ဆူး
အနက်ရောင် အထီးကျန်ညတွေတိုင်း
ဟိုအရင်လို
နင်ရှိခဲ့ဖူးတဲ့ ပုံပြင်တစ်ပုဒ်ကို လွမ်းမိတယ်
မယုံချင်ပေမယ့် ယုံရတော့မှာလား
သုံးမရတဲ့ တောင်းပန်မှုတွေကြားကမှ
ထွက်လာခဲ့တဲ့ ရက်စက်တဲ့ မချစ်ဘူးဆိုတဲ့စကား
အခါခါပဲ့တင်သံတွေနဲ့ ထပ်လာတော့
ဝင်သက်နဲ့ ထွက်သက် မညီမျှတဲ့ သက်ပြင်းရှည်များ
မျက်လုံးမှိတ်လျက် နဖူ့းပေါ်လက်တင်
မျက်ရည်ကျခဲ့တဲ့ ညများနဲ့ အဖော်ပြုခဲ့ရပြီ။
——————————–
ငါတို့ ၂ယောက်ရဲ့ ပထမဆုံးများစွာကို
တစ်ယောက်ကို တစ်ယောက်ဝေမျှကြရင်း
ငါ့ရင်ခုန်သံ ပိုမြန်လာခဲ့တယ်.
ငါကျေနပ်ရတော့မှာပဲလေ နင့်ရွေးချယ်တဲ့ လမ်းပဲ
ငါတောင်းပန်ပါတယ်လေ ငါရူးမိုက်မိခဲ့တဲ့အတွက်
ငါဆုတောင်းပေးပါတယ် နင်ပျော်ရွှင်နိုင်ပါစေ
ငါထပ်မရှိစေချင်တော့ဘူး နင်တစ်ယောက်ထဲစိတ်ဓာတ်ကျတဲ့ညများ
ငါလေ နင်ချန်ထားပေးခဲ့တဲ့
ငါ့နှလုံးသားထဲက ဆူးကို ဖယ်ဖို့ကြိုးစားခဲ့မိတယ်
ဒါပေမယ့်
အခုအချိန်ထိ ကျရှုံးနေတုန်းပဲ
ဆွဲနှုတ်ဖို့ ကြိုးစားတိုင်း သေမလောက်နာကြင်ရတယ်
ရှိလက်စနဲ့ နဂိုအတိုင်း ထားပြန်တော့လဲ တဆစ်ဆစ်နာကြင်တယ်
တစ်ခုလေးပါပဲ သံယောဇဉ်လက်ကျန်နဲ့
နင်နောက်ဆုံး အကြံတော့ပေးခဲ့ပါ