Professional Authors

အချစ်မဲ့နိဂုံး

“စားဝတ်နေရေး
ဒီလောက်ခက်ခဲနေတာ
အချစ်ဆိုတာ ဘယ်ကလာရမယ့် အချစ်လဲ”..ဟုတ်လား။

ဒါဆိုရင်
တကယ်မချစ်နိုင်ဘဲနဲ့များ
ငါ့အချစ်ကို ညာယူခဲ့တာပေါ့လေ…။

ငါလည်း ပြန်ပြောလိုက်ချင်တယ်…
ခဲဖျက်နဲ့သာဖျက်လို့ရမယ်ဆိုရင်
‘မင်းကိုချစ်ခဲ့ပါတယ်’ ဆိုတဲ့စကားကို
အခုဖျက်ပစ်လိုက်ချင်တယ်…။

စာမေးပွဲဖြေပြီးလို့ ထွက်လာပြီးခါမှ
အဖြေကို အမှတ်ရပြီး
ပြန်ပြင်ချင်တဲ့ကျောင်းသားလို
ငါ…နင့်ကို ချစ်မိတာ နောင်တရမိတယ်။

In: ကဗျာ Posted By: Date: Aug 22, 2010
Comment #1

ha,,ha,,
hote pa,,
mike hla chi lar?

commentinfo By: ei lay at Mar 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment