Professional Authors

လွင့်မျောအစဉ်

(၁)
တောင်ပံခတ်သံ
လေးလံလှချည့်
တားမနေနဲ့တော့ကွယ်
ကိုယ်သွားမှဖြစ်တော့မယ်။

နှုတ်မဆက်ရ
ဝမ်းမနည်းရ
တသသလွမ်းမြည့်
ကြာရင်မေ့လိုက်ပါတော့။

ဒီနေရာမှာ
သာယာမှုတစ်စ
တစ်ခဏဖက်တွယ်
ဘ၀ကို
အပိုင်ဝယ်ထားလိုက်ချင်သော်လည်း
ရုန်းဖယ်ခွဲထွက်
စိမ်းရတော့မယ်။

(၂)
ခဏတာရပ်နား
ရှေ့ဆက်သွား
သစ္စာတရားကိုခါးသီးခြင်း
ဆီးနှင်းလိုရက်စက်တယ်။

ပြယ်လွင့်ဆဲ  အိပ်မက်ပမာ
တွယ်တာနှောင်ဖွဲ့
ကြည့်မွေ့ခဲ့သမျှ
ကြေကွဲရဦးမှာမို့

အောက်မေ့လွမ်းမော
အခံရခက်သော ဒဏ်ရာ
နာကျင်စွာ ထိုးဆွချိန်
နောက်တစ်ကြိမ်ဆိုတာလည်း
မရှိစေချင်တော့။

(၃)
နေရစ်ခဲ့တော့ကွယ်
ကြေကွဲလွယ်သူများ
စကားမပြောရ
နူးညံ့ဖြူလွှ
တိမ်မျှင်တစ်စပမာ
လေသင့်ရာ……………….။   ။

ထူးသူရဇွဲ
(၂၁.၉.၂၀၁၀)
              Zwe

In: ကဗျာ Posted By: Date: Sep 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment