လော်ရာ ( Laura )
လော်ရာ ဟာ ညပန်းလေးကို ခူးတဲ့
မိန်းကလေးတစ်ယောက် ဖြစ်တယ် ၊
လော်ရာ ဟာ  မင်းသမီးတစ်ပါး မဟုတ်ဘူး . . .
လော်ရာ ဟာ ညပန်းလေးကို ခူးတဲ့  သာမန်လူ
မိန်းကလေးတစ်ယောက်ပဲ ဖြစ်တယ် ၊
သူမ ဆံနွယ်တွေကို  သပ်တင်လိုက်တဲ့အခါ
လူယောက်ျားတို့  ကဗျာပေါင်းများစွာ
ဖွဲ့ ဆိုကြတယ်  ။
လော်ရာ ဟာ မင်းသမီးတစ်ပါးမဟုတ်ခဲ့ . . .
သူတို့ ရဲ့ အတွေးတွေထဲမှာ လော်ရာ  ဟာ
ကချေသည် တီးလုံးနဲ့ နန်းသိမ်းလိုက်တဲ့
ဘုရင်မ တစ်ပါးပဲ ဖြစ်တယ်  ၊
လော်ရာ နဲ့ ပတ်သက်လို့  သူတို့ မှာ
အိမ်မက် ကိုယ်စီရှိကြတယ် ။
ပြီးတော့  . . .
ခင်ဗျား သိရဲ့ လား . . . ၊
လော်ရာ ဟာ လူယောက်ျားလေး တစ်ယောက်ကို
ခူး  . . တဲ့
ညပန်းလေးလည်း ဖြစ်တယ် ။
ဘယ်လိုပြောရမလဲ . . .
လော်ရာ ဟာ  ညပန်းလေးကို ခူးတဲ့ သာမန်
လူ . . .
မိန်းကလေး . . . .
တစ်ယောက်ပဲ ဖြစ်တယ်  ။ ။
Comment #3
ကျေးဇူးဗျာ … ။
 By: ထူးဝေ at Jan 4, 2013
                        By: ထူးဝေ at Jan 4, 2013
                    Comment #4
နားလည်မှုတည်ဆောက်ယူရတဲ့ ကဗျာလို့ မြင်မိပါတယ်
မြင်နေကျပုံစံ နာမ်စားတစ်ခုခု ကို တည်ထားတဲ့ ကဗျာပေမယ့်
ဟုတ်ကဲ့ 
ကောင်းတဲ့ ကဗျာပါပဲ
အားပေးသွားတယ်ရှင့်
 By: sharon myorr myor at Jan 4, 2013
                        By: sharon myorr myor at Jan 4, 2013
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
ခင်ဗျား သိရဲ့ လား . . . ၊
လော်ရာ ဟာ လူယောက်ျားလေး တစ်ယောက်ကို
ခူး . . တဲ့
ညပန်းလေးလည်း ဖြစ်တယ် ။
ဘယ်လိုပြောရမလဲ . . .
လော်ရာ ဟာ ညပန်းလေးကို ခူးတဲ့ သာမန်
လူ . . .
မိန်းကလေး . . . .
တစ်ယောက်ပဲ ဖြစ်တယ် ။ ။