ကျွန်တော့်…….လေညှင်းလေး
ဝး၁၅ လေညှင်းလေးရေ……….
နင်အမှတ်တမဲ့ ဖြတ်သန်းသွားခဲ့တဲ့ကမ္ဘာ
လွမ်းစရာနေရာလပ်မကျန်တော့ပါဘူး
မချင့်မရဲနဲ့ တမ်းတ
ငါနင့်ကိုအရမ်းသတိရတယ်…….
……………………………………………….
(နင်ယုံချင်ယုံ မယုံချင်နေ)။
ဝး၃၀ လေညှင်းလေးရေ…………
ဒီကောင့်အိမ်မက်ကမ်းပါးမှာ
နင်မသိတဲ့မျှော်လင့်ချက်တွေ ခဏခဏပြိုကျ
ညတွေက……..
……………………………………….
အနာဂတ်အသေတွေပဲမွေးဖွားခဲ့ကြပေါ့။
ဝး၄၅ လေညှင်းလေးရေ………..
ရင်ခုန်သံတွေတိုက်စားပေးပြီးပြောရဲပါတယ်
နင့်လမ်းမှာ……….
……………………………………………..
ငါ့အလွမ်းတွေ အစီအရီဖြန့် ကျဲ
(ဒီကောင့်ရင်ဘတ်ထဲလေ…….)
နင်မှတစ်ပါး………..
………………………………..
အခြားမရှိ………………………….။
၁း၀၀ လေညှင်းလေးရေ………….
မခေါ်ပဲရောက်လာမိတဲ့သူ
မခြွေပဲ ကြွေခဲ့မိတဲ့သူ
နွမ်းဆိုနွမ်း လန်းဆိုလန်း
နင်မသတ်ပဲ သေပေးဝံ့တဲ့သူ
ငါ့လိုလူ……..
………………………………….
နောက်ထပ်ဘယ်သူရှိဦးမလဲ……
…………………………………………….
၁း၁၅ လေညှင်းလေးရေ………..
………………………………………
လေညှင်းလေးရေ………
……………………………………………….
ကျွန်တော်ချစ်တဲ့လေညှင်းလေးရေ…….
………………………………………………….
အဝေးကကောင်းကင်မှာ နှင်းတွေလဲ့ဖြာကျဆင်း
ကျွန်တော့်ချစ်ခြင်းတွေ တပ်မက်မှုကင်းတယ်ဆိုတာတော့
(ခင်ဗျားလေး……….)
ယုံကြည်ပေးသင့်နေပါပြီဗျာ…….
…………………………………………………….။
ဝး၀၀ လေညှင်းလေးရေ……….
နင်အမှတ်တမဲ့ဖြတ်သန်းသွားခဲ့တဲ့ကမ္ဘာ
လွမ်းစရာနေရာလပ်မကျန်တော့ပါဘူး
(ဒီကောင့်ရင်ဘတ်ထဲလေ……..)
နင်မှတစ်ပါး………
………………………………………
အခြားမရှိဆိုတာ……
……………………………………….
(ခင်ဗျားလေး………)
ယုံကြည်ပေးသင့်နေပါပြီဗျာ……….
……………………………………………..
………………………………………………………….။ ။
မိုးထက်အောင်
Comment #5
တော်တော်လေးတော့မြတ်နိုးစရာကောင်းပါတယ်အစ်ကိုဇာတိရေ…..
By: moehtetaung18 at Dec 15, 2010
Comment #7
အစ်ကိုမိုးဇက်ရေ……ဘူ ရေးတာမဟုတ်ဘူးဗျ တစ်ဆယ် ရေးတာ……..:)
By: moehtetaung18 at Dec 15, 2010
Comment #10
တော်လိုက်တဲ့လက်
By: အသဲကွဲမိုး at Mar 18, 2012
Comment #11
a yan ko mike de,,
lone wa kway twar p,
yae yae le le khike de,,
By: ei lay at Mar 18, 2012
Comment #12
နင်မသတ်ပဲ သေပေးဝံ့တဲ့သူ
ငါ့လိုလူ……..
………………………………….
နောက်ထပ်ဘယ်သူရှိဦးမလဲ……
…………………………………………….
By: နွေ at Feb 25, 2014




Comment #1
ယုံကြည်ပေးမှာပါ ကိုမိုးထက်ကြီးရာ
ကိုမိုးထက်ကြီး တမ်းတမ်းတတ ဖြစ်နေတာ … ကျွန်တော်တောင် ခံစားရတယ်ဗျာ . . .
ခံစားမှုတွေ သိပ်ကောင်းပါတယ်ဗျာ . .