Professional Authors

သေချာတယ် – နရီထက်

အဝေး အဝေးမှာ နေနေတဲ့ငါ
မင်းဆီက ဓါတ်ပုံရတဲ့အခါ
အထပ်ထပ်နှင့် အခါအခါ
ထောင့်လှည့်လိုက် အနီးအဝေးကြည့်လိုက်နဲ့
မင်း ဓါတ်ပုံလေး
ကိုယ့်အတွက် ကိုယ်ပွားလေး

ငါ့နီးမှာ ထိုင်ကာလေး
တီတီတာတာ စကားတွေနှင့်
စွဲမက်စရာ မင်းအပြုံးလေးတွေ
ဝေးခဲ့ရလည်း ဖုန်းထဲကမင်းအသံ
ရင်မှာ သဲခိုက် သာယာမိစေ
ကိုယ်အသည်းမှာ လှိုက်မောမိတယ်
ပျော်တစ်ဝက်နှင့် ဆွေးနေခဲ့တယ်

ချစ်စကားလေးဝေ ရစ်မူးစေ
လက်တွဲကာလေး မင်းအကြည့်တွေနဲ့
ဝေးခဲ့ရတဲ့ငါ အင်တာနက်က
မင်းစာမျက်နှာပေါ် အတွေးနက်ကာ
အတိတ်က အရိပ်တွေနှင့်
တို့ချစ်သက်နေ့တွေ ပြန်ခေါ်ကာ
စိတ်ကူးတစ်ပိုင်း ပုံဖော်နှိုင်းလို့
အကြိမ်ရေများများ ဖတ်နေမိတယ်

သေချာနေပြီး
မင်းနှင့်ဝေးနေတဲ့ငါ
ထပ်ထပ် ဝေး ဝေး ဝေးရမှာကို
ကြောက်နေခဲ့တယ်
တစ်နေရာစီကြား ကိုယ်တို့နှစ်ယောက်ရယ်
ချစ်သက်ဆက်သွယ်နည်းတွေနှင့်
ခိုင်မြဲအောင်လေ ရစ်နှောင်ကာထား
သေချာအောင်လေး
တို့တွေ ကြိုးစားချစ်နေကြမယ်။     ။

နရီထက်
( ၂၂ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 22, 2010
Comment #1

sure
sure
sure

commentinfo By: ei lay at Feb 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment