Professional Authors

မြန်မာမလေးများ မြန်မာဆန်စေလို

*လူမှာအ၀တ် တောင်းမှာအကွပ်* ဆိုရိုးစကားလည်း ရှိခဲ့ပါတယ်။ လူမှာလည်း အ၀တ်အစား ဆင်ယင်ဝတ်စားတတ်မှသာ တင့်တယ်နိုင်မှာ ဖြစ်သလို တောင်းတွေမှာလည်းသေသပ်လှပမှုတွေရှိအောင် အကွပ်ပါတဲ့တောင်းသာလျှင် အမြင်တင့်ပါတယ်။

 

ကျမတို့နိုင်ငံမှာလည်း အခုဆိုရင် ဖက်ရှင်ခေတ်လို့ ပြောလို့ရအောင်ကို အဝတ်အစားပိုင်း၊ Accessories အပိုင်းများ၊ Hair Design အပိုင်းများ၊ Nail Art အစရှိသည်ဖြင့်ပေါ့ ခေတ်နဲ့အညီ အမြဲစဉ်ဆက်မပျက်စီးဆင်းနေတဲ့ ဒီဇိုင်းဆန်းလေးများကို နေ့စဉ်နှင့်အမျှ
မြင်တွေ့နေရပါတယ်။ ဒီနေရာမှာ အချို့သောသူများသည် နေရာဒေသ နှင့် လိုက်ဖက်သည့် ၀တ်စားဆင်မှုများကို ရွေးချယ်တတ်သလို .. အချို့မှာမူ နေရာဒေသနှင့် လိုက်ဖက်၊ သင့်လျှော်မှုမရှိသည့် ရွေးချယ်မှုမျိုး များကိုလည်း တွေ့ရပါတယ်။

 

ကျမတို့ Night Club တွေမှာ တက်ဖို့အတွက် ဘောင်းဘီတိုတို (Zero Quarter) မျိုး နှင့် ဗိုက်ပေါ် ရှပ်အပွများလို စတိုင်မျိုးက သင့်လျှော်နိုင်ပေမယ့် … ညနေခင်း ကျင်းပသည့် အခမ်းအနားမျိုးအတွက်ကတော့ Evening Dress လိုမျိုး Short Dress၊ Long Dress လို စတိုင်မျိုးလေးတွေက သင့်လျှော်တဲ့ ရွေးချယ်မှုမျိုး ဖြစ်ပါတယ်။ ဒီလိုပဲ ကျမတို့ အခြား အခြားသော အခမ်းအနား၊ ပွဲလမ်းသဘင်မျိုးတွေမှာလည်း သူ့နေရာနဲ့သူ ရွေးချယ် ၀တ်စားတတ်ဖို့က အလွန်ပဲ အရေးကြီးပါတယ်။ ကျမတို့နိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ ဧည့်သည် နိုင်ငံခြားသားများမှာ အချို့က ကျမတို့ရဲ့ မြန်မာ့ရိုးရာအ၀တ်အစားကို မြတ်နိုးစွာ ၀တ်စားဆင်ယင် သွား လာနေတာကို တွေ့ရပါတယ်။ သိပ်ကို လေးစားဖို့ကောင်း၊ ချစ်ဖို့ကောင်းတဲ့ မြင်ကွင်လေးပါ။ ဒီနေရာ အိမ်ရှင်ဖြစ်တဲ့ ကျမတို့ကကော ကိုယ့်ရဲ့ ရိုးရာအ၀တ်အစားကို ဘာလို့များ မြတ်နိုးစွာ မ၀တ်ဆင်နိုင်ကြရတာလဲဆိုတဲ့ အတွေးမျိုး ကျမကို တွေးမိစေပါတယ်။

 

ကျမတို့ မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင်များဟာ ဘုရားအမှူးပြုသော သံဃာတော်များကို ရိုသေလေးစားခြင်း၊ ဘုရားကျောင်းကန် များကို သွားလာခြင်းများ ပြုလုပ်တတ်ကြပါတယ်။ မြန်မာဆိုတာ ကမ္ဘာမှာ ယဉ်ကျေးသိမ်မွေ့ခြင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထား တာပါ။ ကိုယ့်ရိုးရာ၊ ကိုယ့်ယဉ်ကျေးမှုနဲ့ ရပ်တည်နေနိုင်တာပါ။ ဘုရားကျောင်းကန်လို အထွဋ်အမြတ်နေရာတွေမှာ လုံချည်နဲ့ အိင်္ကျီ ၀တ်စားတာကို တွေ့ရနည်းလာပြီး ဘောင်းဘီရှည်၊ စကပ်ရှည်၊ ဘောင်းဘီတိုများ အစရှိသည်ဖြင့် ပုံစံမျိုးများဖြင့် သွားလာနေကြ တာကို တွေ့ရတာ အလွန်ပဲ စိတ်ပျက်ဖို့ကောင်းတဲ့ မြင်ကွင်းတွေပါ။ အဆိုးဆုံးကတော့ အခုဆို ကျမတို့ ဘုရားသွားရင် ဘုရား ရင်ပြင်အောက်တွေမှာ ၀န်ထမ်းတွေထားပြီး အ၀တ်လဲခန်းနဲ့ *ဘုရားရင်ပြင်တော်ပေါ်သို့ ထမီဖြင့်သာ တက်ခွင့်ပြုမည်* ဆိုတဲ့ ဆိုင်းဘုတ်တွေထောင်ပြီး ထမိန်ဝတ်မလာသူ အမျိုးသမီးများကို အ၀တ်လဲခန်းမှာ ထမီလဲဝတ်စေပြီးမှ ရင်ပြင်ပေါ်သို့ တက်ခွင့်ပြု သည်များကို မြင်တွေ့ရတာ အတော်ကို စိတ်ပျက်မိပါတယ်။ မိမိဘာလူမျိုးလဲ? မိမိ ရိုးရာအ၀တ်အစားက ဘယ်လိုလဲ? အခု မိမိ လာရောက်နေတဲ့ နေရာက ဘယ်လိုနေရာမျိုးလဲ ? စသည့်ဖြင့် စသည်ဖြင့် ကြိုတင်မစဉ်းစားကြဖူးလား မသိပါဘူးရှင် …။ *ယိုသူမရှက် မြင်သူရှက်* ဆိုရိုးလိုကို ဖြစ်နေတာပါပဲ။

 

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိကြတဲ့ အရေးကြီးတဲ့နေရာတွေမှာ တာဝန်ယူထားကြတဲ့ အမျိုးသမီး၊ အမျိုးသားအားလုံးဟာ တက်ရောက် သည့် အခမ်းအနားအလိုက် မိမိတို့ရဲ့ ရိုးရာအ၀တ်အစားများကိုသာ တန်ဖိုးထားလျှက် ၀တ်စားဆင်ယင်ပြီး တက်ရောက်ကြတာကို ရုပ်သံအစီအစဉ်များမှာ အမြဲတွေ့မြင်နေကြရပါတယ်။

 

အခု 2012 ခုရဲ့ သင်္ကြန်ပွဲတော်ကြီးအပြီးမှာ ကျမတို့ အင်တာနတ် Web Site တော်တော်များများမှာ သရုပ်ပျက်ဝတ်စားဆင်ယင် မှုပုံတွေကိုသတင်းအမျိုးမျိုးဖြင့်ရေးသားဝေဖန်ထားကြတာကို မြင်တွေ့ရပါတယ်။ တကယ်ကိုလည်း စိတ်ပျက်ဖို့ ကောင်း တဲ့   မြင်ကွင်းမျိုးတွေကို မြင်ရတာ စိတ်မကောင်းတောင် ဖြစ်မိပါတယ်ရှင်။ သင်္ကြန်ဆို ဘာမှန်းကို မသိတာ ယမကာနဲ့ ကာမဂုဏ် ပွဲတော်ကြီးကျနေတာပါပဲ …။ လူမြင်ကွင်းမှာပါ ဖြစ်နေကြ၊ ပျက်နေကြတာ ရင်နာစရာ မြင်ကွင်းမျိုးပါ။ ကျမ မြင်မိတာတော့ ဒီနှစ် သင်္ကြန်ရဲ့ ဖက်ရှင်ဒီဇိုင်းများ ကတော့ အတော်လေးကို ဆိုးဆိုးဝါးဝါးအခြေအနေပါ။ ခေတ်ပျက်နေတယ်ဆိုတာ ဒါမျိုးကိုများ ဆိုတာ လား မသိပါဘူးရှင်။ ခေတ်လူငယ်ဖြစ်ပေမယ့် ကျမကပဲ ခေတ်နောက်ကျနေသလားပါပဲ။

 

ခတ်ရေစီးဆိုတာ အစဉ်မပြတ် စီးဆင်းနေတဲ့ စမ်းချောင်းလေးနဲ့တူပါတယ်။ အသက်အရွယ်အလိုက် ၀တ်စားဆင်ယင်မှုကို ကျမတို့ နိုင်ငံတကာမှာ ၀တ်စားဆင်ယင်နေကြတာကိုလည်းသိကြ၊ မြင်ကြပြီး ဖြစ်တာပါ။  လူမျိုးတိုင်းမှာ မိမိတို့ရဲ့ ရိုးရာ အ၀တ်အစားဆိုတာ ဆင်ယင်မြဲ ရှိစမြဲပါ။ ဒါကြောင့် ကျမတို့ မြန်မာမိန်းကလေးများကိုလည်း ကျမ ထရီဆာ (Teresa)  ကနေပြီး မြန်မာမလေးများ မြန်မာဆန်စေလို ဆိုတဲ့ ဆောင်းပါးလေးနဲ့ မြန်မာဆန်မှုကို မြတ်နိုးတတ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင် ……။

 

မေတ္တာဖြင့်

ထရီဆာ (Teresa)

 (27-4-2012) 2:10 PM

http://teresalittleworld.blogspot.com/

(ထရီဆာ နာမည်ဖြင့် http://teresalittleworld.blogspot.com/ ဆိုဒ်တွင် စာများ၊ ကဗျာများကို ဆက်လက်ရေးသားသွားပါမည်။)

In: ဆောင်းပါး Posted By: Date: Apr 28, 2012
Comment #1

ကျမတို့နိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ ဧည့်သည် နိုင်ငံခြားသားများမှာ အချို့က ကျမတို့ရဲ့ မြန်မာ့ရိုးရာအ၀တ်အစားကို မြတ်နိုးစွာ ၀တ်စားဆင်ယင် သွား လာနေတာကို တွေ့ရပါတယ်။ သိပ်ကို လေးစားဖို့ကောင်း၊ ချစ်ဖို့ကောင်းတဲ့ မြင်ကွင်လေးပါ။ ဒီနေရာ အိမ်ရှင်ဖြစ်တဲ့ ကျမတို့ကကော ကိုယ့်ရဲ့ ရိုးရာအ၀တ်အစားကို ဘာလို့များ မြတ်နိုးစွာ မ၀တ်ဆင်နိုင်ကြရတာလဲဆိုတဲ့ အတွေးမျိုး ကျမကို တွေးမိစေပါတယ်။ ( တပုဒ်လုံးကိုထောက်ခံပီးဖတ်သွားပါတယ်နော်)

commentinfo By: May Kha at May 12, 2012
Comment #2

နိုင်ငံခြားကိုအတုခိုးတာ က ဘာလည်း သူတို့နိုင်ငံက အောက်တန်းကျ အပြုအမူ အနေအထိုင် အပြေအဆိုတွေကိုလား ၊ ခင်ဗျားတို့ တွေနိုင်ငံခြားကာတွေ ကိုသေသေချာချာကြည့်လေ သရုပ်ဆောင်တွေဟာ
အဆင့်အတန်း ရှိရှိ အခန်းက သရုပ်ဆောင်ပြီဆို ဖြစ်သလိုနေတာ ထိုင်တာဘယ်မှာများရှိလို့လည်း
သူ့ဇတ်ကောင်စရိုက်နဲ့ညီတဲ့ဝတ်စားဆင်ယင်မှုနဲ့နေရတာဘဲ ခေတ်ဆိုတာကိုအကြောင်းမပြပါနဲ့ တကယ်တော့
မိမိရဲ့ပင်ကိုယ် ကိုက အောက်တန်းကျ နေထိုင်မှုကိုခုန်မင်တာပါ။

commentinfo By: အောင်ဇေယျထွန်း at May 14, 2012
Comment #3

I Have to agree with you!!!!
Best Regard Zawthetoo!!

commentinfo By: zawthetoo at May 14, 2012
Comment #4

ကဗျာကောင်းလေးတွေဖတ်ချင်သူတွေအတွက်အဆင်ပြေတာပေါ့ဗျာ။အခုလို့ညွှန်းပေးတဲ့အတွက်ကျေးဇူးပါပဲ

commentinfo By: yelinhtet at Jun 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment