Professional Authors

ကကြိုးပျက်နေတဲ့ကောင်းကင်

ကပျက်ယပျက်မလုပ်ပါနဲ့ဗျာ ကကွက်တွေရှုပ်နေရတဲ့အထဲ
ကုပ်ချောင်းချောင်းလုပ်နေရတာ အားလုံးပင်ပန်းပါတယ်
ကော့ကော့နဲ့ကျော့မော့နေအောင်လိမ်းချယ်ထား
ကော့တေးယဉ်ကျေးမှု့တွေရဲ့ကြားမှာလမ်းတွေမမှားရအောင်
ကောင်းကောင်းမွန်မွန်နေကြရအောင်ဗျာ
ကို့ရိုးကားရားနဲ့ကုန်လွန်သွားတဲ့ရက်တွေမှာ
ကိုယ့်ကိုကိုယ် စိတ်ကုန်နေမိ
ကံသေကံမ မဟုတ်ခဲ့ပေမယ့်
ကောင်းဆုတွေနဲ့လွဲလေသူတစ်ယောက်
ကောင်းမှု့တွေအခါခါပြုရင်း
ကဲ… စောင်း ပြင်လိုက်ပါတော့
ကောင်းခြင်းရယ်တဲ့ အသင်္ချေ
ကောင်းသတင်းတွေ လှိုင်လှိုင်ဝေစေရင်း
ကကြိုးပျက်နေတဲ့ကောင်းကင်ရဲ့သင်ခန်းစာကို
ကျောင်းအပြင်ကနေပဲ လေ့လာတော့မယ်ကွယ် ။             ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Jan 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment