာ .. အနောက်တိုင်းဆန်ပြီး နေရာတစ်ကာ ယောကျာင်္း နဲ့ယဉ်ပေါင်းတန်း နေမယ်ဆိုရင် အကို အဲဒီမိန်း က ကို ယူမလား .. အကို သူ့ကို အရမ်း ချစ်တယ်ပဲ ထားတော့နော်.. အကို..

ကျွန်တော် တို့ အိမ်မက်ထဲ က ကိုယ်နဲ့+ မယ့်မိန်း ကလေး က အနောက်တိုင်းမဆန်ဘူး အကို နေရာတစ်ကာယောကျာင်္းနဲ့ယဉ်ပေါင်မတန်း ဘူး .. ဒါပေမယ့် ယောင်္ကျား ရဲ့ လုပ်ငန်း ကိစ္စတွေမှာ အကြံဥာဏ်ပေးနိုင်ရမယ်.. အိမ်မှု ကိစ္စ နိုင်နင်းရမယ်.. ဒီလို မျိုး ဖြစ်နေရမယ်……… အကို စံချိန်တွေနဲ့ ကျွန်တော် တို့ စိတ်ထဲ က စံချိန်တွေက တော့တစ်ခြား စီပေါ့ ..

နောက်ဆုံးပြောရမယ်ဆိုရင် အကိုအောင်ရေ.. မြန်မာတွေကို တိုးတက်စေချင်တယ်ဆိုရင် ရှုပ်ချတဲ့ပုံစံမျိုးတွေမရေးပါနဲ့ အကို ခေတ်မီတိုင်းတိုးတက်တာမဟုတ် ပါဘူး .. တိုးတက်လာတာနဲ့အညီ ယဉ်ကျေးမှု ပပျောက်မသွားအောင် ထိန်း သိမ်းဖို့ က နိုင်ငံသားတိုင်းရဲ့တာဝန်ပါ…
သွေးနားထင်ရောက်နေတယ်..ဆိုတာ က လဲ အကိုရေးတာပဲ အဲလို အသုံးတွေ ဟာ မသင့်ပါဘူး ..ဗျာ.. ကိုယ့် အမျိုးသားအချင်းချင်း ကို စော်ကားရာရောက်ပါတယ်..
နောက်များတိုးတက်စေချင်တယ်ဆိုရင်လမ်းညွှန်တဲ့စကားလေးတွေကို စိတ်ရင်းစေတနာနဲ့အင်တာနက်ပေါ်မှာဖြန့်ဝေနိုင်ပါစေလို့ဆုတောင်းပေးပါတယ်..အ ကိုအောင်..
(အကိုအောင်ကိုဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက်လို့ယုံကြည်ပါတယ်..တကယ်လို့ဘာသာခြားဆိုလဲ အကို ဘာသာရေးတိုက်ခိုက်တာတွေ ရှုပ်ချတာတွေဟာ ကိုယ့်စိတ်ဓါတ် ကို ကိုယ်ကိုတိုင် ဖော်ထုတ် သလိုပဲ မို့ ဒါတွေကို ရှောင်ရှားနိုင်ပါစေလို့ဆုမွန်ပါတယ်.. )

သိုးကျောင်းသား

commentinfo By: thoekyaungthar at May 15, 2010
Comment #12

ကြည်တာချင်းတူပေမဲ၊အမြင်ချင်းမတူတာကိုကအဖြေတခုလိုယူဆလိုက်ကြေပါ။

commentinfo By: happywin at May 15, 2010
Comment #13

ကျနော်ကတော့ ပျင်းပျင်းရှိလို့ ဝင်ရေးလိုက်ဦးမယ်။ဝတ်စားဆင်ယဉ်မှုနဲ့ ယဉ်ကျေးမှုဆိုတာ တမျိုးဆီလို့ ထင်ပါတယ်။နောက်ပြီးဘယ်အရာကိုမဆို တဖက်စွန်းကျလွန်းရင် မှားတတ်ပါတယ်။ဘုရားဟောတဲ့ အလယ်အလတ်လမ်းစဉ် ကိုလိုက်နာကျင့်သုံးတာဟာ အကောင်းဆုံးလို့ ထင်ပါတယ်။ခောတ်ရှေ့ပြေးနေပြီးလျှပ်ပေါ်လော်လီ ၀တ်စားတာ၊ပြောတာဆိုတာမကောင်းသလို ခောတ်နောက်ပြန်ဆွဲတဲ့အယူအဆတွေဟာလည်း မဖြစ်သင့်ပါဘူး။အရာရာမှာခောတ်နဲ့ ရင်ဘောင်တန်းနိုင်မှ တိုးတတ်မှုရှိနိုင်မှာပါ။နိုင်ငံခြားတိုင်းပြည်တွေက မြန်မာတွေကို လေးစားကြတာတွေ ရှိပါတယ်။ဒါဘာ့ကြောင်လဲဆိုတော့ မြန်မာတွေရဲ့ ရိုးသားမှု၊ကူညီရိုင်းပင်းတတ်မှု၊မဟုတ်မခံစိတ်ဓာတ်တွေနဲ့ယဉ်ကျေးဖော်ရွေမှုတွေကြောင့်ပါ။မြန်မာတွေရဲ့အ၀တ်အစားကို သဘောကျခြင်းမဟုတ်ပါဘူး။လူတိုင်းမှာကိုယ်ပိုင်စတိုင် ရှိသင့်ပါတယ်။ကိုယ်ပိုင်တွေးခေါ်မှုရှိရပါမယ်။ကျနော်ပြောချင်တာကတော့ ကိုယ့်ရဲ့အယူအဆတွေဟာ ခောတ်မှီပြီး ယဉ်ကျေးမှုနဲ့သဟဇာတဖြစ်စေချင်ပါတယ်။အင်း………လက်ညောင်းတယ်။တော်ပြီ။

commentinfo By: ဇေယျာဝင်း at May 15, 2010
Comment #14

အကိုတို့ရေတော့ပစ်လွဲနေတယ်.. ဘာသာရေးဖက်ကိုရောက်သွားသလိုပဲ…..
ခေါင်းစဉ်နဲ့ ကိုက်အောင်ရေးပေးပါ..

commentinfo By: သိုးကျောင်းသား at May 15, 2010
Comment #15

အကိုအောင်နဲ့အကို… အောင်မှုးကိုကိုရေ..တော့ပစ်လွဲနေပြီထက်တယ်…….
မြန်မာအမျိုးသမီးအကြောင်းကိုရေးတာဘာသာရေးဖက်နွယ်သွားပြီကျွန်တော်တို့လဲ…
ဘာသာရေးအကြောင်းဆွေးနွေးဖို့ပြည့်စုံတဲ့အသိဥာဏ်နဲ့ဗဟုသုတမရှိလို့တင်ထားတဲ့တော့ပစ် နဲ့ညီအောင်ရေးပေးစေချင်ပါတယ်..

သံယောဇဉ်မင်း

commentinfo By: thanyawzinmin at May 15, 2010
Comment #16

ဟုတ်ပြီဟုတ်ပြီ။
ကိုယ်နည်းနည်းအတွေးချော်သွားတာဖြစ်ပါလိမ့်မယ်။
အားလုံးကိုတောင်းပန်ပါတယ်။
ဒါပေမယ့်………
မိန်းကလေးတွေအကြောင်းပြောနေရင်းကဘုရားဟောဘက်ကိုလှည့်ရမ်းတာကို
ကိုယ်နည်းနည်းပြောတာပါ။
ဦးပုညနဲ့ဦးသြဘာသတောင်ပါလိုက်သေး။
တကယ်တော့ယဉ်ကျေးမှုအကြောင်းပြောရင်ဘာသာရေးအကြောင်းပါလာမှာပဲ။
ကိုယ်လဲဗုဒ္ဓဘာသာဝင်တစ်ယောက်ပါပဲ။
ထားပါ။ကဲ…တော့ပစ်ပြောင်းရအောင်
တကယ်တော့မြန်မာအမျိုးသမီးတွေမှာလဲလိုအပ်ချက်တွေရှိနေတာပါပဲ။
သူတို့တွေမှာလိုအပ်ချက်ရှိတာနဲ့ တော့အကုန်မကောင်းဘူးလို့ပြောလို့မရပါဘူး။
ယဉ်ကျေးသိမ်မွေ့တဲ့မြန်မာမတွေအများကြီးပါ ။
ဒါပေမယ့်အခြေအနေ ၊ အကြောင်းကြောင်းကြောင့်
လူနေမှုဘ၀ပုံစံတွေပြောင်းလာရပါတယ်
ဒါကိုအပြစ်လုပ်ပြောလို့မရပါဘူး။အရင်ကခေတ်ကလို အိညှောင်အိညှောင် လုပ်နေရင်………….
သေသွားမှာပေါ့။မဟုတ်ဖူးလား။
ပြောချင်တာက…….
မြန်မာမလေးတွေယဉ်ကျေးပါတယ်
သူတို့ခေတ်နဲ့အမှီလိုက်နေကြတာရယ်ပါ။

commentinfo By: aunghmuekoko at May 16, 2010
Comment #17

တောင်းမှာအကွပ်လူမှာအ၀တ်။ဆိုတဲစကားပုံဟာရှေလူကြီးတွေအလကားထားခဲ့တာမဟုတ်ပါဘူး။
ဒါပေမဲခေတ်နဲလျှော်ညီဖိုလဲလိုတယ်၊ယဉ်ကျေးမူဘောင်မကျော်ဘိုကိုလဲသတိထားရမယ်။မိမိကိုကြည်တဲ့
လူရဲအမြင်မှာတင်တယ်ဖို့လဲဆင်ခြင်ရမယ်။မြန်မာမလေးတွေကျော့၇ှင်းစွာလှပဖို့အရမ်းမျော်လင်မိတယ်ဒါပေမဲ့
သူနေ၇ာနဲသူပေါ့။ကျွန်တော်တိုကြည်တဲ့လူဘက်ကလဲအချိန်နေရာဒေသခွဲတတ်ရမယ်။။။။။။။။။။။။။။

commentinfo By:့happywin at May 16, 2010
Comment #18

ကျွန်တော်ကတော့ ဘာဘာသာရယ် ညာဘာသာရယ်ဆိုပြီးပြောတာမဟုတ်ပေမယ့်
ကျွန်တော်တို့ ယဉ်ကျေးမှူဆိုတာ ကျွန်တော်တို့ နိုင်ငံရာသီဥတု နဲ့ ကိုက်ညီအောင် ရှေးကတည်းက
အစဉ်အဆက် ပြုပြင်ပြောင်းလဲထိန်းသိမ်းလာခဲ့ကျတာလေ
ဘာပဲပြောပြော လေ မိန်းကလေးဆိုတာက လှယဉ်သေးသွယ် ချစ်စဖွယ်နေချင်ကျသကိုး
သူတို့ အချင်းချင်းလဲ တစ်မျိုးတော့  တွေးကျသေးတယ်
မိန်းကလေးတစ်ယောက်လောက် လာရေးရင် မဆိုးဘူး
ကျွန်တော်အနေ နဲ့ တော့ အသင့်အတင့် ဆိုရင် မဆိုးပါဘူး
အကျင့်စာရိတ္တကောင်းမွန်ဖို့ တော့ မျှော်လင့်တယ်ပေါ့

သံယောဇဉ်မင်း
သံယောဇဉ်နန်းတော်

commentinfo By: thanyawzinmin at May 16, 2010
Comment #19

မြန်မာအမျိုးသမီးတယောက်အနေနဲ့ ကိုယ့်ရဲ့ယဉ်ကျေးမှု၊ ကိုယ့်လူမျိုးရဲ့သိက္ခာ ကိုထိန်းသိမ်းသင့်တယ်ဆိုတာ အရမ်းမှန်ပါတယ်။ မနောဖြူလေး ရေးခဲ့တဲ့ထဲက လူတယောက်ရဲ့ ကိုယ်ကျင့်တရား၊ သိက္ခာ၊ဆိုတာဘာနဲ့မှလဲလို့မရဘူးဆိုတဲ့စကားဟာ မြန်မာအမျိုးသမီးတွေအတွက်ဖြစ်သင့်ပါတယ်။ ဘယ်လောက်ပဲနည်းပညာ၊ ခေတ်တွေတိုးတက်တိုးတက်၊ ဘယ်လောက်ပဲပြောင်းပြောင်း ဒီ Thinking ကိုတော့ Basic foundation အဖြစ်နဲ့ ထားသင့်တယ်လို့ယူဆပါတယ်။ ကိုအောင် ပြောသလိုပဲ မြန်မာအမျိုးသမီးတွေဟာ open-minded လည်းထားသင့်ပါတယ်။ ဒါပေမယ့် ထက်ထက်အနေနဲ့ကတော့ နေရာတကာတိုင်းမှာ အစွဲမထားစေချင်ပါဘူး။ ကိုယ်သွားမယ့်နေရာ၊ ကိုယ်လုပ်မယ့်အလုပ် အနေအထား၊ ကိုယ်ဆက်ဆံရမယ့် လူရဲ့အနေအထား အရ ၀တ်စားဆင်ယင်သင့်ပါတယ်။ အဓိကကတော့ စိတ်ပါပဲ။ စိတ်ထဲမှာ ကိုယ်ဟာ မြန်မာအမျိုးသမီး တယောက၊် လို့ခံယူထားရင၊် ဘယ်သူမှကိုယ့်ကို တန်ဖိုးမထားရင်တောင် ကိုယ့်ကိုယ်ကို တန်ဖိုးထားခဲ့ရင် ကိုယ်ရဲ့အပြုအမူ၊အနေအထိုင်တို့ကို ဆင်ခြင်မိပါလိမ့်မယ်။ ထက်ထက်အနေနဲ့ကတော့ မြန်မာအမျိုးသမီးတဦးဟာ မလိုအပ်တဲ့ ရှက်ရွံကြောက်တတ်ပြီး လူတောမတိုးရဲတဲ့ အပြုအမူတွေကို အတိတ်ကာလဘိုးတော်ဘုရားလက်ထက်မှာ ထားရစ်ခဲ့သင့်ပြီး စကားအပြောအဆိုအနေအထိုင် ၊အတွေးအခေါ် အရာအားလုံးဟာ နိုင်ငံတကာနဲ့ရင်ဘောင်တန်း နိုင်ပြီး ပညာရှိပီသစွာနဲ့ ယဉ်ကျေးသိမ်မွေ့ထက်မြက်တဲ့၊ နိုင်ငံတကာမှာ ဂုဏ်သိက္ခာရှိရှိနဲ့ ရပ်တည်နိုင်တဲ့ အမျိုးသမီးများဖြစ်သင့်တယ်လို့ ထင်မြင်မိပါတယ်။

commentinfo By: Htet Htet Lwin at May 17, 2010
Comment #20

အရမ်းမှန်ပါတယ်…့ထက်ထက်လွင်

commentinfo By: happywin at May 17, 2010
Comment #21

မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ် နိုးတဲံ့လူ တွေရှိသေးတယ် ဆိုတာ အခုမှ သိလိုက်ရတယ်။ ဝမ်းသာစရာပါပဲ။ မနောဖြူလေးလည်း ရေးရကျိုးနပ်သွား ပြီပေါဲ့။

commentinfo By: North star at May 17, 2010
Comment #22

သိတိုင်းမမှန်ပါ မြင်တိုင်းမမှန်ပါ အကြောင်းရှိသောကြောင့် အကျိုးဖြစ်လာတဲ့အပေါ် နေတတ်အောင်နေကြည့်ရင် အားလုံးသူ့အကြောင်းတရားနဲ့သူ မှန်နေမှာပါ

commentinfo By: သီရိ at May 17, 2010
Comment #23

စာေ၇းသူပြောသွားတာကတော့မြန်မာအမျိုးသမီးများကယဉ်ကျေးပြီးနူးညံ့သိမ်မွေ့ပြီးကျက်သေ၇၇ှိစွာနေနိုင်ဖို့အတွက်ေ၇းသားသွားတာပါအဲဒါကိုကျွန်မလက်ခံပါတယ်။ဒါပေမဲ့နေ၇ာတကာမှာနူးညံ့သိမ်မွေ့နေဖို့မလိုအပ်ဘူးလို့ပြောချင်ပါတယ်။မြန်မာအမျိုးသမီးတွေကတချို့ကတော့အနောက်တိုင်းပုံစံဝတ်ဆင်နေကျပါတယ်တချို့ကလည်းမြန်မာယဉ်ကျေးမှုအတိုင်းပဲဝတ်ဆင်နေကြပါတယ်။ကမ္ဘာမှာမြန်မာလို့ကြွေးကြော်နိုင်ဖို့အတွက်ကယဉ်ကျေးမှုတစ်ခုတည်းမဟုတ်ပါဘူး။မြန်မာအမျိုးသမီးတွေဘက်စုံတော်ကျွမ်းကျင်နေဖို့လိုအပ်ပါတယ်။

commentinfo By: မြတ် at May 17, 2010
Comment #24

မြတ်ပြောတာလည်း လက်ခံပါတယ်ရှင်။ ဘယ်အရာမဆို ရောမရောက်ရင် ရောမလိုကျင့်ဆိုသလိုလည်း ရှိနေတာကို လက်ခံပါတယ်။ ဘက်စုံတော်ပြီး အရာရာ ရဲရင့်ဖြတ်လတ်သွက်လက်တာလည်း အလွန်ကောင်းပါတယ်။ ခုလို ဆွေးနွေးပေးကြတာ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဆက်လက်အမြင်လေးတွေ မျှဝေပေးပါဦးနော်။

commentinfo By: manawphyulay at May 17, 2010
Comment #25

ကျွန်တော် နဲနဲ ပြောချင်ပါတယ် ။တတ်လို့ တော့ မဟုတ်ပါဘူး ။ ကျွန်တော် အမြင်ပေါ့ ။ အထက် ကအစ်ကိုတွေ အစ်မတွေ ပြောတာတွေအားလုံးလိုလို ကောင်းပါတယ် ။ဘယ်ဘာသာပဲပဲဖြစ်ဖြစ်ပေါ့ အားလုံးဟာ မြန်မာပြည်မှာမွေးပြီး မြန်မာတွေ ပါပဲ ။ ရိုးရာယဉ်ကျေးမူ့ ထိမ်းသိမ်းဖို့ ကအားလုံး တာဝန်ရှိပါတယ် ။ ဆိုရိုးစကားတခု ရှိပါတယ်း ယဉ်ကျေးမူ့ပျောက်ရင် လူမျိုးပျောက်မယ်။ နောက်နောင်ဆိုရင် ဘာလူမျိုးလဲလို့တောင်မေးယူ ရပါလိမ့်မယ် ။ မြန်မာပြည်မှာလူမျိုးပေါင်းများစွာ ရှိပါတယ် ။ပျောက်တဲ့ လူမျိုးတွေပျောက်ကုန်ပါပြီ ။
သရုပ်ပျက်တဲ့ မြင်ကွင်းတခုကို ပြောရမယ်ဆိုရင် တော့ မြန်မာလူမျိုးတိုင်း တွယ်တာမြတ် နိုးတန်ဖိုးထားတဲ့ သင်္ကြန်ပွဲပေါ့ ။ တော်တော်ကို သရုပ်ပျက်ပါတယ် ။ မြို့တွေမှာအဆိုးဆုံးပေါ့ ။ အမျိုးသမီးရော အမျိုးသားရောပေါ့ ။ တခြားနိုင်ငံ သားတယောက် ကဒါတွေကိုတွေ့ရင် ဘယ်လိုမြင်မလဲ စဉ်းစားကြည့် ကြပါ။
ရိုးယာပွဲတခုပါ ။ တွေးကြည့်ရင်ရင်နာလို့ မဆုံးပါဘူး ။ သူများနိုင်ငံက ဂီတနဲ့ သူတို့လိုဝတ် သူတို့လို က ။
နောက်တခုက အနုပညာရှင်တွေ ကိုပြောချင်ပါတယ်။ အနုပညာရှင်တွေဆိုတာ ပြည်သူတွေရဲ့ ရှေ့ဆောင်ပါ ။
ပြောချင်တာတွေကတော့များတယ်။
အ၀တ်အစား ထက် အတတ်ပညာကို အတုခိုးစေချင်ပါတယ်။
အားလုံးအားလုံးသော မြန်မာလူမျိုးများ ရိုးရာယဉ်ကျေးမူ့ ကိုထိမ်းသိမ်းကြဖို့ ပြောချင်ပါတယ်။ ကျွန်တော်မှာလဲ တာဝန်ရှိပါတယ်။ အမှားပါရင် ခွင့်လွတ်ပါလို့ အာလုံးကိုတောင်းပန်ချင်ပါတယ်။

commentinfo By: ညီညီ at May 17, 2010
Comment #26

ဘယ်လိုဝင်ပြောရမယ်ကို မသိတော့ဘူး…
ငြိမ်းချမ်းပါစေဗျာ……….

commentinfo By: ဝေလင်း at May 17, 2010
Comment #27

ညီညီပြောတာမှန်တယ်။”အ၀တ်အစား ထက် အတတ်ပညာကို အတုခိုးစေချင်ပါတယ်။” ဆိုတဲံ့စကားကိုသဘောကျတယ်။

commentinfo By: North star at May 18, 2010
Comment #28

မြန်မာ့ယဉ်ကျေးမှုလို့ဆိုတာနဲ့ မိန်းကလေးတွေကိုပဲ ထိန်းသိမ်းဖို့ပြောနေ
ကြတယ် မိန်းကလေးဖြစ်ရတာ စိတ်ကုန်လာပြီ ထိန်းသိမ်းပြီးနေလွန်းလို့
အမြင်ကျဉ်းသွားလို့ အမှားရှိလာရင်လည်း အပြောကခံရဦးမှာပဲ

commentinfo By: pinky at May 18, 2010
Comment #29

ဟာအမကလည်း ယဉ်ကျေးမှုထိန်းသိမ်းတာနဲ့ အမြင်ကျဉ်းတယ်လို့ ဘယ်သူကပြောလို့လဲ မိန်းကလေးဖြစ်ရတာ စိတ်ကုန်စရာမရှိပါဘူး။ လုပ်ကြပါဦး ကိုကိုတို့ရေ မိန်းကလေးဖြစ်ရတာကို အားငယ်နေတယ်ထင်တယ်။ အားပေးကြပါဦး။ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာတွေပိုမသိရင်တော့ ခေတ်လူငယ် လို့ ခေါ်လို့ မရဘူး။ မသိရင်လည်း အားမငယ်ပါနဲ့။သိအောင် လုပ်ရမှာပေါ့ 🙂

commentinfo By: North star at May 18, 2010
Comment #30

ဟုတ်ကဲ ကို aunghmuekoko ပြောသလိုဘာသာရေးဘက်ကိုပါသွားတာကိုတောင်းပန်ပါတယ်။ဟာကွက်တွေကတော့ဘာသာကြီးလေးပါးလုံးမှာရှိတယ်ဆိုတာကိုလဲလက်ခံပါတယ်။ ကျတော်လဲမြန်မာတယောက်ပါ။ ဗုဒ ဘာသာဝင်တယောက်လဲဖြစ်ပါတယ်။အဲဒီအတွက်တောင်းပန်ပါတယ်။ ပုရှ်လေး ပြောသလို ကိုယ့် လူမျိုး ကို အကောင်းမြင် ချင်ပါတယ်။ မြင်လဲ မြင်ပါတယ်။ ဒါပေမယ် အကောင်းမြင်ချင်တာနဲဘဲ မကောင်းဘူး လိုအပ်တယ်လို ထင်တဲအချက် တွေကိုမြန်မာတွေ ဘဲရှိတဲ၊ ဗုဒ ဘာသာဝင်တွေ ဘဲရှိနိုင်တဲ ယခုလို blog မှာဝင်ရောက်ဆွေးနွေး ခွင့်မရှိတော့လျင် တိုးတက်မှုရှိလိမ့် မယ်လိုတော့ ကျတော် မထင်ဘူးဗျ။

ဒီ post မှာဝေဝေဆာဆာ ဝင်ပီး ဆွေးနွေး ကြတာကတော့ အားရစရာပါဘဲ။ နောက်ပီး ကိုသိုးကျောင်းသား ကျတော့ကိုဝေဖန်ထားတာကိုလဲ တော်တော်လေး ကြိုက်ပါတယ်။အထူးသဖြင့် “အကိုယူမယ့်မိန်း မဟာ .. အနောက်တိုင်းဆန်ပြီး နေရာတစ်ကာ ယောကျာင်္း နဲ့ယဉ်ပေါင်းတန်း နေမယ်ဆိုရင် အကို အဲဒီမိန်း က ကို ယူမလား .. အကို သူ့ကို အရမ်း ချစ်တယ်ပဲ ထားတော့နော်.. အကို”။ ကျတော် အရွတ် မတိုက်ပါဘူး။ ကျတော်ယူမှာပါ။ ကျတော်တကယ်ချစ်တာကို။ :)။ကိုယ်ချစ်တဲ မိန်းကလေးကို ကိုယ်ကြိုက်တဲ ပုံစံမဟုတ်လို့ မယူဘူးဆိုရင် ကိုယ်ကိုကိုယ်ချစ်ပီး သူကိုချစ်တာမဟုတ်ဘူးလိုကျတော်ယူဆပါတယ်။ ပြီးတော့ ကိုသိုးကျောင်းသား ကကျတော်ကို တချိန်ထဲမှာဘဲ ၂မျိုး ယူဆသွားပါတယ်။ “ကျွန်တော် အထင် အကို က ဗုဒ္ဓဘာသာဝင်မဟုတ် ဘူးနဲ့တူတယ်..” ။ “အကိုအောင်ကိုဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက်လို့ယုံကြည်ပါတယ်”။ ဘယ်လိုဘဲယူဆယူဆပါ။ အယူအဆ တွေမတိုက်ဆိုင်ရင်လဲစိတ်မဆိုးပါဘူး ။ဒီနေရာက idea တွေshare ဖိုလို့ယူဆပါတယ်။

နောက်ပြီး North star ပြောသလို ဘာသာရေးကိုထိ ခိုက်လို အဒီအကြောင်းအရာကို ဆက်မပြောဖိုပြောတာကိုတော့ လက်ခံပါတယ်။ မြန်မာစာရေး ဆရာတွေ ကိုထိခိုက်လို မပြောပါနဲ ဆိုရင်တော့၊ သိပ်ပြီးသဘာဝမကျ ဘူးလိုထင်ပါတယ်။ “အလွန်အမင်း ဖွဲ့ဆိုထားတယ်ဆိုတဲ့ စကားက တော်တော်လွန် နေလားလို့” ဆိုပြီး ပြောထားပေမယ် မြန်မာစာမှာတော့ အလွန်အမင်း ဖွဲ့ ဆိုမှူတွေ များ လို အတိတ်သရဝုတ်တိ အလင်ကာ ဆိုပြီးကျတ် ခဲရတာတွေများပါတယ်။ အဒါက တကယ်ဟာကို မြန်မာစာပါမောခ တွေက ပဲ အတွေး တိန် လို အလွန်အမင်းဖွဲ့ဆိုတယ် လိုယူဆတာလား ၊ တကယ်လားဆိုတာ တော့ ကိုယ် အတွေးနဲ ကိုယ် ဆက်လက်ပြီး ယူဆစေလိုပါတယ်။
နောက်ပြီးကိုယ်နိုင်ငံအတွက် ဘာလုဎ်ပြီးပြီလဲ ဆိုတာကို ရှင်းပြပေးစေလိုပါတယ်။ လူမျိုး အတွက်ဆိုရင် တော့ နာဂစ်ဖြစ် တုန်းက မိဘမဲ ဖြစ်သွားတဲ pathein GTC ကလေးတွေ ကျောင်းပြီးအောင်တတ်နိုင် ဖိုအလှူငွေ လှူတန်းဖူးပါတယ်။

aunghmuekoko ပြောသလိုကျတော်ပြောတာတွေ လွန်သွားကောင်းလွန်သွားပါလိမ်မယ်။ ဒါပေမယ် အထင်လွဲနေတာက ကိုယ့်လူမျိုးလက်ညှိုးထိုးခံ ရတာ မျိုး မဖြစ် အောင်ကျတော် သိသလောက်တတ်သလောက် share နေတာပါ။ ကျေးဇူးပြူ နားလည်ပြီပေးကြပါ။ အမြင်မတူရုံ နဲ ဆွေး နွေးမှူ တွေကိုရပ်မပြစ် ဖိုပြောလိုပါတယ်။

မြတ်နဲမထက်ထက်လွင် ပြောတာကိုလုံးဝထောက်ခံပါတယ်။ လိုရင်းတိုရှင်းပြောပြနိုင်လို အားလုံးကိုယ်စား ကျေးဇူးလဲတင်ပါတယ်။

ကျတော့အတွေအကြုံတွေထဲက မြန်မာအမျိုး သားများ ဖြစ်နေတဲ ပြသနာလေးတခုကို မျဝေလိုပါတယ်။
ဘာလိုလဲဆိုတော့ နိုင်ငံခြားမှာရှိတဲအလုပ်အများစုက ယောက်ကျားလုဎ်ရမဲ အလုဎ်၊ မိန်းမလုဎ်ရမယ် အလုဎ်ရယ် လိုလဲခွဲမထားကြပါဘူး။ သင့်လျော်ရာ ကိုယ်လမ်းကိုယ်ကြာင်းပီး သွားနေကြပါတယ်။ ဖြစ်လေ့ဖြစ်ထ ရှိဒဲ ကိတ်စလေးတွေကိုကြုံတုံးမျဝေပရစေ။ အဒီမှာ မြန်မာယောက်ကျားလေးများရဲ ပြသနာကိုမျဝေချင်ပါတယ်။မြန်မာ အတွဲ အများစုမှာ ယောက်ကျား များက ကိုယ်မိန်းမ ကို အိမ်မှူကိတ်စ နိုင်နင်းစေချင် ကြတယ်။ အဒီမှာ ကျတော်ရဲယောက်ကျားလေး တချို သူငယ်ချင်းတွေ ကသူဒိုမိန်းမ (သို့) ရည်းစားတွေ ကိုအိမ်မှူကိတ်စနိုင်နင်းပီး၊ အပြင်မှာအလုဎ်ထွက်လုဎ်စေချင်ကြတယ်။ သူဒိုကိုတိုင်ကလဲ အိမ်ဦးနတ်ဆိုတာမျိုး ကိုလိုချင်ကြတယ်၊ မိန်းမကိုယ် တိုင်လဲ အလုဎ်ထွက်လုဎ် နေရတယ်။အိမ်မှူကိတ်စမှာလဲ ထမင်းပွဲ ရှေ့ရောက်ဆိုတာမျိုး ကိုလိုချင်တယ်။ ယောက်ကျားလေး အပေါင်းအသင်း တွေနဲလဲအပြင်ကိုမထွက်စေချင် ဘူး။ ဖုန်းမပြောစေချင်ဘူး။ ကိုယ်ကိုတိုင်ကတော့ outlet အနေနဲ သောက်တာစားတာရှိမယ်။ တကယ် ရှေးတုန်းကလိုအိမ်ထောင်ဦးစီး ရှာသလိုလဲ တယောက်ရှာပီး တအိမ်လုံး အတွက်လဲ မလောက်ငဘူး။ အဒါကိုတော့ ခေတ်အခြေအနေအရ မိန်းမလဲ အလုဎ်လုဎ်ရမှာဘဲလိုပြောချင်တယ်။ သူ့ထက်မြင့်တဲ အနေအထား တခုကိုမိန်းမကရောက်တယ်၊ လစာပိုကောင်းတယ်ဆိုတာမျိုးဖြစ်လာရင်အိမ်မှာပြသနာရှာပီး စိတ်တက် ကျတယ်ဆိုတာမျိုးဖြစ်လာမယ်။ အဒီ အချေအနေမျိုး မှာမြန်မာ နိုင်ငံမှာနေတဲ မိန်းမအများ စု ကတော့ လည်စင်းခံ ရင်းနဲ ဘဝကိုအဆုံး သတ်ကြလိမ့်မယ်။ တအိမ်ထောင်ကနေ နောက်တအိမ်ထောင်ကို မပြောင်းလိုဘူး။ ပတ်ဝင်းကျင်ကပြောမှာကိုကြောတ်ကြ တယ်။ အဒီ အခြေ အနေမှာ နိုင်ငံခြား မှာနေတဲ မြန်မာမ(ကိုယ်ချေထောက်ပေါ်ကိုယ်ရပ်နိုင်သောသူ) (သို့) နိုင်ငံခြားသူတရောက် ကကွာ ရှင်းပြတ်စဲဖို့ကိုဝင်လေးမှာ မဟုတ်ဘူး။ မြန်မာအစဉ်အလာအရ ဆိုရင်တော့ တလင်ကွာ တခုလတ်ဆို ရင်မတင့်တယ်ဘူး။ ဒါကဘာလုဎ်သင့်တယ် ဆိုတာကိုကျတော်မပြောလိုပါဘူး။ ကျတော်သိသလောက် share တာပါ။

commentinfo By: Aung at May 20, 2010
Comment #31

ထက်ထက်အခုပြောမှာက ကိုယ်ကမိန်းကလေးတယောက်ဆိုတော့ မိန်းမဘက်ကပြောတာမျိုးလည်းမဟုတ်သလို ယောကျာ်းတွေကိုလည်းမကောင်းမြင်တာမဟုတ်ပါဘူး။ပြောရင်းပြောရင်း အဲလိုမျိုးတယောက်ယောကိုထိခိုက်ခဲ့မယ်ဆိုရင်တော့ ကြိုတင်တောင်းပန်ပါတယ်။ မိန်းမနဲ့ယောကျာ်းအိမ်ထောင်ကျပြီဆိုရင် ယောကျာ်းတွေမှာ မာနတမျိုးရှိပါတယ်။ ငါကအိမ်ဦးနတ်၊ ငါ့နောက်မှာနေ၊ ငါပြောသလိုလုပ် ဆိုတဲ့စိတ်မျိုး ကို 90% သောယောကျာ်းအများစုမှာရှိပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေဘက်ကကြည့်ရင်လည်း အိမ်ထောင်ပြုတယ်ဆိုတာ ငယ်စဉ်တုန်းကတော့ မိဘကိုအားကိုးနေလာခဲ့ရတယ်။ မိဘတွေမရှိတော့ရင် …ဆိုပြီး အားကိုးရာရှာတဲ့အနေနဲ့ ယောကျာ်းတယောက်ကိုအားကိုးလိုက်တာပါပဲ။ မိန်းမတွေရဲ့စိတ်ထဲမှာ အမြဲတမ်း ကိုယ့်ယောကျာ်းအတွက် ဂုဏ်ယူချင်တဲ့စိတ်က ကိန်းအောင်းပြီးသားပါ။ မိန်းကလေးတယောက်က သူဟာမြန်မာအမျိုးသမီးတယောက်ဆိုရင် အမြဲတမ်း ကိုယ့်ယောကျာ်းကို ရှေ့တန်းတင်ပြီးသားဖြစ်နေမှာပါ။ ဒါပေမယ့် ကိုအောင်ပြောသလိုမျိုး မိန်းမတယောက်ကပိုက်ဆံရှာနိုင်လာရင် လင်ယောကျာ်းပေါ်မလေးစားလုပ်လာတယ်ဆိုတော့ ထက်ထက်အထင်ပြောရရင် မိန်းမတယောက်ကကိုယ့်ယောက်ျားကိုအဲလိုမျိုးလုပ်လာတယ်ဆိုတာ အဲဒီယောက်ျားရဲ့အရည်အချင်းပေါ်အများကြီးမူတည်သွားပါပြီ။ ယောကျာ်းတယောက်ဟာ ကိုယ့်မိန်းမရဲ့စိတ်ထဲမှာ အမြဲတမ်းစံပြဖြစ်အောင်နေနိုင်ရင် အဲလိုမျိုးဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။ တဘက်ကပြောရင်လည်း အဲလိုမိန်းမမျိုးဟာ ကောင်းစားရင်လည်းတခဏပျြဲဖစ်လိမ့်မယ်လို့ထင်ပါတယ်။ မိန်းမကောင်း ၊ တန်ဖိုးထားရမယ့် မိန်းမမျိုးထဲမှာလည်းပါဝင်မှာမဟုတ်တော့ဘူး။ ဒါကြောင့် အိမ်ထောင်တခုမထူထောင်မီမှာ စဉ်းစားရမယ့်အချက်တွေအများကြီးပါပဲ။ အချစ်တခုတည်းနဲ့လုံလောက်မှာမဟုတ်ဘူးလေ။ မွှန်နေတုန်းတော့ ဘာဖြစ်ဖြစ်ရတယ်။ ဆူးမွေ့ရာပေါ်မှာ အိပ်ရအိပ်ရဆိုတာမျိုးတွေရှိကြတာပေါ့နော်။ မြန်မာအမျိုးသမီးအနေနဲ့ပြောရရင်တော့ ခေတ်တွေဘယ်လိုပြောင်းပြောင်း၊ living together တွေဘယ်လိုခေတ်စားစား အိမ်ထောင်ပြုတော့မယ်ဆိုရင် အခုလတ်တလော ငယ်စဉ်တုန်းမှာတွေ့မြင်တဲ့လတ်တလောအခြေအနေကိုမကြည့်ဘဲ သူနဲ့သေသည်အထိ ဆံဖြူသွားကျိုးတဲ့အထိ၊ ကုန်ကုန်ပြောရရင် ကိုယ်နဲ့ယူပြီးမှ သူဆင်းရဲမွေတေလို့ သူတောင်းစားဖြစ်သွားရင် ကိုယ်ကသူဘေးက တဖ၀ါးမှမခွာပဲ သူလိုပဲလိုက်တောင်းစားနိုင်ပါ့မလား ။ အဲဒီလောက်ထိသူ့ကိုချစ်နိုင်ရဲ့လားဆိုတာ စဉ်းစားပြီးမှ အိမ်ထောင်တခုထူတောင်တာကောင်းပါတယ်။ ဒါဆိုရင်နောက်ပိုင်းကိုအောင်ပြောတဲ့ပြသနာတွေကို အလိုလိုဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။ ထက်ထက်အထင်တော့ ထက်မြက်တဲ့မိန်းမဖြစ်ဖြစ်၊ မထက်မြက်တဲ့မိန်းမဖြစ်ဖြစ် မိန်းမဟာမိန်းမပါပဲ။ သေသေချာချာစဉ်းစားကြည့်ပါ။ မိန်းမဘယ်လောက်ပဲထက်မြက်ပါစေ နောက်ဆုံးမှာ ယောကျာ်းတယောက်ဆီမှာ အညံ့ခံကြရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မိန်းမတွေက ချစ်မိပြီဆိုရင် ယောကျာ်းတွေထက် ဆင်ခြေတုံတရားကင်းမဲ့ကြလို့လေ။ တနည်းပြောရရင်မိန်းမအများစုရဲ့ နဂိုစိတ်ရင်းခဲက အရမ်းနူးညံ့လို့ပဲနဲ့တူပါတယ်။

commentinfo By: Htet Htet Lwin at May 21, 2010
Comment #32

ထိန်းသိမ်းတယ်ဆို ပြီး မိန်း ကလေးတွေ ကို ပဲ မြင်ကြတာမဟုတ် ပါ ဘူး .. အားလုံးမှာ တာဝန်ရှိပါတယ်.. ဒါပေမယ့်လို့.. အမ pinky လေး ရယ်.. ယောင်္ကျား လေး တွေယှဉ် ကြည့်ရင် မသိသာပေမယ့် မြန်မာ က မိန်း ကလေး နဲ့ အနောက်နိုင်ငံတွေ က မိန်း ကလေး တွေ ကို ယှဉ်ကြည့်ရင် အရမ်းသိသာတယ်..အမ ရဲ့ အဲဒါကြောင့် ပိုပြီး ထင်မြင်သိသာလွယ်တဲ့မိန်း ကလေး တွေ .. ဟာ ယဉ်ကျေးမှူ ကို ပိုပြီး စောင့်ထိန်း သင့်တယ်လို့ ထင်တာပါ.. .. ပြီးတော့မိန်း ကလေး ဆိုတာ က တစ်ချက်မှားတာနဲ့တစ်ဘဝ သွားတာဒါတင် လားဆိုတော့ မဟုတ် ဘူး ဗျ ….. မိန်း ကလေး တစ်ယောက် က နောင်တစ်ချိန် ရဲ့မိခင် လောင်းတွေပါအမ ရယ်.. ……… စောင့်လေမျိုးနွယ်ဆိုတဲ့ စကားလေးလို အမျိုးကိုထိန်း သိမ်းစောင့်ရှောက်တဲ့ သားသမီးတွေ အရမ်း ကိုနည်းလာပါပြီ.. ပိုက်ဆံနောက်ကိုပဲဖြစ်ဖြစ် ၊ အဓမ္မ နည်း နဲ့ပဲ ဖြစ်ဖြစ် ၊ အချစ် ဆိုတဲ့အရာနောက် ကို အရူး အမူး လိုက်မိလို့ဆို ပြီး ဗမာဆိုတဲ့မျိုးနွယ်.. ဟာ ခု ဗုဒ္ဓဘာသာထွန်း ကားတဲ့မြန်မာမှာတင် တော်တော် ရှားနေပါပြီ .. ဘယ်နေရာကြည့်ကြည့် … ခေါင်းဆောင်းတွေနဲ့.. ကျွန်တော်တို့ ငယ် ငယ်က အဲလို တွေ ကိုတွေ့ရတာ..အရမ်း နည်းတယ်.. ဗုဒ္ဓဘာသာထွန်း ကားတဲ့နေရာမှာ.. ဘုရားစေတီပုထိုး တွေ နေရာမှာ.. ဗလီတွေ .. အရမ်း များပြားလာတယ်.. လူနေထူတယ်တဲ့မြို့ထဲမှာဆို ဗလီဆိုတာ နှစ်လမ်းခြား တစ်ခု လောက်ကို ရှိနေတယ်.. ဒါက လူမျိုးခြားတွေများပြားလာတယ်.ဆို တဲ့ သဘောကိုသက်ရောက်နေတယ်………ယဉ်ကျေးမှု နဲ့လူမျိုး ကိုထိန်း သိမ်းဖို့ဆိုတာ အနာဂတ် ရဲ့သားကောင်းတွေမွေးထုတ်ပေး တဲ့ မိခင်လောင်းတွေပေါ်မှာမူတည်တဲ့အတွက် .. မိန်း ကလေး တွေ အနေနဲ့ အနေအထိုင် အပြောအဆို လျှပ်ပေါ်လော်လီတာမျိုးတွေ ၊ ယောင်္ကျား တစ်ယောက်ကိုကာမ အန္တရာယ် အတွက် ဆွဲဆောင်တဲ့အဝတ်အစားမျိုးတွေ ဆို တာ က မဝတ်သင့် ပါဘူး …ဒါမျိုးတွေ ကကိုယ်က မိကောင်းဖခင်သားသမီးပင်ဖြစ်ပါစေ .. ..ကိုယ်ဝတ်လိုက်တဲ့အဝတ် အစား က ကိုယ့်ကိုဘယ်အဆင့်အထိ အောင်ရောက်သွားလဲ ဆိုတာက စဉ်း စားကြည့်ပါတော့……..ကျွန်တော် အပြောအဆိုရိုင်းတယ်လို့သာထင်ချင် ထင်ပါစေတော့ စေတနာနဲ့ပြောလို့ ကျွန်တော် စိတ်ထဲ က တော့ ရှင်းပါတယ်… ခု မိန်း ကလေး တွေ ဝတ်နေတဲ့ စကပ် တိုတိုတွေ ချက်ပေါ်ဗိုက်ပေါ် တွေ အဲဒါတွေက နေ့ခင်း ကြောင်တောင် တောင် မှ.. ပဲ မြင်မကောင်းတာ .. ညနေည ခင်း .. အဲလိုဝတ်ပြီး အပြင် ထွက် ကြည့် ပါလား .. ယောင်္ကျားလေး တွေ က တဏှာကြည့်ကြည့် ပြီး ဈေး စကားမပြောရင် ကျွန်တော် ကို ကြိုက်သလိုပြော.. တကယ်က ဒီ လို အဝတ် အစားတွေ က ခေတ်မှီတယ်ပဲပြောပြော.. မဝတ်သင့်ပါဘူး ဗျာ.. … ယောင်္ကျားလေး ဆိုတာလဲ အဲလို မိန်း ကလေးတွေကိုတန်ဖိုးမထားတတ်တဲ့သူတွေ ပိုများပါတယ်.. ….
မိန်း ကလေး တွေ က တည်တည်ငြိမ်ငြိမ်လေးနဲ့.. အိနြေ္ဒ ရရ မြန်မာယဉ်ကျေးမှု ရာသီဥတုနဲ့လဲ ကိုက်ညီ တဲ့ မြန်မာ့အဝတ်အစား .. ပုဆိုးနဲ့တိုက်ပုံ.. ထမီနဲ့ရင်ဖုံး …ဒါမျိုးလေးတွေ ကို အသိစိတ်ဓါတ်လေးနဲ့ဝတ်ဆင်ကြမယ်..ဆိုရင်.. ကိုယ့် အလှ ဟာ မပြလဲ ပေါ်လွင်နေမှာပါလို့ …………..
အမျိုးအနွယ်ကိုစောင့်ထိန်းနိုင်သော သား ကောင်း သား မြတ်မိန်း မကောင်း မိန်းမမြတ် လေးတွေ ဖြစ်နိုင်ပါစေ လို့တောင်းဆုပြုပါတယ်…….

(ကျွန်တော် ရေးသားချက်တွေ က မြန်မာ အမျိုးသမီးလေး များ အတွက် စိုးရိမ်စိတ်နဲ့ရေး သားခြင်းဖြစ်ပါတယ်.. မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုင်စော်ကားလိုခြင်း မရှိပါ.. အကယ်၍ ကျွန်တော် ရေးသားချက် က စော်ကားသောစကားလုံး များ ပါရှိပါက အနူးအညွတ် တောင်းပန်ပါတယ်.. )

commentinfo By: သိုကျောင်းသား at May 21, 2010
Comment #33

အနည်းစုသောမိန်းခလေးတွေကြောင့် အားလုံးသောမိန်းခလေးများပါ ရောကြော်နေသလိုဖြစ်နေပါပြီရှင်။
အမိမြန်မာပြည်မှာနေထိုင်နေကြတဲ့ မြန်မာအမျိုးသမီးအများစုကတော့ ယဉ်ကျေးမှု မပျက်ယွင်းကြသေးပါဘူး။
သူများကိုဝေဖန်ခြင်းထက် တစ်ဦးချင်းစီ ကိုယ့်ကိုယ်ကို ဆင်ခြင်ကြမှသာပိုလို့ထိရောက်မှာပါ။
…အားလုံးသောသူတို့ ဟာ ဘာပဲလုပ်လုပ်
မလုပ်မီ ဖြစ်စေ ၊ လုပ်နေစဉ်ဖြစ်စေ ၊ လုပ်ပြီးဖြစ်စေ
မှား၏ ၊ မှန်၏ ဟု ရှုထောင့်စုံကနေ စိစစ် လုပ်ဆောင်ကြပါလျှင် ….

commentinfo By: meelatt at Jun 1, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment